၁၉၇၀ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် အပိုလို ၁၂ အမေရိကန်အာကာသယာဉ်မှူးများ ရန်ကုန်မြို့သို့ အလည် ပတ် ရောက်ရှိလာခဲ့သည်။ လကမ္ဘာမှ ပြန်လာပြီး ၄ လအကြာတွင် လာရောက်လည်ပတ်ခြင်း ဖြစ်ကာ အာကာသယာဉ်မှူးများဖြစ်သော ချားလ်စ်ကွန်ရတ်(Charles Conrad .Jr) ရစ်ချဒ်ဂေါ်ဒွင် (Richard Gordon) အလန်ဘင်း (Alan Bean) တို့သည် ရွှေတိဂုံဘုရားသို့ သွားရောက်လေ့လာ ကြည်ညိုခဲ့ပြီး အာဇာနည်ဗိမာန်တွင် ပန်းခွေချဂုဏ်ပြုခဲ့သည်။
ထို့နောက် ရွှေတိဂုံဘုရားအနီးတွင် မြန်မာပရိသတ်ကို ၄၅ မိနစ်ခန့်နှုတ်ခွန်းဆက်စကားပြောပြီး ဆူးလေစေတီ၊ မြို့တော်ခန်းမ၊ လွတ်လပ်ရေးပန်းခြံအစရှိသည့် အထင်ကရနေရာများသို့ သွားရောက်ခဲ့ရာ မြန်မာပရိသတ် က လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။
အာကာသယာဉ်မှူးများက မိမိတု့ိအာကာသထဲရောက်သွားသည့်အခါ ကမ္ဘာသည် အလွန်သေးငယ် မှုန်ဝါး သွားကြောင်း၊ ဤကမ္ဘာဟူသော မြေကလေးထက်တွင် ဝေမျှနေထိုင်သူအချင်းချင်း ရန်ပြုတိုက်ခိုက်နေခြင်းကို ရပ်တန့်သင့်ကြောင်းပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း အာကာသယာဉ်မှူးချားလ်စ်ကွန်ရက်(Charles Conrad) က ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် သောင်းဒန်ကို လကျောက်နမူနာ၊ အပိုလို ၁၂ သတ္တုပြားမိတ္တူကိုလက်ဆောင်ပေးခဲ့သည်။