ယနေ့သည် လွန်ခဲ့သည့် ၇၉နှစ်က ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်ကို မြန်မာပြည်တွင် ကျင့်သုံးရန် ထောက် ခံသည့် ဝှိုက် ကော်မရှင်၏ အစီရင်ခံစာကို ထုတ်ပြန်သည့် နေဖြစ်သည်။
အင်္ဂလိပ်တို့သည် မြန်မာပြည်သူ ၉၀ ရာခိုင်နှုန်းက ဆန့်ကျင်သည် ဒိုင်အာခီ အုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးရန် အိန္ဒိယနိုင်ငံ ဥပဒေပြု ကောင်စီဥက္ကဌ ဆာ အလက်ဇန္ဒား ဖရက်ဒစ် ဝှိုက် ဦးဆောင်သည့် (ဝှိုက်ကော်မတီ) ကို ၁၉၂၁ ခုနှစ်တွင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်စသည့် မြို့ကြီးများသို့ လှည့်လည်ကာ ဆန္ဒကောက်ယူစေခဲ့သည်။
ထိုသို့ ကောက်ယူရာတွင် နိုင်ငံရေးသမားများနှင့် သတင်းစာများကလည်း ဝှိုက်ကော်မတီထံ အစစ် ဆေးမခံကြရန် တိုက် တွန်းနှိုးဆော်ခဲ့ကြသလို၊ မြို့ရွာများကလည်း သံပုံးတီး၍ သပိတ်မှောက် တောထုတ်ကြသည်။
ဝှိုက်ကော်မတီနှင့် ပတ်သက်၍ မြန်မာအမျိုသား သတင်းစာများကလည်း သပိတ်မှောက်ကြသည်။
မြန်မာ့ပေါရာဏ စကားတွင် ဝှိုက်သိုင်း ဆိုသည်မှာ ရစ်ပတ်သည် သဘောလက္ခဏာရှိ၍ မြန်မာလူမျိုးတို့၏ အသွေးအသား နှလုံးသည်းပွတ်ကို ရစ်ပတ်ကာ စုတ်ယူ စားသောက်သည့် အသွင်ရှိသဖြင့် ယင်းကော်မတီ၏ ဆန္ဒခံယူရာတွင် မပါဝင်ဘဲ သပိတ်မှောက် ရန် ဖော်ပြကြသည်။
သို့သော် မြန်မာအများစု ဆန့်ကျင်နေသည့် ကြားမှ ဒိုင်အာခီအုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးရန် ထောက်ခံကြောင်း ဝှိုက် ကော်မီ၏ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာပြည်သူ ၉၀ ရာခိုင်နှုန်းက ဆန့်ကျင်ခဲ့သည့် ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို မြန်မာပြည်တွင် ကျင့်သုံးရန် ထောက်ခံသည့် ဝှိုက်ကော်မတီအစီရင်ခံစာကို လွန်ခဲ့သည့် ၉၇ နှစ်က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
ဒိုင်အာခီအုပ်ချုပ်ရေးသည် ၁၉၂၃ ခုနှစ်မှ ၁၉၃၇ ခုနှစ်အထိ ၁၄ နှစ်ကြာခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး နိုင်ငံရေး ခေါင်းဆောင်တို့သည် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဆက်လက်အရေးဆိုခဲ့ကြသည်။