• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဒေါ်အောင်ဆန်းစုကြည်ကို ပေးတဲ့ ချက်လက်မှတ်

by အောင်ဇော်
14 November 2011
in သူ့အတွေး သူ့အမြင်
A A
ဒေါ်အောင်ဆန်းစုကြည်ကို ပေးတဲ့ ချက်လက်မှတ်
2.1k
VIEWS
Share on FacebookShare on Twitter

မြန်မာ့နိုင်ငံရေးကို ဒီနေ့လေ့လာကြည့်မယ် ဆိုရင် မနှစ်ကတောင် စိတ်ကူးလို့မရတဲ့ အဖြစ်အပျက်တွေ အပြောင်းလဲတွေ စပြီး ဖြစ်နေတာကို တွေ့ရပါတယ်။

ဒါတွေက ဘာတွေလဲ ဆိုတာကို သိမြင်ပြီးသားဖြစ်နေမှာပါ။

RelatedPosts

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

16 May 2025
51
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
980
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
2k

ပါလီမန်လွှတ်တော်မှာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြဌာန်းပြီး နောက်ပိုင်း အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ခဲ့တဲ့ ပါတီတွေကို လမ်းဖွင့်ပေးလိုက် တာလို့ ပြောလို့ရပါတယ်။

NLD ပါတီကို ပြန်ပြီး မှတ်ပုံတင်မတင်၊ ရွေးကောက်ပွဲဝင် မဝင် ဆိုတာတွေကိုတော့ မကြာခင် ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ တဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့အကြား ၄ ကြိမ်မြောက် ဆွေးနွေးမှု ထပ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ကိစ္စတွေအပြင်၊ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ၊ တိုင်းရင်းသား အရေးကိစ္စ တွေကိုပါ ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအချိန်ဟာ ညီအစ်ကို မသိတသိ အချိန်လို့ ဆိုရပေမယ့် မျှော်လင့်ချက်လမ်းစလေးတွေ တွေ့နေရပြီလို့ တချို့ အကောင်းမြင် သုံးသပ်သူတွေလည်း ရှိနေတာ တွေ့ရပါတယ်။ တချို့ကျတော့လည်း “တို့မယုံဘူး” ဆိုတဲ့မူကိုကိုင်ထားပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို သတိထား စောင့်ကြည့်နေဆဲ ဆိုတာတွေ့ရပါတယ်။

လွန်ခဲ့တဲ့ ၃၊ ၄ လအတွင်း အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြားက လှုပ်ရှားမှုလေးတွေကို ပြန်ပြီး လေ့လာသုံးသပ်ရမယ် ဆိုရင် –

ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ်နဲ့ ပဲခူးခရီးစဉ်ကို သွားခွင့်ပြုခဲ့တယ်။ ပဲခူးခရီးစဉ်မှာ အစိုးရဘက်က ခရီးစဉ်ကို ချောမွေ့အောင် စီစဉ်ပေးခဲ့တာ တွေ့ရတယ်။ တကယ်တော့ အာဇာနည်နေ့ကစပြီး အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည် အပေါ် ချဉ်းကပ်တဲ့ ပုံစံ ပြောင်းခဲ့တယ်လို့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေက သုံးသပ်ပါတယ်။ အဲဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေ လွမ်းသူ့ပန်းခွေချတဲ့ အစီအစဉ်အပြင် လူပေါင်း ၂၀၀၀ ကျော် ခဏတာ စီတန်း လမ်းလျှောက်ခွင့်ရခဲ့ပါတယ်။

၂၀၀၇ သံဃာတော်အရေးအခင်းပြီး နောက်ပိုင်းအတိုက်အခံဘက်က အကြီးဆုံး စုဝေးမှုတခုလို့ ပြောလို့ရပါတယ်။

အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်လာတဲ့ အခါမှာ မြင်ရတဲ့ ကျေနပ်နှစ်သိမ့်ပြုံးကို အားလုံး သတိထားမိကြပါတယ်။

ဒီနောက်ပိုင်းမှာတော့ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကို ဖိတ်ခဲ့တယ်။ ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုကလည်း ပိုပြီးလေးနက်လာပါတယ်။ သူဟာ အရင်ကလိုမျိုး ဟိုဘက်ဒီဘက် သတင်းပို့ပေးတဲ့ အဆင့်မဟုတ်ဘဲ ဒီထက်ပိုတဲ့ လုပ်ပိုင်ခွင့် ပြောပိုင်ခွင့် အပ်နှင်းခံရသူလို့ သုံးသပ်လို့ရပါတယ်။

ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံတဲ့နေရာမှာလည်း ၂ ဘက် အကြား တူညီတဲ့ အလုပ်တွေ တွဲလုပ်ဖို့၊ တိုင်းပြည်ရဲ့ ကြုံတွေ့နေရတဲ့ အရေးကိစ္စတွေကို သေသေချာချာ ၂ ဘက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရဲ့ ဇနီးက ဧည့်ခံကျွေးမွေးတဲ့ ညစာစားပွဲဆိုရင်လည်း အတော်ကို နွေးထွေးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်ပိုင်းကစပြီး ဦးသိန်းစိန်ဟာ ရိုးသားပွင့်လင်းပုံရပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ထဲက တခု လိုက်လျောခဲ့တာကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေကို ပြင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် NLD ပါတီအနေနဲ့ ပြန်ပြီးမှတ်ပုံတင်ရေး၊ တရားဝင်ပါတီအဖြစ် ပြန်လည် ရပ်တည်ရေး စတာတွေ လမ်းပွင့်သွားတယ်လို့ ဆိုနိုင်ပါတယ်။

နောက်တချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ပါ။ ဒီရလဒ်ကို အသိအမှတ်ပြုပါတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောခဲ့ပါတယ်။ ဒီလိုပြောခဲ့တာကလည်း သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ပြီးမှ ပြောခဲ့တာပါ။

ဒါဆိုရင် ကျန်နေတာ တခု ရှိပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ရေးဖြစ်ပါတယ်။ ဒါကတော့ ဘယ်သူက စကားတည်တယ်၊ မတည်ဘူးဆိုတာကို အားလုံးက စောင့်ကြည့်ရမှာပါ။ မလွှတ်ပေးရင် ဘယ်လိုတုန့်ပြန်မလဲ၊ အခုတောင် မလွှတ်ဘဲနဲ့ မိမိနေရပ်နဲ့ နီးတဲ့နေရာကို ပြန်ရွှေ့ပေးဖို့ အစိုးရကဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးကော်မရှင်က အတိုင်အဖောက်ညီညီ ဝင်ပြောနေတာတွေ့ရပါတယ်။ နောက်တခုက နိုင်ငံရေး အကျဉ်းသားဦးရေ ကိစ္စပါ။ တဘက်က ၂၀၀၀ နီးပါးရှိသေးတယ်၊ တဘက်ကတော့ တဝက်ကျော်ကျော် လွှတ်ပြီးပြီ လို့ ဆိုနေပါတယ်။

ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေနဲ့ အရင်က မကြာခဏ တွေ့ဆုံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ သူတို့အပေါ် မြင်ထားတဲ့ အမြင်တခုရှိပါတယ်။ အဲဒါကတော့ ကတိမတည်တဲ့ ယူနီဖောင်းဝတ်တွေပဲ ဆိုတဲ့ အမြင်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဦးသိန်းစိန်ကတော့ ကတိတည်မယ့်ပုံပေါ်တယ်၊ ရိုးသားပွင့်လင်းပုံရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ပုံရပါတယ်။

ဒီလိုအချိန်တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ ကူးလူးဆက်သွယ်မှုတွေကို သတိထားစောင့်ကြည့်သူတွေ၊ ဝမ်းပန်းတသာ ကြိုဆိုသူတွေ၊ ဝေဖန်သူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေကလည်း ရလဒ်တွေကို စောင့်ကြည့်နေကြပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားပဋိပက္ခနဲ့ ပြည်တွင်းစစ်ကိစ္စတွေဟာ နေ့ချင်းပြီး ဖြေရှင်းလို့ရမယ့် ပဋိပက္ခတွေ မဟုတ်တာတော့ သေချာပါတယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သဘောပေါက်ပုံရပါတယ်။ ဒါကြောင့်လည်း ဒီပဋိပက္ခမှာ ဝင်ရောက် ဖြေရှင်းပေးလိုတယ် ဆိုတာကို တရားဝင်အသိပေးခဲ့ပြီး ဖြစ်ပါတယ်။ ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတွက်၊ လူထု ကိုးစားယုံကြည်တဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် တိုင်းရင်းသားအရေးကို လျစ်လျှူရှုမယ့်သူ မဟုတ်ဘူး၊ တိုင်းရင်းသားတွေကို သစ္စာ ဖောက်မယ့်သူ မဟုတ်ဘူးလို့ အများက လက်ခံခဲ့ပြီးသား ဖြစ်ပါတယ်။

ဒီနေရာမှာ သံသယရှိစရာလိုမယ် မထင်ပါ။ မယုံရင်တော့ ပုံလို့မရပါဘူး။ ယုံမှပဲ ပုံပေးလို့ရတာဖြစ်ပါတယ်။ ပုံပေးရမယ့်သူ ဘယ်နှယောက်များ မြန်မာပြည်မှာ ရှိသလဲလို့ မေးရင် လက်ချိုးရေလို့ရပါတယ်။

ဒီလို ယုံတဲ့အထဲမှာ နိုင်ငံတကာလည်း  ပါပါတယ်။ ဒီတလအတွင်း မြန်မာနိုင်ငံကို သွားရောက်လည်ပတ်တဲ့ နိုင်ငံခြား အစိုးရ ဧည့်သည်တော်တွေ မနည်းလှပါဘူး။ နော်ဝေ၊ ဂျာမနီနဲ့ အမေရိကန်နိုင်ငံက ဝန်ကြီးအဆင့်တွေအပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ရုံးက အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယား လည်း သွားရောက်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးလည်း သွားခဲ့ပါသေးတယ်။ ဒီနေရာမှာ နိုင်ငံတကာ အစိုးရတွေက မြန်မာအစိုးရ အပေါ် ထားတဲ့ သဘောထား၊ ချဉ်းကပ်ပုံနဲ့ Strategy ကို ပြောချင်ပါတယ်။

သူတို့မြင်တာကတော့ မြန်မာပြည်ဟာ အပြောင်းအလဲ ကာလတခုကို သွားနေပြီ။ ဒီလိုသွားနေချိန်မှာ နောက်ကို ပြန်မလှည့်အောင် ဘေးကနေ တွန်းအားပေး ကူညီကြိုဆိုရမယ်။ ပြောင်းလဲချင်တဲ့ ဆန္ဒရှိတဲ့ အုပ်စုတွေ (ဦးသိန်းစိန်ကို ဆိုလိုတာပါ) ကို ပိုပြီးအားကောင်းလာအောင် လုပ်ပေးရမယ်။ ဒါမှ လိုင်းမာတဲ့အုပ်စုတွေလည်း စိတ်မပါရင်တောင်မှ ကြားနေ သဘောနဲ့ အပြောင်းအလဲကို ကူညီပံ့ပိုးလာမယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုး ဖြစ်ပါတယ်။ သူတို့ မြင်တာကတော့ ဦးသိန်းစိန် အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲတွေလိမ်ပြီး အာဏာရယူခဲ့တယ် ဆိုပေမယ့် အခုအချိန်မှာ ပြုပြင်ပြောင်းလဲမှုရဲ့ လမ်းစတွေ မြင်နေရပြီ။ ဒါတွေကို ထောက်ခံကြိုဆိုရမယ်လို့ မြင်သလို၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံဒီမိုကရေစီ အင်အားစုနဲ့ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု အတော်များများကို ရနေတဲ့ လူထု ခေါင်းဆောင်လို့ မြင်တာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုတွေလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံကတောင် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ရင် တုန့်ပြန်ဖို့ အစီအစဉ်တွေ ရှိပါတယ်လို့ တရားဝင် ထုတ်ဖော်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီဆန်တဲ့ ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့၊ ဒီပြောင်းလဲမှုတွေဟာ ခိုင်မြဲတဲ့ သန္နိဋ္ဌာန် ချပြီးလုပ်တဲ့ ရေရှည်တည်တံ့တဲ့ ပြောင်းလဲမှုတွေဖြစ်ဖို့ တိုက်တွန်းခဲ့ ပါတယ်။

ဒါတွေလုပ်ခဲ့ရင် အမေရိကန်ဟာ မြန်မာရဲ့မိတ်ဆွေအဖြစ် ပြန်မြင်ရမယ်လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါပြီ။

ဒီလိုကာလမှ အရေးကြီးဆုံးနဲ့ အခရာအကျဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။

တဘက်မှာလည်း သမ္မတဦးသိန်းစိန်ရဲ့ ပြတ်သားတဲ့ ဦးဆောင်မှုကဏ္ဍဖြစ်ပါတယ်။ အစိုးရဘက်မှာတော့ ယန္တရားကြီး တခုလုံးကိုလည်ပတ်ဖို့ စစ်တပ်က ချမှတ်ခဲ့တဲ့ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ဖို့ အစီအစဉ်တွေ၊ လူစားထိုးရမယ့်သူတွေ စတဲ့ back – up တွေအပြည့်နဲ့ပါ။

အတိုက်အခံဘက်မှာတော့ အားနည်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်တွင်း ထောင်ပြင်တွေမှာရှိတဲ့ နိုင်ငံရေးသမားတွေပဲ ကျန်ပါတော့တယ်။

ဒီအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြတ်ပြတ်သားသားပဲ “Blank Cheque” ပေးပြီး ပုံအောကြရမယ့်အချိန်ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

Your Thoughts …
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post

ဦးကျော်သူနှင့် ဇနီး လူမှုရေးဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့်ခံရ

သူတို့ဆန္ဒ

သူတို့ဆန္ဒ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate