• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“မသင့်မြတ်ဘူးဆိုရင် ဥပဒေ မဖြစ်ခင်ကတည်းက ကန့်ကွက်မယ်”

by ဧရာဝတီ
1 February 2012
in အင်တာဗျူး
A A
“မသင့်မြတ်ဘူးဆိုရင် ဥပဒေ မဖြစ်ခင်ကတည်းက ကန့်ကွက်မယ်”

ပြည်သူ့ခေတ်ဂျာနယ် စာနယ်ဇင်း မိတ်ဆက်ပွဲတွင် အယ်ဒီတာချုပ် စာရေးဆရာဖေမြင့် စကားပြောနေစဉ် (ဓာတ်ပုံ - မိုးမခ)

1.1k
VIEWS
Share on FacebookShare on Twitter

ဇန်နဝါရီ ၃၀ နှင့် ၃၁ ရက်တွင် ရန်ကုန်မြို့၌ ပြည်တွင်း၊ ပြည်ပ မီဒီယာသမားများ ပါဝင်သည့် Workshop On Media Development In Democratic Societyအလုပ်ရုံဆွေးနွေးပွဲ တရပ် ကျင်းပခဲ့ရာ စာပေစိစစ်ရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက မီဒီယာ ဥပဒေနှင့် ပတ်သက်သည့် စာတမ်း အကျဉ်းတစောင် ဖတ်ကြားသွားခဲ့သည်။ ယင်းဥပဒေကို လွှတ်တော်များသို့ တင်သွင်းမည်ဖြစ်ပြီး ပြန်လည် ဆွေးနွေးကာ အတည်ပြုမည်ဟုလည်း သိရသည်။ ထွက်ပေါ်လာမည့် မီဒီယာ ဥပဒေနှင့် ပတ်သက်၍ မီဒီယာသမားများအား ကာကွယ်နိုင်မှု ရှိမရှိ၊ မီဒီယာသမားများနှင့် သတင်းလွတ်လပ်ခွင့်ကို ပိုမို ကန့်သတ်လာမှု ရှိမရှိ အစရှိသဖြင့် စာနယ်ဇင်း သမားများ အကြား ဆွေးနွေးမှုများ ရှိခဲ့ရာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ပြည်သူ့ခေတ် ဂျာနယ်အယ်ဒီတာချုပ် စာရေးဆရာ ဖေမြင့်အား ဧရာဝတီသတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြပေးလိုက်ပါသည်။

ပြည်သူ့ခေတ်ဂျာနယ် စာနယ်ဇင်း မိတ်ဆက်ပွဲတွင် အယ်ဒီတာချုပ် စာရေးဆရာဖေမြင့် စကားပြောနေစဉ် (ဓာတ်ပုံ - မိုးမခ)

မေး။     ။ မကြာသေးခင်က လုပ်ခဲ့တဲ့ မီဒီယာတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ဦးတင့်ဆွေ ဖတ်သွားတဲ့ မီဒီယာဥပဒေနဲ့ ပတ်သက်လို့ ဆရာဖေမြင့်ရဲ့ အမြင်ကို သိချင်ပါတယ်။

RelatedPosts

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

17 June 2025
1.5k
၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
775
ပျက်ကျပြီး သေတဲ့ ပိုင်းလော့တိုင်း F 7 နဲ့ချည်းပဲ (ရုပ်/သံ)

ပျက်ကျပြီး သေတဲ့ ပိုင်းလော့တိုင်း F 7 နဲ့ချည်းပဲ (ရုပ်/သံ)

16 June 2025
107

ဖြေ။     ။ ကျနော်တို့တွေလည်း သိပ်များများစားစား မသိရသေးဘူး။ စာတမ်းထဲမှာ မာတိကာ ခေါင်းစဉ်ပါတယ်။ အဲဒီအထဲမှာ Right ဆိုတာ တခုပဲ တွေ့တယ်။ ကြည့်ရတာတော့ စာနယ်ဇင်းသမားကို ကာကွယ်တာ သေသေချာချာ ပါလိမ့်မယ်လို့ ကျနော်မထင်ဘူး။ အစပိုင်းက လွှတ်တော်မှာ သင်္ကန်းကျွန်းက လွှတ်တော်အမတ် ဦးသိန်းညွန့်က စာနယ်ဇင်းသမားတွေကို ကာကွယ်တဲ့ ဥပဒေ တင်တာရှိတယ်၊ ဒါပေမယ့် ပြန်ကြားရေး ဝန်ကြီးက ပယ်ချထားတယ်ဗျ။ ဘာတွေ အကြောင်းပြပြီး ပယ်ချသလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ လွတ်လပ်စွာ ရေးသားပြောဆိုခွင့် အစရှိသဖြင့် ပါနေပြီးသား ဖြစ်နေတဲ့အတွက် ဥပဒေတွေ မလိုဘူးလို့ ပြောခဲ့တယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းကျမှ မီဒီယာ ဥပဒေတခု ပြန်ကြားရေးဝန်ကြီးဌာန ဘက်ကနေ ထပ်ထွက်လာတယ်။ ကျနော့်စိတ်ထဲ ပေါ်လာတာက စာနယ်ဇင်းသမားကို ကာကွယ်တဲ့ ဥပဒေတော့ မလိုဘူး၊ ဒါပေမယ့် စာနယ်ဇင်း ဥပဒေ တခုခုကတော့ လိုလာတယ်လို့ ထင်တဲ့အတွက် ဒီဥပဒေကို တင်တယ်လို့ ထင်တယ်။ အဲဒီတော့ ဒီဥပဒေသည် ကျနော်တို့ကို ထိန်းချုပ်တဲ့၊ ကန့်သတ်တဲ့ ဥပဒေဖြစ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒါကလည်း အရင်တုန်းက ကျနော်တို့မှာ ရှိခဲ့တဲ့ အတွေ့အကြုံတွေအရ မြင်တာပါ။

နောက်တခုက ပြန်ကြားရေးကနေ ပြောနေတာက နောက်ကျရင် စာပေစိစစ်ရေး ဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူး ဆိုပြီး ပြောနေတော့ ကျနော်တို့ ထင်တာက အဲဒီစာပေစိစစ်ရေး မရှိတော့တဲ့ အချိန်မှာ ဒီဥပဒေတော့ ကျန်ခဲ့လိမ့်မယ်။ ဒီဥပဒေသည် ကျနော်တို့ကို စာပေစိစစ်ရေးလောက်ထိ မလုပ်ရင်တောင် စာပေစိစစ်ရေးလိုပဲ ကန့်သတ်လိမ့်မယ်လို့ ကျနော်တို့တော့ ထင်လိုက်တယ်ဗျ။

မေး။     ။ စာနယ်ဇင်းသမားတွေကို ကန့်သတ်မယ့် ဥပဒေလို့ ယူဆတယ် ဆိုတော့ ဒီမီဒီယာ ဥပဒေကို စာနယ်ဇင်း ဆွေးနွေးပွဲမှာပဲ ကန့်ကွက်တာမျိုးတွေ ရှိလား။

ဖြေ။     ။ ရေးသားချက်က အတိအကျ မသိရသေးတော့ အထင်အမြင်နဲ့ပဲ ပြောရတာပေါ့။ စိုးရိမ်တယ် ဆိုတဲ့အကြောင်းပေါ့။ကျနော်တို့က ဘာဖြစ်ရင် ဘယ်လိုအရေးယူမယ် ဆိုတဲ့ ပြစ်ဒဏ်တွေတော့ တွေ့တယ်၊ ခေါင်းစဉ်တွေပေါ့ဗျာ။ အထဲက အသေးစိတ်ကိုတော့ မတွေ့ရဘူး။ ကျနော်တို့က ဘာကိုစိုးရိမ်သလဲ ဆိုတော့ ဒီဥပဒေက ကျနော်တို့ကို တရားစွဲခွင့်ရအောင် ဖွင့်ပေးလိုက်တဲ့ ဥပဒေလားပေါ့ဗျာ။ ဥပမာ ကျနော်တို့စာနယ်ဇင်းသမားတွေကို အစိုးရပိုင်းကဖြစ်စေ၊ စီးပွားရေးလုပ်ငန်း ရှင်တွေက ဖြစ်စေ၊ အသိုင်းအဝန်း အသီးသီးက သူတို့ကို နည်းနည်းပါးပါး ထိခိုက်တယ်ဆိုတဲ့ အနေအထားမျိုး တွေ့တာနဲ့ ထထပြီး တရားစွဲတဲ့ ပုံစံမျိုး ဖြစ်လာမှာစိုးရိမ်တယ်။ အဲဒီလိုဆိုရင် စာပေစိစစ်ရေး ရှိနေတာကမှ နည်းနည်း သက်သာ သေးတယ်၊ နောက်ပြီး အလုပ်လုပ်လို့ မရတဲ့ အနေအထားမျိုး အထိ ဖြစ်လာမလားပေါ့။ ပူတာပေါ့။ အဲဒီအကြောင်းတွေ ကိုတော့ ကျနော်တို့ ပြောဖြစ် ဆိုဖြစ်ကြပါတယ်။

မေး။     ။ အဲဒီလို စိုးရိမ်တဲ့ အကြောင်းတွေကို ဆရာဖေမြင့်အပြင် ဘယ်သူတွေကများ ပြောကြတာ ကြားရသေးလဲ။

ဖြေ။     ။ အဲဒီကိစ္စကိုတော့ တနေ့ကပွဲမှ မဟုတ်ဘူး။ ခပ်စောစောကတည်းက ပြည်သူ့လွှတ်တော် ရေးရာ ကော်မတီကနေ တဆင့်ပေါ့ဗျာ၊ ပြည်သူ့လွှတ်တော်ထဲက စာနယ်ဇင်းနဲ့ ပတ်သက်တဲ့ ရေးရာကော်မတီကတော့ ကျနော်တို့ကို လာမေးတာ မျိုးတွေ ရှိတယ်ဗျ။ ရန်ကုန်မှာ လာပြီး တွေ့ဆုံပွဲလုပ်တဲ့အချိန်မှာ ကျနော်တို့တွေ ပြောခဲ့ကြပါတယ်။ အဲဒီတုန်းကတော့ မီဒီယာ ဥပဒေတခု ဖြစ်လာမလား ပေါ့ဗျာ။ ဒီဥပဒေထဲမှာကို စာနယ်ဇင်းသမားမို့လို့ လုပ်ငန်းတာဝန်အရ လုပ်ရတဲ့အခါမှာ အလွယ် တကူ တရားစွဲဆိုတာမျိုး မခံရအောင်၊ ဌာနဆိုင်ရာ အစိုးရသတင်းတွေ ရယူပိုင်ခွင့်တို့၊ ဘယ်လို အကြောင်းအချက် တွေမှာ စာနယ်ဇင်းသမားကို အရေးယူခြင်း မရှိစေရ ဆိုတာမျိုးတို့၊ အကြောင်းကြောင်းကြောင့် ပြင်ပပုဂ္ဂိုလ်တွေနဲ့ စာနယ်ဇင်း သမားတွေနဲ့ ပြဿနာ ဖြစ်ရင် ကြားထဲကနေပြီး ဖြန်ဖြေပေးတဲ့ အလုပ်တို့၊ စာနယ်ဇင်းသမားရဲ့ ကျင့်ဝတ်သိက္ခာကို ထိန်းသိမ်းတဲ့ အလုပ်တို့၊ စာနယ်ဇင်းပညာ တိုးတက်အောင် လုပ်မယ့်အလုပ်တို့၊ ဒါတွေကို လုပ်ပေးမယ့် Press Council လို စာနယ်ဇင်း သမားတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့ လုပ်ပေးတာတို့ ဒါတွေကို သွားဖို့ ကျနော်တို့ ပြောခဲ့တယ်။

ဥပဒေထဲမှာ ဆိုရင်လည်း အင်မတန်မှ နာမည်ကြီးတဲ့ အီလက်ထရွန်းနစ် ဥပဒေပေါ့ဗျာ။ ဒီဥပဒေဆိုရင် မရှိသင့် တော့ဘူးဆိုတာမျိုးကို မနေ့တနေ့က ပွဲမှာလည်း ပြောဖြစ်တယ်၊ ခပ်စောစောက လွှတ်တော် ရေးရာ ကော်မတီကိုလည်း ပြောပြဖြစ်တယ်။ ဒီကော်မတီက ဒီဥပဒေ လွှတ်တော်ကို တင်ဖြစ်ရင် စိစစ်ရမယ့် ကော်မတီဗျ။ အဲဒီကော်မတီကို တော်တော် များများကို ပြောဖြစ်တယ်။

မေး။     ။ မီဒီယာသမားတွေ ဘက်က ကာကွယ်တဲ့ ဥပဒေ ရှိသင့်တယ်လို့ ထင်တယ်ပေါ့။

ဖြေ။     ။ ဟုတ်ကဲ့။

မေး။     ။ ဒီမီဒီယာ ဥပဒေက ဒီမိုကရေစီ နည်းလမ်းမကျရင် ကန့်ကွက်မယ် ဆိုပြီး ပြည်တွင်းမီဒီယာတွေ ကြားမှာ အသံတွေ ကြားနေရတယ်။ ဘယ်လို အခြေအနေ ရှိပါသလဲ။

ဖြေ။     ။ နည်းနည်း တီးတိုးပြောတာတော့ ရှိသလား မသိဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့တော့ မပြောသေးပါဘူး။ ပြည်သူ့ လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူတွေကို ကျနော်တို့ မီဒီယာသမားတွေ တင်ပြချက်တွေကို နားလည်တယ်၊ သဘောပေါက်တယ်ဗျ။ မီဒီယာဥပဒေက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်မယ့် ကိစ္စတွေကို တားဆီးကာကွယ်ပေးမယ် ဆိုတာမျိုး ပြောထားတာတွေ ရှိတော့ ဒါတွေကိုတော့ စောင့်ကြည့်ရဦးမှာပေါ့ဗျာ။ ဒီဥပဒေက လွှတ်တော်ထဲကို တကယ်ရောက်သွားပြီ ဆိုတဲ့အချိန်ကျရင် ဒီအဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်ကြီးတွေကကော ဘယ်လောက်အထိ ဆွေးနွေးပေးမလဲ ဆိုတာကို ကြည့်ရဦးမှာပေါ့။ ဟိုတနေ့က ပြောခဲ့ကြတာကတော့ အခုအချိန်မှာ မဆီလျော်တဲ့ ဥပဒေ တွေကိုတောင် ပယ်ဖျက်ဖို့ ကြိုးစားနေချိန် ဆိုတော့ ဒီဥပဒေက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ထင်လို့ရှိရင် ဒီဥပဒေကို ပယ်ဖျက်ဖို့ပေါ့။ မဖြစ်ခင် အစကတည်းက အတည်မပြုဖို့၊ အဲဒီလောက်အထိ ပြောခဲ့တာမျိုးတွေ ရှိတယ်။ ကျနော့် တဦးတည်း အမြင်အရ ပြောရ ရင်တော့ ဒီဥပဒေက နည်းနည်း ကြန့်ကြာ နေနိုင်သေးတယ်လို့ ကျနော်တော့ ထင်တယ်ဗျ။

မေး။     ။ ပြည်ပမီဒီယာတွေကော၊ ပြည်တွင်းက မီဒီယာတွေကော ဆွေးနွေးကြတယ် ဆိုတော့ ဒီဥပဒေက အခုဆို ဆွေးနွေးတဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့ ဆိုလိုတာလား။

ဖြေ။     ။ နေဦးဗျ။ ဟိုတနေ့က ပွဲက ဒီဥပဒေအကြောင်း တစိတ်တဒေသပဲ ပါတာပါ။ မီဒီယာ ဖွံ့ဖြိုးရေးဆိုတာလည်း ပါပါတယ်။ ဒီဥပဒေက ဘာကြောင့် ဆွေးနွေးဖြစ်လဲ ဆိုရင် စာတမ်းတွေ တင်ကြတယ်၊ ၇ ယောက်၊ ၈ ယောက်လောက်ပေါ့။ အဲဒီအထဲမှာမှ ဦးတင့်ဆွေက ဒီဥပဒေအကြောင်း စာတမ်းကို ဖတ်တာပါ။ သူတို့ အခုလုပ်နေတဲ့ ဥပဒေနဲ့ပတ်သက်လို့ ခေါင်းစဉ်လေး နည်းနည်း ပေးတယ်ပေါ့။ ကျနော်တို့ကလည်း ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြောချင်နေတဲ့သူတွေ ဖြစ်တဲ့ အတွက် ဆွေးနွေးဖြစ်တာ။ ဒါပေမယ့် ဒီဥပဒေအကြောင်းကို မပြောတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိတယ်။ ဒီဟာအပေါ်မှာ အဓိကထား မဆွေးနွေးဘဲနဲ့ မီဒီယာတိုးတက်ရေးတို့၊ သင်တန်းဖွင့်ဖို့တို့ ဒါတွေပဲ ပြောကြတဲ့သူတွေများတယ်။ မီဒီယာ အက်သစ်တို့ ဘာတို့ကို ဦးစားပေး ပိုပြောတဲ့သူတွေ ရှိတယ်ဆိုတာ ပြောချင်တာပါ။ ကျနော်တို့ကတော့ လတ်တလောမှာ ဒီဥပဒေက အရေးကြီးနေတာ ဆိုတော့ ဒီဥပဒေအကြောင်းကိုပဲ ပိုပြောဖြစ်တယ်။

မေး။     ။ ဆရာတို့ထောက်ပြတဲ့ အချက်တွေကို တခြားသူတွေကကော ဘယ်လို မှတ်ချက်ပြုကြတာ တွေ့ရလဲ။

ဖြေ။     ။ အမှန်ကတော့ ဒီပွဲမှာ သေသေချာချာ ဆုံးဖြတ်ချက် ကျတဲ့အနေအထား မရှိဘူး။ ဒါပေမယ့် ကျနော့်အထင် အများ သဘောပေါက်သွားတာက ဒီဥပဒေသည် မဆီလျော် မသင့်မြတ်ဘူးဆိုရင် ဥပဒေ မဖြစ်ခင်ကတည်းက ကန့်ကွက်မယ် ဆိုတာပေါ့။ နောက်တခုက စာနယ်ဇင်းသမားတွေဟာ အဖွဲ့အစည်းရှိရမယ်လို့ တော်တော်များများက မြင်သွားတယ်လို့ ကျနော်တော့ သဘောပေါက်တယ်။ လွတ်လပ်တဲ့အဖွဲ့အစည်းကို ပြောတာပါ။ လွတ်လပ်တဲ့ အဖွဲ့အစည်း ဆိုတာကဗျာ ဟိုလူတစုက ဖွဲ့ရင်လည်းဖွဲ့၊ ဒီလူတစုက ဖွဲ့ရင်လည်း ဖွဲ့၊ အဖွဲ့အစည်းတွေ များချင်လည်း များလိမ့်မယ်၊ ဒါပေမယ့် ဒါတွေစုပေါင်းပြီးတော့ စာနယ်ဇင်းကောင်စီလိုမျိုး အများအတွက် ဆောင်ရွက်နိုင်မယ် ဆိုတာမျိုး ဇောင်းပေးပြီး ဆွေးနွေးဖြစ်တယ်။ ဒီအချက်ကိုတော့ လူတော်တော်များများ လက်ခံတယ်လို့ ကျနော်တော့ မြင်တယ်။

မေး။     ။ စာပေစိစစ်ရေး မရှိသင့်တော့ဘူးလို့ ဦးတင့်ဆွေက ပြောခဲ့တယ်ဆိုတော့ စာပေစိစစ်ရေးမရှိရင် ဒီဥပဒေနဲ့ အစားထိုးမယ် ဆိုတဲ့ သဘောများလား။

ဖြေ။     ။ ကျနော်တော့ အဲဒီလိုပဲ မြင်တယ်ဗျ။ သူတို့ကတော့ လက်ခံချင်မှလက်ခံမယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ကတော့ တကယ်လက်တွေ့မှာ အဲဒီသဘော သက်ရောက်သွားလိမ့်မယ်လို့ ထင်တယ်။ ကျနော်ထင်တာက ပြန်ကြားရေး ဝန်ကြီး ဌာနက ဒီဥပဒေကို လွှတ်တော်ကို တင်မယ်၊ ဒါကို စိစစ်ရမယ့် အဖွဲ့က ပြည်သူ့လွှတ်တော် ထဲမှာလည်း ရှိနေတယ်။ အမျိုးသားလွှတ်တော်ကလည်း စိစစ်မယ် ပြီးမှ ဆုံးဖြတ်မယ်ပေါ့။

မေး။     ။ လွှတ်တော်ထဲမှာ စာနယ်ဇင်းနဲ့ ပတ်သက်လို့ နားမလည်တဲ့ လွှတ်တော်အမတ်တွေ ပါလာရင်၊ ဒီဥပဒေကလည်း အကျိုးမရှိနိုင်ဘူးဆိုရင်၊ မသိဘဲ အတည်ပြုလိုက်တာမျိုး ဖြစ်နိုင်တယ်လို့ ယူဆလား။

ဖြေ။     ။ ဒါမှန်တယ်ဗျ။ ကျနော်တို့ကလည်း စိတ်ဝင်စားတဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက်၊ နှစ်ယောက် ရှိတယ်ဗျာ။ ဒီလူတွေကြောင့်ပဲ ရေးရာကော်မတီနဲ့ ကျနော်တို့ ပြောဖြစ်ဆိုဖြစ်တာတွေ ဖြစ်ခဲ့တာကိုး။ သူတို့က ဖိတ်ကြားပြီး စကားပြောခဲ့ တဲ့အပြင်၊ ရန်ကုန်ကိုလာပြီး ရန်ကုန်က မီဒီယာသမား တော်တော်များများနဲ့လည်း ပြောဖြစ်ခဲ့တော့ အဲဒီ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နောက်ဆုံး ရေးရာကော်မတီ ဥက္ကဋ္ဌ ကိုယ်တိုင် ကျနော်တို့နဲ့တွေ့ပြီး ပြတ်ပြတ်သားသား ပြောတယ်။ ဒီစာနယ်ဇင်း လွတ်လပ်ခွင့်ကို ဟန့်တားရင် လက်မခံဘူး၊ စတုတ္ထမဏ္ဍိုင်ကို သူတို့လက်ခံတယ်။ အခုသွားနေတဲ့ ပုံစံအရဆိုရင် စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်ဖို့ အရေးကြီးတယ်၊ ဒါအားနည်းဖို့ဆိုရင် လက်မခံဘူး၊ ဒါကို ကာကွယ် ပေးမယ် ဆိုတာမျိုး ပြောခဲ့တာ ရှိတယ်။ ဒါပေမယ့်သူတို့က ကျနော်တို့ကို အသေးစိတ်အချက်အလက် တောင်းတယ်၊ ဒီလို သိမှပဲ သူတို့ သေသေချာချာ ဆွေးနွေး ငြင်းခုန်နိုင်မယ်ပေါ့ဗျာ။ ကျနော်တို့ဆီကလည်း စာရွက်စာတမ်းတွေကော အချက်အလက်တွေ ပေးထားတာ ရှိတယ်ဗျ။

အဲဒီလွှတ်တော် နှစ်ရပ်လုံးမှာ ပြည်သူ့လွှတ်တော်က ကော်မတီကိုတော့ တော်တော် ပြည့်ပြည့်စုံစုံ ပြောဖြစ်တဲ့အတွက် ကျနော့်တဦးတည်း အနေနဲ့ တော်တော်လေး အားရတယ်။ သူတို့ ဘက်ကလည်း စိတ်အားထက်သန်တာ တွေ့ရတယ်ဆိုတော့ သူတို့ဘက်က လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားမျိုး ရှိမယ်ဆိုရင် ကျနော်တို့အတွက် နည်းနည်း ရှေ့ရောက်မယ်ပေါ့ဗျာ။ အမျိုးသား လွှတ်တော်ဘက်က တကြိမ် လာတွေ့တာလည်း ရှိတယ်။ ဒါပေမယ့် သူတို့နဲ့ နောက်ထပ် မတွေ့ရတဲ့အတွက် အဲဒီဘက်က သဘောထားကိုတော့ ကျနော်တို့ မသိဘူးဗျ။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post

ကိုနေမျိုးဇင် တရားသေ လွတ်

ကချင် ဒုက္ခသည်များ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေ

Please login to join discussion
No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate