On This Day

ဂျပန်လေတပ် မန္တလေးမြို့ကို ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်း

ယနေ့သည့် လွန်ခဲ့သည့် ၇၇နှစ်က ဖြစ်ပွားသည့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ မန္တလေးမြို့ လူနေရပ်ကွက် များ ပေါ်သို့ ဒုတိယ အကြိမ် ဗုံးကြဲတိုက်ခိုက်သည့်အတွက် လူအများအပြားသေဆုံးခဲ့ ရသည့် စစ်၏ အနိဋ္ဌာရုံ ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

စစ်မှတ်တမ်းနှင့် အထောက်အထားများ အရ ဂျပန်လေတပ်မှ လေယာဉ်အစင်း ၈၀ ခန့်ပါဝင်ပြီး၊ အင်္ဂလိပ်တပ်များကို တိုက်ခိုက်ချေမှုန်းသည် ဆိုသော်လည်း ပထမအကြိမ်ထက် ပိုမိုပြင်းထန်ကာ လူနေရပ်ကွက်များပေါ်သို့ ဗုံးကြဲချကာ စက်သေနတ်များဖြင့် ပစ်ခတ်သဖြင့် လူအများအပြား သေဆုံးခဲ့သည်။

ထို့နောက် ဂျပန်တပ်များသည် ၁၉၄၂ခု ဧပြီလ ၃ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ပြီး မေလ ၁ ရက်နေ့တွင် မန ္တလေးမြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ဂျပန်တို့ ဗုံးဒဏ်ကို မခံရမီ မန္တလေးမြို့

ထိုစဉ်က မန္တလေးမြို့၌ ရန်ကုန်အပါအဝင် စစ်လမ်းကြောင်း ကျရာ အခြားမြို့များမှ စစ်ပြေး ဒုက္ခသည် များ ရောက်ရှိနေရာ ဂျပန်တို့၏ မြို့သိမ်းတိုက်ပွဲ ကာလ ၁လ အတွင်း ဝမ်းရောဂါကြောင့် စစ်ပြေးဒုက္ခ သည် ရာပေါင်းများစွာ သေဆုံးခဲ့သလို တိုက်ပွဲကြောင့် ဆေးရုံ၊ စာသင်ကျောင်း၊ ဈေး၊ လူနေရပ်ကွက်၊ ဘုရားပုထိုးများ၊ ဘူတာရုံ၊ ဓာတ်အားပေးစက်ရုံ၊ မီးသတ်၊ စီးပွားရေးအဆောက် အဦးများ များစွာ ပျက်စီးခဲ့ရသည်။

ထို့နောက် ဂျပန်တို့သည် ဗန်းမော်၊ မြစ်ကြီးနားစသော မြန်မာပြည်မြောက်ပိုင်းမြို့များသို့ ဆက်လက်တိုက်ခိုက်သိမ်း ယူကာ မနလေးမြို့ကို ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ၃ နှစ်အုပ်ချုပ်သွားခဲ့သည်။

Loading