On This Day

နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ဦးဘဖေနှင့် နိုင်ငံရေးသမားဟောင်းကြီးများ ရုံးတင်စစ်ဆေးခံရခြင်း

Want create site? Find Free WordPress Themes and plugins.

ဤနေ့သည် နိုင်ငံတော် သစ္စာဖောက်ဖျက်မှုဖြင့် ဝါရင့်နိုင်ငံရေးသမားကြီး ဦးဘဖေ(ဘကြီးဘဖေ) အပါအဝင် ဦးသာယာဝတီ မောင်မောင်၊ မျိုးချစ်ပါတီဝင် ဦးလွန်းတို့ကို ရုံးတင်၍ စတင် စစ်ဆေးသည့် ၆၅နှစ်ပြည့် ဖြစ်သည်။

၎င်းတို့သည် တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းထံသို့ သွားရောက်တွေ့ဆုံပြီး ဖဆပလ အစိုးရကို ဖြုတ်ချ၍ အာဏာ သိမ်းရန် လိုအပ်သည့် ငွေကြေးနှင့် လက်နက်များ ထောက်ပံ့မည်ဟု ပြောဆိုစည်း ရုံး ခဲ့ခြင်းဖြစ်သည်။

သို့သော် ဗိုလ်ချုပ်နေဝင်းက ဦးဘဖေ၏ အကြံကို လက်မခံဘဲ ဝန်ကြီးချုပ် ဦးနုကို အသိပေးခဲ့သော် လည်း အစိုးရက အရေး ယူခြင်းမရှိ၍ ဝန်ကြီးချုပ် ဦးနုနှင့် သတင်းစာဆရာများ တွေ့ဆုံသည့် ကွန်ဖရင့်တွင် မြန်မာ့အလင်းသတင်းထောက် ဦးမောင်မောင်ခင်က ဘာကြောင့် အရေးမယူသလဲ ဆိုသည်ကို မေးမြန်းရာမှ စ၍ ၁၉၅၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုမှစ၍ ဝါရင့်နိုင်ငံရေး သမားကြီး ဦးဘဖေ၊ ဦးသာယာဝတီမောင်မောင်နှင့် မျိုးချစ်ပါတီမှ ဦးလွန်းတို့ ထောင်ဒဏ် အပြစ်ပေး ခံခဲ့ရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့ နိုင်ငံရေး သမိုင်းလေ့လာသူများက နိုင်ငံရေးသမားများ၏ ပဋိပက္ခ တွင် စစ်တပ်ကို ဝင် ရောက် စွက်ဖက်နိုင်အောင် လမ်းခင်းပေးခြင်းသည် ဒီမိုကရေစီကို ကြိုးကွင်း စွပ်သလို ဖြစ်ကြော င်း မှတ်ချက်ပြုခဲ့ကြသည်။

ဝါရင့်နိုင်ငံရေး သမားကြီး ဦးဘဖေ(ဘကြီးဘဖေ)သည် ကိုလိုနီခေတ် အမျိုးသားရေး လှုပ်ရှားမှု စတင်ချိန် နိုင်ငံရေး မျက်စေ့ ဖွင့်ပေးသည့် ဗုဒ္ဓဘာသာ ကလျာဏ ယု၀ အသင်းကြီး(YMBA) အပါအဝင် သူရိယသတင်းစာကို စတင်တည် ထောင်ခဲ့သူဖြစ်သည်။

ထို့အပြင် မြန်မာပြည် အုပ်ချုပ်ရေး စီမံကိန်းများနှင့် ပတ်သက်၍ ဦးပု၊ ဦးထွန်းရှိန် တို့နှင့်အတူ ဦးဘဖေသည် အင်္ဂလန်သို့ သို့ သွားရောက် အရေးဆိုသည့် အတွက် ဖေ- ပု- ရှိန်အဖွဲ့ လူသိများသည်။

ထို့အတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သပြေနုချိန် တင်ရန် ပန်းတွေကလည်း များလိုက်ပါ ဘိသနှင့် ဖေပုရှိန် အင်္ဂလန်နန်းမြေသွား တို့မှာဖြင် စသည့် သပြေနုချိန် လေးချိုးဖြင့် ချီးကျူးခဲ့သော် လည်း ဒိုင်အာခီခေတ်တွင် ပြည်ထဲရေး ဝန်ကြီး၊ ၉၁ ဌာန အုပ်ချုပ်ရေးခေတ်တွင် သစ်တောဝန်ကြီး ရာထူးများကို ယူသည့်အခါ “`တောင်ကျရေ နွားနှစ်ကောင် မဝသလိုပ၊ မောင်ဘဖေ ငါးထောင်မရသော် ကြောင့်” ဟု လေးချိုးဖွဲ့၍ ရှုံချခဲ့သည်။

ဦးဘဖေသည် စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် ကူသန်း ရောင်းဝယ်ရေးဝန်ကြီး အဖြစ်တာဝန်ယူခဲ့ပြီး အောင်ဆန်း-အက်တလီစာချုပ်ချုပ် ဆိုရာတွင်လည်း ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် ငွေကြေး မသမာမှုများကြောင့် လွတ်လပ်ရေးမရမီ ဖဆပလ အပါအဝင် ဘုရင်ခံ အမှုဆောင်ကောင်စီ ဝန်ကြီးအဖြစ်မှ ထုတ်ပယ်ခံရသည်။

ဦးဘဖေကို ကြို့ပင်ကောက်မြို့တွင် ၁၈၈၃ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၇၁ ခုနှစ် အသက် ၈၄ နှစ်တွင် ရန်ကုန်မြို့… ကွယ်လွန်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading