On This Day

ရီးစ် ဝီလျံကော်မရှင် (Ress-Williams Commission)

၁၉၄၇ ခုနှစ် မတ်လ ၁၉ မှ ဧပြီ ၂၁ ရက်နေ့ရက်များသည် မြန်မာ့လွတ်လပ်ရေး အတွက်အရေးပါ သည့် အောင်ဆန်း-အက်တလီစာချုပ်ပါ ပြည်မနှင့်တောင်တန်းဒေသများလွတ်လပ်ရေးအတူယူရန် တောင်တန်းဒေသများ ၏ဆန္ဒရယူရန် ဆိုသည့်အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် နေ့ရက်များဖြစ်သည်။

တရားဝင်အမည် တောင်တန်းဒေသစုံစမ်းရေး(Frontier Areas Committee of Enquiry) ဖြစ်သော ရီးစ် ဝီလျံကော်မရှင် (Ress-Williams Commission )သည် ရန်ကုန်နှင့် မေမြို့တွင် ရုံးထိုင်ခဲ့ပြီး တိုင်းရင်းသားများထံက လွတ်လပ်ရေးရသည့် တိုင် မြန်မာနိုင်ငံပြင်ပတွင်သာ နေလိုကြောင်း အပါ အဝင် ကွဲပြားသော ထွက်ဆိုချက်များကို ကြားနာခဲ့သည်။

ယေဘုယျအားဖြင့် ပြည်မနှင့် အတူတကွ လွတ်လပ်ရေးရယူလိုသည်မှာ တိုင်းရင်းသားတို့၏ ဆန္ဒ အမှန်ဖြစ်ကြောင်း ပေါ်လွင်သဖြင့် ပြည်မတောင်တန်းလွတ်လပ်ရေးအတူတကွရယူလိုသည်မှာ တိုင်းရင်းသား အများစုဆန္ဒ ဖြစ်ကြောင်း ကော်မတီ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ပြည်မ၊ တောင်တန်းဒေသခေါင်းဆောင်များပါဝင်၍ အင်္ဂလိပ်လွှတ်တော်လေဘာအမတ် ရီးစ်ဝီလျံဥက္ကဌ အဖြစ် တာဝန် ယူသည့် ရီးစ်ဝီလျံကော်မရှင် (Ress-Williams Commission)အစီရင်ခံစာကို ဘုရင်ခံ ၏ အမှုဆောင် (ဝန်ကြီး)အဖွဲ့နှင့် ဗြိတိသျှအစိုးရတို့က လက်ခံခဲ့ကြပြီးနောက် ခုနှစ်လ အကြာ ၁၉၄၈ ဇန်နဝါရီလတွင် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံဖြစ် လာခဲ့သည်။

Loading