လွန်ခဲ့သည့် ၆၅ ခုနှစ်က ယနေ့ ဇွန်လ၂၅ ရက်နေ့တွင် ဖဆပလအစိုးရကို တိုက်ခိုက်မည့်လက်နက်ကြီးများကို သယ်ဆောင်ရာတွင် အသုံးပြုရန် ရည်ရွယ်ပြီး မြန်မာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုကြီး ဖြစ်ပွားခဲ့သည်။
ရန်ကုန်မှ စစ်တွေသွား ဒါကိုတာလေယာဉ်ကို ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(ကေအင်ဒီအို)က ဗိုလ်မှူးစောကျော်အေးခေါင်းဆောင်သော အဖွဲ့ဝင် ၂ ဦးတို့က လက်ပစ်ဗုံးဖြင့် ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ကာ ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။ ကေအင်ဒီအိုတို့သည် ၎င်းတို့၏အရေးနိမ့်လျက်ရှိသော တော်လှန်ရေးအတွက် ကရင်ပြည်နယ်တွင် ဂျပန်ခေတ်က ကျန်ရစ်ခဲ့သော လက်နက်ကြီးများကိုသယ်ယူကာ ဧရာဝတီတိုင်းရှိ ကေအင်ဒီအိုများကို ထောက်ပံ့ရန် ဖြစ်သည်။
ခရီးသည် ၁၄ ဦးပါ လေယာဉ်သည် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ သဲသောင်ပြင်တွင် ဆင်းသက်နိုင်ခဲ့သော်လည်း ချိန်းဆိုထားသော ကေအင်ဒီအိုအဖွဲ့ဝင်များကို ၂ နာရီကျော် ပျံဝဲရှာဖွေရသဖြင့် လေယာဉ်ဆီချို့တဲ့မှု၊ ချိန်းဆိုထားသူများနှင့် လွဲချော်ခြင်းများကြောင့် မူလလက်နက်ကြီးများ သယ်ဆောင်မည့်အစီအစဉ်ကို စွန့်လွတ်ကာ လေယာဉ်ကို ပြန်ခွင့်ပြုခဲ့သည်။ လေယာဉ်ပေါ်တွင်ပါလာသော အစိုးရငွေ ၇၂၄၀၀၀ ကျပ်ကို ယူဆောင်၍ ထွက်ပြေးခဲ့သဖြင့် ထိုခေတ်သတင်းစာများကို အစိုးရငွေများကို ဓါးပြတိုက်သည်ဟု ရေးသားဖော်ပြခဲ့ကြသည်။
သို့သော် နှစ်အနည်းငယ်အတွင်း ဗိုလ်မှူးစောကျော်အေးတို့အဖွဲ့သည် မအောင်မြင်သော၎င်းတို့၏တော်လှန်ရေးကို စိတ်ကုန်ကာ အစိုးရထံ လက်နက်ချခဲ့ကြသည်။ ၎င်းမြန်မာ့ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှုကို ၂၀၁၆ ခုနှစ်တွင် Burma Hijack အမည်ဖြင့် ရုပ်ရှင်အဖြစ် ရိုက်ကူးတင်ဆက်ခဲ့ကြပြီး ယခုအချိန်တွင် အသက် ၉၀ ကျော်အရွယ် လေယာဉ်ပြန်ပေးဆွဲမှုခေါင်းဆောင် ဗိုလ်မှူးစောကျော်အေးသာ အသက်ရှင်ကျန်ရှိတော့သည်။
ဆက်စပ်ဖတ်ရှုရန်
၁၆ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည့် ဒီပဲယင်း လုပ်ကြံမှုကြီး
ဗိုလ်မှူးဗထူး ကွယ်လွန်ခြင်း ၇၄ နှစ်ပြည့်
လွန်ခဲ့သည့် ၇၂နှစ်က ဆိုရန်တိုဗီလာ စီမံကိန်း
နယ်ချဲ့ဗြိတိသျှတို့ ဂဠုန်တပ်သားများအပေါ် ရက်စက်ခဲ့စဉ်က