• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

နှစ်သစ်ကူး အမှတ်တရ စကားများ

by ဧရာဝတီ
12 April 2012
in အင်တာဗျူး
A A
နှစ်သစ်ကူး အမှတ်တရ စကားများ
5.8k
VIEWS
Share on FacebookShare on Twitter

ယခုကဲ့သို့သော အတာ သင်္ကြန် မြန်မာ့ရိုးရာ နှစ်သစ်ကူး ကာလတွင် ထင်ရှားသူတချို့၏ လာမည့် နှစ်သစ်အတွက် မျှော်လင့်ချက် ဆန္ဒနှင့် ခံစားမှုအမြင်များကို ဧရာဝတီကဖော်ပြလိုက်ပါသည်။

ခန့်စည်သူ
ရုပ်ရှင် သရုပ်ဆောင်

RelatedPosts

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

16 May 2025
109
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
1.2k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
2.1k

သင်္ကြန်ကို ကျနော် မန္တလေးက Alpine မဏ္ဍပ်မှာရှိမှာပါ။ သင်္ကြန်ခံစားချက်ကတော့ ကမ္ဘာမှာ ကျနော်တို့ နိုင်ငံတနိုင်ငံတည်းမှာပဲရှိတဲ့ Water festival ပေါ့၊ ဒီလိုပွဲတော်ကြီးရှိတဲ့အတွက် အရမ်းလည်းဂုဏ်ယူပါတယ်။ ဝမ်းလည်းသာပါတယ်။ ကျနော်တို့နိုင်ငံအတွက်ကို အရမ်းလည်းဂုဏ်ယူပါတယ်။ နှစ်သစ်ဆုတောင်းအနေနဲ့ကတော့ ကျနော်တို့နိုင်ငံမှာ ခေတ်တွေ စနစ်တွေလည်းပြောင်းသွားပါပြီ။ မူတွေလည်းပြောင်းသွားပါပြီ။ လူတွေရဲ့ စိတ်ဓာတ်လေးတွေ ပြောင်းဖို့ပဲလိုပါတော့တယ်။ ကျနော်အပါအဝင်ပေါ့၊ ကျနော်တို့နိုင်ငံမှာ ရှိကြတဲ့ တိုင်းသူပြည်သားတွေအားလုံး ကျနော်တို့နိုင်ငံရဲ့ တိုးတက်ရာတိုးတက်ကြောင်း လမ်းကြောင်းကို ချီတက်နေတဲ့ နေ ရာမှာ မှားယွင်းတဲ့ စိတ်ဓာတ်တွေ အကျင့်ဆိုးလေးတွေကို ဒီနှစ်သင်္ကြန်နဲ့အတူအားလုံး ဆေးကြော ပြီးတော့ နှစ်သစ်ကိုကြိုဆိုကြ ပါစို့ လို့ပြောချင်ပါတယ်။

မင်းကိုနိုင်
၈၈ မျိုးဆက်ကျောင်းသားများ ခေါင်းဆောင်

သင်္ကြန်မှာတော့ ကျနော်က လိုချင်တာက ပိတောက် ရနံ့တွေ၊ မုန့်လုံးရေပေါ်တွေ တင်မကဘူး။ ဒီထက် အဓိက အရေးအကြီးဆုံး က သံချပ် အသံတွေပဲ။ ဒါက ပြည်သူလူထုရဲ့ ဘဝတွေ၊ ပြည်သူလူထု တနှစ်တာလုံးလုံး ခံစားခဲ့သမျှကို ဖော်ထုတ်တဲ့ သံချပ်တွေမပါဘဲနဲ့တော့ သင်္ကြန်ဟာ မပြည့်စုံဘူးလို့ပဲ ခံစားရတယ်။ ကျနော့် အနေနဲ့ ထောင်ထဲမှာပဲ ဖြစ်ဖြစ်၊ ထောင်ပြင်မှာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ သံချပ်ဆိုတာ ပြည်သူ့ဘ၀ ရင်ခုန်သံပဲ။ ကျနော်တို့ မီလိုက်မိသမျှကာလ တလျှောက်လုံး သင်္ကြန်ဟာ သံချပ်မပါရင် အသက်ဝိဉာဉ် မပါသလိုဖြစ်နေတာပေါ့။ ပြည်သူရဲ့ ဘဝကြေးမုံ အသံမပါဘဲနဲ့ သင်္ကြန်ဟာ ဘယ်လိုလုပ် အသက်ဝင်မှာလဲ။

ထက်ထက်မိုးဦး
ရုပ်ရှင် သရုပ်ဆောင်

မြန်မာရိုးရာသင်္ကြန်ကတော့ ကလေးတွေအတွက်ကတော့ ပျော်ဖို့အတွက်နဲ့ လူကြီးတွေကတော့ သီလယူ ဥပုပ်စောင့် တရားထိုင်ဖို့အတွက်ပေါ့လေ။ ထက်ထက်တို့ကတော့ အနုပညာသမားဖြစ်တဲ့အတွက် အနုပညာအလုပ်ကို လုပ်နေတော့ ဒီနှစ်မှာက မန္တလေးက မြင်းမူဘက်မှာ၊ သင်္ကြန် ၅ရက်ကို မန္တလေးမှာနေပြီးတော့ မနက်သွား ညပြန်ပေါ့၊ ဖျော်ဖြေရေးသွားရမှာပါ။ ဒီနှစ်သစ်ကနေ စပြီး အရင် က စိတ်ညစ်ခဲ့ရတာတွေ အဆင်မပြေမှုတွေအားလုံး ကင်းဝေးပြီးတော့ အပူအပင်တွေငြိမ်းအေးပြီး ကျန်းမာကြပါစေ။ မြန်မာနိုင်ငံတွင်းမှာရှိတဲ့သူတွေကော ပြည်ပမှာရှိနေတဲ့သူတွေအားလုံးအတွက်ကိုရော ဆုတောင်းပေးလိုက်ပါတယ်လို့..။

မေတ္တာ
လူရွှင်တော်၊ သရုပ်ဆောင်

သင်္ကြန်ကျရင်တော့ ပျော်တာပေါ့ဗျာ။ အသက်တွေလည်းကြီးတော့ အသိဉာဏ်တွေလည်း တိုးလာတာပေါ့။ မကောင်းတာကို ကောင်း တဲ့စိတ် မွေးတဲ့အတွက်ကြောင့်မို့ ပြုပြင်စရာရှိတဲ့ ကိုယ့်စိတ်ကိုလည်း ပြုပြင်တယ်။ သူများကိုလည်း ပြုပြင်ဖို့ပြောတယ်။ သင်္ကြန်သံချပ် အလှကားထွက်မယ်။ အဲ့ဒါကိုကြိုစားကြတယ်။ ဘယ်သူ့ကိုမှ မထိခိုက်ဘဲနဲ့ ကောင်းတဲ့စိတ်နဲ့ ကောင်းသောအသိတရား ကောင်းသော အပြုသဘောတွေ ပြောကြမယ်။ မြန်မာပြည်သူပြည်သားများ ကမ္ဘာသူကမ္ဘာသားများ ကျန်းမာကြပါစေ။ မြန်မာတွေဟာ ချစ်စရာကောင်းသော ဓလေ့ကိုဆင်နွှဲတဲ့အခါမှာ မေတ္တာတရား ရှေ့မှာထားကြတယ်။ ဒါကြောင့်မို့ မြန်မာပြည်နဲ့တကွ တကမ္ဘာ လုံးမှာရှိတဲ့သူတွေအားလုံး ကျန်းမာကြပါစေ။ စိတ်ချမ်းသာကြပါစေလို့ ဆုတောင်းပေးချင်တယ်။ ကျန်းမာပါမှ အခြားသော လုပ်ငန်း များ လုပ်လို့ရမယ်။ နောက် စိတ်ကောင်းတွေ မွေးနိုင်ကြပါစေလို့အတ္တကြီးတဲ့စိတ်တွေ ပယ်ပျောက်ပြီး သဘာဝလောကလူသားများ ပရအကျိုးကို ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အဲ့လိုပဲကျင့်ကြံအားထုတ်ပါမယ်။

ထွန်းအိန္ဒြာဗို
ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော်

သင်္ကြန်ကတော့ ကျမတို့ မြန်မာတွေရဲ့ ရိုးရာ အထင်ကရ ပွဲတော်ဆိုတော့ ကျမတို့အားလုံး ရင်ခုန်ပြီး ပျော်ရွှင်ရတဲ့ တန်ဖိုး ထားရ တဲ့ ပွဲတော်တခုပါ။ ဒီနှစ်ကိုတော့ မန္တလေး Alpine မဏ္ဍပ်မှာ သီချင်းဆိုမှာပါ။ အားလုံး ကျန်းမာချမ်းသာပြီး အန္တရာယ်ကင်းကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

ရဲတိုက်
ရုပ်ရှင် သရုပ်ဆောင်

သင်္ကြန်ကိုတော့ အေးအေးဆေးဆေးလေးနေမယ်လို့ စဉ်းစားထားပါတယ်။ မြန်မာနိုင်ငံရဲ့အပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့ မျှော် လင့်လို့ရသမျှ အကောင်းဆုံးကိုမျှော်လင့်ပါတယ်ခင်ဗျာ။ ပရိသတ်ကြီးလည်း ကျန်းမာ ချမ်းသာပါစေ ခင်ဗျာ။

ကာတွန်း အော်ပီကျယ်

သင်္ကြန်ကတော့ စာမူတောင်းတဲ့သူတွေ ဟောပြောပွဲတွေမရှိဘူးဆိုတော့ နားရတာပေါ့။ အခုတော့ နိုင်ငံတကာက သိတဲ့ မြန်မာပြည်ဖြစ်လာပြီဆိုတော့ နိုင်ငံတကာမှာ တန်းဝင်တဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်လာပါစေလို့ နှစ်သစ်မှာ ဆုတောင်းပေးချင်ပါတယ်ဗျာ။

သျှီ
ရော့ခ် အဆိုတော်

သင်္ကြန်ကတော့ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူးပေါ့။ တချို့ အယူအဆကတော့ နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေ နဲ့ ဆေးကြောတယ်ပေါ့။ ဘာပဲပြောပြော လူတွေက သင်္ကြန်ရေပက်လိုက်ရပြီဆိုရင် စိတ်ကျေနပ်မှု တစုံတရာ ရသွားတာပေါ့။ ဒီနှစ် သင်္ကြန်ကိုတော့ သျှီ သီချင်းမဆိုဖြစ်ပါဘူး။ သျှီ သီချင်းဆိုတာ ၁၅ နှစ် သက်တမ်းရှိပြီ။ ဒီနှစ်မှာတော့ ထူးထူးခြားခြားပေါ့ သီချင်း ဆိုဖို့ ပြောပြီးဆိုပြီးတာတွေက နည်းတမျိုးမျိုးနဲ့ ရှောင်ထွက်သွားတာတွေက ထူးခြားမှုပေါ့နော်။ အနုပညာအရ ကိုယ့်ရဲ့ပရိသတ် တွေ နဲ့ ထိတွေခွင့်မရတဲ့အတွက် ဆုံးရှုံးမှုတခုလို့တော့ ယူဆမိပါတယ်။ ဒါပေမယ့် ဒီသင်္ကြန်အတွက် ဝမ်းမနည်းပါဘူး။မြန်မာပြည် အပြောင်းအလဲနဲ့ပတ်သက်ပြီးတော့ အကောင်းတွေဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ ဘာလို့လည်းဆိုတော့ ပြည်သူတွေလည်း ပင်ပန်း နေပြီလေ။

လင်းလင်း
တေးရေး တေးဆို

ဒီနှစ်သင်္ကြန်မှာတော့ ထူးထူးခြားခြားပေါ့၊ ကျနော်တို့ တနိုင်ငံလုံး အပျော်ပေါ် အပျော်ဆင့်ပြီးတော့ ဆင်နွှကြမယ်လို့ ထင်တယ်။ အဲ့ဒီအတွက် အရမ်းပျော်ပါတယ်။ ဒီနှစ်သင်္ကြန်မှာ သီချင်းဆိုခွင့်မရတာနဲ့ပတ်သက်ပြီး ဝမ်းလည်းမနည်းပါဘူး။ လုပ်သင့် လုပ် ထိုက်တာလေးကို လုပ်လိုက်ရတယ်။ လုပ်လိုက်တဲ့အခါမှာ ရလာတဲ့ အပေါင်းရလဒ်ပဲဖြစ်ဖြစ် အနှုတ်ရလဒ်ပဲဖြစ်ဖြစ် လက်ခံနိုင် တယ်။ သင်္ကြန်မှာ ကိုယ်ပါဝင်ရေး မပါဝင်ရေးနဲ့တော့ မဆိုင်ဘူး။ တနိုင်ငံလုံးကတော့ ဒီသင်္ကြန်မှာ အပျော်ပေါ် အပျော်ဆင့်ပြီး အားလုံး ပျော်ကြမှာပါ။ သင်္ကြန်တွင်းကို ရန်ကုန်မှာပဲရှိမယ်။ တချို့ရက်တွေ အမေ့ခြံထဲသွားမယ်။

သံသာဝင်း
အဆိုတော်

ဒီနှစ်သင်္ကြန်ကတော့ အိမ်မှာပဲရှိမယ်။ ခါတိုင်းနှစ်တွေကတော့ သီချင်းဆိုတာများတဲ့အတွက်ကြောင့် သူများတွေလိုသိပ်မပျော်ရဘူး ပေါ့။ သီချင်းဆိုတာနဲ့ပဲ သင်္ကြန်ကို ဖြတ်သန်းတာများပါတယ်။ ငယ်ငယ်တုန်းက သင်္ကြန်ကတော့ ပိုပျော်တာပေါ့။ မြန်မာနိုင်ငံအပြောင်းအလဲဆိုတာကတော့ ဘာကိုပြောင်းလဲတယ်လို့ ပြောလဲမသိဘူး။ ကျမတို့အနေနဲ့ကတော့ သိပ်အများကြီးတော့ မတွေ့ရသေး ဘူး။ ဥပမာ တလောကမီးတွေ တအားပျက်တယ်။ ပြည်သူတွေက နည်းနည်းပါးပါးပြောလိုက်တော့မှ အခုမှ ပြန်လာတယ်။ တကယ်တော့ ဒါတွေက မဖြစ်သင့်တော့ဘူးပေါ့။ ဒီနှစ်သင်္ကြန်မှာလည်း NLD အောင်နိုင်ရေးအတွက် လိုက်ပါခဲ့တဲ့ တချို့ အဆိုတော် တွေ သီချင်းဆိုခွင့်မရဘူးတွေလည်း ကြားနေရတယ်။ အဲ့ဒါမျိုးတွေကြောင့် စောင်ကြည့်ရပါဦးမယ်။ ပြောင်းလဲပြီလို့တော့ မခံယူရဲသေးပါဘူး။ ဘယ်သူမှ ထိခိုက်ဒဏ်ရာမရဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ နှစ်သစ်ကို ကူးပြောင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

စာရေးဆရာ ညီပုလေး

ဒီနှစ်သင်္ကြန်ကတော့ ခါတိုင်းနှစ်သင်္ကြန်တွေနဲ့မတူ ထူးခြားနေတာကတော့ လူရွှင်တော် နှုတ်ခမ်းမွေး ပါပါလေး ဦးဆောင်တဲ့ သင်္ကြန် သံချပ်အဖွဲ့ ထွက်တယ်ဗျာ။ ကဗျာဆရာတွေ စာရေးဆရာတွေပါဝင်တဲ့ သံချပ်အဖွဲ့လည်း ထွက်မယ်ဗျာ။ ကျနော်ကိုယ်တိုင် ကတော့ ရေကစားကြတဲ့ ဓာတ်ပုံတွေလိုက်ရိုက်ဖြစ်မယ်။ ကျနော်ရေးလက်စ စာတွေရှိတယ်။ အဲ့ဒါတွေ ဆက်ရေးဖြစ်ပါမယ်။ ဒီနှစ် ကျနော် ရထားတဲ့ လက်ကမ်းကြော်ငြာတွေထဲက ရေကစားမဏ္ဍပ်တွေက သုံးသောင်းခွဲတန်လည်း ရှိတယ်။ တယောက်ကို လေး သောင်းခွဲ ဆိုတာလည်းရှိတယ်။ အကျနေ့မှာ ငါးသောင်း၊ အကြတ်နေ့မှာ နှစ်သောင်း၊ အတက်နေ့မှာ နှစ်သောင်းခွဲဆိုပြီးတော့ ရှိတယ် ဗျ။ ဒီဂျေ တွေနဲ့ ရေကစားရမယ်လို့ ရေးထားပါတယ်ဗျ။

ခေတ်ရေစီးကြောင်းအရ ဒီလို သင်္ကြန်ရောက်တိုင်း အမေ့ကို သတိရ တယ်ဗျာ။ အမေက ခေတ်လူငယ်တွေ ဝတ်ကြစားကြ ပျော်ကြ ပါးကြတာ အလွန်အကျွံတွေကို အမေက စိတ်မကောင်းဖြစ်ပြီးတော့ အမေက အဲ့လောက်ကြီးတော့ မလုပ်ကြပါနဲ့လို့ ဆိုတာမျိုးကို ရေးစေချင်တယ်ဗျ။ အမေသာရှိမယ်ဆိုရင် အခုခေတ် သင်္ကြန်ကာလမျိုးကိုသာ မြင်ရင် ဘယ်လိုရေးမလဲဆိုတာ အမေ့ကို တမ်းတ မိတယ်ဗျ။ အရက်တွေ ဘီယာတွေ ဖောဖောသီသီနဲ့ ပျော်ကြဖို့ ပြင်နေတာတွေလည်းတွေ့ရတယ်ဗျ။ ကျနော်တို့ ညီတွေ အစ်ကို တွေ မိတ်ဆွေတွေ အထဲမှာရောက်နေတာ၊ ပြန်လာဖို့ ကောင်းတဲ့ ပညာရှင်တွေ အဝေးမှာရောက်နေတာ၊ ချစ်သူခင်သူတွေ ပြန် ဆုံစည်းရရင်ကောင်းမှာပဲလို့၊ တကယ်တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့တော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အားလုံးပြန် လာနိုင်ကြစေချင်တာ၊ အဲ့လိုဆုတောင်းပေးချင်တာဗျာ။ အဲ့ဒီလို ကျနော်တို့ တောင်းတဲ့ဆုသာ ပြည့်မယ်ဆိုရင် ဘယ်လောက်ပျော်စရာကောင်းလိမ့်မလဲ ဆိုတဲ့ နှစ်သစ်ဆုတောင်းစကား ပြောချင်တာပါဗျာ။

စွမ်းဇာနည်
ဇာတ်မင်းသား

ဒီနှစ်သင်္ကြန်ကိုတော့ ငွေဆောင်မှာရှိပါမယ်။ နှစ်သစ်မှာ လူသားအားလုံး လိုအင်ဆန္ဒနဲ့ စိတ်ရဲ့ ဆန္ဒ တထပ်တည်း ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

ကုသိုလ်
လူရွှင်တော်၊ သရုပ်ဆောင် ဒါရိုက်တာ

သင်္ကြန်မှာ အလှကားထွက်ပြီးတော့ သံချပ်ထိုးဖို့ ပြင်ဆင်ထားပါတယ်။ သင်္ကြန်ကတော့ ကျနော့် ဘဝပါပဲ။ သံချပ်တွေ ထိုးခွင့်မရလို့သာ မထိုးကြတာလေ။ ထိုးခွင့်ရလို့ကတော့ ထိုးမှာပါ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနဲ့ စိတ်သစ်လူသစ်တွေနဲ့ ဆက်ပြီး တော့ သွားကြရအောင်လို့ ဆုတောင်းပေးလိုက်ပါတယ်။

Your Thoughts …
Tags: သင်္ကြန် ၂၀၁၂
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲ ရန်ကုန်တွင် ကျင်းပမည်

ကိုးကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲ ရန်ကုန်တွင် ကျင်းပမည်

by အောင်သက်ဝိုင်း
11 April 2012
2.7k

ရန်ကုန်မြို့တွင် ကျင်းပမည့် ကိုးကြိမ်မြောက် ရခိုင်ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် အပါအဝင် ရခိုင် တိုင်းရင်းသားများစုံစုံညီညီ တက်ရောက်ကြမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောကြားသည်။ ၁၉၉၄ ခုနှစ်မှ...

အခပေး ရေကစားမဏ္ဍပ် နည်းပါး၊ ရေပက်ခံကား ဈေးမြင့်

အခပေး ရေကစားမဏ္ဍပ် နည်းပါး၊ ရေပက်ခံကား ဈေးမြင့်

by အောင်သက်ဝိုင်း
11 April 2012
2.2k

ရန်ကုန်မြို့တွင် အခပေး သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ဖွင့်လှစ်သူ ယခုနှစ်တွင် လျော့ကျနေပြီး ရေကစားခ နှုန်းထားများ မြင့်မားကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့တော်တွင်မဏ္ဍပ်စုစုပေါင်း ၄၅ ခု ခွင့်ပြုထားပြီး ယင်းမဏ္ဍပ်များတွင် စီးပွားရေး ကုမ္ပဏီများ၏ ရေကစားမဏ္ဍပ်၊ အစိုးရဌာနများ၏ ရေကစားမဏ္ဍပ်များနှင့်...

ကျုံးရေ၊ သံချပ်နဲ့ မန်းသင်္ကြန်

ကျုံးရေ၊ သံချပ်နဲ့ မန်းသင်္ကြန်

by မန်းသားလေး
12 April 2012
5.2k

မန္တလေး ကျုံးဘေးတွင် စကတ်အတို အကျႌအပြတ်လေးတွေနှင့် ကာလာစုံ မန်းသူလေးများ သူ့ထက်ငါအပြိုင် ရေကစား နေကြသည်။ ဆောင်းဘောက် မျိုးစုံမှ သီချင်းသံမျိုးစုံကလည်း နားကွဲမထွက် ညံနေသည်။ သံစဉ်နှင့် စည်းချက်လိုက်ပြီး မန္တလေးသူ မန္တလေးသားများ ကိုယ့်မဏ္ဍပ်တွင် လူစည်ရန်...

လွှတ်သဘင် သင်္ကြန် သံချပ် နဲ့ …

by ရန်ကုန်သားတာတေ
11 April 2012
4.4k

မိုးလေး တပြိုက် နှစ်ပြိုက် ရွာလိုက်၍ ယခင်ရက်များက အပူငွေ့များနှင့် အာကာပြင်မှာ ဟီးလေးခို နေသည့် မီးခိုးမြူများ လွင့်ပြယ်စ ချင်းမိုင်မြို့ကလေးမှာဖြင့် အတာသင်္ကြန် ၏ အငွေ့အသက်များက လွင့်ပျံ့လို့လာနေသည်။ ကျူံး ပတ်လည်ရှိ ငုဝါတွေကလည်း ဝင်းထိန်...

“သံချပ်တွေမပါဘဲနဲ့တော့ သင်္ကြန်ဟာ မပြည့်စုံဘူး”

by ဧရာဝတီ
12 April 2012
6.1k

ယခုနှစ် သင်္ကြန်တွင် နှစ် ၂၀ ကျော် ပိတ်ပင်ခံခဲ့ရသည့် မြန်မာ့ ရိုးရာ သင်္ကြန်သံချပ် သံများ ပြန်လည်ကြားရတော့မည် ဟူသော သတင်းများ၊ သံချပ် လှုပ်ရှားမှုများကိုကြားသိနေရသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး မတိုင်ခင်...

သင်္ကြန်တွင် NLD အလံ၊ တံဆိပ်များ အသုံးမပြုရန် မေတ္တာရပ်ခံ

သင်္ကြန်တွင် NLD အလံ၊ တံဆိပ်များ အသုံးမပြုရန် မေတ္တာရပ်ခံ

by အောင်သက်ဝိုင်း
10 April 2012
2.3k

မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန် ကာလအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခွပ်ဒေါင်းအလံ၊ တံဆိပ်နှင့် အမှတ်အသားများကို အသုံးမပြုဘဲ တမျိုးသားလုံးနှင့်သက်ဆိုင်သော သင်္ကြန်နှစ်သစ်ကူး ကာလကို အေးအေးချမ်းချမ်း ဖြတ်သန်းစေလိုကြောင်း NLD ပြန်ကြားရေးတာဝန်ခံ၊...

Next Post

“သံချပ်တွေမပါဘဲနဲ့တော့ သင်္ကြန်ဟာ မပြည့်စုံဘူး”

အမေရိကန် အဖွဲ့အစည်းများ မြန်မာနိုင်ငံသို့ တိုက်ရိုက် ငွေလွှဲနိုင်ပြီ

အမေရိကန် အဖွဲ့အစည်းများ မြန်မာနိုင်ငံသို့ တိုက်ရိုက် ငွေလွှဲနိုင်ပြီ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate