• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“နိုင်ငံရေးအကျဉ်းသား ရာနှုန်းပြည့် လွှတ်ပေးသင့်တယ်”

by ဧရာဝတီ
9 December 2011
in အင်တာဗျူး
A A
1k
VIEWS
Share on FacebookShare on Twitter

သတင်းစာဆရာ၊ စာရေးဆရာမောင်ဝံသ (ဦးစိုးသိန်း) သည် ပြည်သူ့ခေတ် ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ ဖြစ်ပြီး အတွေးအမြင် စာစောင်၏ ထုတ်ဝေသူဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သူ ဆရာ မောင်ဝံသသည် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီးနောက် ၁၉၉၀ ရွေးကောက်ပွဲ ကာလက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုဦးစီး အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ ဆရာမောင်ဝံသသည် ၎င်း၏ ပြည်သူ့ခေတ် ဂျာနယ်၌ လက်ရှိမြန်မာပြည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရေးသားဖော်ပြနေသကဲ့သို့ ၎င်း၏ facebook စာမျက်နှာတွင်လည်း ပွင့်လင်းစွာ ဝေဖန်ရေးသားမှုများ ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ဆရာ မောင်ဝံသအား လက်ရှိ မြန်မာပြည် အခြေအနေနှင့် NLD ပါတီဝင်ဟောင်းတဦး အနေဖြင့် ၎င်းပါတီအပေါ် အမြင်၊ သုံးသပ်ချက်များကို ဧရာဝတီ သတင်းထောက် ဝေမိုးက မေးမြန်းထားပါသည်။

မောင်ဝံသ (ဓာတ်ပုံ - myanmarisp.com)

မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲကာလ ကနေစပြီး အခုအချိန်အထိ မြန်မာပြည်နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆရာ ဘယ်လို သုံးသပ်ချင်လဲ။

RelatedPosts

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

21 June 2025
1.8k
ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ယဉ်ကျေးမှု အမွေအနှစ်များ (၁)

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ယဉ်ကျေးမှု အမွေအနှစ်များ (၁)

20 June 2025
547
ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

19 June 2025
2k

ဖြေ။  ။ ရွေးကောက်ပွဲလုပ်တာ မနှစ်က နိုဝင်ဘာလ ၇ ရက်နေ့က လုပ်တာဆိုတော့ တနှစ်ကျော်ပြီ၊ အာဏာ လွှဲပြောင်းယူတာက မတ်လ ၃၀ ရက်နေ့ ဆိုတော့ အစိုးရ သက်တမ်းက ရက်ပေါင်း ၂၀၀ ကျော်ပြီ။ အဲဒီမှာ ခြုံပြီးပြောရရင် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သွားနေတယ်ဆိုတဲ့ သဘောရှိတယ်။

နောက် နိုင်ငံရေးအကြောင်း မပြောခင်မှာ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေကို ပြောရရင် နိုင်ငံတော်သမ္မတကြီးက သူ့ မိန့်ခွန်းမှာ အခြေအနေ မှန်တွေကို ရိုးရိုးသားသား ဖေါ်ထုတ်ပြီး ပြောသွားတယ်။ အဲဒါ ထူးခြားတာပေါ့။ အရင်တုန်းက ဒီလို ဘယ်တော့မှ ဝန်ခံပြီးပြောတာတွေ မရှိဘူး၊ တိုင်းပြည်အခြေအနေကို တကယ့် ဓမ္မဒိဌာန်ကျကျ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ဘူး။ အခု ဗမာပြည်ဟာ အရင်တုန်းက ကိုယ့်နောက်က ကျန်ခဲ့တဲ့ တိုင်းပြည်တွေက ကိုယ့်ကို ကျော်ဖြတ်သွားပြီ၊ စီးပွားရေး အရဆိုရင်လည်း ဆင်းရဲနွမ်းပါးနေတယ်၊ အောက်တန်း နောက်တန်းကျနေတယ်။ အဲဒါတွေကို သမ္မတက ထုတ်ပြောသွားတယ်။ အဲဒါတွေကို ကျနော်တို့က ကြိုဆိုတယ်။ ကျနော်တို့ရေးတဲ့ ဆောင်းပါးတွေမှာလည်း အဲဒါတွေကို ထည့်ပြီးတော့ ရေးတယ်။ နောက် စီးပွားရေးနဲ့ ပတ်သက်တဲ့ ဖိုရမ်တွေလုပ်တယ်၊ ဆွေးနွေးပွဲတွေ လုပ်တယ်။ အဲဒါတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်တယ်၊ တက်တယ်နော်။ အဲဒါမျိုးတွေလလည်း ရှိတယ်။ ဒါက စီးပွားရေးအပိုင်း။ သူက ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတာကို အထောက်အထားတွေ ရှိတာပေါ့နော်။ ဒီအတိုင်းကြီး နေတာမဟုတ်ဘူး ဆိုတာပြတာ။ ဒါလည်း ကောင်းတယ်။

နိုင်ငံရေးအရကျတော့ အရေးကြီးဆုံး ကျနော်တို့ မြင်တာ ၃ ချက်ပေါ့လေ။ တခုကတော့ ၉၀ ပြည့်နှစ် ရွေးကောက် ပွဲမှာနိုင်ထားတဲ့ NLD၊ လက်ရှိအစိုးရနဲ့ အခုလွှတ်တော်က ပေါ်လာတဲ့ အစိုးရ စည်းလုံး ညီညွတ်ရေး၊ အဲဒီအတွက် သူတို့ ပူးပေါင်းဆောင်ရွက်ရေးပေါ့၊ အဲဒါတွေ ကြိုးစားနေတယ်။ နှစ်ဘက် မျက်နှာမပျက်ဘဲနဲ့ အဆင်ပြေ သွားနိုင်တဲ့ နည်းလေး ပေါ့၊ ဖြောင့်ဖြူးမယ့် နည်းလမ်းကို သူတို့ ရှာကြတယ်။

နောက်တချက်က တိုင်းရင်းသား ပြဿနာပဲ။ တိုင်းရင်းသား ဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲဒီတော့ ဒီ တိုင်းရင်းသားလူမျိုးတွေနဲ့က ၁၉၉၀ နှစ်တွေရဲ့ စောစောပိုင်း လောက်ကစပြီး အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေ။ အခု နယ်ခြားစောင့်တပ် ဖွဲ့ရမယ်တို့၊ ဘာတို့ ပေါ်လာတယ်၊ ဖွဲ့ကြတယ်၊ သူတို့က လက်နက်ကိုင်ထားတယ်။ ဒါက နောက်ပြန်ဆုတ်တဲ့ သဘောပေါ့နော်။ ရှိနေတဲ့ အနေအထားတခုက နေပြီးတော့ ငြိမ်းချမ်းရေးအထိ မရောက်ဘဲနဲ့ လက်နက်ကိုင်အဆင့် ဆိုတော့ နောက်ပြန်ဆုတ်တယ် ပြောနိုင်တယ်။

ဒါပေမယ့် ဒီအကြောင်းတွေအပေါ်မှာ ပြန်သုံးသပ်မယ်ဆိုရင် သူတို့ ပြန်ပြီး ကြိုးစားလာတာတွေတော့ ရှိတယ်။ ပြန်ပြေလည် ဖို့ပေါ့။ အဲဒီမှာ အရေးကြီးတဲ့ အချက်ကတော့ နှစ်ဘက်စလုံးက ထုတ်ပြောတာပေါ့လေ။ အစိုးရဘက်ကလည်း ဒီတိုင်းရင်းသား လူမျိုးတွေနဲ့ ပြဿနာဟာ စစ်ရေးနဲ့ ဖြေရှင်းတာ ရေရှည် ဘယ်လိုမှ မဖြစ်ဘူး၊ ဒါကြောင့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ် ဆိုတဲ့ အယူအဆပေါ့။ ဒီအယူအဆအပေါ်မှာ အစိုးရရဲ့ နိုင်ငံရေးအကြံပေးတွေ ပြောတာတွေလည်း ကျနော်တို့ ကြားရတယ်။ နောက်တခါ တဘက်က လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေ ဘက်ကလည်း နိုင်ငံရေးအရ ဖြေရှင်းတာကို ပိုပြီးတော့ လိုလားတယ်။ ဒါ ကောင်းတဲ့ လက္ခဏာလို့ ကျနော်တို့ မြင်တယ်လေ။ ဒီလိုပဲ သွားရမှာပဲ။ ကျနော်တို့ လွတ်လပ်ရေး ရပြီးကတည်းက စပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းလာတာ အခုထက်ထိ ပြေလည်တာမှ မဟုတ်ဘဲ။ အဲဒါက ဒုတိယ အချက်။

တတိယ အချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြဿနာနော်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အရေအတွက် ကိုတော့ ကျနော်တို့ မပြောတော့ဘူး။ အရေအတွက်ကတော့ အမျိုးမျိုးပြောကြတာကိုး။ ဒါပေမယ့် အခု အကျဉ်းသားတွေ လွှတ်တယ် ဆိုပြီးတော့ပဲ သမ္မတ ဦးသိန်းစိန် တက်လာပြီး နှစ်ကြိမ် ဖြစ်သွားပြီ။ နှစ်ကြိမ်မှာ အရေအတွက်အားဖြင့်ဆိုရင် ဒီ နိုင်ငံရေးအကျဉ်သားဟာ အင်မတန်နည်းတယ်။ အခု ဒုတိယအကြိမ်မှာ ဆိုရင် အကျဉ်းသားလွှတ်တာ ၆၀၀၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသားက ၂၀၀ ပဲပါတယ်။ ဒါတော်တော်ကြီးကို ရုပ်ပျက်တာပေါ့။ ကျနော်တို့ ဆိုလည်း ရေးလို့ရတဲ့ အတိုင်းအတာနဲ့ ဒါဟာ မဖြစ်သင့်ဘူးရေးတယ်။ ကျနော်ဆိုရင် ဒါကို ရာခိုင်နှုန်းပြည့် မထောက်ခံနိုင်ဘူး။ ဒါကို ၅၀ ရာခိုင်နှုန်းပဲ ထောက်ခံနိုင်တယ် ဆိုပြီး ရေးခဲ့ပြီးပါပြီ။ အဲဒီတော့ ကျနော်တို့ ဆက်ပြီး ရာခိုင်နှုန်းပြည့် ထောက်ခံနိုင်တဲ့ အနေအထားမျိုး ဖြစ်အောင် ရှိနေသမျှ နိုင်ငံရေးအကျဉ်းသား ရာနှုန်းပြည့် လွှတ်ပေးသင့်တယ်လို့ ကျနော့် သဘောထား ပြောချင်တယ်။ အဲဒီတော့ ဒီအချက်သုံးချက် ရှိတာပေါ့။ အခု ဘာပဲပြောပြော နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မယ်ဆိုတဲ့ ကိစ္စဆိုရင် သူတို့ ဆက်ပြီးတော့ ဆောင်ရွက်နေတယ်လို့လည်း သတင်းကောင်းတွေ ကြားရပါတယ်။ ကြားတဲ့အတိုင်းပဲ ကောင်းမယ်လို့ မျှော်လင့်ပါတယ်။

မေး။ ။ ဆရာမောင်ဝံသရဲ့ တဦးတည်း သဘောထား ပြောမယ်ဆိုရင် စီးပွားရေး ပိတ်ဆို့တာနဲ့ ပတ်သက်ပြီး ဘယ်လို ယူဆလဲ။

ဖြေ။ ။ စီးပွားရေး ပိတ်ဆို့မှုကြောင့် တိုင်းပြည်နစ်နာသလား ဆိုရင် ရုပ်ပိုင်းဆိုင်ရာအရ နစ်နာတာ မှန်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပိတ်ဆို့မှုကြောင့် ကျနော်တို့မှာ ချေးငွေတွေ မရဘူးဗျ။ လာအိုတို့၊ ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့ ရနေတဲ့ အခွင့်အလမ်းမျိုးတွေ ကျနော်တို့ မရဘူး။

မေး။ ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ကို တော်တော်များများ စိုးရိမ်နေကြတာ ရှိတယ်။ သူ့အနေနဲ့ ရလဒ် ဘာမှ မထွက်ဘဲနဲ့ အသုံးချခံ အဖြစ် ရောက်သွားမလားဆိုပြီး စိုးရိမ်နေကြတာနဲ့ ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ ။ စိုးရိမ်တဲ့ သူတွေကလည်း သူတို့ပြောခွင့်ရှိတာပဲ။ နောက်ပြီး အဲဒီလို စိုးရိမ်တဲ့သူတွေက ထုတ်ဖော် ပြောတာကို လည်း အလေးထား သင့်တယ်။ အဲဒီတော့ မစိုးရိမ်ကြနဲ့လို့ တားစရာအကြောင်း မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဟာကို လက်တွေ့လုပ်နိုင်ဖို့ ဆိုတာက ဒေါ်အောင်ဆန်းစုကြည်က လုပ်နိုင်တဲ့ ကိစ္စမှမဟုတ်ဘဲ။ ဒီလို ကိစ္စမျိုးတွေက တဘက်က အကောင်အထည် ဖော်နိုင်တဲ့ အစိုးရဘက်က လုပ်ရမှာချည်းပဲ။ စီးပွားရေးပိတ်ဆို့ထားတဲ့ ကိစ္စတွေကော၊ တိုင်းရင်းသား ပြဿနာတွေကော၊ ဒီပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်ဖို့ အစိုးရအပေါ်မှာပဲ တည်တယ်။ အစိုးရက ဘယ်လောက်အထိ ဒါတွေကို လိုက်လျောပေးမလဲ။ ဘယ်လောက်အထိ ပြန်လည်သင့်မြတ်ရေး အတွက် ကြိုးစားပေးမလဲ။ အဲဒီ အပေါ်မှာ တည်တယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ မဟာမိတ်တွေဆိုရင် အရင်လို မဟုတ်ဘဲနဲ့ တော်တော်များများ လေသံတွေ ပြောင်းသွားတယ်။ ပိုပြီးတော့ အပြုသဘော မြင်တာတွေ ပြောကြတယ်။ အဲဒါတွေကရော တကယ်ဖြစ်နေပြီလို့ ထင်လား။

ဖြေ။ ။ ဦးအေးသာအောင်တို့လို NLD ခေါင်းဆောင်တွေကအစ ဒီအပေါ်မှာ သဘောထားပြောင်းလဲတာတွေ ရှိလာတယ် ဆိုတာ အထူးကျနော် ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ယုံကြည်မှုအပေါ် အခြေခံတယ်။ မြန်မာပြည် နိုင်ငံရေးက လူ ပုဂ္ဂိုလ်ပေါ် တည်စရာအကြောင်း မဟုတ်ဘူး ဆိုပေမယ့် လက်ရှိဖြစ်နေတဲ့ အခြေအနေကြတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအစိုးရနဲ့ ဆက်ဆံနေရတာကိုး။ သမ္မတနဲ့တွေ့တာ ဒေါ်အောင်ဆန်းစုကြည်နဲ့ကိုး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ထားတဲ့သဘောထားရှိမယ်၊ အဲဒီ သူ့သဘောထားကို သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် တွေက တခုတည်းသော ယုံကြည်မှုနဲ့ သူ့အပေါ် ယုံကြည်တာ။ သူ့အပေါ်မှာ ယုံကြည်တဲ့အတွက် သူတို့သဘောထားကို ရွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ အစိုးရနဲ့ ပူးပေါင်းပြီးတော့ လုပ်လို့ရတဲ့အတိုင်းအတာ ရှိတယ်လို့ ယုံကြည်တယ်။ ဒီတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကလည်း သူတို့သဘောထားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို လိုက်လျောမှု ရှိအောင် လုပ်ကြတယ်။ အဲဒီလို ကျနော်မြင်တယ်။

မေး။ ။ NLD နမျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို ဘယ်လိုမြင်လဲ။ တချို့တွေက အကြံပေးကြတယ်။ NLD ရဲ့ ပထမ မျိုးဆက်ဆိုရင် အလုပ်မလုပ်ဘဲနဲ့ နေတယ်။ ဦးဝင်းတင်က အစ အသက် ၈၀ ကျော်ပြီ၊ ကျန်းမာရေး မကောင်းဘူး။ အခုဆိုရင် နောက် မျိုးဆက်တခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဉာဏ်ဝင်းတို့ဆိုလည်း ၆၅ အထက်တွေ ဖြစ်နေကြပြီ။ အဲဒီလိုအခြေအနေမှာ တချို့က အကြံပေးကြတယ်။ လူငယ်တွေနဲ့ အစားထိုးဖို့၊ ၈၈ မျိုးဆက်တွေ လွတ်လာရင် ၈၈ မျိုးဆက်တွေနဲ့ တွဲလုပ်ဖို့ ဆိုတဲ့အပေါ်မှာ ဘယ်လို မြင်လဲ။ ဒီ NLD ကို လူငယ်မျိုးဆက်တွေနဲ့ ဖြစ်အောင် ဘာတွေ လုပ်သင့်တယ် ထင်ပါသလဲ။

ဖြေ။ ။ NLD ဘက်က သူ့စီမံကိန်းတွေ ရှိမှာပါ။ ပါတီရဲ့ ရေရှည်စီမံကိန်းရှိမယ်၊ ရေတိုစီမံကိန်း ရှိမယ်။ ဒါ ကျနော် ယုံကြည်ပါတယ်၊ သူတို့မှာ ရှိမှာပဲ။ ဒါပေမယ့် ကျနော်က အတွင်းလူလည်း မဟုတ်ဘူး၊ အသေချာ မသိဘူး။ ဒါပေမယ့် ကျနော် political ဂျာနယ်လစ် တယောက်အနေနဲ့ လေ့လာတဲ့ အခါကျတော့ NLD က အခုအချိန်အထိ အောက်ခြေ ကျေးရွာ အုပ်စုတွေ ခိုင်မြဲတုန်းပဲ။ National level နဲ့ရှိတဲ့ ပါတီဆိုရင် မြန်မာနိုင်ငံမှာ အခု NLD ပဲရှိတယ်၊ လက်တွေ့ ကျကျနော်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကတော့ ပြောစရာမလိုဘူး။ သူက အစိုးရပါတီ ဖြစ်နေတာကိုး။ NLD က စထောင်တဲ့ အချိန်နေ တိုက်ပွဲအမျိုးမျိုးနဲ့ ကြုံခဲ့ရတယ်၊ ချေမှုန်းခံရတာတွေ အကြိမ်ကြိမ် ရှိခဲ့တယ်၊ သေတာတွေ၊ ထောင်ထဲ ရောက်သွားတာတွေ၊ နောက် ပြည်ပကို ထွက်ပြေးကြရတာတွေ၊ လွင့်စဉ်သွားကြတာတွေ ရှိတယ်။ ဒါပေမယ့် ကျနော်ပြောချင်တာ သူ့မှာ မျိုးဆက်ရှိတယ်။ ဥပမာ – ၁၉၈၈ ခုနှစ်က ထောင်ခဲ့တဲ့ NLD က အခု အနှစ် ၂၀ ကျော်ကြာပြီ။ အဲဒီအချိန်အထိကို ခိုင်ခိုင် မြဲမြဲ ရှိတယ်။ ကျနော်တို့ တွေ့သလောက်ပေါ့။ ခိုင်ခိုင်မြဲမြဲ ရှိတယ်ဆိုတာ ဆိုင်းဘုတ်ကြီးတွေ တင်ပြီးတော့ ရှိနေတာကို ပြောနေတာ မဟုတ်ဘူးနော်။ နေရာတိုင်းမှာ NLD ရဲ့ ဂေဟာတွေ ရှိတယ်။ အမာခံတွေ ရှိတယ်။ အဲဒီတော့ ပြန်လည်ဖွဲ့စည်းရေးလုပ်မယ် ဆိုရင် အချိန်မရွေး လုပ်လို့ရတယ်။ နောက် အခုလို တရားဝင် ပါတီအနေနဲ့ ရပ်တည်မယ် ဆိုရင် တကယ်လည်း အသင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် အဲဒါမျိုးတွေ ရှိပြီဆိုရင် မျိုးဆက်တွေ ရှိလာမှာပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၈၈ မျိုးဆက်တွေနဲ့ အရင်ထက်ပိုပြီးတော့ တွဲလုပ်ရင် ပိုကောင်းမလား၊ ဘယ်လို ဖြစ်လာနိုင်ချေ ရှိလဲ။

ဖြေ။ ။ ပိုကောင်းတာပေါ့ဗျာ။ ပိုကောင်းတာတော့ မှန်တယ်၊ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်အနေ အထားနဲ့ သူများ တိုင်းပြည်တွေနဲ့တော့ မတူဘူးပေါ့။ ဘာဖြစ်လို့ဆိုတော့ NLD က တလျှောက်လုံးမှာ ရုန်းကန်လာခဲ့ရတာ ဖြစ်တဲ့အတွက် အတွေ့အကြုံ ရင့်ကျက်တဲ့ သက်ကြီးခေါင်းဆောင် ပိုင်းတွေရဲ့ ဦးဆောင်မှုတွေလည်း လိုအပ်တယ်။ နောက်တခါ တက်တက် ကြွကြွ လုပ်နိုင်တဲ့ အသက် ၄၀ ကျော်၊ ၅၀ တဝိုက် လူငယ် ခေါင်းဆောင်တွေပေါ့၊ သူတို့ရဲ့ ခေါင်းဆောင်မှုလည်း လိုတယ်။

အဲဒီတော့ ဘယ်လိုပုံစံ ထွက်လာမလဲတော့ မသိဘူး။ ဒါပေမယ့် ၈၈ မျိုးဆက်တွေနဲ့ NLD လက်ရှိ မျိုးဆက်တွေ လက်တွဲနိုင်မယ် ဆိုရင် တိုင်းပြည်အတွက် အင်မတန် ကောင်းတာပေါ့။ ဒါပေမယ့် အတွေ့အကြုံရှိတဲ့ သက်ကြီး ခေါင်းဆောင်တွေက ကျနော့် အမြင်မှာ နာယကကြီးတွေအနေနဲ့ ဆက်ပြီး ထိန်းညှိပြီးတော့ လုပ်ပေးနိုင်ရင် ပိုကောင်း တာပေါ့။ ဒါ ကျနော့်ဆန္ဒကို ပြောတာပါ။

NLD ရွေးကောက်ပွဲ ဝင်မယ် ဆိုတာကို ကျနော်တို့ကတော့ ပိုသဘောကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ လွှတ်တော် အနေထားအရ လွှတ်တော်ထဲမှာ အားကောင်းတဲ့ အတိုက်အခံရှိဖို့ လိုတယ်။ ဒီမိုကရေစီ နိုင်ငံပီသဖို့၊ ပီပြင်ဖို့ ဆိုရင် အားကောင်းတဲ့ အတိုက်အခံ ရှိရမယ်။ ကျနော်လေ့လာဖူးတဲ့ အတိုင်းဆိုရင် ၆၀ အချိုး ၄၀ ပတ်ဝန်းကျင်လောက် ရှိရင် အကောင်းဆုံးပဲလို့ မှတ်သားဖူးတယ်။ အာဏာရ ပါတီရယ် အာဏာရပါတီရဲ့ မဟာမိတ် အင်အားစုတွေရယ်က အားလုံး စုစုပေါင်းပေါင်းရဲ့ ၆၀ ရာခိုင်နှုန်း ပတ်ဝန်းကျင် ရှိပြီး အတိုက်အခံ အင်အားစုတွေက ၄၀ ရာခိုင်နှုန်း ပတ်ဝန်းကျင် အင်အားစုရှိမယ်ဆိုရင် အဲဒါ အားမျှချေရှိတယ်။ ဆိုလိုတာက အာဏာရ အဖွဲ့အစည်းတွေက လေးစားမှု ရှိတာပေါ့ဗျာ။ လွှတ်တော်အားလုံးပေါင်းမှ အတိုက်အခံက ၂၀ ရာခိုင်နှုန်းတောင်မရှိဘူး ဆိုရင် လေးစားမူလည်း မရှိတော့ဘူး။ ပြောမယ်ဆို တခါတလေ အနိုင်ကျင့်တာတွေ ဖြစ်တတ်တယ်။ NLD က အဲဒါတွေကို အားမျှချေပေါ့ဗျာ ညှိပေးနိုင်မယ်လို့ မျှော်လင့်တယ်။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ရုရှား၌ မြန်မာစစ်အရာရှိ ရာချီ၍ နျူကလီးယား ပညာသင်

ရုရှား၌ မြန်မာစစ်အရာရှိ ရာချီ၍ နျူကလီးယား ပညာသင်

အလွဲများနဲ့ မျဉ်းပြိုင် (အပိုင်း ၆)

Please login to join discussion
No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
4k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate