On This Day

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရေးသမိုင်းတွင် အနိုင်ရပါတီ NLD ကို အာဏာမလွှဲသည့် အတွက် အမည်းစက်ထင်ခဲ့ရသည့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် ၂၉ နှစ် ပြည့်သည့် နေ့ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၃ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် ၄၄၇ နေရာတွင် ၃၉၂ နေရာဖြင့် ရာခိုင်နှုန်း ၉၀ ကျော်အနိုင်ရရှိခဲ့သည်။

ထိုသို့ အနိုင်ရရှိခြင်းမှာ တပါတီ အာဏာရှင်စနစ်ကို စိတ်ကုန်သွားသော မြန်မာလူထုသည် မဲပုံအောပေးခဲ့ကြ၍ဖြစ်သည် ဟု သုံးသပ်ကြပြီး ထိုစဉ်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ အသွင်ပြောင်းထားသည့် တိုင်းရင်းသား စည်းလုံးညီညွတ် ရေး ပါတီ(တစည)မှာ မဲဆန္ဒနယ် ၁၀ နေရာသာရရှိခဲ့သည်။

ယခုမြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်မှာ ၁၉၉၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ ဓနုဖြူမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သူ တဦးဖြစ်သည်။

၎င်းရွေးကောက်ပွဲကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ရက်နေ့က စ၍ အာဏာသိမ်းထားသည့် တပ်မတော် အစိုးရ ကျင်းပ ပေးခဲ့ခြင်း ဖြစ်ပြီး၊ ရွေးကောက်ပွဲ မတိုင်မီ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်က ရွေးကောက်ခံ အနိုင်ရပါတီ ကို အာဏာလွှဲပေးကာ တပ်စခန်းသို့ ပြန်မည်ဟု သူ၏ မိန့်ခွန်းတွင် တရားဝင် ထည့်သွင်း ပြောဆိုသော်လည်း လက်တွေ့ တွင်မူ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ ကိုယ်စားလှယ်များ၊ ပါတီဝင် အများအပြားကို ဖမ်းဆီးထောင်ချ ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် စစ်အစိုးရသည် နိုင်ငံတော်အာဏာကို နှစ်ပေါင်း ၂၀ ကျော်ရယူခဲ့ပြီး ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ၂၀၁၀ တွင် ရွေးကောက်ပွဲပြုလုပ်ပေးခဲ့သည်။

ထိုရွေးကောက်ပွဲတွင် NLD ပါတီက ဝင်မပြိုင်သဖြင့် စစ်တပ် ကျောထောက်နောက်ခံရှိသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့သည်။

သို့သော် ၂၀၁၅ ခုနှစ် ကျင်းပသည့် ရွေးကောက်ပွဲတွင် NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရာ သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီး တိုင်းပြည်အာဏာကို ရယူနိုင်ခဲ့သည်။

You may also like these stories:

ရန်စွယ်ကြားမှ ဦးရွှေမန်း

ဒေါ်လဲ့လဲ့မော်ကို တရားရုံးဆုံးဖြတ်ချက် မူတည်၍ ပါတီတွင်း အရေးယူမှု လုပ်မည်ဟု NLD ပြော

“၂၀၂၀ အတွက် အားစမ်းတဲ့ပွဲ သက်သက် ဖြစ်သွားလိမ့်မယ်”

မြန်မာ့ရုပ်သေးကို ကမ္ဘာသိအောင် မျှဝေသူ

Did you find apk for android? You can find new Free Android Games and apps.
Loading