ယနေ့သည် လွန်ခဲ့သော ၆၃ နှစ်က သတ္တမတန်း စာမေးပွဲတွင် အစိုးရက မေးခွန်းပေါက်ကြားသည်ဟု ဆိုကာ စာမေးပွဲ ဖျက်သိမ်းခြင်းကို မကျေနပ်၍ ကျောင်းသားများ ဆန္ဒပြရာ သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် ၇တန်းကျောင်းသား သေဆုံးခဲ့ ရသည့် နေ့ဖြစ်သည်။
သတ္တမတန် စာမေးပွဲ ၄ရက် ဖြေပြီးခါမှ စာမေးပွဲ ဖျက်သိမ်းသဖြင့် ကျောင်းသားများသည် ပညာမင်း ကြီး ရုံးနှင့် ပေါက်ကြားသည့် မေးခွန်းကို ဖော်ပြခဲ့သည့် ဗမာ့ခေတ် သတင်းစာတိုက်သို့ ဝိုင်း၍ ဆန္ဒပြ ကာ ခဲ့ဖြင့် ပေါက်ကြသည်။
ဗမာ့ခေတ် သတင်းစာတိုက်တွင် ဆန္ဒပြနေစဉ် ရဲက ပစ်ခတ်သဖြင့် စိန့်ပေါလ်ကျောင်းသား အသက် ၁၆ အရွယ် ဟယ်ရီတန်မှာ ကျည်သုံးချက်မှန်၍ သေဆုံးခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ထိုအကြမ်းဖက်မှုနှင့် ပတ်သက်၍ အစိုးရက ဗမာ့ခေတ် သတင်းစာ အယ်ဒီတာများကို အရေးယူခြင်း၊ ကျောင်းသား-ရဲ ပဋိပက္ခ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး သတ္တမတန်း စားမေးပွဲကို ဆက်လက် စစ်ဆေးခြင်း မပြုတော့ပဲ အားလုံးကို စာမေးပွဲ အအောင်ပေးခဲ့သည်။
ထိုစာမေးပွဲ အအောင်ပေးမှုကို ကျောင်းသားများက ရှုတ်ချခဲ့ပြီး နောင်တွင် ထိုနှစ် ၇ တန်းအောင်များ ကို ဟယ်ရီတန်ခုနှစ် ဟု ဟာသလုပ်ခဲ့ကြသည်။
ကျောင်းသားများက ဟယ်ရီတန် ကျဆုံးရာ ဗမာ့ခေတ် သတင်းတိုက်ရှေ့တွင် ဟယ်ရီတန် ကျောက် တိုင်ကို စိုက်ထူခဲ့ သည်။
ဟယ်ရီတန် အရေးအခင်းသည် ကျောင်းသား လှုပ်ရှားမှု သမိုင်းတွင် မှတ်တိုင်တခုဖြစ်ခဲ့ပြီး ဟယ်ရီတန်ကျောက်တိုင်မှာမူ တော်လှန်ရေး ကောင်စီအစိုးရ လက်ထက်တွင် ဖြိုချဖျက်စီးခဲ့သည်ဟု မှတ်တမ်းအချို့က ဆိုသည်။