• English
Monday, September 25, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

        ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

        စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

        စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

        မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

        မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

        TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

        TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

        ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

        ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

        တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

        တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

        သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

        သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

        ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

        ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

        ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

        ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

          မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

          မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

          မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ကုသိုလ်ဆက်

          ကုသိုလ်ဆက်

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          မြင်းရိုင်းစီးခြင်း

          မြင်းရိုင်းစီးခြင်း

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          မြန်မာပြည်အပေါ်မှာ သစ္စာစောင့်သိရမယ်

          by ဧရာဝတီ
          9 June 2012
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          မြန်မာပြည်အပေါ်မှာ သစ္စာစောင့်သိရမယ်

          ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့ ဆူးလေစေတီအနီးရှိ ဗလီဝတ်ကျောင်းရှေ့တွင် ဆန္ဒပြသူ အစ္စလမ် ဘာသာဝင်များကို ကိုမြအေး လာရောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြရန် ပြောဆိုနေစဉ် (ဓာတ်ပုံ - Reuters)

          21.7k
          VIEWS
          Share on FacebookShare on Twitter

          လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ကိစ္စရပ်များ၊ အကြမ်းဖက်ကျူးလွန်မှုများနှင့် ဥပဒေစိုးမိုးရေး၊ ဘာသာရေးနှင့် အမျိုးသားရေးဝါဒ စသည်တို့နှင့် ပတ်သက်၍ အစ္စလမ် ဘာသာဝင်တဦးဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ အမြင်သဘောထားများကို ဧရာဝတီ သတင်းထောက် လင်းသန့်နှင့် နန်းဆိုင်နွမ်တို့က ဆက်သွယ်မေးမြန်းထားသည်။

          မေး။     ။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်းတောက ဆူပူရမ်းကားတဲ့ ကိစ္စ ရပ်တွေနဲ့ ပတ်သက်ပြီး ကိုမြအေးရဲ့ အမြင်သိပါရစေ။

          RelatedPosts

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          20 September 2023
          1.7k
          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          18 September 2023
          1.2k
          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          16 September 2023
          3.2k

          ဖြေ။     ။ ဒီကိစ္စက ဘာသာရေး အနေနဲ့ဆိုရင် လုံးဝမဖြစ်သင့်ဘူး။ ပြီးတော့ ရခိုင်ပြည်နယ်က အရင်ကတည်းက အေးအေးချမ်းချမ်း ရှိတဲ့နေရာပါ။ အဲဒီလိုဖြစ်သွားတော့ တော်တော်လေးကို မင်းမဲ့စရိုက်ဆန်တယ်။ ပျက်စီးဆုံးရှုံး သွားတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အိုးအိမ်တွေကို အရင်လို မူလအတိုင်း ပြန်လုပ်ပေးစေချင်တယ်။ အရေးအကြီးဆုံးအချက်က ဒီပြဿနာကို ပြည်မကို မကူးစက်စေချင်ဘူး။ ကျနော့်အနေနဲ့တော့ အမျိုးသားရေးအနေနဲ့  ရခိုင်တိုင်းရင်းသားတွေ ဘက်ကနေ ရပ်တည်ပေး၊ ကာကွယ်ပေးတဲ့ ဥပဒေတရပ်ကို ထုတ်ပေးစေချင်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်တွေ အေးချမ်းစွာနေထိုင်ပါစေ။ အပြင်က ဝင်လာတဲ့ ကူးစက်လာတဲ့ ပြဿနာကို ကျနော် လုံးဝလက်မခံနိုင်ဘူး။ အဲဒီအတွက် လုံး၀ ရှုံ့ချတယ်၊ ကန့်ကွတ်တယ် အဓိပ္ပာယ် မရှိဘူး။ မင်းမဲ့စရိုက်ဆန်ပြီး လူရိုင်းဆန်တဲ့ကိစ္စကို လုံးဝလက်မခံနိုင်ဘူး။ ထပ်ခါတလဲလဲ ပြောချင်တာက တာဝန်ရှိသူတွေ အဲဒီ ပြဿနာကို မြန်မြန်အရေးယူပေးပါ၊ အစိုးရက ကြပ်ကြပ်မတ်မတ် ဝင်ထိန်းပေးပါလို့ ပြောချင်တယ်။

          မေး။     ။ လတ်တလော ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသူလေး ကိစ္စကနေ လူမျိုးရေး ဘာသာရေး မုန်းတီးမှုအသံတွေ ပေါ်ပေါက်နေတဲ့အပေါ် ကိုမြအေးက ဘယ်လိုမြင်ပါသလဲ။

          ဖြေ။     ။ ဒါက လတ်တလော လက်ငင်းဖြစ်ပေါ်လာတဲ့ ပြဿနာပေါ့လေ။ ပြဿနာ တရပ်ဖြစ်ပေါ်ဘို့ဆိုတာ အကြောင်းများစွာ ရှိပါတယ်။ အဲဒီ အကြောင်းများစွာ တိုက်ဆိုင်လာတဲ့အခါမှာ ဒီပြဿနာတွေဟာ မီးပွားတခုလို စပြီး ဖြစ်လာတာပါ။ ပေါက်ကွဲတတ်တဲ့အခြေအနေမျိုးကို ရောက်လာခဲ့တာပါ။ ချက်ချင်းလက်ငင်းကြီး ဖြစ်လာတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ ရခိုင်ပြည်နယ်မှာ စစချင်း ရခိုင်အမျိုးသမီးလေးဖြစ်တဲ့ မသီတာထွေးကို မတရားပြုကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတဲ့ကိစ္စက လူ့အဖွဲ့အစည်းက အင်မတန်မှ လက်မခံနိုင်တဲ့ကိစ္စပါ။ လူ့အဖွဲ့အစည်းအပြင်ကို ရောက်သွားတဲ့ ကိစ္စ၊ ဘယ်ဘာသာတရား၊  ဘယ်လူမျိုး၊ ဘယ်စရိုက်ရှိတဲ့ လူပဲဖြစ်ဖြစ် လက်မခံနိုင်တဲ့၊ အလွန်ဆိုးဝါးတဲ့ အပြုအမူပေါ့ဗျာ။

          အလားတူပဲ တောင်ကုတ်မှာ ခရီးသွား ၁၀ ယောက်ကို ရက်ရက်စက်စက် သတ်ပစ်ကြတဲ့ ကိစ္စကလည်း လူ့အသိုင်းအဝန်းမှာ ဘယ်သူကမှ လက်ခံမှာ မဟုတ်ပါဘူး။ ဒါရှင်းပါတယ်။ အဲဒီအပေါ်မှာ ဘယ်သူကမှလည်း မြိန်ရည်ရှက်ရည်မပြောဘူး။ ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းတွေကို ပြန်ကြည့်ရင် ဒီနေရာမှာတော့ ကျနော် ပွင့်ပွင့်လင်းလင်း ပြောရမှာပဲ။ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသား ဦးရေက ၃.၈ သန်း လောက် ရှိတယ်လို့ ကျနော် လေ့လာချက်အရ သိရတယ်။ တဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သန်းရာကျော်ရှိနေတဲ့ အနေအထားမျိုးဆိုတော့ ဖြစ်လာမယ့် အန္တရာယ်တွေကို ရခိုင်အမျိုးသားတွေအနေနဲ့ စိုးရိမ်မှာပဲ၊ ပူပန်မှာပဲ၊ ဒါအမှန်ပဲ။ အဲဒါကို အပြစ်တင်လို့ မရဘူး။ ဒါက ရခိုင်ရဲ့ အမျိုးသားရေး ဝါဒဟာ၊ ရခိုင်အမျိုးသားပြဿနာ ရင်ဆိုင်ဖြေရှင်းနေရတာဟာ ကျနော်တို့ရဲ့ ပြဿနာလို့ ယူဆရမယ်။

          အလားတူပဲ ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေ အစဉ်အဆက်ရှိခဲ့တယ်။ မနေ့ကဆိုရင် ဆရာတော် ဝီရသူနဲ့ လိုင်းပေါ်မှာ စကားပြောရတယ်။ စကားပြောတဲ့အခါမှာလည်း သံတွဲမြို့ကို ဆရာတော်က ဥပမာ ပေးသွားတယ်။ သံတွဲမြို့က နေထိုင်သူတွေလို တဘက်နဲ့ တဘက်၊ ကိုးကွယ်တဲ့ ဘာသာ တရားတွေအချင်းချင်း အပြန်အလှန် လေးစားပြီး နေထိုင်သွားရမယ်။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ အစ္စလမ်ဘာသာဝင်တွေအနေနဲ့ကလည်း ဒီမြေပေါ်မှာ နေတယ်၊ ဒီရေသောက်တယ်၊ ဒီမြေကိုတော့ သစ္စာရှိရမယ်။

          ကျနော် အစ္စလမ်ဘာသာဝင် တယောက်ပါ။ အဲဒီတော့ အစ္စလမ်ဘာသာဝင် တယောက်အနေနဲ့လည်း ပြောဆိုနေခြင်း၊ တိုက်တွန်းနေခြင်းဖြစ်ပါတယ်။ အလားတူပဲ လူများစု ကိုးကွယ်တဲ့ ဘာသာတရားကို လူနည်းစုက လေးစားရမှာဖြစ်သလို၊ လူနည်းစုကိုလည်း လူများစုက မထိခိုက် မနစ်နာအောင် တဘက်နဲ့ တဘက် အကာအကွယ်ပေးပြီး စောင့်ရှောက် သွားရမှာဖြစ်တယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ သန်းပေါင်း ၆၀ လောက်ရှိတဲ့ လူတွေ လိုက်နာရမယ့် တရားလို့ ကျနော်မြင်တယ်ဗျ။ အဲဒါမှ လူ့အဖွဲ့အစည်းတရပ်လုံးဟာ အေးချမ်းသာယာတဲ့ ဘာသာရေးအရ၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံမှု ကင်းမဲ့တဲ့ စနစ်တခုကိုကျနော်တို့ ကောင်းကောင်းမွန်မွန် သွားနိုင်မှာပေါ့ဗျာ။

          မေး။     ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပေါ်တိုင်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပေါ် တတ်တဲ့ အလေ့ရှိတယ်။ ဒီအပေါ်မှာရော ဘယ်လို ရှုမြင်ပါသလဲ။

          ဖြေ။     ။ ဒီကိစ္စက ကျနော်တို့ နိုင်ငံမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပုံသေနည်းကြီးတခုလို ဖြစ်နေပြီဗျ၊ တခုခုဖြစ်တိုင်း ဘာသာ ရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်တာက ဟိုး ကိုလိုနီ ခေတ်ကတည်းကနေ ဒီကနေ့ ခေတ်အထိ မရိုးနိုင်တဲ့ လမ်းဟောင်းကြီးပဲ။ အဲဒီဟာတွေကို တချို့တချို့သော အစိုးရတွေက လုပ်သလို၊ တချို့တချို့သော မသမာတဲ့ အုပ်စုတွေကလည်း လုပ်တယ်ဗျ။ ဒီနည်းလမ်းကြီးကို ပညာတတ်တွေ၊ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတွေကလည်း သိနေပါပြီ၊ ရိုးအီနေပါပြီ။ ဒါပေမယ့် အဲဒီထောင်ချောက်ထဲကို အကြိမ်ကြိမ် သိလျှက်နဲ့ ဆင်းသက်နေကြတယ်။ အဲဒီတော့ ဘာဖြစ်လို့ ဆင်းသက်နေကြသလဲ ဆိုတဲ့ အဖြေကို ကျနော်တို့ စဉ်းစားရမယ်။ အဲဒီအဖြေရဲ့ အကြောင်းတရားကို ကျနော်တို့ မရှာဖွေကြည့်နိုင်ဘဲ ဘယ်လိုမှ ပြဿနာကို ရှင်းလို့ရမှာ မဟုတ်ဘူး။

          ကျနော်နားလည် တာကတော့ ကျနော်တို့ အစ္စလမ်ဘာသာဝင်တွေ အနေနဲ့ကလည်း ဒီမှာ နေထိုင်တဲ့အခါမှာ တခြားသော ဘာသာဝင်တွေနဲ့ သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေး အတွက်ကို ရှေ့ရှုရလိမ့်မယ်။ ဒီမှာက အစဉ်အဆက် နေထိုင်လာကြတဲ့ မြန်မာမွတ်ဆလင်တွေရှိတယ်။ မြန်မာမွတ်ဆလင်တွေနဲ့ ပတ်သက်လို့ သမိုင်းမှာလည်း ကြားမှာပေါ့ဗျာ။ ဥပမာ ဦးပိန်တံတား ဆောက်ခဲ့တဲ့ ဦးပိန်ဟာလည်း အစ္စလမ် ဘာသာဝင်တယောက် ဖြစ်တယ်။ ပြီးတော့ အများကြီးလည်း ရှိပါတယ်။ အဲဒါတွေတော့ ကျနော် ရွတ်မပြ နေတော့ပါဘူး။ မြန်မာမွတ်ဆလင် အနေနဲ့က ငါတို့ဟာ မြန်မာမြေ ပေါ်မှာနေတယ်။ မြန်မာ ရေ သောက်၊ မြန်မာဆန်စားပြီးကြီးတယ်။ မြန်မာပြည်အပေါ်မှာ သစ္စာစောင့်သိရမယ်ဆိုပြီးတော့ အားလုံးက ဒီလို စိတ်ထား ရှိကြပါတယ်။

          သို့သော်လည်း တဘက်က အုပ်စုကနေပြီးတော့မှ တိုင်းတပါးကနေ ကူးယူလာတဲ့ ယဉ်ကျေးမှုတွေနဲ့ ဝတ်စား ဆင်ယင်မှုတွေ၊ ဓလေ့စရိုက်တွေ၊ စကားပြောတာ ဆိုတာက အစပေါ့၊ ဒီလို ကျနော်တို့ ဆီကို တင်သွင်းလာတဲ့ အခါမျိုးမှာ မြန်မာမွတ်ဆလင်တွေ အနေနဲ့က ဆင်းရဲနွမ်းပါးမှု ပြဿနာကို ရင်ဆိုင် ကြုံတွေ့နေရတာကြောင့် တကြောင်း၊ နောက်တခုက ပညာ အသိနည်းပါးမှုက တကြောင်းကြောင့် အသုံးချခံရတဲ့ အဆင့်ကို ရောက်လာရတယ်ဗျ။ ရှင်းရှင်းပြောရရင် ရိုဟင်ဂျာသည် တိုင်းရင်းသားဆိုတဲ့ ကြွေးကြော်သံနဲ့ အတူ ရိုဟင်ဂျာအရေးဟာ အစ္စလမ့်အရေး ဖြစ်တယ်ဆိုပြီးတော့ ကျန်တဲ့ အစ္စလမ်ဘာသာဝင်အများစုကို အသုံးချဖို့ လုပ်လာတဲ့ သူတွေရှိတယ်။ ဒါက တဘက်ယူလိုက်ပါ။

          တဘက်ကလည်း Anti-Muslim (မွတ်ဆလင် ဆန့်ကျင်ရေး) အုပ်စုပေါ့။ အဲဒီကလူတွေက ဘာလုပ်လာလဲဆိုတော့ ရိုဟင်ဂျာအရေးကို အကြောင်းပြပြီးတော့ တခြားတခြားသော အစ္စလမ်ဘာသာဝင်တွေကို စည်းခြား ဆက်ဆံဖို့၊ ခွဲခြားဆက်ဆံဖို့ လုပ်လာတယ် အဲဒီအခြေအနေတွေကို မဖျောက်ပစ်နိုင်ရင် ဒီထောင်ချောက်ထဲကို အခုအဝင်ရင်တောင်၊ နောက်တခါ ပြန်ဆင်းသက်ဦးမှာပဲ။

          နောက်တချက်က ရခိုင်ပြည်နယ်အကြောင်း ပြောပါရစေ။ ရခိုင်အမျိုးသားတွေ အနေနဲ့က တဘက်က ဆင်းလာမယ့် အန္တရာယ်တွေကို နေ့နေ့ ညည ထိတ်လန့်ပြီးနေရတဲ့ ဘဝကို ဘယ်သူနေချင်မှာတုန်း။ ဒါကိုတော့ ကျနော်တို့ နားလည်ရမယ်။ ရခိုင်လူမျိုးတွေအနေနဲ့ စိတ်အေးချမ်းသာစွာနေဖို့အတွက် ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘာသာပေါင်းစုံက လူတွေ စိတ်အေးချမ်းသာ နေထိုင်နိုင်ဖို့အတွက်၊ တဘက်က ပြိုဆင်းလာမယ့် အန္တရာယ်ကို ပြတ်ပြတ်သားသား တားပေးဖို့ နိုင်ငံရေး ပေါ်လစီတွေ အခုကတည်းက ချမှတ်ဖို့ လိုပြီလို့ ထင်တယ်။ တပြိုင်နက်တည်းမှာ အစိုးရအနေနဲ့ တိုင်းတပါးသား ယဉ်ကျေးမှု ပုံတူကူးချထားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ယူလာတဲ့ သူတွေထက်ထက် လူနည်းစုဖြစ်တဲ့ ကျနော်တို့ မြန်မာ မွတ်ဆလင်တွေကို နည်းနည်း မျက်နှာသာပေးဖို့ လိုလာပြီလို့ မြင်တယ်ဗျ။ မျက်နှာသာပေးဖို့ ဆိုတာကလည်း တခြားအခွင့်အရေးတွေကို တောင်းနေတာ မဟုတ်ဘူးနော်။ မြန်မာ မွတ်ဆလင်တွေကို ဘာပေးပါ၊ ညာပေးပါ အဲဒီလိုမျိုး ကျနော်ပြောနေတာမဟုတ်ဘူး။ ကျနော်တို့ မြန်မာ မွတ်ဆလင်တွေ အနေနဲ့ မြန်မာ့ ဓလေ့စရိုက်နဲ့ အညီ နေထိုင်နိုင်ရေး အတွက် အစိုးရက ပံ့ပိုးပေးဖို့ လိုပြီလို့ ကျနော်ဆိုလိုခြင်းဖြစ်တယ်။

          ဒီအချိန်မှာ စကားတခွန်းမှားလို့ မရပါဘူး။ ကျနော်အကြိမ်ကြိမ် ပြောနေပေမယ့် ဒီကနေ့ထက်ထိ တိုက်ကြတုန်း ခိုက်ကြတုန်း။ အဲဒါကြောင့် သတိနဲ့ ထားပြီး ဒီစကားတွေကို ကျနော်ပြောနေတာပါ။ နောက်တခုက ဒီစကားတွေကို ကျနော်ပြောနေတာဟာ လုပ်ကြံလီဆယ်ပြီးပြောနေတာ မဟုတ်ဘူး။ ကျနော့်ရင်ထဲမှာ ရှိတဲ့ အတိုင်း ကျနော် ပွင့်ပွင့် လင်းလင်း ပြောနေတာ။ အဲဒီအတွက် ကျနော် မကြောက်လည်း မကြောက်ဘူး။ အားလုံးကို ရင်ဆိုင်ဖို့ ကျနော် အသင့်ရှိတယ်။ တာဝန်ယူရဲတဲ့ သတ္တိရှိတယ်။ ဒါကြောင့် အစိုးရကလည်း မြန်မာမွတ်ဆလင် အသိုင်းအဝန်းရဲ့ Change ကို အားပေးဖို့ လိုလိမ့်မယ်ဗျာ။ အဲဒါမှလည်း ကျနော်တို့ တိုင်းပြည်ဟာ ညီညီညွတ်ညွတ်နဲ့ တကယ့်ကို ဘာသာချင်း လေးစားမှုတွေ၊ လူမျိုးချင်း လေးစားမှုတွေနဲ့ တည်ဆောက်နိုင်မှာဖြစ်တယ်။ ဒါမြန်မာ မွတ်ဆလင် ပြဿနာနဲ့ ရခိုင်ပြဿနာ ၂ ခုကိုပဲ ကျနော် ညွှန်းတာ။ တခြားသော တိုင်းရင်းသားကိစ္စပါ တဆက်တည်း ပြောချင်တယ်။ တခြားတခြားသော တိုင်းရင်းသားတွေ ကိစ္စလည်း ကျနော်တို့အနေနဲ့ တန်းတူအခွင့်အရေးတွေ ပေးနိုင်ဖို့အတွက် တပြိုင်နက်တည်းမှာ ဆက်ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ အဲဒီအတိုင်းဆို သိပ်မကြာဘူးဗျ။ ကျနော်တို့တိုင်းပြည် ညီညွတ်မှုရပြီး အားကောင်းတဲ့ နိုင်ငံတနိုင်ငံဖြစ်လာမှာပါ။

          မေး။     ။ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဆိုတဲ့ ရုပ်ဆိုးအကျဉ်းတန်တဲ့ ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပေါ်အောင် မြန်မာမွတ်ဆလင်တဦးအနေနဲ့ရော၊ တက်ကြွ လှုပ်ရှားသူတဦး အနေနဲ့ရော၊ နိုင်ငံသား တဦးအနေနဲ့ပါ ဘာတွေ လုပ်ဆောင်သင့်တယ်လို့ မြင်ပါသလဲ။

          ဖြေ။     ။ ကျနော်စောစောက ပြောသလိုပဲ အစိုးရပိုင်းက မြေတောင်မြှောက်ပေးဖို့ လိုတယ်။ နောက်ဆုံးဗျာ၊ အစိုးရက မြေတောင်မမြှောက် ပေးချင်ရင်တောင်နေပါ။ အစိုးရအနေနဲ့ အမုန်းတရားတွေ ပိုပြီးပွားမယ့်ကိစ္စရပ် မျိုးတွေမှာ ဝင်ရောက်ပြီး တိတိကျကျ ထိမ်းသိမ်းပေး စေချင်တယ်။ ဆိုလိုတာက ရာဇဝတ်မှု ကျူးလွန်တာက ကျူးလွန်တာပဲ။ ကျူးလွန်တဲ့အပေါ်မှာ ဘာသာရေးတွေ၊ လူမျိုးရေးတွေ ခွဲခြားနေဖို့ မလိုဘူးပေါ့။ မှုခင်းဂျာနယ်တွေလည်း ဖတ်နေကြတာပဲ။ လူသတ်မှု၊ မုဒိန်းမှုဆိုတာတွေ ဖြစ်နေကြတာပဲ။ ဒီလို ကျူးလွန်တဲ့လူတွေဟာ သူတို့နဲ့သက်ဆိုင်တဲ့ လူမျိုး၊ ကိုးကွယ်တဲ့ ဘာသာနဲ့ ဘာမှမဆိုင်ဘူး။

          ဒီတခေါက် ထောင်ထဲရောက်တော့ ကျနော် သေဒဏ်တိုက်မှာ နေခဲ့ရတယ်။ ရေချိုးချတဲ့အချိန်မှာ သူတို့အမှုဖြစ်စဉ်တွေကို ဖတ်ဖြစ်တော့ ထမင်းစားချင်စိတ်တောင် မရှိတော့ဘူး။ အဲဒီမှာ ဒီလိုပဲ ၅ နှစ် ကလေးလေးကို မတော်မတရားကျင့်ကြံပြီး သတ်လိုက်တဲ့ အမှုတွေလည်း တွေ့တယ်ဗျာ။ အလားတူ အသက် ၆၀ ကျော် အဖိုးကြီး အဖွားကြီးတွေကို သတ်ပစ်တဲ့ ကိစ္စတွေလည်း ရှိတယ်ဗျာ။ အဲဒါတွေဟာ ကျနော့်စိတ်ထဲမှာ ဘယ်လိုမှ ခံစားလို့ မရဘူး။ အဲဒီလို လုပ်တဲ့လူတွေဟာလည်း ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံပါ။ ဒါပေမယ့် အဲဒါတွေကို ကျနော်တို့က ဘာသာတွေ လူမျိုးတွေနဲ့ ပြောလို့မရဘူး။ အကျင့်ပျက်တဲ့လူက အကျင့်ပျက်တာပဲ။ တကယ့်အများစုက အကျင့်ပျက်နေလား။ အကျင့်ပျက်တဲ့လူတွေကို မည်သည့် ဘာသာပဲဖြစ်ဖြစ်၊ မည်သည့် လူမျိုးပဲဖြစ်ဖြစ် နံပတ် ၁ လူ့အဖွဲ့ အစည်းရဲ့ အပြင်ကို ထုတ်ရလိမ့်မယ်။ နံပတ် ၂ အချက်က ကျနော်တို့အားလုံးဟာ လူသားချင်း အားလုံးအခြေခံ အတူတူပဲ ဆိုတဲ့အပေါ်မှာ တယောက်နဲ့ တယောက် အပြန်အလှန် လေးစားပြီး ဆက်ဆံကြရမယ်။ နံပတ် ၃ မြန်မာပြည် အတွက်ပြောမယ်ဆိုရင် နိုင်ငံသား Rights ဆိုတဲ့အပေါ်မှာ ဘယ်သူ့ဘယ်သူကိုမှ နိုင်ငံသားတိုင်းကို ဘာသာရေးအရ၊ လူမျိုးရေးအရခွဲခြားဆက်ဆံမှု မရှိအောင် ကျနော်တို့ ဖန်တီးယူသွားရမယ်။ အဲဒီလို လုပ်မှ ရလိမ့်မယ်လို့ ကျနော် မြင်တယ်။

          မေး။     ။ အားလုံးခြုံပြီး ကြည့်လိုက်ရင် ဒီဖြစ်စဉ်က တရားဥပဒေစိုးမိုးမှု အားနည်းချက်တွေကို ဖော်ပြနေတယ်လို့ ယူဆပါသလား။

          ဖြေ။     ။ တရားဥပဒေဆိုတဲ့ ပြဿနာဘဲဗျ။ တရားဥပဒေဆိုတဲ့ သဘောတရားကို ပြောတာတော့ လွယ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ တရားဥပဒေက ပွစိတက်နေတယ်။ ကျနော်တို့ ကိုလိုနီခေတ်က ဥပဒေလည်း အခုထက်ထိ ရှိနေတုန်း။ ဖဆပလခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ နောက်တခါ နဝတ စစ်အစိုးရခေတ်၊ ဒီဘက် နအဖ စစ်အစိုးရ ခေတ်၊ အဲဒီတော့ အစရှိတဲ့ ဥပဒေတွေ အကုန်လုံးက ပွစိတွေတက်နေတယ်။ ဥပမာအားဖြင့်ပြောမယ်ဆိုလို့ရှိရင် အရေးပေါ် အက်အနေနဲ့၊ နိုင်ငံရေးတော့ ပါပြီပေါ့ဗျာ။ ၅ ည ၁၀ (က) ပုဒ်မတွေ၊ ဒီကနေ့ထက်ထိ ဖြုတ်ထားတာ မရှိသေးဘူး။ နောက် မှောင်ရိပ်ခိုမှုဆိုတာ အမျိုးမျိုးလုပ်လို့ရတဲ့ အခြေအနေတွေလို စသဖြင့်ရှိနေတယ်။ ဆိုတော့ အဲဒါတွေကို ဥပဒေ ပညာရှင်တွေ အနေနဲ့ သေသေချာချာ ပြန်သုံးသပ်ပြီးတော့မှ နိုင်ငံသားအားလုံးကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတရပ်ကို ရေးဆွဲပြဌာန်းပေးဖို့ လိုလိမ့်မယ်။ ကျနော်တို့နိုင်ငံ တည်ဆောက်တယ်ဆိုတာက အစကနေ ပြန်စလုပ်ရမှာ။ အများကြီးလုပ်ရမှာ။ အစိုးရကို ကျနော် ကိုယ်ချင်းစာပါတယ်။ အစိုးရကို Blame မလုပ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက အခု အုပ်ချုပ်တာ တနှစ်ကျော်လေးပဲ ရှိသေးတယ်။ သို့သော် ကျနော်တို့ဘက်ကပြောတာက အစိုးရ အနေနဲ့ကလည်း ကျနော်တို့ ဒီဘက်က ပြောနေတဲ့ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီးတော့မှ အားလုံးလေးစား လိုက်နာနိုင်တဲ့ မျှတတဲ့ ဥပဒေ ဖြစ်အောင် ပြည်သူ့လွှတ်တော်က လည်းတင်သွင်းအတည်ပြုမယ်၊ အစိုးရကလည်း အဲဒီဥပဒေတွေအတိုင်း ဟိုးအောက်ဆုံး ဝန်ထမ်းအဆင့်အထိ လေးစားလိုက်နာတယ် ဆိုရင်တော့ တရားဥပဒေကို လေးစားမှုနဲ့ တရားဥပဒေရဲ့ အကျိုးသက်ရောက် မှုတွေကို သန်းပေါင်း ၆၀ ကျော်သော ပြည်သူတွေ ခံစားရမှာပဲဖြစ်တယ်။ ဒါမှ မဟုတ်ဘဲနဲ့ ဥပဒေဟာ တဖက်ဖက်ကို ယိမ်းနေတယ်၊ ဥပဒေဟာ အုပ်ချုပ်သူ လူတန်းစားကိုပဲ အကာအကွယ် ပေးနေတယ်ဆိုရင်တော့ ဥပဒေရဲ့ အကာအကွယ် ကို သန်းပေါင်း ၆၀ က ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်ဘူး။

          မေး။     ။ အခု ကိုမြအေး ပြောသွားတဲ့အထဲမှာ ရိုဟင်ဂျာအရေးဆိုတာ ပါလာပါတယ်။ ဒီကိစ္စကလည်း အတော် ကျယ်လောင် နေတဲ့ ကိစ္စဖြစ်ပါတယ်။ ကိုမြအေးအနေနဲ့ရော ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ သဘောထား ဘယ်လိုရှိပါသလဲ။

          ဖြေ။     ။ ကျနော့်အမြင်နဲ့ ပြောရရင် ကျနော်က အရာ အားလုံးကို နိုင်ငံသားဆိုတဲ့ အခြေခံအပေါ်က စဉ်းစားပါတယ်။ ပြီးတော့ ရိုဟင်ဂျာဟာတိုင်းရင်းသား တမျိုးဖြစ်ပါတယ်ဆိုတဲ့ တင်သွင်းလာတဲ့ အခြေအနေကျတော့ ရခိုင်လူမျိုးတွေ စိုးရိမ်မှာပါပဲ။ ကျနော်ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား အဖြေပေးပါမယ်။ ရိုဟင်ဂျာဟာ တိုင်းရင်းသားဆိုတဲ့ ကိစ္စကို ကျနော်လုံး၀ လက်မခံပါဘူး။ ကျနော့်သဘောထား အပြတ်ပြောပြတာပါ။  ကျနော်မေတ္တာရပ် ခံချင်ပါတယ် ဒီနိုင်ငံမှာနေတဲ့ အတွက် နိုင်ငံသားအခွင့်အရေးကို ဒီနိုင်ငံသားအားလုံး လူမျိုးဘာသာ မခွဲခြားဘဲ အားလုံးတန်းတူ ရသင့်ပါတယ်။ ရိုဟင်ဂျာ အရေးကို ဗန်းပြပြီး အစ္စလမ်ဘာသာဝင်တွေ ဒုက္ခရောက်မယ့်၊ ခွဲခြား ဆက်ဆံမှုမျိုးဖြစ်မယ့် ကိစ္စမျိုး မဖန်တီးကြဖို့ အားလုံးကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။

          မေ။     ။ ကိုမြအေးရဲ့ သမီးဖြစ်တဲ့ Burma Campaign U.K က မဝေနှင်းပွင့်သုံနဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေဘက်က အခွင့်အရေး တောင်းဆိုတဲ့သူပါဆိုပြီး ဝေဖန်ကြတဲ့ ကိစ္စနဲ့ပတ်သက်လို့  ဘာပြောချင်ပါသလဲ။

          ဖြေ။     ။ ကောင်းပါတယ်။ ဒီမေးခွန်းကို ကျနော်ဖြေချင်နေတာကြာပါပြီ။ ကျနော်ထောင်က ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်တယ်ဗျ။ လွတ်တဲ့အခါမှာ ကျနော့်ရဲ့ မိတ်ဆွေစစ်မိတ်ဆွေမှန်တွေက ကျနော့်ဆီ သမီးနဲ့ပတ်သက်ပြီး ဒီလို ဒီလိုပဲဆိုပြီး ပြောကြပါတယ်။ ကိုမြအေးရေ ထိန်းပေးပါပေါ့။ ကျနော့်သမီးနဲ့ ကျနော် ဖုန်းချက်ချင်း ဆက်ပါတယ်။ ကျနော်ပြောပြမယ်ဗျာ။ ကျနော့်သမီးဟာ ၁၀ တန်းအောင်ပြီး နိုင်ငံခြားကို ထွက်သွားရတယ်။ ကျနော်က ကျနော့်သမီး ဘက်က လိုက်ပြီးပြောတယ်၊ ဘက်လိုက်ပြီးပြောတယ်လို့ ပြောကြမယ်ဗျာ။ ကျနော်ဘက်မလိုက်ပါဘူး။ ကျနော် ကျနော့်သမီးကို သမီး နားလည်သလား။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး နားလည်တယ်ဆိုရင် ပြော၊ နားမလည်ဘူးဆိုရင် သူများရဲ့ အသုံးချခံဘဝကိုတော့ မရောက်စေပါနဲ့၊ အဲဒီဟာကို မလုပ်ဖို့ မကိုင်ဖို့ဆိုတာကို ကျနော်ပြောတယ်။

          နောက် Burma Campaign U.K က တာဝန်ရှိတဲ့သူတွေနဲ့ ကျနော်တွေ့တဲ့ အခါမှာ ခင်ဗျားတို့ အဲဒီကိစ္စကို လုံး၀ မလုပ်ပါနဲ့ဆိုတာကို တိတိလင်းလင်းကျနော် ပြောကြားခဲ့တယ်။ ကျနော်ပြောတဲ့ အချိန်ကစပြီး သမီးကလည်း သူ့ကိုယ်သူ ဆင်ဆင်ခြင်ခြင်နဲ့ နေထိုင်လုပ်ကိုင်နေတာ ခင်ဗျားတို့ နောက်ပိုင်းကြားမှာပါ။ ကျနော့်သမီးနဲ့ပတ်သက်ပြီး ကျနော် တာဝန်ယူတယ်။ သူလုပ်တာ မဟုတ်ဘူးဗျ။ ကလေးဆိုတော့၊ လူငယ်ဆိုတော့ သူ့အနေနဲ့က လုပ်ချင်ကိုင်ချင်စိတ်က များတယ်။ ကျနော်တို့လိုတော့ နိုင်ငံရေးကို ဘယ်နားလည်နိုင်သေးမလဲဗျာ။ ကျနော် မေတ္တာရပ်ခံပါတယ်။ ရိုဟင်ဂျာကိစ္စ ဆန္ဒပြတာမှာ သမီးဟာ ယောင်ပြီးတော့ ပါသွားမိတယ်လို့ ကျနော်နားလည်တယ်။ နောက်လုပ်စရာ အကြောင်းအရင်းလည်း မရှိသလို နောက်ထပ်မဖြစ်တော့ဘူးဆိုတာ ကျနော် အာမခံတယ်။     ။

          Your Thoughts …
          Tags: 8888Rakhine State
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          ခရစ်စတိုဖာ ဂန်းနက်စ်သည် ဘီဘီစီတွင် ထုတ်လုပ်သူ၊ သတင်းထောက်၊ နိုင်ငံရပ်ခြား သတင်းထောက်၊ သတင်းဖတ်ကြားသူ အဖြစ် ၂၃ နှစ် အလုပ်လုပ်ခဲ့သည်။ (source: bbc.co.uk)

          ခရစ်စတိုဖာ ဂန်းနက်စ်ရဲ့ ရှစ်လေးလုံး

          by ဧရာဝတီ
          6 August 2013
          6.3k

          မြန်မာပြည်သူတွေဟာ သူတို့ ဆန္ဒနဲ့ သူတို့ အုံကြွခဲ့ကြတာပါ။ သူတို့တွေသာလျှင် ၁၉၈၈ ရဲ့ သူရဲကောင်း အစစ်အမှန်တွေ ဖြစ်ပါတယ်။ ကျနော် လုပ်ခဲ့သမျှက ဒီအကြောင်းတွေကို သတင်းပို့ ရုံပါပဲ။

          ၈၈ အရေးတော်ပုံ, နိုင်ငံရေး

          ရှစ်လေးလုံးကာလ နယ်ဝန်ထမ်းတဦး၏ ဘဝအတွေ့အကြုံ

          by မောင်ဆွေဝင်း (ပဲခူး)
          7 August 2015
          14.2k

          အစိုးရက စပါးနှင့် တခြားသီးနှံများကို ထင်သလောက် ဝယ်မရသောကြောင့် သီးနှံများကို အခွန်ငွေအစား ကောက်ခံရန် ညွှန်ကြားခြင်းဖြစ်သည်။ ဒီမှာတင် ကျနော်နှင့် ကုန်သွယ်/လယ်ယာ မန်နေဂျာတို့ အလုပ်ရှုပ်ကြပါတော့သည်။

          ၈ လေးလုံး အရေးတော်ပုံ, စစ်ထောက်လှမ်းရေး, ဘီဘီစီ, အင်းစိန်ထောင်,

          ၈၈ ရဲ့တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း အပိုင်း (၄)

          by နေမင်း
          17 October 2014
          35.5k

          သို့သော် လူငယ်လေး မှာလည်း သည်းထန်စွာ ငိုယိုနေသဖြင့် “မင်းတကယ်ပဲ ခေါင်းဖြတ်ခဲ့ သလားကွာ” ဟု စာရေးသူက လေသံ ယဲ့ယဲ့ဖြင့် မေးလိုက်သည့် အခါ လူငယ်လေးမှာ အော်၍ ချုံးပွဲချ ငိုပါတော့သည်

          ၈၈ ရဲ့တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း အပိုင်း (၉)

          ၈၈ ရဲ့တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း အပိုင်း (၉)

          by နေမင်း
          24 November 2014
          52.4k

          ညွှန်ကြားရေးမှူး ဗိုလ်ခင်ညွန့်၏ လက်မှတ်ဖြင့် တန်ပြန် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်ရေး ညွှန်ကြား ချက်ကို ထောက်လှမ်းရေး တပ်ဖွဲ့ ၁၇ ဖွဲ့သို့ ၁၉၈၈ ဩဂုတ်လ ၂၂ နေ့က ထိပ်တန်း လျှို့ဝှက် အဆင့်...

          ၈၈ ရဲ့တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း (နိဂုံး)

          by နေမင်း
          15 December 2014
          31.3k

          ဒုကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်သန်းရွှေဆိုလျှင် ၈၈ ဒီမိုကရေစီ အရေးတော်ပုံသာ မပေါ်ပေါက်ပါက ကျန်း မာရေး အကြောင်းပြချက်ဖြင့် ဆေးပင်စင်သွားရန် မဆလ ခေါင်းဆောင်ပိုင်းက ညွှန်ကြားထားခြင်းခံရသူဟု တပ်မတော် စစ်ဆေးရုံ အသိုင်းအဝိုင်း၌ သတင်းထွက်ခဲ့သူ ဖြစ်ပါသည်။

          မြန်မာ့အလင်း သတင်းစာတိုက် အလုပ်သမားများ အရေးတော်ပုံသို့ ပူးပေါင်းလာစဉ် / ထိန်ဝင်း

          မှုန်ဝါးနေဆဲ ရှစ်လေးလုံး ရည်မှန်းချက်များ

          by သဇင်လှိုင်
          7 August 2020
          20.5k

          ယခင်နှစ်များလိုပင် ရှစ်လေးလုံးနေ့တွင် တံတားနီ (တံတားဖြူ) မှာ ဖြစ်ဖြစ်၊ ဆူးလေမှာ ဖြစ်ဖြစ် အမှတ်တရ နှင်းဆီနီတွေ ဝေနေဦးတော့မည်။ အမျှဝေသံများ ညံစီနေဦးတော့မည်

          Next Post

          ရန်ကုန်မြို့တွင် ရခိုင်ပြည်နယ် အကြမ်းဖက်ခံရမှု ရှုတ်ချဆန္ဒပြ

          ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်မခံဟု ၈၈ ကျောင်းသားများ ပြော

          ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်မခံဟု ၈၈ ကျောင်းသားများ ပြော

          Please login to join discussion
          No Result
          View All Result

          Recommended

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          3 days ago
          8.5k
          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          2 weeks ago
          26.6k

          Most Read

          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

            shares
            Share 0 Tweet 0
          • စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

            shares
            Share 0 Tweet 0
          • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

            shares
            Share 0 Tweet 0
          • တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved