မတ် ၁၅ ရက်နေ့သည် အရှေ့တောင်အာရှ၏ ပထမဆုံး ဟင်နရီဒူးနန့် ဆုရှင် စိုင်းအောင်လှိုင်မြင့် ၏ မွေးနေ့ဖြစ်သည်။
ထိုအချိန်က ဟင်နရီဒူးနန့်ဆုကို ကမ္ဘာတဝှမ်း ၁၈ ဦး ရပြီးဖြစ်ကာ ၎င်းတို့အထဲ၌ စိုင်းအောင်လှိုင်မြင့် သည် အသက် ၂၁နှစ် ဖြင့် အငယ်ဆုံဖြစ်ပြီး အာရှတိုက်တွင် တတိမြောက်ဆုရှင်ဖြစ်ခဲ့သည်။
စိုင်းအောင်လှိုင်မြင့်သည် ရှမ်းတိုင်းရင်းသား ကြက်ခြေနီသူနာပြုတပ်ကြပ်ဖြစ်ပြီး ၁၉၇၆ ခုနှစ်က ရေခဲ တမျှအေးနေသော မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ထဲသို့ အရှိန်လွန်ကျသွားသော စစ်ထရပ်ကားထဲမှ ရဲဘော်တစ်ဦးကို မိနစ် ၂၀ ကြာရေငုပ်၍ သက်စွန့်ဆံဖျားကယ်တင်ခဲ့ပြီး ရှေးဦး သူနာပြုစု နည်းဖြင့် ပြုစုအသက်ကယ်ခဲ့သည်။
ထို့ကြောင့် ဟန်နရီဒူးနန့်ဆုကို ၁၉၇၇ ခုနှစ်တွင် ရူမေးနီးယားနိုင်ငံ ဘူခါရက်မြို့တွင်ကျင်းပသော (၂၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီညီလာခံတွင် ချီးမြှင့်ခြင်းခံခဲ့ရသည်။
ဟင်နရီဒူးနန့်ဆုရပြီးနောက် စိုင်းအောင်လှိုင်မြင့်သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်တွင် လက်ထောက် ပြန်ကြားရေး အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၈၄ ခုနှစ်တွင် ဦးနှောက်အမြှေးရောင်ရောဂါခံစားခဲ့ရပြီး ၁၉၈၅ ခုနှစ် တွင် ကွယ်လွန်ခဲ့သည်။
သူမကွယ်လွန်မီ လက်မှတ်ရေးထိုးလှူဒါန်းခဲ့သည့် သူ၏ ခန္ဓာကိုယ်ကို ဆေးတက္ကသိုလ်(၁) ရန်ကုန်သို့ ပေးပို့လှူဒါန်းခဲ့သည်။