• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“ပြည်တွင်းစစ် အလိုမရှိဘူး”

by ဧရာဝတီ
4 May 2012
in အင်တာဗျူး
A A
“ပြည်တွင်းစစ် အလိုမရှိဘူး”

နော်မေဦး (ဝဲဘက်)နှင့် KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် (ဓာတ်ပုံ - KIC)

5.4k
VIEWS
Share on FacebookShare on Twitter

ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးအတွက် မြန်မာအစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆၀ ကျော် လက်နက်စွဲကိုင် တော်လှန်ခဲ့ပြီး မြန်မာ နိုင်ငံ ၏ လက်နက်ကိုင် တော်လှန်ရေးသမိုင်းတွင် သြဇာကြီးမားခဲ့သော ကရင် အမျိုးသား အစည်းအရုံး(KNU) သည် မကြာသေးမီ က သမိုင်းဝင် အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက် တရပ်ကို ချုပ်ဆိုခဲ့သည်။

နော်မေဦး (ဝဲဘက်)နှင့် KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် (ဓာတ်ပုံ - KIC)

မြန်မာအစိုးရနှင့် နှစ်ပေါင်းများစွာ အငြိုးတကြီးတိုက်ခိုက်ခဲ့ကြသော တိုက်ပွဲများကြောင့် KNU ထိန်းချုပ်ရာဒေသအများစုတွင် စီးပွား ရေး၊ ကျန်းမာ ရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတွင် ပျက်စီးခဲ့ရသကဲ့သို့ သိန်းနှင့်ချီသော ဒေသခံများသည်လည်း တော တောင် များ အတွင်းနှင့် ထိုင်း နယ်စပ် ဒုက္ခသည်စခန်းများသို့ တိမ်းရှောင်ခဲ့ကြရသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.8k
သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

12 May 2025
74
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

10 May 2025
5.4k

ယင်း အခြေအနေများကို သိရှိနိုင်ရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော KNU ၏ ငြိမ်းချမ်းရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ နော်မေဦး ကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဆက်သွယ် မေးမြန်းထားပါသည်။

နော်မေဦးသည် အမေရိကန်နိုင်ငံ အင်ဒီးယားနား တက္ကသိုလ်ရှိ ဥပဒေဆိုင်ရာ Bloomington Maurer ကျောင်းမှ ဥပဒေဆိုင်ရာ မဟာဘွဲ့ (LL.M) ကို ရရှိအောင်မြင်ထားသူဖြစ်သည်။ လက်ရှိတွင်လည်း ဥပဒေဆိုင်ရာ ပါရဂူဘွဲ့အတွက် ဒီမိုကရေစီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ၊ ဖက်ဒရယ်ဝါဒီနှင့် ပဋိပက္ခ အခြေအနေရပ်ဆိုင်ရာ ဘာသာရပ်များ အထူးပြုဖြင့် တက်ရောက်နေဆဲဖြစ်သည်။

မေး။  ။ အစိုးရငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ရန်ကုန်မှာစေ့စပ်ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့အပေါ်မှာ KNU ဘက်က အားရကျေနပ်မှုတွေ ရှိလား။

ဖြေ။  ။ လူသားပီပီ စကားပြောရမယ်ဆိုရင်တော့ ဘယ်တော့မှ မကျေနပ်ဘူးပေါ့နော်။ ဒါပေမယ့် အထူးသဖြင့် ကျမတို့တောင်း တာ က ကိုယ်ပိုင်ပြဌာန်းခွင့်၊ ငြိမ်းချမ်းရေး ဒါမျိုးတွေကိုတောင်းတာ နှစ် ၆၀ ကျော်တောင်းလာတဲ့ လူတယောက်က အခုလိုမျိုး ဖြည်းဖြည်း လေး သွားနေတာကို ကျေနပ်လားဆိုတော့ လူသားပီပီပြောရမယ်ဆိုရင်တော့ မကျေနပ်ဘူးပေါ့။

ဒါပေမယ့် လက်တွေ့စဉ်းစားဖို့ လိုတယ်။ လက်တွေ့လုပ်ကိုင်ဖို့လိုတဲ့အခါမှာ အခုသွားနေတဲ့ဟာက ရှေ့ဆက်သွားနေတယ်လို့ ကျမ တို့ ယူဆတယ်။ ဒီလိုပုံမှန်ရှေ့ဆက်သွားနိုင်အောင် အလျဉ်းသင့်ရင် သင့်သလို မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန် သွားနိုင်အောင် ကျမတို့ လုပ်ပေးရမှာဖြစ်ပါတယ်။

မေး။  ။ KNU နဲ့ အစိုးရငြိမ်းချမ်ရေးအဖွဲ့တွေ တွေ့ဆုံဆွေးနွေးမှု ရလဒ်တွေရဲ့ နောက်ဆုံးအနေအထားက ဘယ် အတိုင်းအတာ အထိ ရောက်နေပြီလဲ ခင်ဗျ။

ဖြေ။  ။ ချက်ချင်းကြီး အကောင်ထည်ဖော်လို့ရတဲ့ သဘောတူညီချက်ကတော့ တခုမှမရှိသေးဘူး။ လိုက်ပြီး အကောင်အထည် ဖော် လုပ်ဆောင် ရမယ့်သဘောတူညီချက်တွေပဲ ရှိတယ်။ ဥပမာ နှစ်ဦးနှစ်ဖက် လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေ၊ အပစ်ခတ် ရပ်စဲ ရေးကာလ မှာရော ငြိမ်းချမ်းရေးဖြစ်စဉ်ကာလ တလျှောက်လုံးမှာကိုရော စောင့်ကြပ်ကြည့်ရှုတဲ့ အဖွဲ့တွေထားဖို့လိုတယ်။ ဘယ်လို လူမျိုးတွေကို ထားမှာလဲ။ ဘယ်အခြေအနေမှာ ထားမှာလဲ။ ခရိုင် အဆင့်နဲ့ထားမလား၊ ဗဟိုအဆင့်နဲ့ထားမလား။ တဖွဲ့တည်း ထား မလား၊ အဆင့်ဆင့်ထားမလား စသဖြင့်ပေါ့။ ဒါတွေလိုတယ်ဆိုတာကို ကျမတို့ သဘောတူပြီးတော့ အဲဒီဟာတွေကို အကောင် ထည် ဖော်နိုင်ဖို့အတွက်ကို ကျမတို့ ပြင်ဆင်နေဆဲပဲ ဖြစ်ပါတယ်။

မေး။  ။ KNU ဟာ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အစိုးရကို နှစ်ပေါင်း ၆၀ ကျော် လက်နက်စွဲကိုင် တော်လှန်လာခဲ့တယ်။ အခုလို ဆွေး နွေးပွဲတွေ လုပ်ဖြစ်လာရတဲ့ အဓိက အကြောင်းအရင်းက ဘာဖြစ်မလဲ ခင်ဗျ။

ဖြေ။  ။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးဆိုတာကို ကျမတို့ ကရင် အမျိုးသား အစည်းအရုံး ကနေပြီးတော့ တမျိုးသားလုံးအတွက် တိုက်ပွဲဝင်တာဖြစ်တယ်။ ဒါတွေက နိုင်ငံရေးစကားဖြစ်တယ်။ ဒီကိစ္စကို ကျမတို့ နိုင်ငံရေးနည်းနဲ့ပဲ စတင်ပြီးတောင်းခဲ့တာဖြစ်တယ်။ ကရင်အမျိုးသားရေး လှုပ်ရှားမှု သမိုင်း၊ တော်လှန်ရေးသမိုင်းကို ကျမတို့ ပြန်ကြည့်မယ်ဆိုရင် အကြမ်းမဖက်တဲ့နည်းနဲ့ စတင်ပြီး တောင်းခဲ့တာ ဖြစ်တယ်။

ဒါပေမယ့် အခုလို လက်နက်ကိုင် တိုက်ပွဲသဏ္ဍာန်နဲ့ ခရီးဆက်လာရတာဟာ ကျမတို့ရဲ့ ငြိမ်းချမ်းစွာ အကြမ်းမဖက်ဘဲ တောင်းဆိုမှုကို အကြမ်းဖက်နှိမ်နှင်းလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်၊ အမျိုးသားရေးကို ကာကွယ်ဖို့အတွက် ဒီလက်နက် အသွင်ကိုပြောင်းရတာဖြစ်တယ်။ KNU ရော ကရင်တမျိုးသားလုံးကရော ဟိုးအစကတည်းက ပြည်တွင်းစစ် အလိုမရှိဘူး။ ဒါကရင်အမျိုးသား တွေ ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားတွေ အားလုံး ရသင့်ရထိုက်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာ အစကတည်းက လက်နက်
မကိုင်ဘဲနဲ့ နိုင်ငံရေးနည်းနဲ့ ကျမတို့တောင်းခဲ့တာဖြစ်တယ်။ ငြိမ်းချမ်းရေးစကားပြောတာဟာ ကျမတို့ ကရင်အမျိုးသားရေး လှုပ်ရှားမှု အစ ကနဦးတည်းက ပါ။

မေး။  ။ လက်နက်ကိုင်တပ်တွေ အစိုးရနဲ့ ဆွေးနွေးတဲ့ အခါမှာ နယ်မြေသတ်မှတ်ရေး၊ တပ်နေရာချထားရေး ကိစ္စတွေက တော်တော် လေး အခက်အခဲတွေ့နေကြတာကို တွေ့ရတယ်။ KNU ရော အဲဒီအခြေအနေဲ့ ရင်ဆိုင်နေရလား။

ဖြေ။  ။ ကျမတို့ကတော့ အခု ကျင့်ဝတ်ကို အရင်ဆွေးနွေးတာဖြစ်တယ်။ ဒီကျင့်ဝတ်ကို ရေးပြီးတော့မှ အဲဒီနယ်မြေတွေအကြောင်း နဲ့ တပ်အရွှေ့အပြောင်းကိစ္စတွေ ပါမှာဖြစ်တယ်။ အခုလောလောဆယ်ကတော့ အဲဒီ ကျင့်ဝတ်တွေကို ပြင်ဆင်နေတုန်းပဲ ဖြစ်တယ် လေ။ ပြီးသွားရင်တော့ ဒီမေလအတွင်းမှာ အပြန်အလှန် ဆွေးနွေးတာ ရှိမယ်။ ဒီလကုန်လောက်ဆိုရင်တော့ မျက်နှာချင်းဆိုင် ထိုင် ဆွေးနွေးလို့ရမယ်လို့ ထင်တယ်။ ဒါပေမယ့် မသေချာသေးဘူး။

မေး။  ။ KNU နဲ့ အစိုးရနဲ့ ဆွေးနွေးတဲ့ အထဲမှာ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးလည်း ပါတယ်။ ဒီအချိန်မှာ ကချင်လွတ်လပ် ရေး အဖွဲ့ KIO နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ အပေါ်မှာရော KNU အမြင်က ဘယ်လိုရှိလဲ။

ဖြေ။  ။ ဆွေးနွေးပွဲ စကတည်းက ကျမတို့ပြောထားတာ ရှိပါတယ်။ မြန်မာပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်ရေးကို အကောင်ထည် ဖော်မယ် ဆိုလို့ရှိရင် တတိုင်းပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး၊ တတိုင်းပြည်လုံး အတိုင်းအတာ ငြိမ်းချမ်းရေးကို အကောင် အထည် ဖော်မှပဲ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရမယ်ဆိုတာကို ကျမတို့ ပြောခဲ့တာရှိတယ်။ ဒါပေမယ့် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးလို့ ပြောတဲ့အခါမှာ အပစ်အခတ်ကို တဘက်တည်း ရပ်လို့မရဘူး။ နှစ်ဘက်စလုံး ရပ်မှဖြစ်မယ်။ ပစ်တဲ့ လူတိုင်းကနေ အပစ်ရပ်ရမှပဲ ဖြစ်တယ်။

မေး။  ။ ဒုက္ခသည်တွေနေရပ်ပြန်ရေး ကိစ္စတွေရော ဆွေးနွေးဖြစ်လား။ ဒီဒုက္ခသည်တွေ ဘယ်တော့လောက် နေရပ်ရင်းကို ပြန်နိုင် မယ်လို့ KNU ဘက်က မျှော်လင့်ထားလဲ။

ဖြေ။  ။ ဒီဒုက္ခသည်တွေ ကိစ္စကိုတော့ ကျမတို့ ပြောတော့ပြောဖြစ်ပါတယ်။ ဒါပေမယ့် ဆွေးနွေးတဲ့ အခြေအနေတွေကို မရောက် သေး ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ သွားနေတဲ့ ဆွေးနွေးပွဲအနေအထားက ဒုက္ခသည်တွေအခြေအနေအထိကို မရောက် သေးပါဘူး။ အခုတလောဖြစ်နေတဲ့ စစ်ပွဲတွေကို ရပ်ပြီးတော့ အပစ်ခတ်ရပ်စဲနိုင်ဖို့အတွက်၊ ပြီးတော့မှ ဆက်ပြီးတော့ တခြားအရေးကြီး တဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးနိုင်ဖို့ ဆိုတာ ဖြစ်တဲ့အတွက်ကြောင့် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ နက်နက်နဲနဲ ဆွေးနွေးတာတော့ မရှိဘူး။

ဒါပေမယ့် ကျမတို့ သဘောတရားလောက်တော့ ပြောဖြစ်ကြတယ်။ ပြောဖို့ လိုတယ်။ ဆွေးနွေးဖို့ လိုတယ်ဆိုတာကို နှစ်ဦးနှစ်ဖက် စလုံး သဘောထားရှိကြတယ်။ ဘယ်တော့ ဒုက္ခသည်တွေ ပြန်လာနိုင်မလဲဆိုရင် ကိုယ့်တိုင်း၊ ကိုယ့်ပြည်ကို ကျမတို့ နိုင်ငံသားတွေ ပြန်လာနိုင်ဖို့ဟာ အလျှင်အမြန် ပဲဖြစ်သင့်တယ်။ ဒါပေမယ့် ခုနပြောခဲ့သလိုပဲ၊ ဒီကိစ္စအားလုံးဟာ နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခရဲ့နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီပြဿနာကို ဖြေရှင်းတဲ့အခါမှာ အမြန်သွားချင်သလို သွားလို့မရတာ ကျမတို့သိထားပါတယ်။

မေး။  ။ KNU က ပြည်နယ်အဆင့် ဆွေးနွေးပြီးကတည်းက KNU နဲ့ဆက်နွယ်ပြီးကျနေတဲ့ အကျဉ်းသားတွေ၊ ပြည်တွင်းနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အစိုးရကိုတောင်းဆို ဆွေးနွေးသွားမယ်လို့ ပြောဆိုထားတာလည်းရှိတော့ အဲဒီကိစ္စကိုရော ဆွေးနွေးဖြစ်သေးလား။

ဖြေ။  ။ ဟုတ်ကဲ့ ကျမတို့ပြောပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသားကိစ္စကတော့ ကျမတို့ ဒီမိုကရေစီ Movement ကြီးထဲမှာ၊ဒီ အတိုက် ခံ လှုပ်ရှားမှုကြီးထဲမှာ၊ ဒီနိုင်ငံရေး အကျဉ်းသားကိစ္စကိုပြောတာ၊ ပြောတဲ့အဖွဲ့တွေလည်း အများကြီးလည်း ရှိတယ်။ နိုင်ငံရေး အကျဉ်း သားကိစ္စတွေကိုပဲ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့တွေရှိတယ်။

ဒါပေမယ့် ကျမတို့ ဒီမိုကရေစီ လှုပ်ရှားမှုထဲမှာ၊ ကျမတို့ပြောပြောနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ၊ ဘာမှ နိုင်ငံရေးနဲ့လည်း မဆိုင်ဘဲနဲ့၊ ဘာမှလည်း အစိုးရကို တော်လှန်တာ ပုန်ကန်တာ ဘာမှမလုပ်ဘဲနဲ့၊ အလဟဿ ကရင်ဖြစ်လို့ ရှမ်းဖြစ်လို့ အဖမ်းခံနေရ တဲ့ ရွာသူရွာသားတွေ ရှိတယ်။ အဲဒီ ရွာသူ ရွာသားတွေ ကိစ္စကို အဓိကထားပြီးတော့ ကျမတို့ ပြောပါတယ်။

တော်ကြာနေရင် သူပုန်နဲ့ဆက်သွယ်လို့၊ တော်ကြာနေရင် ရန်ကုန်မှာ မိုင်းကွဲလို့ရှိရင် ဒီရွာသားတွေနဲ့ ဘာမဆိုင်ညာမဆိုင် အဖမ်းခံ ရတဲ့လူတွေ အများကြီးပဲရှိတယ်။ နိုင်ငံရေးလည်းမလုပ် နားလည်းမလည်တဲ့ တိုင်းသူပြည်သားတွေကို ဖမ်းဆီးချုပ်နှောင်ထားတာ တရားရုံးမတင်ဘဲနဲ့ ဖျောက်ထား တဲ့ ကိစ္စတွေကို ကျမတို့ ဆွေးနွေးတာဖြစ်တယ်။

အဲဒီအပေါ်မှာလည်း ဒီလိုပဋိပက္ခကာလမှာ ဒီလိုကိစ္စမျိုးတွေ ဖြစ်တတ်တဲ့အတွက်ကြောင့် အစိုးရဘက်ကလည်း ဒါတွေဟာ ဖြစ်ခဲ့တယ်ဆိုတာ သူတို့လက်ခံတယ်။ ဒီကိစ္စတွေကိုလည်း ဖြေရှင်းဖို့အတွက် အမည်စာရင်း၊ နေရပ်ဒေသတွေနဲ့ စနစ်တကျလုပ်ကိုင်သွားဖို့ ကျမတို့ သဘောတူထားပါတယ်။

မေး။  ။ KNU နဲ့အစိုးတို့ နှစ်ဘက်တိုက်ပွဲတွေဖြစ်ခဲ့ကြတဲ့ ဒေသတွေမှာ မြေမြှုပ်မိုင်းတွေရှိခဲ့တယ်။ ဒီမိုင်းတွေကိုရော ဘယ်တော့ လောက် ရှင်းလင်းရေးလုပ်နိုင်မယ် မှန်းထားလဲ။

ဖြေ။  ။ မြေမြှုပ်မိုင်းက နှစ်ဦးနှစ်ဖက်လုံးက သုံးတယ်။ စစ်ကာလ တယောက်နဲ့တယောက် အသေအကျေချကြတဲ့ အနေအထားမှာ သုံးတယ် မြေမြှုပ်မိုင်းကို။ အဲဒီတော့ စစ်ပွဲပြီးမှပဲ ဒီမြေမြှုပ်မိုင်း ကိစ္စကိုပြောလို့ရမှာပဲ၊ စစ်ပွဲ မပြီးသရွေ့ကတော့ ဒီမြေမြှုပ်မိုင်းကို ဘယ်သူမှ အပျော်ထောင်ထားတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ထောင်ထားတဲ့ မိုင်းတွေဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရဦးမယ်လို့ ယူဆ သရွေ့ကတော့ ဒီမြေမြှုပ်မိုင်း ကိစ္စကတော့ ရှိနေဦးမှာပဲ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ် ဖို့ မလိုတော့တဲ့အနေအထား ရောက်အောင်၊ ခိုင်မာတဲ့ အပစ်ခတ်ရပ်စဲရေး ရောက်အောင်၊ အကောင်အထည် ဖော်နိုင်အောင် ကျမ တို့လုပ်ဆောင် နေတာဖြစ်ပါတယ်။

မေး။  ။  KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၇ ခုအတွင်းမှာရှိတဲ့ ဓာတ်သတ္ထု တူးဖော်ရေး လုပ်ငန်းတွေနဲ့ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းတွေက KNU အတွက် ဘယ်လောက်အရေးပါလဲ။ ဒါတွေအတွက်ရော အစိုးရနဲ့ ဆွေးနွေးဖြစ်ဖို့ရှိလား။

ဖြေ။  ။ ကျမတို့ဆွေးနွေးမှာပါ။ ဒီကိစ္စတွေအားလုံးက KNU နဲ့ချည်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးနဲ့ဆိုင်တယ်။ ကျမတို့ နိုင်ငံမှာရှိနေတဲ့ သယံဇာတ ပစ္စည်းတွေကို ကာကွယ်ဖို့အတွက်၊ သယံဇာတပစ္စည်းတွေဟာ တိုင်းပြည်ရဲ့အကျိုးပဲဖြစ်ဖို့အတွက် နိုင်ငံသား အားလုံးနဲ့ဆိုင်တယ်။ ကျမတို့ KNU တခုတည်းနဲ့ မဆိုင်ဘူး။ ဒါပေမယ့် ကျမတို့ KNU ကထိန်းချုပ်ထားတဲ့ နေ ရာမှာ ရှိတဲ့ဟာတွေ ဆိုလို့ရှိရင်တော့ ကျမတို့ကနေ ဦးဆောင်၊ တာဝန်ယူဖြေရှင်းသွားမှာဖြစ်တယ်။ ဒါပေမယ့် လောလောဆယ် တော့ ဒီကိစ္စတွေကို ဖြေရှင်းတဲ့ အခြေအနေကို မရောက်သေးပါဘူး။

မေး။  ။ KNU က ငြိမ်းချမ်းရေး အစီအစဉ်မှာရော၊ အဖွဲ့စည်းထဲမှာရော အမျိုးသမီးတွေကို ဦးဆောင်မှု နေရာတွေ ပေးလာတာတွေ့ရ တယ်။ အဲဒီအပေါ်မှာ နော်မေဦးရဲ့ သဘောထားအမြင်က ဘယ်လိုရှိလဲ။

ဖြေ။  ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နှစ်ခုရှိပါတယ်။ ပထမ တခုကတော့ ကိုယ့်အမျိုးသားရေး ကိုယ့်နိုင်ငံရေး လုပ်တယ်ဆိုတာ တခါတလေ ကျလို့ရှိရင် အဲဒီဟာကြီးကို ဝိဝါဒတွေကို ထိုင်ပြီး စဉ်းစားနေဖို့ အချိန်မရှိတာ အမှန်ပါပဲ။ ဒါ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသား ပဲ ဖြစ်ဖြစ် တာဝန်သိသိနဲ့ အလုပ်လုပ်ကြဖို့၊ လုပ်နိုင်ဖို့လိုတယ်။ တခါတရံမှာ အတွေးအခေါ်တွေကြောင့်ပဲဖြစ်ဖြစ်၊ ဝိဝါဒါအစွဲတွေကြောင့်ပဲဖြစ်ဖြစ် အမျိုးသမီးတွေ လုပ်သင့်တဲ့နေရာမှာ မပါလာတာလည်း ဝမ်းနည်းစရာ ကျမတို့ တွေ့ရတယ်။ ဒါပေမယ့် အခု ကျမ တို့ KNU မှာက အမျိုးသမီးကို ရှေ့တန်းတင်ရမယ်၊ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုနဲ့သာ အနိုင်ယူမယ်လို့၊ အဲဒီလိုယူဆတာထက်၊
ကျမတို့ လုပ်သင့်လုပ်ထိုက်တာ လူမှန်နေရာမှန်နဲ့ ကျမတို့လုပ်သွားနိုင်ဖို့ အမြဲတမ်းကြိုးစား အကောင်ထည်ဖော်နေတဲ့ အလျောက် သူ့ဟာသူ ဖြစ်သွားတာပါပဲ။

မေး။  ။ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ရန်ကုန်သွားတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြတော့ ဆွေးနွေးပြောဆိုရတာတွေ အားရ ကျေနပ်မှုရှိရဲ့လား ဘယ်လိုမြင်လဲ။

ဖြေ။  ။ အားရကျေနပ်ပါတယ်။ KNU နဲ့ NLD တွေ့ဆုံတာပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU ခေါင်းဆောင်တွေ တွေ့ဆုံတာပဲ ဖြစ်ဖြစ် ဒါကျမတို့အတွက် ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။ အချိန် ၂ နာရီကျော်ကြာ ကောင်းကောင်းမွန်မွန် အေးအေး ဆေး ဆေးနဲ့ စိတ်လိုလက်ရ ကျမတို့ စကားပြောပြီးတော့ ဆွေးနွေးခွင့် အမြင်ဖလှယ်ခွင့်တွေ ကျမတို့ ရခဲ့တယ်။ ဒါ ပထမဦးဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့တာဖြစ်တဲ့ အတွက်ကြောင့်လည်း ခက်ခက်ခဲခဲ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးတာထက် လတ်တလော ကျမတို့ ရင်ဆိုင်နေရတဲ့ ကိစ္စတွေအပေါ်မှာ၊ စိုးရိမ်ကြောင့်ကြမှုတွေအပေါ်မှာ၊ အမြင်သဘောထားဖလှယ်ရုံပဲ ရှိပါတယ်။ ကျမအနေနဲ့ ပြောရ ရင် ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးမြင်သလိုပဲ ကျမက မြင်ပါတယ်။ အမျိုးသားခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်တယောက်ဖြစ် တယ်။ ကျမတို့အတွက် အရေးပါတဲ့ ခေါင်းဆောင်တယောက် ဥပမာကောင်း တယောက်လည်း ဖြစ်တယ်။ မြန်မာပြည်မှာ နိုင်ငံရေး သမားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တိုင်းသူပြည်သားတွေအပေါ်မှာ သမာသမတ်ရှိရှိ စေတနာရှိရှိ အလုပ်လုပ်မယ့်လူတွေ ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျမတို့ကတော့ ယုံကြည်တယ်။ တိုင်းသူပြည်သားအပေါ်မှာ စေတနာရှိရှိ၊ ဖြူဖြူစင်စင်နဲ့ အကောင်းဆုံး သူလုပ်ခဲ့သလိုပဲ ရှေ့ဆက်လုပ်သွားမယ်လို့ ကျမကတော့ မြင်ပါတယ်။

မေး။  ။ အခုလို KNU နဲ့ အစိုးရ စေ့စပ်ညှိနိုင်းရေးတွေက အဆင်ပြေလာမယ်လို့ မြင်လား။ ၁၉၉၄ ကာလတုန်းက အပစ်ရပ်ပြီး သေ နတ်ပြန်ပေါက်ခဲ့တဲ့ လက်နက်ကိုင် ၁၇ ဖွဲ့လို့မျိုး ပြန်ဖြစ်သွားနိုင်ခြေ ရှိလား။ တချို့ကပြောဆိုနေတာကတော့ အစိုးရက နိုင်ငံရေး မျက်နှာသာရအောင်သာ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ဝေဖန်နေကြတယ်။

ဖြေ။  ။ အဲဒါ ကျမတို့ စောင့်ကြည့်ရမှာပေါ့လေ။ ကျမတို့ တယောက်နဲ့ တယောက် ညှိနှိုင်းဆွေးနွေးနေကြတဲ့အချိန်မှာ သံသယနဲ့ မဆွေးနွေးတာ အကောင်းဆုံးပဲလို့ ကျမတို့ကတော့မြင်တယ်။ ဒါပေမယ့် ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့ ကျမတို့ ကြိုပြီးပြော လို့မရဘူးပေါ့လေ။ အကောင်းဆုံးကို မျှော်လင့်၊ မျှော်မှန်းပြီးတော့ ကျမတို့ ဆွေးနွေးကြတာဖြစ်ပါတယ်။

မေး။  ။ KNU ဟာ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) အဖွဲ့ဝင်လည်း ဖြစ်တော့ ငြိမ်းချမ်းရေး လုပ်ဆောင်နေမှု
တွေနဲ့ပတ်သက်ပြီးတော့ ဒီအဖွဲ့နဲ့ရော ဆွေးနွေးဖြစ်ဖို့ ရှိသေးလား။ UNFC ကရော ဘယ်လောက် အရေးပါသေးလဲ။ အခြား တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ရော တွေ့ဆုံဆွေးနွေးဖြစ်သေးလား။

ဖြေ။  ။ အဲဒီဟာက ကျမတို့ အမြဲတမ်းပြောပြောနေတဲ့ စကားရှိပါတယ်။ မြန်မာ့နိုင်ငံရေးကို နိုင်ငံသား အားလုံး ရှင်းသွားကြရမှာဖြစ် တယ်။ တိုင်းပြည်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ကို KNU က ခါးစည်းပြီး ခေါင်းခံပြီးတော့ ကျမတို့ လုပ်လို့မရပါဘူး။ တိုင်းရင်းသားလူမျိုးစုတွေအကုန်လုံး ဝိုင်းဝန်းညှိနှိုင်းပြီးတော့ဖြေရှင်းသွားရမှာဖြစ်ပါတယ်။ အဲဒီလိုဖြေရှင်းသွား မှလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆိုတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ရမှာပါ။ ကျမတို့အားလုံးသိထားတာ ရှိတယ်။ အိမ်ရှေ့ ပူလို့ရှိရင် အိမ် နောက် မအေးဘူး၊ အိမ်နောက် ပူလို့ရှိရင် အိမ်ရှေ့မအေးဘူးဆိုတာ ကျမတို့ သိထားတာရှိတယ်။ KNU က လူတတ်ကြီး လုပ်ပြီး တော့၊ တခါတည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ဆိုပြီးတော့ တဦးတည်း၊ တဦးကောင်းကြီး လုပ်သွားမှာမဟုတ်ပါဘူး။  ။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.5k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဒု သမ္မတ ဦးတင်အောင်မြင့်ဦး ဘယ်မှာလဲ

ဒု သမ္မတ ဦးတင်အောင်မြင့်ဦး ဘယ်မှာလဲ

ဗိုလ်နှုတ်ခမ်းမွေး ဆုငွေအရေး ထိုင်းစစ်တပ် တပ်လှန့်ထား

ဗိုလ်နှုတ်ခမ်းမွေး ဆုငွေအရေး ထိုင်းစစ်တပ် တပ်လှန့်ထား

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate