On This Day

လေဘာတီမမြရင် ကွယ်လွန်ခြင်း

Want create site? Find Free WordPress Themes and plugins.

မြန်မာ့သဘင်လောကတွင် ထင်ရှားသည့် အငြိမ်မင်းသမီး လေဘာတီ မမြရင် ကွယ်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၇၄နှစ် ရှိပြီဖြစ်သည်။

လေဘာတီ မမြရင်အား မည်မျှအထိ နှစ်သက် အားပေးသနည်းဆိုပါက ကို ပွဲငှားရန် တနှစ်ကြို၍ ပွဲစရန် ပေးရခြင်း၊ သူအားသည့် နေရက်ကိုသာ အလှူမင်္ဂလာပွဲ ကျင်းပရန် ရက်ရွေးရသည့် အထိ အောင်မြင်ခဲ့သည်။

သူ့ကို အားပေးသူများတွင် ကိုလိုနီခေတ် မြန်မာလူမျိုးဘုရင်ခံ ဆာဂျေအေမောင်ကြီး၊ ရဲမင်းကြီး ဦးထွန်းလှ အောင်၊ အိုင်စီအက်စ် ဦးချမ်းသာ စသည့် အရာရှိကြီးများ အပြင် ရန်ကုန်မြို့တော်ဝန် နှုတ်ခမ်းမွှေး ဦးကျော်ဇံနှင့် ရန်ကုန်၊ မန္တလေးနေ မြို့မျက်နှာဖုံး သူဌေးကြီးများလည်း ပါဝင်ခဲ့သည်။

လေဘာတီ မမြင်ရင်ကား ရုပ်ရည်ချောမောသူ အကကောင်းသူ ဖြစ်သည့်အပြင် အဆိုကောင်းသဖြင့် အသံမင်း သမီးဟုပင် တင်စား၏၊ ခေတ်ပြိုင်မင်းသမီးများနှင့် မတူသည့် ငြိမ့်ညောင်းသည့် ကဟန်၊ ဆိုဟန်ကို ပရိသတ် များက နှစ်သစ်သည်။

မမြရင်၏အသံမှာ အသံချဲ့စက်များမပေါ်သေးသည့်ခေတ်တွင် လူ ၂၀၀၀ ခန့်ရှိ ပွဲခင်းကို ပေါက်အောင်၊ လွှမ်း အောင် ဆိုနိုင်သည်။ အသံဝင်ခြင်း ၊ အသံပြာခြင်း ၊ အသံနစ်ခြင်းမရှိ၊ အသံမှာ ဆွဲတိုင်းရ ဟစ်တိုင်း ပေါက် လေသည်။

ထို့ကြောင့် အငြိမ့်ကခြင်းအပြင် ဓာတ်ပြားသီချင်းများကိုလည်း သီဆိုခဲ့ရာ အလွန်အောင်မြင်ကျော်ကြားခဲ့သည်။

လေဘာတီမမြရင်

ကမ္ဘောဇ၊ မယ်ဥတောင်၊ ဖရဲသီးနှင့်ဘဲဥ၊ မင်းခမ်းမင်းနား၊ အလှူ့ရှင်၊ တုံးကျော်မ၊ ချစ်သဝန်ကြောင်၊ မင်းဂံဘုတ်၊ ရွှေပြည်စိုး၊ တချစ်ထဲချစ်၊ ချစ်တာ ပဓာန၊ တနာရီထဲ ချစ်ပါရစေ စသည့် သီချင်းများမှာ ထင်ရှားသည်။

လေဘာတီမမြရင်၏အနေအထိုင်ကျစ်လစ်ပိပြားခြင်းသည်လည်း အောင်မြင်ရခြင်း၏အချက်တချက်ဖြစ်ခဲ့သည်။

ကာလသားများ ကြိုက်ရန်အတွက် တမင် အိန္ဒြေပျက်စေမည့်အမှုအရာမျိုးကို ရှောင်ရှားခဲ့သည်။ လူပျက်များက ညစ်ညမ်းသော ပြက်လုံးများပျက်လျှင် တားမြစ်သည်။ မိမိကို သိက္ခာကျစေမည်ဟု ယူဆသည့်ပြက်လုံး များ မပျက်ရန်လည်း တားလေ့ရှိသည်။ ထို့ကြောင့် မမြရင်၏အဆိုအကကို ရိုးရိုးပရိတ်သတ်များသာမက သက်ကြီး ပိုင်းနှင့်အမျိုးသမီးများက ပိုမိုထောက်ခံအားပေးခဲ့ကြသည်။

သို့သော် သူ၏ ဘဝက ပုစ္ဆာဆန်သည်ဟု ဆိုရမည်၊ အသက် ၂၀ အရွယ်တွင် အိမ်ထောင်ကျသည် ဆိုသော် လည်း ခင်ပွန်းဖြစ်သူမှာ နာမည်ကြီး မြို့မျက်နှာဖုံး သူဌေးဖြစ်၍ သဘင်သည်ကို ပွဲတက်မယား မလုပ်ချင်သဖြင့် တသက်လုံး သမီးရည်းစားမက လင်မယား မကျ ဘဝနှင့်သာ နေဟန်တူကြောင်း လူထုဒေါ်အမာရေးသည့် ပြည်သူချစ်သော အနုပညာသည်များ တွင် ဆိုသည်။

ထိုသို့ နေထိုင်အောင်မြင်နေစဉ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့၍ လေဘာတီမမြရင်သည် စစ်ပြေးရင်းရသည့် ငှက်ဖျားရောဂါဖြင့် ၁၉၄၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၄၂ အရွယ် အငြိမ့်ကသက် ၂၆ နှစ်ရှိပြီဖြစ်သည်။

လေဘာတီဟူသောအမည်ကို လွတ်လပ်ရေးကိုအလိုရှိကြသော တက္ကသိုလ်ကျောင်းသားများကမှည့်ခေါ်ရာမှ လေဘာတီမမြရင်ဟု ကျော်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
ရည်ညွန်း
ပြည်သူချစ်သော အနုပညာသည်များ (လူထုဒေါ်အမာ)

Did you find apk for android? You can find new Free Android Games and apps.
Loading