တောင်အာဖရိကနိုင်ငံရဲ့ သမ္မတတယောက်ဖြစ်ခဲ့တဲ့ နယ်လ်ဆင်မင်ဒဲလားကို ၁၉၁၈ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ တောင်အာဖရိကနိုင်ငံရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူဟာ တောင်အာဖရိကနိုင်ငံရဲ့ သမ္မတအဖြစ် တာဝန် မထမ်းဆောင်ခင်မှာ နှစ်ရှည်လများ အကျဉ်း ချခံခဲ့ရသူ တယောက်ပါ။ သူထောင်ကျနေစဉ် အတွင်းမှာ သူ့စကားတွေကို ဘယ်သူကမှ ကိုးကား ပြောဆိုလို့ မရခဲ့ပါဘူး။ သူကိုယ်တိုင်ကလည်း စကားကို လွယ်လွယ် မပြောသလို ပေါ့ပျက်ပျက် စကားမျိုးတွေကိုလည်း ပြောဆိုလေ့ မရှိပါဘူး။ သူကိုယ်တိုင်က စကားလုံးတွေဟာ ခွန်အားတရပ်ပဲဆိုတာ ယုံကြည်သူ တယောက်ပါ။
သူ့ကို Mevezo ဆိုတဲ့ ရွာလေးမှာ ဖွားမြင်ခဲ့ပါတယ်။ ဥပဒေပညာကို သင်ယူခဲ့ပြီး Johannesburg မြို့မှာ ရှေ့နေတယောက်အဖြစ် အသက်မွေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မင်ဒဲလားဟာ ကိုလိုနီစနစ်ကို ဆန့်ကျင်တဲ့ အာဖရိက အမျိုးသာကွန်ဂရက် (ANC) မှာ ပါဝင်လာခဲ့ပါတယ်။ လူမည်းတွေထဲမှာတော့ သူဟာ ပထမဆုံး တောင်အာဖရိကရဲ့ သမ္မတဖြစ်ပြီး သူ့ဘဝ၊ အချိန် တော်တော်များများကိုလည်း အကျဉ်းထောင်ထဲမှာပဲ ကုန်လွန်ခဲ့ရပါတယ်။
၁၉၉၃ ခုနှစ်မှာတော့ သူလုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကြောင့် နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ သူဟာ တောင်အာဖရိကရဲ့ လူဖြူ၊ လူမည်းခွဲခြားမှု တိုက်ဖျက်ရေးရဲ့ စံပြခေါင်းဆောင် တယောက် ဖြစ်သလို ၂၀ ရာစု နိုင်ငံရေးလောကရဲ့ အထင်ရှားဆုံး ခေါင်းဆောင် တယောက်ပါ။
သူထောင်ကျရဲ့ခြင်း အကြောင်းကလည်း တောင်အာဖရိကရဲ့ လူမျိုးရေး ခွဲခြားတဲ့ အစိုးရကို ဖြုတ်ချဖို့ ကြံစည်ခဲ့ခြင်းတွေ အတွက်ကြောင့်ပါ။ မင်ဒဲလားဟာ နှစ်ပေါင်း ၃၀ နီးပါးလောက် ထောင်ထဲမှာ နေခဲ့ရပြီး ၁၉၉၀ လောက်ကျမှ ထောင်ထဲကနေ ပြန်ထွက်လာခဲ့ရပါတယ်။ ၁၉၉၄ ခုနှစ်မှာ ပြုလုပ်တဲ့ သမိုင်းဝင်ရွေးကောက်ပွဲကြောင့် မင်ဒဲလားဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံးသော လူမည်း သမ္မတ ဖြစ်လာခဲ့ပါတယ်။
မင်ဒဲလားဟာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့အတွက် အခုဆိုရင်တော့ သူ ကွယ်လွန်ခဲ့တာ ၆ နှစ်နီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။ လူဖြူ၊ လူမည်း ခွဲခြားတာကို တစိုက်မတ်မတ် တိုက်ခိုက်လာခဲ့တဲ့ မင်ဒဲလား ရုပ်တုကို သူ အသက် ၁၀၀ ပြည့်တဲ့ ခုနှစ်ကပဲ ကုလသမဂ္ဂ ရုံးချုပ်မှာ ထားရှိခဲ့ပါတယ်။ မင်ဒဲလား ကွယ်လွန်ချိန်မှာတော့ အသက် ၉၅ နှစ် ရှိခဲ့ပါပြီ။ သူ့ဘဝ တလျှောက်လုံးမှာဆိုရင်လည်း လူ့အခွင့်အရေး အတွက်သာ လုပ်ဆောင်ခဲ့ပါတယ်။
Ref. en.wikipedia.org , www.nelsonmandela.org
You may also like these stories:
အိုင်အက်စ်လိင်ကျေးကျွန် ဘဝမှ နိုဘယ်လ်ဆုရှင်ဖြစ်လာသူ နာဒီယာမာရက်
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် နယ်လ်ဆင်မင်ဒဲလား အကြောင်း
ကမ္ဘာကျော် ပန်းချီပညာရှင်ကြီး ပီကာဆို အကြောင်း
ကမ္ဘာကျော် ပန်းပုပညာနဲ့ ရုပ်လုံးပညာရှင် မိုက်ကယ်အိန်ဂျလို အကြောင်း