• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

ကျောင်းသားခေါင်းဆောင်မှ နိုင်ငံ့ခေါင်းဆောင်သို့

by ဧရာဝတီ
23 January 2012
in အယ်ဒီတာ့အာဘော်
A A
1.3k
VIEWS
Share on FacebookShare on Twitter

တိုင်းပြည်နှင့် ပြည်သူလူထု အတွက် နှစ်ပေါင်းများစွာ ပေးဆပ် အနစ်နာခံခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ နှစ်ဦးတွင် လွတ်မြောက် လာခြင်းက အတိုင်းမသိ ဝမ်းမြောက်ဖွယ်ဖြစ်သည်။

လွတ်မြောက်လာခဲ့ပြီးနောက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ရင့်ကျက်တည်ငြိမ်သည့် တိုင်းပြည်အတွက် အနစ်နာခံခဲ့သူတို့အား စုံစုံညီညီ တစုတဝေးတည်း မြင်တွေ့ရရုံမက ၎င်းတို့လက်ဆင့်ကမ်းလိုက်သည့် ၂၀၀၇ မျိုးဆက် ကျောင်းသားများပါ ဝန်းရံနေသည်ကို မြင်ရသည်က အားရစရာကောင်းလှသည်။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
286
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
2.2k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
693

နိုင်ငံ၏ အနာဂတ်ကို ပုံဖော်နိုင်စွမ်းရှိသူများ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး၊ နိုင်ငံ့အရေးအတွက် ဘဝကို ရင်းကာ လုပ်ဆောင်သူများ အဖြစ် မြန်မာပြည်သူပြည်သားများက ယုံကြည်လက်ခံထားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၏ စိတ်စေတနာသည် ၎င်းတို့ သတင်းစာရှင်းလင်းပွဲမှ ထွက်ပေါ်လာသည့် ထုတ်ပြန်ချက်တွင် ရောင်ပြန် ဟပ်လျှက် ရှိပါသည်။

၎င်းတို့ အကျဉ်းထောင်များမှ လွတ်လာသည့်အချိန်တွင် ပြောသကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စ၊ တိုင်းရင်းသား ကိစ္စ များသာမက နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ပြန်လည်စုစည်း နိုင်ရန်  ပြည်ပရောက် နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်စေရေးအတွက် ကြိုးပမ်းသွားမည်ဆိုသည့် ထုတ်ပြန်ချက်ပါ အချက်ကလည်း သူတို့၏ စေတနာကို ဖော်ပြနေပါသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ ထုတ်ပြန်ချက်ထဲတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၌ ပါဝင်ဆောင်ရွက် မည်ဆိုသည့် ရည်ရွယ်ချက်များ ပါရှိသော်လည်း အနာဂတ်နိုင်ငံရေးတွင် မည်သို့မည်ပုံ ပါဝင်ထမ်းရွက်မည်ကို အသေးစိတ် ဖော်ပြထားခြင်း မတွေ့ရပါ။ ၎င်းတို့အနေဖြင့် အစိုးရ အကျဉ်းထောင်များအတွင်း နှစ်ရှည် ထောင်ဒဏ်ကျခံနေရပြီး ပထမဆုံးအကြိမ် ပြည်သူလူထု ရှေ့မှောက် ပြန်ထွက်လာသည့် အချိန်ဖြစ်သောကြောင့် နိုင်ငံရေး ခြေလှမ်း စတင်လှမ်းရန် ချိန်ဆနေပုံရသည်။

ကျောင်းသားခေါင်းဆောင် ဟောင်းများ အနေဖြင့် နိုင်ငံရေးုတွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်နိုင်သည်ကို တွေးကြည့် မည်ဆိုပါလျှင် နည်းလမ်း ၂ သွယ်ကို မြင်ကြပေလိမ့်မည်။ ပါတီနိုင်ငံရေးနှင့် လွှတ်တော် ပြင်ပနိုင်ငံရေး ဟူ၍ ခွဲခြားမိပါသည်။

ယခုအခါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲ ဝင်တော့မည်၊ အင်အား အနည်းငယ်မျှ အောင်နိုင်ရေးအတွက် ရည်ရွယ်စေကာမူ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခြင်းမှာ ကြီးစွာသော နိုင်ငံရေး အလှည့်အပြောင်းဟု ယူဆသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပေါ်လစီ မူဝါဒများ အကောင်အထည် ဖော်ရန်အတွက် အဓိကကျသည့် ရွေးကောက်ပွဲမှာ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရလျှင်ပင် အသက်အရွယ်အားဖြင့် ၅ နှစ် သက်တမ်းသာ အလွန်ဆုံး လွှတ်တော်တွင်း တာဝန်ယူလိမ့်မည်ဟု မြင်မိသည်။ တောင်အာဖရိက နိုင်ငံ့ ခေါင်းဆောင် နယ်လ်စင် မင်ဒဲလား ကဲ့သို့ တိုင်းပြည်အတွက် အားထားရသော ခေါင်းဆောင်တဦး အနေနှင့် အကြံပေး နေရာတွင် ရှိသွားမည့် သူဟု ယူဆမိသည်။ ထိုသို့ အမှန်တကယ် ဖြစ်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်တွင်း သက်တမ်းမှ အနားယူ ပြီးဆုံးပါက လက်ဆင့်ကမ်းရန် ခေါင်းဆောင်များ လိုအပ်လာတော့မည်။

တိုင်းပြည်၏ မူဝါဒရေးရာ ကိစ္စရပ်များ ဖော်ဆောင်မည့် လွှတ်တော်တွင်းနိုင်ငံရေး ခေါင်းဆောင်များအဖြစ် အသင့်လျော် ဆုံးသော သူများမှာ ဒေါ်အောင်ဆန်းစုကြည်ပြီးပါက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည်ဟု ဆိုလျှင် ငြင်းကြလိမ့်မည် မထင်ပါ။

ယခု ၈၈ မျိုးဆက် ကျောင်သားခေါင်းဆောင်များ အထဲတွင် ဥပဒေရေးရာ ကိစ္စရပ်များကို လွှတ်တော်တွင်း၌ ချက်နှင့်လက်နှင့် ခိုင်ခိုင်မာမာ ဆွေးနွေးနိုင်သူများ ပါဝင်လျှက်ရှိကြောင်း အများအသိပင်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် လူထု အင်တိုက်အားတိုက် ထောက်ခံမည့်သူများမှာ ထိုသူများပင်ဖြစ်သည်ဟု ဆိုချင်သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် ပါတီနိုင်ငံရေးကို တချို့တဝက်သာ ဝင်ရောက်လုပ်ကိုင်ပြီး ကျန် ခေါင်းဆောင်များက လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်ဆောင်မည်ဆိုလျှင်လည်း အကျိုးများလိမ့်မည်ဟု ယုံကြည်ပါသည်။

လွှတ်တော်ပြင်ပတွင် အဖွဲ့အစည်း တရပ်အနေဖြင့် တရားဝင် မှတ်ပုံတင်ကာ လူမှုရေး တရားမျှတမှုအတွက် လုပ်ဆောင် နိုင်သည် မဟုတ်ပါလား။ ၁၉၈၈ ခုနှစ်တွင် ပျောက်ဆုံးသွားသူများ၊ အကျဉ်းထောင်တွင်း မတရား ဖမ်းဆီးခံထားရ သူများ အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ အတွက် ရပ်တည် လုပ်ဆောင်ပေးနိုင်မည်၊ လုပ်လည်း လုပ်လိမ့်မည်ဟု ယူဆပါသည်။

တိုင်းပြည်ကို ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရေး၊ လူသားအရင်းအမြစ် တန်ဖိုးမြှင့်တင်ရာ၌ အခရာကျသည့် ပညာရေး ကဏ္ဍ   မြင့်မားလာရေးအတွက် နိုင်ငံနှင့်အဝန်း ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု မျှော်လင့်သည်။ ပညာရေး မြှင့်တင်သည့် လုပ်ငန်း များကို လုပ်ဆောင်ရာတွင် အပေါ်ယံ ရွှေမှုံကြဲထားသည့် ရေပေါ်ဆီ လူတန်းစားထက် ပေးဆပ် စွန့်လွှတ်ခဲ့သူများ လုပ်ဆောင်မှသာ အောက်ခြေလူထုနှင့် ပိုမိုနီးစပ်မှုရှိပေလိမ့်မည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် လွှတ်တော်တွင်း ဝင်ရောက်ကာ တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးမှ စ၍ တိုင်းပြည် တည်ဆောက် မြှင့်တင်ရေးများ၊ လူထု၏ အခြေခံလိုအပ်ချက်များ အတွက် တတပ်တအား ပါဝင်မည်လော၊ သို့မဟုတ်ပါက လွှတ်တော်ပြင်ပတွင် လူထုနှင့် တသားတည်း ရပ်၍ လူထုအကျိုးကို ဆောင်ရွက်မည်လော ဆိုသည်ကို ကွဲကွဲပြားပြား မသိရ သေးသော်လည်း သူတို့၏ တိုင်းပြည်နှင့် လူထု အပေါ် ထားသော စိတ်စေတနာကို လုံးဝ သံသယဝင်စရာ အကြောင်း မရှိပါ။

သို့သော် စိတ်ကောင်းစေတနာ ရှိရုံဖြင့် မလုံလောက်ဟု ဆိုချင်သည်။ လွှတ်တော်တွင်း ဝင်ရောက်၍ နိုင်ငံရေး လုပ်မည် ဆိုလျှင်သော် လည်းကောင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုလုပ်မည် ဆိုလျှင် သော်လည်းကောင်း စိတ်စေတနာနှင့်တကွ တတ်ကျွမ်းမှု၊ နိုင်ငံတကာ အခြေအနေကို သိမြင်နှံ့စပ်မှုတို့ များစွာလိုအပ်သည်ဟု ယူဆပါသည်။

အကျဉ်းထောင်များထဲတွင် အချိန်များစွာ ကုန်ဆုံးခဲ့ရသူများ ဖြစ်သောကြောင့် ပြင်ပ အခြေအနေ အရပ်ရပ်အား အမီလိုက်ရန် လိုအပ်သည်ကိုလည်း ထိုသူတို့ သိပြီးဖြစ်ပေလိမ့်မည်။ တခြားနိုင်ငံများက ခြေတလှမ်း လှမ်းလျှင် မိမိတို့က ခြေလှမ်း ၁၄ လှမ်း၊ ၁၅ လှမ်း လှမ်းရမည်ဟု ကျောင်းသား ခေါင်းဆောင် ဟောင်း ကိုကိုကြီးက လွတ်မြောက်လာစဉ်က ပြောခဲ့ပြီးဖြစ်သည်။

တခြားနိုင်ငံများအား အမီလိုက်ရန်၊ ခြေလှမ်းများ လျှင်မြန်စွာ လှမ်းနိုင်ရန်အတွက် ကျောင်းသားခေါင်းဆောင်ဟောင်းများ အနေဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာပြီး လိုအပ်သည့် စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ နိုင်ငံတကာ အခင်းအကျင်း စသည်တို့ကို လေ့လာရန်၊ နိုင်ငံတကာ အစည်းအဝေးပွဲများသို့ တက်ရောက်ရန် တိုက်တွန်းလိုသည်။ ထို့အပြင် မျိုးဆက်သစ်များအား လက်ဆင့် ကမ်းနိုင်ရန်အတွက် သင့်တော်သည့် မျိုးဆက်သစ် လူငယ်များကို နိုင်ငံတကာ ပညာရပ်များ သင်ယူရေးအတွက် စေလွှတ်ခြင်း၊ လေ့လာ သင်ယူနိုင်ရန် ထောက်ပံ့ပေးခြင်း၊ ထောက်ခံပေးခြင်းများ ပြုလုပ်ရန်လည်း တွန်းအားပေးလိုပါသည်။

စိတ်စေတနာကောင်း ရှိပြီးသူများဖြစ်သောကြောင့် လိုအပ်သည့် နိုင်ငံတကာ ပညာရပ်များ ဖြည့်ဆည်းပြီးလျှင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး၊ လူထု၏ အခြေခံလိုအပ်ချက်များ မြှင့်တင်ရေးတို့အတွက် ပိုမို၍ အင်တိုက်အားတိုက် လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

နှစ်ပေါင်းများစွာ အဖိနှိပ်ခံ၍ လူထုအတွက် မားမားမတ်မတ် ရပ်တည်ခဲ့သော ၈၈ ကျောင်းသားခေါင်းဆောင်များ၏ လှုပ်ရှားမှုများမှာ မည်သည့်အချိန်တွင်မှ သေဆုံးသွားလိမ့်မည် မဟုတ်ပါ။ ဒီရေအလား တရိပ်ရိပ် တိုးတက်ဖို့သာ ရှိပါသည်။

ထိုသူအားလုံး၏ တိုင်းပြည်အပေါ်ထားသော စေတနာက ယခုအချိန်တွင် ရောင်ပြန်ဟပ်တော့မည်၊ တိုင်းပြည် အမှန်တကယ် ဒီမိုကရေစီရ၍ တိုင်းရင်းသားပြည်သူ အားလုံး၏ လူမှုဘဝများ မြင့်မားစေချင်သော သူတို့၏ စိတ်ဆန္ဒများ မဝေးသော ကာလတွင် အကောင်အထည် ဖော်နိုင်တော့မည်ဟု ဧရာဝတီက ယုံကြည်ပါသည်။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post

ပါကစ္စတန် သမ္မတ မြန်မာနိုင်ငံ သွားရောက်

မင်္ဂလာတောင်ညွန့် မီး ဇာတ်လမ်း ဗီဒီယို ရိုက်ကူး

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.2k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate