ယနေ့သည် လွန်ခဲ့သောနှစ်ပေါင်း ၉၅ နှစ်က မြန်မာနိုင်ငံသို့ ကမ္ဘာကျော်စာပေနိုဗယ်ဆုရဘင်္ဂါလီ စာဆိုကြီး ရာဘင်ဒြာနတ် တဂိုး၏ဒုတိယ အကြိမ် လာရောက် လည်ပတ်ခဲ့သောနေ့ဖြစ်သည်။
တဂိုးသည် သူ၏ပထမဆုံးမြန်မာပြည်ခရီးစဉ်ကို ၁၉၁၆ ခုနှစ်တွင်လည်းကောင်း ၊ ဒုတိယအကြိမ် ၁၉၂၄ခုနှစ်၊ တတိယခရီးစဉ်ကို ၁၉၂၇ ခုနှစ်တွင်လည်းကောင်း လာရောက်ခဲ့ သည်။
ရာဘင်ဒြာနတ် တဂိုး၏ ဒုတိယအကြိမ်ခရီးစဉ်ကို ဂုဏ်သရေရှိ အိန္ဒိယနှင့်မြန်မာအမျိုးသားများ က ကြိုဆိုခဲ့ပြီး မြန်မာပြည်ဘုရင်ခံ ဆာဟာကုတ်ဘတ္တလာက နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ခြင်းဖြစ် သည်။
မြန်မာနိုင်ငံရေးခေါင်းဆောင်များက ဂျူဗလီဟောတွင် ဘင်္ဂါလီ၊ မြန်မာနှစ်ဘာသာဖြင့် နှုတ်ခွန်း ဆက်သခဲ့ကြသလို ဘင်္ဂါလီအသင်းကလည်း တဂိုးဂုဏ်ပြုပွဲကို ရန်ကုန်မြို့ရှိ ဆွန်နီယန်ခန်းမ( Sooneran Hall ) ၌ ကျင်းပခဲ့သည်။
တဂိုးသည် နောင် ဂါးဒီးယန်း သတင်းစာတိုက် အဖြစ် အသုံးပြုမည့် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ တိုက်အမှတ် ၃၉၂-၃၉၆ တွင် တည်းခိုခဲ့ပြီး သူ၏ ဂီတဉ္စလီ ကဗျာစုမှ ကဗျာပုဒ်လေးကို ကျောက်ပြား ပေါ်တွင် ကမ္ဗည်းစာတန်းထိုးခဲ့သည်။
တဂိုး၏ စာပေများသည် မြန်မာနိုင်ငံပရိသတ်အပေါ်လွှမ်းမိုးမှုရှိခဲ့ပြီး မြန်မာစာရေးဆရာ အကျော် အမော်များက ဘာသာပြန် ခဲ့ကြသည်။
တဂိုးတည်ထောင်သော ရှန်တိနိကေတန်ကျောင်းတွင် စာပေပညာရှင်ဒေါက်တာမောင်ဖြူး၊ မြန်မာ မော်ဒန်ပန်းချီ ကိုဦးဆောင်ခဲ့သူဗဂျီအောင်စိုး စသည့်ပုဂ္ဂိုလ်များပညာသင်ကြားခဲ့ဘူးသည်။