• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့ အကျင့်ပျက်ခြစားမှု ရှင်းတမ်း (အပိုင်း ၁)

by လှမြင့်
19 December 2011
in သူ့အတွေး သူ့အမြင်
A A
မြန်မာ့ အကျင့်ပျက်ခြစားမှု ရှင်းတမ်း (အပိုင်း ၁)

ဒေါက်တာ ဦးမြင့်နှင့် ဒေါက်တာ ဦးလှမြင့်

2k
VIEWS
Share on FacebookShare on Twitter

အကျင့်ပျက်ခြစားမှုဆိုတာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး အားနည်းပြီး အလုပ်မဖြစ်တာတွေကို ပြနေတာလို့ ဦးမြင့်ပြောတာကို ကျနော်သဘောတူပါတယ်။ ဒီလိုအလုပ်မဖြစ်ရတာဟာ အစိုးရရဲ့ စီးပွားရေးမူဝါဒကြောင့်လို့ ကျနော်က ဆိုချင်တယ်။ တလက်စတည်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့တွေ ဖွဲ့ပေမယ့် အကြောင်းရင်းကို ထုတ်ဖော်ကိုင်တွယ်မှု မလုပ်ရင် အကျိုးသက်ရောက်မှာ မဟုတ်လို့ သူပြောတာကိုလည်း သဘောတူပါတယ်။

ဒေါက်တာ ဦးမြင့်နှင့် ဒေါက်တာ ဦးလှမြင့်

ဒါ့ကြောင့် မဖွံ့ဖြိုးတဲ့နိုင်ငံတနိုင်ငံမှာ ဖြစ်တတ်တဲ့ ခြစားမှု ၂ မျိုး အကြောင်း ပြောချင်ပါတယ်။ (၁) လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် ခြစားမှုတွေကို ဖြစ်စေတဲ့ ချိနဲ့တဲ့တရားစီရင်ရေး၊ အစွမ်းမထက်တဲ့ အုပ်ချုပ်ရေး၊ မဖွံ့ဖြိုးတဲ့ လူ့ဘောင်အုတ်မြစ်တွေက ပေါက်ဖွားလာသူတွေနဲ့ (၂) အစိုးရပေါ်လစီကြောင့် နိုင်ငံစီးပွားရေးကို လက်ဝါးကြီးအုပ်ခွင့်တွေ ပိုရသွားသူတွေ အကြောင်းပါ။

RelatedPosts

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

17 July 2025
781
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

16 July 2025
3.1k
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
979

ပထမ အမျိုးအစားက လွယ်လွယ်နဲ့မပျောက်။ လာဘ်ပေးလာဘ်ယူ လုပ်တတ်တဲ့ အကျင့်ဆိုးကို ပြောင်းပစ်ဖို့နဲ့ ဝန်ထမ်းတွေ ဖူလုံဖို့ အချိန်ယူရမယ်။ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးလာအောင် အခြေခံကောင်းတွေ တည်ဆောက်ရပါလိမ့်မယ်။ ဒုတိယ အမျိုးအစားကတော့ မြန်မြန်ထက်ထက်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ နိုင်ငံ့စီးပွားကို လက်ဝါးကြီးအုပ်ထားတဲ့ ဗျူရိုကရေစီနဲ့ ကြိုးနီစနစ်ကို လျှော့ချပစ်ရုံပါပဲ။

သို့သော် မြန်မာပြည်လို နိုင်ငံမျိုးမှာက စီးပွါးရေးမူဝါဒ ဖြေလျှော့ဖို့၊ ချုပ်ကိုင်မှု လျှော့ချဖို့ ဆိုတာ မလွယ်လှဘူး။ နိုင်ငံ့စီးပွားရေးမှာ တင်ပို့မှုစရိတ် (Transaction cost) တွေ လျှော့ပစ်ဖို့ဆိုတာ မလွယ်ဘူး။ ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အစိုးရက ဘာကြောင့် နှောင့်နှေးနေတာလဲဆိုတဲ့ မေးခွန်းပဲ မေးရတော့မယ်။

နိုင်ငံလွတ်လပ်ရေးရပြီး အစောပိုင်းနှစ်တွေတုန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မျှော်ကိုးတဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေး (Free trade)၊ တံခါးဖွင့် စီးပွားရေး (Open-door policy)၊ အစိုးရက ဝင်မစွက်တဲ့ Laissez-faire ကိုလိုနီစီးပွားရေးပုံစံကို နိုင်ငံခြားကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံတော်က ထိန်းချုပ်မှုလုပ်၊ သွင်းကုန် အစားထိုးဖို့ နိုင်ငံပိုင် စက်ရုံတွေထောင်ရင် ဖွံ့ဖြိုးမှုမြန်မယ်ဆိုတဲ့ ယုံကြည်မှုက လွှမ်းမိုးခဲ့တာ လက်ခံနိုင်စရာပါ။ အခုခေတ်မှာ အဲဒီပုံစံက အလုပ်သိပ်မဖြစ်တာ အိမ်နီးချင်းနိုင်ငံတွေက နမူနာပြပြီးပါပြီ။ သူတို့ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့၊ နိုင်ငံခြားကို ထုတ်ကုန်တွေ ပို့နိုင်အောင် ဦးစားပေးတဲ့ ပေါ်လစီနောက်ကိုပဲ လိုက်ခဲ့ကြတယ်။

ဆိုတော့ ပြုပြင်ပြောင်းလဲမှု ဘာကြောင့် အစိုးရက လက်နှေးနေရသလဲဆိုတာ ရှင်းပြဖို့ လက်ခံနိုင်စရာ အကြောင်းတွေရှိရမှာပေါ့။ ကျနော့်အမြင် မြန်မာလို သဘာဝ သယံဇာတ ချမ်းသာတဲ့ နိုင်ငံမျိုးမှာ နှေးကွေးမှုဟာ သယံဇာတ ကြွယ်ဝမှုကြောင့်လို့ပဲ ထင်ပါတယ်။ လက်ခံနိုင်စရာ မဟုတ်တဲ့ စီးပွားရေးပေါ်လစီကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတော်ငွေစာရင်း ရှင်းတမ်းကွာဟချက် ပြဿနာ (Balance of payments problems) တွေကို ရှောင်လွှဲဖို့ နိုင်ငံဟာ သယံဇာတတွေ ရောင်းလို့ရတဲ့ နိုင်ငံခြားဝင်ငွေကို သုံးရတော့တယ်။ ငွေစာရင်းပြဿနာပေါ်တိုင်း ပြုပြင်ရေး ရှေးရှုစေမယ့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သို့မဟုတ် နိုင်ငံခြားအစိုးရတွေဆီက တည်ငြိမ်မှုထိန်း ချေးငွေကို ယူမယ့်အစား သယံဇာတ ရောင်းရငွေကို အစားထိုးသုံးဖို့ပဲ လုပ်လာတော့တယ်။ မြန်မာနိုင်ငံလို စစ်အရာရှိကြီးတွေက နိုင်ငံရဲ့ သယံဇာတတွေကို ကိုယ်ပိုင်သဖွယ် အသုံးပြုခွင့်ရှိတဲ့ နိုင်ငံမှာ ပိုနေမြဲ ကြားနေမြဲ (Status quo) က သူတို့အတွက် အင်မတန်ကို အကျိုးအမြတ် ဖြစ်စေပါတယ်။ ပြုပြင်ပြောင်းလဲလို့ ပြဿနာတွေကို ရင်ဆိုင်မယ့်အစား ငြိမ်ငြိမ်နေတာ သူတို့ပိုလိုလားပါတယ်။

ဒီနေရာမှာ သယံဇာတ ချမ်းသာကြွယ်ဝမှု (Rich endowment of natural resources)၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ နိုင်ငံရေးစိတ်ဓာတ် ကင်းမဲ့မှု (Lack of political will to undertake economic reforms) နဲ့ အကျင့်ပျက်ခြစားမှု (Corruption) တို့ ဆက်စပ်နွယ်ငင်နေတာကို ကျနော်တို့ တွေ့ရပါပြီ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နောက်ခံ Context ထဲ ဒီဆက်နွယ်မှုကို ဆက်ခြေရာခံဖို့  ဦးမြင့် အိုင်ဒီယာကို ဆက်သုံးကြစို့ရယ်။

သူ့ရဲ့ အထက် (High level) က ခြစားမှုနဲ့ အောက်ခြေ (Low level) က ခြစားမှု ဆိုတာနဲ့ စကြတာပေါ့။ အထက်က ခြစားမှုဆိုတာ ဩဇာအာဏာကြောင့် အခွင့်ထူးခံရပြီး ကြွယ်ဝနေတဲ့ နိုင်ငံရေး ထိပ်ဆုံးတန်းက သူတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ သူတို့ရဲ့ခြစားမှုဟာ လစာဝင်ငွေ နည်းတာကြောင့် မဟုတ်ပါ။ လစာဝင်ငွေနည်းတဲ့ စာရေးစာချီ အစိုးရဝန်ထမ်းတွေကတော့ ငွေကြေးဖောင်းပွမှု (Inflation) ကြောင့် လူနေမှုစရိတ် မကာမိရာက  အကျင့်ပျက် လာဘ်စားရတာလို့ ဖြေလေ့ရှိပါတယ်။ အထက်က ခြစားမှုနဲ့ ပတ်သတ်လို့ နိုင်ငံတော်ဆိုင်ရာ စီးပွားရေး အငှားချထားမှု (Economic rent) သို့မဟုတ် ပါမစ်ချပေး စီးပွားရေး (လက်မှတ်ထိုးရင် ငွေဖြစ်တဲ့ စီးပွားရေး သဘောမျိုး၊ လူ့ဘောင်သစ် ကိုဇော်မင်းကတော့ ဘောပင်စီးပွားရေးလို့ ရေးဖူး) တို့ ဆက်စပ်ပုံ နောက်မှာဆွေးနွေးပါမယ်။
အခုတော့ လစာတိုးပေးလို့ အောက်ခြေခြစားမှု ပျောက်သွားမှာမဟုတ်လို့ ပြောကြတာကို ထောက်ခံ ဆွေးနွေးပါရစေ။ တကယ်တော့ လစာအစစ်အမှန် (Real wages) တိုးသွားတာ မဟုတ်ဘဲ ဂဏန်းတွေ ပုံပျက် မြင့်တက်သွားတာပါ။ လစာ အစစ်အမှန် တိုးသွားရင်တောင် လာဘ်ယူလို့ ရသေးတဲ့အထိ လာဘ်ယူကြဦးမှာမို့ ဒီဟာက ရပ်သွားမယ်လို့ ကျနော်မထင်ပါ။ တကယ်က အောက်ခြေခြစားမှု လျော့သွားဖို့ဆို ငွေဖောင်းပွမှု ထိန်းဖို့၊ လူနေမှုစရိတ်ကြီးစေတဲ့ ကုန်တွေ တင်သွင်းမှု လျှော့ချဖို့နဲ့ လာဘ်ယူတာတွေ ကျဆင်းသွားစေမယ့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်မှုတွေ တပြိုင်တည်း လုပ်ဖို့လိုပါတယ်။

ဦးမြင့်ဆွေးနွေးတဲ့ ခြစားပုံ ၃ မျိုးကို ဆက်ဆွေးနွေးပါ့မယ်။ (၁) အရိုးစွဲနေတဲ့ အကျင့်ပျက် ခြစားမှု (“Systemic” corruption)။ ဒါက တိုင်းပြည်ရဲ့ အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအပိုင်းတွေမှာသာမက လူတွေရဲ့ အကျင့်စရိုက်ထဲအထိ လှိုက်စားနေလို့ ခြစားမှုဟာ ဘဝနေနည်းပါ ဖြစ်လာတယ်။ (၂) စနစ်တကျ ကြံစည်ထားတဲ့ အကျင့်ပျက် ခြစားမှု (Well-organized system of corruption)။ စီးပွားရေးသမားတွေက ဘယ်သူ့ ဘယ်လောက်ပေးရင် ဘာပြန်ရမယ်ဆိုတာ သိသလို အစိုးရအရာရှိတွေဘက်ကလည်း ရေရှည် စို့စို့ပို့ပို့ စားရအောင် လုပ်တယ်။ ရွှေဥဥနေတဲ့ ငန်းကိုမွေးထားသလိုပေါ့။ (၃) ကျီးကန်းတောင်းမှောက် ခြစားမှု (Chaotic corruption)။ ပေးမယ့်သူက ဘယ်သူ့ ဘယ်လောက်ပေးရမလဲ၊ ဘယ်လောက်ပြန်ရမလဲ မသိသလို ယူတဲ့သူကလည်း “နေပူတုန်း မြက်လှန်း” သိမ်းကြုံးယူပါတယ်။ အဲဒီအခြေအနေမှာ ငန်းဟာ စိတ်ရှုပ်သွားပြီး ရွှေဥ ပုံမှန်ဥဖို့ ခက်သွားတယ်လို့ ဦးမြင့်က ဆိုခဲ့တယ်။

စိတ်ဝင်စားစရာ မေးခွန်းတွေ ကျနော့်ခေါင်းထဲ ပေါ်လာတယ်။ အကျင့်ပျက်ခြစားတာ မြန်မာမှ မဟုတ်ပါ၊ အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းတို့၊ အိန္ဒိယတို့လည်း ထိုနည်းလည်းကောင်းပါပဲ။  အိန္ဒိယဆို တလောလေးက အကျင့်ပျက် ခြစားမှုဆန့်ကျင်ရေး အစာငတ်ခံ ဆန္ဒပြတာတွေတောင် ဖြစ်သွားသေး။ ဒါပေမယ့် ဒီနိုင်ငံတွေ တိုးတက်မှုနှုန်း ကောင်းနေပြီး ကိုယ်တွေနိုင်ငံက ဘာကြောင့် ဖွံ့ဖြိုးမှုနှုန်း နည်းရသတုန်း (အစိုးရရဲ့ တရားဝင်နှုန်းကို စာရွက်ပေါ်မှာပဲ ထားလိုက်ပါ)။

ကျနော့်အတွက်တော့ နိုင်ငံတနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် မူဝါဒနဲ့ လုပ်ဆောင်ချက်ကောင်းတွေ ရှိနေရင် စနစ်တကျ ကြံစည် ခြစားမှု (Organized corruption) ကို အတိုင်းအတာတခုအထိ သည်းခံနိုင်တယ်လို့ မြင်တယ်။ သို့သော် ဒီဟာက အလားအလာ အပြည့်ရှိတဲ့ ဖွံ့ဖြိုးမှု (Full potential growth) ကို ပိတ်ဆို့ထားသလိုဖြစ်နေပြီး ဖွံ့ဖြိုးမှုနှုန်းကိုပါ ဆွဲချနေတာက အမှန်ပါပဲ။ အလားအလာ အပြည့်ရှိတဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်း (Full potential growth path) နဲ့ နိမ့်ကျနေတဲ့ဖွံ့ဖြိုးမှုလမ်းကြောင်း (Lower growth path) ကြားက ကွာဟချက်ဟာ အကျင့်ပျက် ခြစားမှုတန်ဖိုး (Costs of corruption) ပါပဲ။ ဒီဟာက အကြမ်းအားဖြင့် ဥပမာပြရရင် ထိုင်းနိုင်ငံပေါ့။

စင်ကာပူကတော့ အင်မတန် ထူးခြားတဲ့ ဥပမာဖြစ်တယ်။ အကျင့်ပျက်မှုကို တိုက်ဖျက်ရာမှာ နာမည်ကောင်းရပြီး ဖွံ့ဖြိုးမှုကိုလည်း အရှေ့တောင်အာရှမှာ အမြင့်ဆုံးရောက်အောင် ထိန်းထားနိုင်တယ်။ နိုင်ငံသေးသော်ငြား သယံဇာတမရှိဘဲ ထောင်တက်လာနိုင်ခဲ့တဲ့ သူ့အောင်မြင်မှုဟာ အတုယူစရာပါ။ သဘာဝသယံဇာတ ခေါင်းပါးတော့ အကျင့်ပျက်မှုကို တိုက်ဖျက်ရမှာ တာဝန်ဖြစ်လာတယ်။ ဒါမှ နိုင်ငံကို အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေးမှာ ကုန်တင်ကုန်ချလုပ်နေတဲ့ သင်္ဘောတွေ မကြန့်ကြာရအောင်၊ တင်ပို့မှုစရိတ်တွေ လျှော့ချနိုင်တဲ့ အကောက်ခွန်မဲ့ ဆိပ်ကမ်းကြီး (Entrepôt) အဖြစ် ချဲ့ထွင်တည်ဆောက်နိုင်မှာ ဖြစ်လို့ပဲ။ မြန်မာပြည်ကတော့ ဒီဥပမာနဲ့ ဆန့်ကျင်ဘက်ပဲ။

မြန်မာပြည်မှာ ကျီးကန်းတောင်းမှောက် ခြစားမှု စတာ လွတ်လပ်ရေးရအပြီး စီးပွားရေးကို နိုင်ငံတော်က စထိန်းချုပ်ကတည်းကပါ။ စီးပွားရေးထိန်းချုပ်မှု ပိုကြာလာ၊ ပိုတင်းကျပ်လာတာနဲ့အမျှ ခြစားမှု ပိုကျယ်ပြန့် နက်ရှိုင်းလာပါတယ်။ လူတွေလည်း အကျင့်ပျက်လာတော့တာပါပဲ။ ကိုလိုနီခေတ်မှာတုန်းက မြန်မာ့ရွှေဥဟာ ဆန်နိုင်ငံခြားတင်ပို့မှုက လာပါတယ်။ ဆန်တင်ပို့မှုမှာ မြန်မာဟာ ပထမ၊ ဆန်နိုင်ငံခြားတင်ပို့မှုက တိုင်းပြည်ဖွံ့ဖြိုးမှုရဲ့ အဓိကမောင်းနှင်အားပါ။ လွတ်လပ်ရေးရအပြီး ဆန်စပါးလုပ်ငန်း အစိုးရချုပ်ကိုင်မှုအောက်ရောက်၊ အဲဒီချုပ်ကိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ခြစားမှုတွေက ရွှေဥ ဥပေးနေတဲ့ငန်းရဲ့ လည်မျိုကို ညှစ်သတ်ခဲ့ပါတော့တယ်။

ပေါ်ပြူလာဖြစ်ခဲ့တဲ့ အကြောင်းပြချက်က နိုင်ငံခြားသားပိုင် ဆန်စက်တွေက ကိုယ်စားလှယ်ပွဲစားတွေရဲ့ လယ်သမားတွေအပေါ် အမြတ်ထုတ်တာ ကာကွယ်ဖို့လို့ဆိုတယ်။ တကယ့်အကြောင်းက အစိုးရဝင်ငွေ မြှင့်ဖို့ပါ။ ဒီကဏ္ဍက ဝင်ငွေဟာ အစိုးရအသုံးစရိတ်ကို ပြည့်မီရုံမက စီးပွားဖွံ့ဖြိုးမှုစီမံကိန်းတွေကို ငွေကြေး မ တည်နိုင်တဲ့ထိပါ။ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ စီးပွားရေး တိုးတက်မှုနှုန်းမြှင့်ဖို့ စိုက်ပျိုးရေးကဏ္ဍပိုငွေကို နှုတ် (Extraction of the “agricultural surplus”)၊ နိုင်ငံပိုင် စက်မှုထုတ်ကုန် လုပ်ငန်းတွေကို ပံ့ပိုး (Subsidize the state-owned manufacturing industries) ဆိုတဲ့ သီအိုရီကို အခြေခံခဲ့ပါတယ်။ ဒီလိုနဲ့ လယ်ယာစိုက်ပျိုးမှု ရောင်းဝယ်ရေး ဘုတ်အဖွဲ့ရဲ့လက်ထဲ နိုင်ငံတကာ ပေါက်ဈေးထက် လယ်သမားတွေကို ဈေးနှိမ်ပေးနိုင်တဲ့ လက်ဝါးကြီးအုပ် အာဏာရောက်လာခဲ့တယ်။

၁၉၆၃ မှာတော့ စိုက်ပျိုးရေးကဏ္ဏပိုငွေကို ထပ်ထွက်လာအောင် လုပ်ပြန်ပါတယ်။ အဲဒါက လယ်သမားတွေကို အစိုးရက တာဝန်ကျေစပါး သတ်မှတ်ပြီး ပြည်တွင်းပေါက်ဈေးထက် နှိမ်ဝယ်တယ် (ပြည်တွင်းပေါက်ဈေးက နိုင်ငံတကာ ပေါက်ဈေးထက် နိမ့်အောင် ဈေးသတ်မှတ်ထားပြီးသား)။ တာဝန်ကျေစပါးကို ဝန်ထမ်းတွေနဲ့ စက်ရုံအလုပ်ရုံက အလုပ်သမားတွေအတွက် ခွဲတမ်းပေးပါတယ်။ ဒါမှလည်း လူနေမှုစရိတ်မြင့်မားမှုကို အလုပ်သမားတွေ ထေမိမယ်။ ဆန္ဒပြမှုကို ရှောင်နိုင်မယ် မဟုတ်လား။

ဒီလုပ်ထုံးလုပ်နည်းတွေက အကျင့်ပျက်ခြစားမှုကို တသီကြီးဖြစ်စေတော့တယ်။ (၁) အစိုးရဟာ လက်ဝါးကြီးအုပ် ဝယ်သူဖြစ်တာမို့ စပါးပေါ်ချိန်မှာ ဒိုင်တွေဖွင့်ပြီး ဝယ်ရတယ်။ ဒိုင်တွေမှာ ယာယီခန့် စာရေးတွေက ဆန်ကုန်သွယ်ရေးမှာ အတွေ့အကြုံလည်းမရှိ၊ နားလည်းမလည်။ အဲဒီတော့ လယ်ထဲကနေ အဝယ်ဒိုင်ထိရောက်အောင် တိုင်းတာချိန်တွယ်ရာမှာ အလေအလွင့်နဲ့ အချိန်ကြာတာတွေဖြစ်တဲ့အပြင် လာဘ်ပေးလာဘ်ယူမူတွေကို ဖြစ်ပွားစေတယ်။ မရိုးသားတဲ့ လယ်သမားတွေကလည်း စာရေးတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အထွက်နှုန်းပိုရအောင် ရေဖြန်းတာတို့၊ သဲခဲရောတာတို့ လုပ်ကြတယ်။ (၂) ယာယီဂိုဒေါင် သိုလှောင်မှုကလည်း သက်ကယ်မိုး၊ ဝါးထရံဆိုတော့ သူခိုးအားပေး ဖြစ်နေပြန်ပြီး မီးလောင်လည်းလွယ်လို့ အပျောက်အဆုံးစာရင်းပြရ ကောင်းပါတယ်။ (၃) တာဝန်ကျေစပါး ဝယ်ယူရေး၊ ဆန်ခွဲတမ်းဖြန့်ဖြူးရေးကို တာဝန်ယူကြတဲ့ အရာရှိတွေ ခြစားမှုကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတော့ သတိပေး အရေးယူတာလောက် အပျော့ပေါ့။

အဲဒီ ခြစားမှုတွေအပြင် လယ်သမားတွေအတွက် ဘာမက်လုံးမှ မပေးတဲ့ အစိုးရရဲ့မူဝါဒကြောင့် မြန်မာ့ဆန် နိုင်ငံခြားတင်ပို့မှုဟာ ပုံမှန်ကျဆင်းနေရာက ၁၉၉၇-၉၈မှာ ကျပ်ငွေ ၃၈ သန်းပဲ ဝင်တော့တဲ့ထိ အနိမ့်ဆုံး ထိုးဆင်းခဲ့တယ်လို့ မြတ်သိန်းက သူ့ရဲ့ မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု (Economic Development of Myanmar) စာအုပ်မှာ ရေးခဲ့တယ်။ ဆန်တင်ပို့မှုထိုးကျတော့ နိုင်ငံခြားအရံငွေတွေ အလျင်အမြန် ခမ်းလာမယ်လို့ မျှော်လင့်ထားနိုင်ပါတယ်။ The River of Lost Footsteps: A Personal History of Burma ကို ရေးတဲ့ သမိုင်းဆရာ သန့်မြင့်ဦးက “၁၉၈၈ နှစ် နှောင်းပိုင်းလများတွင် နိုင်ငံခြားအရံငွေ မရှိသလောက် ခမ်းပြီ။ စစ်တပ် ဆက်ရပ်တည်ရေး လောင်စာ၊ အပိုပစ္စည်းနဲ့ လက်နက်ဝယ်နိုင်ရေး ငွေမာလိုသည်။ နိုင်ငံခြားအကြွေး ၆ ဘီလီယံ ဒေါ်လာ ဆပ်ရမည့်အပြင် နိုင်ငံတော်ဝန်ဆောင်စရိတ် တနှစ် ဒေါ်လာ ၂ သန်းကျော်လိုသည်” လို့ ရေးပါတယ်။

ဒီအခြေအနေမှာ တခြားနိုင်ငံ တနိုင်ငံဆို IMF မှာ တည်ငြိမ်ရေးရန်ပုံငွေ ချေးမယ်။ ရန်ပုံငွေနဲ့ တွဲပါလာတဲ့ ပုံမှန် လုပ်စရာရှိတာတွေကို လုပ်မယ်။ လုပ်ရမှာတွေက နိုင်ငံခြားကုန်သွယ်မှု ထိန်းချုပ်ထားတာ ဖယ်ပစ်၊ ငွေလဲလှယ်မှုနှုန်း အဆမတန် မြှင့်ထားတာ ပြင်၊ ငွေဖောင်းပွမှု ထိန်းချုပ်ဖို့နဲ့ အစိုးရဘတ်ဂျက် လိုငွေပြနေတာ လျှော့ဖို့ ငွေကြေးနဲ့ ဘဏ္ဍာအခွန် စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်ဖို့ပါပဲ။ မြန်မာပြည် အဲဒါတွေလုပ်ပြီး စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲရင်၊ ထိန်းချုပ်မှုတွေ လျှော့ပစ်ရင် အကျင့်ပျက် ခြစားမှုနည်းလာမယ်။ ဆန်တင်ပို့မှုလုပ်ငန်း ခေါင်းပြန်ထောင်လာမယ်။

သို့သော် မြန်မာပြည်ဟာ သယံဇာတတွေကိုပဲ အားကိုးနေခဲ့တယ်။ ထိုင်းနိုင်ငံရေးသမားတယောက်နဲ့ ညှိပြီး သစ်တွေကို ထိုင်းကုမ္ပဏီတွေဆီ ရောင်းစားတယ်။ မတန်မရာဈေးနဲ့ ခုတ်သွားခဲ့တဲ့ သစ်တောကြီးတွေရဲ့ တန်ဖိုးဟာ နိုင်ငံခြားအရံငွေ လိုနေတာကို ဖြည့်တော့ပေးခဲ့တာပေါ့။ ဒါပေမယ့် ဒီ ကတိုက်ကရိုက်တန်ဖိုးဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်တဲ့ တကယ်လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ရှောင်လွှဲဖို့သာ ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ်ဆီ မကူးပြောင်းနိုင်ခဲ့ဘဲ ဖြစ်သလို မျောနေခဲ့တယ်။ နိုင်ငံတော်ငွေစာရင်း ပြဿနာကလည်း နာတာရှည်ဖြစ်ခဲ့တာ သဘာဝဓာတ်ငွေ့တွေ့ပြီး နိုင်ငံခြားပို့ရလို့ ခံသာသွားတယ်။ ၂၀၀၂-၂၀၀၃ မှာ ကုန်သွယ်မှု ပိုငွေပြလာရာက ဆက်ထိန်းထားနိုင်နေပါပြီ။

ကျနော့်ဆောင်းပါး အဆုံးမှာ အကျင့်ပျက်ခြစားမှုနဲ့ စီးပွားရေး ပါမစ် အငှားချမှု ဆက်စပ်ပုံကို ဆွေးနွေးတဲ့အခါ ကြီးထွားလာတဲ့ သဘာဝဓာတ်ငွေ့ နိုင်ငံခြားတင်ပို့မှုက ခြစားမှုကို ပိုကြီးလာစေကြောင်း ပြောပါ့မယ်။ အခုတော့ မြန်မာပြည်မှာ အလွန်အရေးပါတဲ့ ခြစားမှုတခုအကြောင်း ဆွေးနွေးချင်ပါတယ်။ ဦးမြင့်ကလည်း ဒီအကြောင်း ဆွေးနွေးထားပါတယ်။ မှောင်ခိုဈေးကွက် (Black market) နဲ့ ယူဂျီစီးပွားရေး (Underground economy) တို့ ကျယ်ပြန့်လာတဲ့အကြောင်းပါ။
(ဆက်ရန်)

(ယခုဆောင်းပါးသည် သမ္မတဦးသိန်းစိန်၏ စီးပွားရေး အကြံပေးခေါင်းဆောင် ဒေါက်တာဦးမြင့် ရေးသားသော “Corruption: Causes, Consequences and Cures” စာတမ်းအပေါ် ပါမောက္ခဟောင်း ဒေါက်တာဦးလှမြင့်၏ သဘောထားအမြင်ဖြစ်သည်။ ဒေါက်တာဦးလှမြင့်သည် ၁၉၄၅ မှ ၁၉၅၂ ခုနှစ်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခ၊ ၁၉၅၈ မှ ၁၉၆၂ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၀ ဝန်းကျင်တွင် မြန်မာအစိုးရ၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ်လည်း တာဝန်ယူခဲ့သည်။ လန်ဒန်စီးပွားရေး တက္ကသိုလ်တွင် ပါမောက္ခအဖြစ် ၁၉၆၆ မှ ၁၉၈၅ ထိ တာဝန်ယူခဲ့ပြီး သူ၏ ဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေး သီအိုရီများမှာ စီးပွားရေးပညာရှင် အသိုင်းအဝိုင်းအကြား အလွန်ဩဇာကြီးသည်။ ယခု အသက် ၉၁ နှစ်ရှိပြီဖြစ်သော ဒေါက်တာဦးလှမြင့်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အငြိမ်းစားယူ နေထိုင်လျက်ရှိသည်။ ယခုဆောင်းပါးကို ရဲနည်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Your Thoughts …
လှမြင့်

လှမြင့်

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.6k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မိုးပြာရောင်တပ်သားတွေ နိုင်ပွဲပြန်ရတဲ့ ပရီးမီယားလိဂ် ပွဲစဉ် (၁၆)

မိုးပြာရောင်တပ်သားတွေ နိုင်ပွဲပြန်ရတဲ့ ပရီးမီယားလိဂ် ပွဲစဉ် (၁၆)

မွေခံထိုက်စေ

မွေခံထိုက်စေ

Please login to join discussion
No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.1k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate