• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဒဏ်ရာများကို ရင်ဝယ်ပိုက်ရင်း

by အေးချမ်းမြေ့
24 August 2012
in သူ့အတွေး သူ့အမြင်
A A
ဒဏ်ရာများကို ရင်ဝယ်ပိုက်ရင်း

(ကာတွန်း - နသာ)

3.1k
VIEWS
Share on FacebookShare on Twitter

ပေါ်ပြူလာ သတင်းဂျာနယ်ရဲ့ facebook စာမျက်နှာပေါ်မှာ တွေ့လိုက်ရတဲ့ ကာတွန်းတကွက်က လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို ကွင်းကွင်းကွက်ကွက် မီးမောင်း ထိုးပြနေသလိုပါပဲ။

ကာတွန်းဆရာကြီး နံ့သာရဲ့ တကွက် ကာတွန်းလေး ဖြစ်ပါတယ်။ လှောင်ချိုင့်ထဲက လွှတ်ပေးလိုက်တဲ့ ငှက်တကောင်ဟာ လွတ်လွတ်လပ်လပ် ပျံသန်းသွားရမယ့် အစား ချိုင်းထောက်နဲ့ ထော့နင်းထော့နင်း လျှောက်သွားနေရတဲ့ ပုံလေးပါ။ အဲဒီငှက်က ငှက်တကောင်မှာ ရှိရမယ့် အတောင်အလက်တွေ မစုံလင်တော့ဘဲ အမွေးတွေကျွတ်ပြီး ဒဏ်ရာပရပွနဲ့ ဖြစ်နေတာ တွေ့ရပါတယ်။ လှောင်ချိုင့်မှာ ချိတ်ဆွဲထားတဲ့ စာရွက်မှာတော့ “၄၈ နှစ်နဲ့ ၁၄” ရက် တဲ့။ ငှက်ရဲ့ ခန္ဓာကိုယ် အနှံ့မှာလည်း ပုံနှိပ်စာလုံး တချို့ တွေ့ကြရမှာ ဖြစ်ပါတယ်။

RelatedPosts

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

22 May 2025
1.8k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
2.5k
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
281

ဒီကာတွန်းကို ကြည့်ပြီး ပြုံးမိသလို၊ အတွေးများစွာလည်း ဖြန့်ကျက်မိပါတယ်။ ဒီကာတွန်းလေးက လက်ရှိ စာနယ်ဇင်း လောက ကြုံတွေ့နေရတဲ့ အခြေအနေကို သရုပ်ဖော်နေသလို၊ အရင်က နည်းမျိုးစုံနဲ့ အဖိနှိပ်ခံခဲ့ရတဲ့ အတွက် နလံမထူနိုင်တော့တဲ့ စာပေ၊ အနုပညာ အပါအဝင် သတင်းဂျာနယ် တွေရဲ့ လက်ရှိ အနေအထားကို ပြသနေတာနဲ့ အတူတူပါပဲ။

မြန်မာပြည်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စာပေစိစစ်ရေးကြီး မကြာသေးခင်ကပဲ အဆုံးသတ်သွားပြီ ဆိုတာ အားလုံး အသိပါ။ အဲဒီအတွက် ပြည်သူလူထု အပါအဝင် သက်ဆိုင်သူ အားလုံး သာဓုကို နှစ်ကြိမ်ပဲ ခေါ်နိုင်သလို ၁၀၀ ရာခိုင်နှုန်း မပျော်နိုင်ကြတာကလည်း အမှန်တရား တခုပါပဲ။

တကယ်ဆိုရင်တော့ ကြိုတင်စိစစ်ဖြတ်တောက်မှု ဆိုတာကြီး မရှိတော့တာ ဝမ်းသာရမှာပါ။ စာနယ်ဇင်း သမားတွေ အထိုက်လျောက်လည်း ဝမ်းသာကြပါတယ်။ ဒါပေမယ့် သေသေချာချာ ပြန်စဉ်းစားလိုက်တော့ ကြိုတင်စိစစ် ဖြတ်တောက်မှု မရှိတော့တာက လွဲရင် ချုပ်ကိုင်မှုတွေက ဟိုအရင်ကနဲ့ ဘာမှ မခြားဘူးဆိုတာ တွေ့ရပါတယ်။ ပိုဆိုးတာက ကိုယ့်တာဝန် ကိုယ်ယူ၊ ကိုယ့်ဘာသာ ကြိုတင်စိစစ်ဖြတ်တောက်ကြ၊ တက်လာတဲ့ ပြဿနာ ကိုယ့်ဘာသာရှင်းဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။

တက်လာတဲ့ ပြဿနာ ဆိုတာလည်း ဘယ်နေရာက ဘယ်လိုပုံစံနဲ့ ဝင်လာမယ်မှန်းမသိတဲ့ အန္တရာယ်တွေ ဖြစ်ပါတယ်။ ကြိုတင် စိစစ်ဖြတ်တောက်မှုတော့ မရှိတော့ဘူး၊ ဒါပေမယ့် ချပေးလိုက်တဲ့ ၁၆ ချက်ကို လိုက်နာကို လိုက်နာရမယ်၊ မလိုက်နာရင် ဘာလုပ်မလဲ မပြောဘူး၊ အရေး ဘယ်လိုယူမလဲ မသိဘူး၊ ဘယ်လောက်အထိ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ထိနိုင်မလဲ ဆိုတာလည်း မရေရာဘူး ဆိုတဲ့ အနေအထားကို စာနယ်ဇင်းသမားတွေ ရင်ဆိုင်နေရတာပါ။

အဲဒါကြောင့်လည်း ကာတွန်း နံ့သာရဲ့ သတင်းငှက်က လှောင်ချိုင့် အပြင်ကို ထွက်လာပေမယ့် မပျံနိုင်ဘဲ ချိုင်းထောက်နဲ့ ထော့နင်း၊ ထော့နင်း ဖြစ်နေတာပါ။ အဲဒါကတော့ တံခါးဖွင့်ပြီး လွှတ်ပေးလိုက်ပေမယ့် ဒီ ၁၆ ချက်နဲ့ မပျံနိုင်အောင် အတောင်ချိုး ထားတာလား လို့ တွေးချင်စရာ ကောင်းပါတယ်။

နောက်တချက် တွေးမိတာကတော့ ၄၈ နှစ်လုံးလုံး နလံမထူနိုင်အောင် အနှိပ်စက်ခံခဲ့ရလို့ ဒီစာနယ်ဇင်း ငှက်က မပျံတတ်တော့တာလည်း ဖြစ်နိုင်ပါတယ်။

မြန်မာပြည်ရဲ့ စိစစ်ရေးသက်တမ်း တလျှောက်ကို ပြန်ကြည့်ရင် ခေတ် ၄ ခေတ် ခွဲလို့ရမယ်လို့ ထင်ပါတယ်။ စိစစ်ရေး ဆိုတာကြီးကို စပြီး မျိုးစေ့ချပေးလိုက်တာကတော့ ကွယ်လွန်သူ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) ခေါင်းဆောင်ကြီး ဦးနေဝင်းပါ။ မြန်မာပြည်မှာ သူအုပ်စိုးစဉ်ကာလ တလျှောက်လုံး စာပေ၊ အနုပညာ အားလုံးကို ဘယ်လို ဖြတ်တောက် နှိပ်ကွပ်ခဲ့တယ်ဆိုတာ ဖြတ်သန်းခဲ့ဖူးသူတွေရဲ့ စကားအရ သိရပါတယ်။

မကြာသေးခင်က ချင်းမိုင်ကို အလည်ရောက်နေတဲ့ တေးရေး ကဗျာဆရာ သုခမိန်လှိုင်နဲ့ စကားစပ်မိတော့ အဲဒီခေတ်က စိစစ်ရေးရဲ့ လုပ်ကိုင်ပုံနည်းလမ်းတွေကို သူက ပြောပြပါတယ်။ နာမည်ကြီးပြီး အရမ်း ရောင်းနေရတဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေကို ပိတ်ချင်တော့ မထုတ်ရဘူးဆိုတဲ့ အမိန့် မချဘဲ စာရွက် ထုတ်မပေးတော့တာမျိုး လုပ်တယ်၊ သူ့ရဲ့ အရင်နာမည် သိဒ္ဒတ္ထလှိုင်ကို အစိုးရက မကြိုက်တော့ ဒီနာမည် မသုံးရဘူးလို့ အမိန့်မထုတ်ဘဲ ပုံနှိပ်စက်တွေကို ဒီနာမည်ပါလာလို့ ရိုက်ပေးတဲ့ ပုံနှိပ်စက်ကို အရေးယူမယ်ဆိုပြီး လိုက်ပြောတယ် ဆိုတဲ့အကြောင်း (ဦး) သုခမိန်လှိုင်က ပြောပြပါတယ်။

မဆလ ခေတ်မှာ လူဖြစ်ရတဲ့ ကျမတို့ကတော့ စာတပုဒ်၊ ကဗျာတပုဒ်ကို ဖတ်လိုက်တိုင်း ဘယ်လိုအဓိပ္ပာယ်ဝှက် နောက်ကွယ်မှာ ပါနေနိုင်သလဲ ဆိုတာကို ရှာဖွေတတ်ခဲ့ပါတယ်။ အဲဒီခေတ်က သတင်းဂျာနယ် ဆိုတာတွေလည်း မရှိသလို အစိုးရထုတ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံ၊ ဗိုလ်တစ်ထောင်၊ လုပ်သား စတဲ့ သတင်းစာတွေက သတင်းတွေကိုပဲ ဖတ်ခဲ့ရတာပါ။ မဆလခေတ် ကုန်ခါနီး ကာလ၊ ကျမတို့ လူငယ်ဘဝမှာတော့ မဂ္ဂဇင်းတွေ၊ ဝတ္ထုတိုတွေ၊ ကဗျာတွေ အားကောင်းခဲ့တာ မှတ်မိပါတယ်။ အဲဒီခေတ်ကာလကကို စာရေးဆရာတွေက ဝတ္ထုတို ရွှေခေတ်လို့ကို ခေါ်ကြပါတယ်။ ဒါပေမယ့် အနုပညာရှင်တွေ ဖန်တီးထားတဲ့ စာပေ အနုပညာတွေဟာ မထွက်ခင်က အဖြတ်တောက် ခံရရုံမကဘဲ၊ ထွက်ပြီး စာအုပ် ဖြစ်ပြီး ချိန်မှာတောင် စာရွက်တွေ အဖြဲခံရတာ၊ စာမျက်နှာပေါ်မှာ မင်အမည်းတွေ သုတ်ခံရတာ တွေ့ရပါတယ်။ အဲဒီ အဖြစ်အပျက်တွေက တကယ်ကို ရုပ်ဆိုးခဲ့သလို စာပေသမားတွေ၊ အနုပညာသမားတွေလည်း အတော့်ကို ခံရခက်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာ စာပေစိစစ်ရေး စတင်ခဲ့တာ ဖြစ်တဲ့အတွက် မဆလ အစိုးရ ပြုတ်ကျချိန်မှာ စာပေစိစစ်ရေးရဲ့ သက်တမ်းက ၂၄ နှစ်တိတိ ရှိခဲ့ပါပြီ။

စိစစ်ရေး နောက်တခေတ်ကတော့ ၁၉၈၈ နောက်ပိုင်း မဆလ အစိုးရပြုတ်ကျပြီး အိမ်ခဏစောင့်မယ် ဆိုတဲ့ စစ်အာဏာရှင် အစိုးရလက်အောက် ကာလပါ။ ပိုပြီး တိတိကျကျ ပြောရရင် စစ်ထောက်လှမ်းရေး ခေတ် ဖြစ်ပါတယ်။ အဲဒီကာလကတော့ သတင်းဂျာနယ်တွေ ထုတ်ဝေခွင့် မရသေးပေမယ့် စာပေ အနုပညာနဲ့ ဖျော်ဖြေရေးကဏ္ဍတွေပါတဲ့ အပတ်စဉ် ဂျာနယ်တွေ တော့ ထုတ်နေကြပါပြီ။ အဲဒီခေတ်မှာ စိစစ်ရေးက သူတို့ မဖြုတ်မိလိုက်၊ မမြင်မိလိုက်တဲ့ စာကြောင်းတွေ၊ စာပိုဒ်တွေ၊ ကာတွန်းတွေ မဂ္ဂဇင်းထဲ၊ ဂျာနယ်တွေထဲမှာ ပါသွားပြီဆိုရင် နောက်ကလိုက်ပြီး ဖြဲခိုင်းတာ၊ ငွေမှင်နဲ့ သုတ်ခိုင်းတာတွေ လုပ်တုန်းပါ။ ဒါကတော့ မဆလခေတ်နဲ့ မခြားပါဘူး။

၁၉၉၄ ခုနှစ် လောက်က ဆိုရင် စစ်ထောက်လှမ်းရေး လက်အောက် စာပေစိစစ်ရေးရဲ့ လုပ်ရပ်ကို ကျမကိုယ်တိုင် မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။ ကျမ အသိ မဂ္ဂဇင်းတိုက်တတိုက်ကို အလည်ရောက်သွားတုန်း ကြုံခဲ့ရတာပါ။ အဲဒီမဂ္ဂဇင်း ရိုက်ပြီး ဖြန့်ခါနီးမှ နောက်ကလိုက်ပြီး ဆောင်းပါးတပုဒ်လုံး အဖြဲခိုင်းလို့ စာမျက်နှာ ၁၅ မျက်နှာလောက် ရှိတဲ့ ဆောင်းပါးကို မဂ္ဂဇင်းက အယ်ဒီတာတွေ၊ ဒီဇိုင်နာတွေ၊ ရှိသမျှလူတွေ အကုန် ထိုင်ဖြဲနေကြရပါတယ်။ ကျမပါ စာရွက်ဖြဲတဲ့ အလုပ်ကို လုပ်အားဝင်ပေး ခဲ့ရပါတယ်။

အဲဒီခေတ်မှာလည်း စာရေးသူတွေ၊ ကဗျာရေးသူတွေ၊ ကာတွန်းဆရာတွေဟာ စိစစ်ရေးလက်က လွတ်အောင် ဘယ်လို ရေးမလဲ ဆိုတာကို အရင် စဉ်းစားပြီးမှ ရေးကြရပါတယ်။

ဒီအကြောင်းကို စာရေးဆရာမ ခက်မာနဲ့ ပြောပြီး ရယ်ခဲ့ဖူးပါတယ်။ သူက “ကျမတော့ ဝတ္ထုတပုဒ် ရေးတော့မယ် ဆိုရင် အနုပညာမြောက်အောင် ဘယ်လိုရေးမလဲ ဆိုတာကို မစဉ်းစားနိုင်ဘူး။ ဒီအကြောင်း ရေးရင် စိစစ်ရေး လွတ်ပါ့မလား၊ ဘယ်လို လှည့်ပတ်ရေးရင် လွတ်နိုင်မလဲ ဆိုတာ အရင်စဉ်းစားရတယ်” လို့ ပြောဖူးပါတယ်။

စစ်ထောက်လှမ်းရေး ခေတ်ထဲမှာ မြန်မာပြည်က စာပေနယ်ထဲ ဝင်ခဲ့မိတဲ့ ကျမအတွက်တော့ ဒီအချက်ကို ကောင်းကောင်းကြီး နားလည်ပါတယ်။ ကျမ စာနယ်ဇင်းလောကထဲ စဝင်ဖြစ်တဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလမှာတော့ သတင်းဆိုတာကို အပတ်စဉ် ဂျာနယ်တချို့က မြေစမ်းခရမ်းပျိုး ထည့်နေခဲ့ပါပြီ။ ဒါပေမယ့် သတင်းထောက်တွေ ထားပြီး ကိုယ်တိုင် သတင်း လိုက်တဲ့ အဆင့် မဟုတ်သေးပါဘူး။ အပတ်စဉ် ဂျာနယ်တွေမှာ ရှယ်ယာပါသူတွေ၊ တနည်းအားဖြင့် အပတ်စဉ် ဂျာနယ်တွေ ထုတ်ဝေခွင့် ရတဲ့သူတွေဟာ စစ်ထောက်လှမ်းရေးက ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်ကြီး စသည်ဖြင့် အဲဒီတုန်းက အခွင့်ထူးခံ လူတန်းစားတွေပါ။ ပြည်တွင်း သတင်းတချို့ မြေစမ်းခရမ်းပျိုး ထည့်တယ် ဆိုတဲ့ ဂျာနယ်တွေက စစ်ထောက်လှမ်းရေး ရုံးက ရတဲ့ သတင်းတွေကို ထည့်ကြရတာ ဖြစ်ပါတယ်။ အဲဒီကာလက စိစစ်ရေးရဲ့ ခေါင်သူကြီးက စစ်ထောက်လှမ်းရေးက ဗိုလ်မှူး အေးထွန်း ဖြစ်ပါတယ်။ သူနဲ့ ဆက်ဆံဖူးသူတွေ၊ ဆက်ဆံခဲ့ရသူတွေ၊ သူ့အလိုလိုက် အကြိုက်ဆောင် ပေးခဲ့ရသူတွေ စာပေနယ်ထဲမှာ ရှိနေသေးတဲ့အတွက် မှတ်မိကြပါလိမ့်မယ်။

၂၀၀၁ နောက်ပိုင်းမှာတော့ အပတ်စဉ် သတင်းဂျာနယ် တချို့ ထုတ်ဝေခွင့် စတင် ရလာပါပြီ။ အဲဒီမှာ သတင်းထောက် တွေနဲ့ သတင်းလိုက်တဲ့ အလုပ်တွေ စလုပ်ပါပြီ။ အဲဒီကာလတွေမှာ သတင်းဂျာနယ်တိုက်တွေ အပေါ် စာပေစိစစ်ရေး ဘယ်လို ဆက်ဆံတယ်၊ ဖြတ်တောက်မှုတွေ ဘယ်လိုလုပ်တယ် ဆိုတာကိုတော့ အထူး ပြောစရာ လိုမယ်မထင်ပါဘူး။ အဲဒီကာလက စိစစ်ဖြတ်တောက်ရေး လုပ်တယ်ဆိုတာထက် စစ်ထောက်လှမ်းရေး အလုပ်မျိုးလုပ်ပြီး ပြင်းပြင်းထန်ထန် နှိပ်ကွပ် စောင့်ကြည့် တာမျိုးလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ စစ်ထောက်လှမ်းရေးရဲ့ စစ်ဖိနပ်အောက်မှာ စာပေအနုပညာ ထားလို့ ပြည်သူတွေ အားလုံး စကားတောင် ကျယ်ကျယ် မပြောဝံ့တဲ့ အနေအထား ခံစားခဲ့ရတယ်ဆိုတာ ကြုံခဲ့သူတိုင်း သိပါတယ်။

၂၀၀၄ မှာ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး တဖွဲ့လုံး အထိန်းသိမ်းခံသူခံရ၊ တချို့ ရာထူးက ရပ်နားခံရတဲ့ အချိန်မှာ စစ်ထောက်လှမ်းရေး ရှယ်ယာပါတဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ တချို့ ရပ်နားရ၊ တချို့လည်း ခဏတာ စစ်ဆေးခံရပြီး ပြန်ထုတ်ခွင့်ရတဲ့ အနေအထားတွေ ဖြစ်ခဲ့ပါတယ်။ စစ်ထောက်လှမ်းရေး ယန္တရား ရပ်သွားတာနဲ့ တပြိုင်နက်တည်း စာပေ စိစစ်ရေး ခေါင်သူကြီး ဗိုလ်မှူးအေးထွန်း နားသွားပြီး လက်ရှိ ဒုတိယ ညွှန်ကြားရေးမှူး တာဝန်ယူထားတဲ့ ဗိုလ်မှူးဟောင်း ဦးတင့်ဆွေ ခေါင်သူကြီး ဖြစ်လာပါတယ်။ အဲဒီနောက်ပိုင်းမှာ အပတ်စဉ် သတင်းဂျာနယ် ထုတ်ဝေခွင့်တွေလည်း တော်တော် များများ ရခဲ့၊ မြန်မာပြည်မှာ နှစ် ၄၀ လောက် ကင်းကွာခဲ့တဲ့ သတင်းဂျာနယ်ခေတ် ဆိုတာကို ပြန်လည် စတင်ခွင့် ရခဲ့ပါတယ်။ လူတွေ ဆာငတ်နေတဲ့ သတင်းဆိုတာကိုလည်း အထိုက်အလျှောက် မြည်းစမ်းခွင့် ရလာပါတယ်။ ဒါပေမယ့် အားလုံး သိတဲ့ အတိုင်း တပတ်ကြိုတင်ဖြတ်တောက် ခံရလို့ သိုးသွားတဲ့သတင်းတွေ၊ ပုပ်နေတဲ့ သတင်းတွေ၊ အင်္ဂါမစုံတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။

ဒီခေတ်မှာလည်း စာပေသမားတွေ၊ ပန်းချီဆရာ၊ ကာတွန်းဆရာတွေ အပါအဝင် သတင်း မီဒီယာသမားတွေဟာ စာပေ စိစစ်ရေးကို ဘယ်လို ဆက်ဆံခဲ့ရတယ်၊ ဘယ်နည်းတွေသုံးပြီး ကိုယ်အဆင်ပြေရေး အတွက် ဝင်ခဲ့ရတယ်၊ မမျှတမှုတွေ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါမှုတွေ ရှိခဲ့တယ် ဆိုတာ တကယ် ခံစားခဲ့ရသူတွေမှာ မှတ်တမ်းမှတ်ရာတွေနဲ့ ရှိနေလိမ့်မယ်လို့ ကျမ ပြောရဲပါတယ်။ စစ်ထောက်လှမ်းရေး ယန္တရား မရပ်ခင်ကတည်းကစပြီး သတင်းဂျာနယ် အယ်ဒီတာ တယောက် အဖြစ် တာဝန်ယူခဲ့ရတဲ့ ကျမမှာလည်း မြင်ရ၊ ကြားရ၊ ကြုံခဲ့ရတဲ့ အထောက်အထားတွေ ရှိခဲ့ပါတယ်။

မဆလခေတ်က စခဲ့တဲ့ ခေတ်သုံးခေတ် စာပေစိစစ်ရေးကြောင့် မြန်မာ့မီဒီယာလောက အမှောင်တိုက်ထဲ ကျခဲ့ရတယ် ဆိုရင် ငြင်းနိုင်မယ် မထင်ပါဘူး။ ကလောင်တွေ ရိုက်ချိုးခံရ၊ အနုပညာတွေ ဖျက်ဆီးခံခဲ့ရ၊ သတင်းအမှောင်ချ ခံခဲ့ရတဲ့ ကာလဟာ နှစ် ၅၀ နီးပါး ကြာခဲ့တာပါ။ အဲဒီကာလတွေမှာ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ စာပေစိစစ်ရေး ရုံးကြီးကတော့ နှစ်ပေါင်းများစွာ တမြည့်မြည့်ကြီးထွားလာတဲ့ ခြအုံကြီးနဲ့ တူခဲ့တယ်လို့ ဆိုချင်ပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒီခြအုံကြီးကို အခု ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်နေပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖြိုပစ်ဖို့ မီဒီယာလောကသား အားလုံး ကြံစည်နေကြပါပြီ။ ပြိုလည်း ပြိုသင့်တဲ့အချိန် ဖြစ်တာကြောင့် ဒီအတိုင်း ဘယ်လိုမှ ဆက်ထားလို့ မရတော့ဘူးဆိုတာကို နောက်ပြန်မလှည့်လိုတဲ့ အစိုးရအဖွဲ့ဝင် တချို့အပါအဝင် အားလုံး လက်ခံလာပါပြီ။ အစိုးရတက်ခါစ အစောပိုင်းကာလမှာပဲ စာအုပ်၊ ဂျာနယ်အမျိုးအစား တချို့ကို တင်ထုတ်ကနေ ထုတ်တင် စနစ် ကျင့်သုံးစေခဲ့တာကနေ စတင်ပြီး စိစစ်ရေးအပြောင်းအလဲ တချို့ လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနုပညာငှက်တချို့ကို လွတ်လပ်ခွင့် နည်းနည်း ပေးလိုက်တယ်လို့ ဆိုရမှာပါ။

အခုနောက်ဆုံးမှာတော့ လှောင်ချိုင့်ထဲမှာ ချန်ထားသေးတဲ့ သတင်းငှက်ကလေးကိုပါ လှောင်ချိုင့်အပြင်ကို လွှတ်ပေး လိုက်ပါပြီ။ ၄၈ နှစ်နဲ့ ၁၄ ရက်တိတိ လှောင်ချိုင့်ထဲ ထည့်ထားပြီး နည်းမျိုးစုံ နှိပ်စက်ခဲ့တဲ့ သတင်းငှက်ကလေးဟာ ကာတွန်း နံ့သာ ဆွဲထားသလိုပဲ အတောင်ပံပါပေမယ့် နာလံမထူသေးလို့ မပျံနိုင်သေးပါဘူး။ ဒီငှက်ကို အချိန်မရွေး လက်နဲ့ယူပြီး လှောင်ချိုင့်ထဲ ပြန်ထည့်နိုင် ပါသေးတယ်။

သတင်းငှက်ကလေးကို နာလံထူအောင် ကုသရဦးမယ်။ ဒီငှက်ကလေးရဲ့ အတောင်ပြန်ကောင်းသွားအောင် ကုသပေးနိုင် သူတွေက ကုသပေးချင်တဲ့ စေတနာလည်း ရှိဦးမှ ဒီငှက်က နာလံထူခွင့်ရမှာပါ။ စေတနာမရှိရင်တော့ ဒီငှက်က ပျံဖို့ ဝေးလို့ လှောင်ချိုင့်ထဲ ပြန်ရောက်သွားပါလိမ့်မယ်။ ကုသပေးရမယ့် သူတွေထဲမှာ တာဝန်အရှိဆုံး သူတွေကတော့ ဒီငှက်ကို အပြင် လွှတ်ပေးလိုက်တဲ့သူတွေပဲ ဖြစ်ပါတယ်။ ငှက်ကိုယ်တိုင်ကတော့ ကိုယ့်ကိုယ်ကိုယ် ငှက်ဆိုတာကို သတိရပြီး အတောင်ကောင်း သွားတာနဲ့ ပျံနိုင်ဖို့ ကြိုးစားရမှာပါ။

သတင်းမီဒီယာ ငှက်ကလေး အတောင်ပြန်ကောင်းသွားပြီး အမြင့်ဆုံးကို ပျံသန်းနိုင်မှပဲ လွတ်လပ်ခွင့်အပြည့် ရပြီလို့ ပြောနိုင်ပြီး နတ်လူအားလုံး သာဓု ၃ ခါတိတိ ခေါ်နိုင်တဲ့ အနေအထားကို ရောက်ပါလိမ့်မယ်။ ။

Your Thoughts …
အေးချမ်းမြေ့

အေးချမ်းမြေ့

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ကချင်ဒုက္ခသည်များ တရုတ်က ပြန်ပို့

ကချင်ဒုက္ခသည်များ တရုတ်က ပြန်ပို့

မစ်ဆူဘီရှီ ကုမ္ပဏီ နေပြည်တော်တွင် ရုံးခွဲဖွင့်မည်

Please login to join discussion
No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
2.5k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate