• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

၂၀၁၅ ဟာ NLD အတွက် စိန်ခေါ်မှုကြီးလို့ ဆိုတဲ့ ဦးတင်ဦး

by ဧရာဝတီ
4 October 2012
in အင်တာဗျူး
A A
၂၀၁၅ ဟာ NLD အတွက် စိန်ခေါ်မှုကြီးလို့ ဆိုတဲ့ ဦးတင်ဦး

ပါတီညီလာခံ ကျင်းပရေးအတွက် ပဲခူးတိုင်းခရီးစဉ်တွင် တွေ့ရသော NLD နာယက ဦးတင်ဦး (ဓာတ်ပုံ - ကျော်ခ / ဧရာဝတီ)

8.7k
VIEWS
Share on FacebookShare on Twitter

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက တဦးဖြစ်သူ ဦးတင်ဦးကို ဧရာဝတီက စက်တင်ဘာလ အစောပိုင်းတွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၈၈ မျိုးဆက်ကျောင်း၊ ပြည်ပမှ ပြန်လာသူများနှင့် NLD ၏ ဆက်ဆံရေး အနေအထား၊ NLD နှင့် စီးပွားရေးမူဝါဒ၊ လွှတ်တော်တွင်းမှ NLD ၏ အခြေအနေ ၂၀၁၅ အတွက် NLD ၏ ပြင်ဆင်ချက်၊ မျှော်လင့်ချက်များကို ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်၊ ဧရာဝတီ သတင်းထောက် ကျော်ခတို့က ဦးတင်ဦးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အရေးအခင်းအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရကာ ၇ နှစ်နီးပါး ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း ဖြစ်သည်။

RelatedPosts

ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)

13 May 2025
25
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
1.1k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
1.3k

မေး ။     ။ ပြည်ပက ပြန်လာတဲ့သူတွေ ရှိတယ်။ မကြာခင်ကပဲ ကိုသောင်းထွန်းတို့၊ ကိုမိုးသီးဇွန်တို့ တွေ့ကြတယ်။ နောက် ၈၈ မျိုးဆက်အုပ်စုရှိတယ်။ သူတို့တွေဆိုရင် လွန်ခဲ့တဲ့ NLD စဖွဲ့ကတည်းက အဖွဲ့ဝင်တွေ မဟုတ်သော်လည်းပဲ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသုက္ခတွေ ရောက်ခဲ့တဲ့ကာလတွေမှာ စိန်ခေါ်မှုကာလတွေမှာ NLD ကို အမြဲတမ်း ဝန်းရံကြ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြ ဆိုတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် အခုလိုပွင့်လာတဲ့ NLD ဘယ်လိုလဲလို့ ဝေဖန်ကြတာတွေ ရှိတယ်။ အခုကာလမှာ သူတို့တွေရဲ့ အားကို ဘယ်လို ယုံကြည်ပြီး သုံးမှာလဲ။

ဖြေ ။     ။ ကျနော်တို့သဘောထားက NLD ထောင်လာနိုင်တယ်ဆိုတာ ဒီ ၈၈ က ကျောင်းသားစုတွေရဲ့ ကိုယ်ကျိုးစွန့် သက်စွန့်ကြိုးပမ်းမှုကနေ ရလာတာ ဖြစ်တယ်လို့ ကျနော်တို့ လက်ခံထားတယ်။ ဒီနေ့၊ ဒီရက်တွေထဲမှာ အခုသူတို့လည်းပဲ သွားလာလုပ်ကိုင်နေတဲ့ အပိုင်းမှာ အဖွဲ့အစည်းလို ပါတီမဖွဲ့ဘူးပေါ့။ အခုလို ငြိမ်းချမ်းရေးအတွက် ဆိုပြီး သွားတယ်။ သူတို့ တပြည်လုံးသွားတယ်။ တပြည်လုံးက အားလုံးကို ချစ်ကြည်ရင်းနှီးစွာ လက်ခံကြတယ်။

ကျနော်တို့ကတော့ NLD အခု ညီလာခံ ကျင်းပဖို့အတွက် NLD ပါဝင်တဲ့ပုဂ္ဂိုလ်တွေ လာချင်တယ်ဆိုရင်လည်း ကျနော်တို့ ဖွင့်ထားတယ်ပေါ့။ လာကြပေါ့။ မလာဘဲနေပြီးတော့ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် သူတို့ဟာသူတို့ သီးခြားလုပ်ချင်တယ်ဆိုလဲ ဒါ သူတို့ရဲ့ Right လေ။ အခု ၈၈ မျိုးဆက်လုပ်နေတဲ့ အပိုင်းမှာတော့ ဒီနေ့လုပ်ကိုင်တဲ့ အားလုံးသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ပြည်သူလူထုထဲမှာ ဝင်ပြီးတော့ မှန်မှန်ကန်ကန် လုပ်နေတဲ့ဟာသည် ဘာမှ အငြင်းပွားစရာ မရှိဘူး။

မေး ။     ။ ၈၈ မျိုးဆက်အုပ်စုတို့၊ ကိုကိုကြီးတို့က NLD ဝင်လာမယ်ဆိုရင်ရော ဝင်လာလို့ ရမလား။

ဖြေ ။     ။ ရတယ်။ အချိန်မရွေး ဝင်လာလို့ ရတယ်။ NLD ဝင်လာမယ်ဆိုရင် လက်ခံတယ်။ သူတို့တင် မဟုတ်ဘူး။ ဟိုနေ့ကလာတဲ့ သူတွေ (ပြည်တော်ပြန်များ) ကိုလည်း ကျနော့်ကို မေးတယ်။ ကျနော် ကောင်းကောင်း ပြောလိုက်ပါတယ်။ သူတို့စိတ်ထဲမှာ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ နားလည်တာမှ ကောင်းကောင်း နားလည်တယ်။ ဘာလဲဆိုတော့ ဒီပုဂ္ဂိုလ်တွေသည် နိုင်ငံခြားကို သွားရတာဟာ သွားချင်လို့ သွားတာမဟုတ်ဘူး။ ဒီမှာ သူတို့ဆောင်ရွက်ချင်တဲ့ ကိစ္စအ၀၀ကို ဒီမှာ လုပ်တာ အန္တရာယ်ရှိကောင်း ရှိမယ်။ သူတို့ ဒီမှာလုပ်တာထက် ဒီထက်လုပ်လို့ကောင်းတဲ့ နေရာရှိရင်ရှိမယ်။ သူတို့သွားတာ သူတို့စေတနာသည် စေတနာအမှန် ရှိတယ်ဆိုတာကိုတော့ ကျနော်တို့က သိပြီးသား လက်ခံပြီးသား။ သူတို့သွားပြီး လုပ်ကိုင်နေတဲ့အတွက် ဟိုမှာ တော်တော့်ကို ကြိုးစားပမ်းစား ဆင်းဆင်းရဲရဲ လုပ်ရတယ်။ သူများနိုင်ငံမှာ လုပ်တယ်ဆိုတာက အင်မတန် ဆင်းရဲပါတယ်။ မျက်နှာငယ်ပါတယ်။ နိုင်ငံခြားသွားတဲ့အခါတိုင်းမှာ ဒါတောင်ကျနော်တို့ အရှိန်အဝါနဲ့ သွားတာတောင် ဆက်ဆံရေးမှာ သိပ်ပြီးတော့ ဘဝင်ကျတာတွေ မရှိပါဘူး။ အဲတော့ ဒီလို ပုဂ္ဂိုလ်မျိုးတွေဆို ကျနော် သဘောပေါက်တယ်။ ခင်ဗျားတို့ လုပ်ကိုင်တဲ့အခါ အတွေ့အကြုံ ပညာအရည်အချင်း တချို့လည်း ဟိုမှာ ပညာသင်ကြားတာတွေ ရှိမယ်။ ဒါတွေ အားလုံးဟာ ပြန်လာပြီးတော့ အသုံးချမယ်ဆိုရင် အသုံးချလို့ ရတယ်။ NLD ထဲမှာ လာမယ်ဆိုရင်လည်းလာ။ သို့သော် ဒီမိုကရေစီရအောင် သူတို့လုပ်ချင်တယ် ဆိုရင်လည်း လုပ်။ လုပ်ခွင့်ရှိတာပေါ့။

မေး ။     ။ NLD ပါတီက သူတို့ကို ကမ်းလှမ်းတာတွေ၊ စကားပြောတာတွေ ရှိခဲ့ဖူးလား၊ ကိုကိုကြီးတို့ အုပ်စုတွေ၊ အပြင်က အုပ်စုတွေနဲ့။

ဖြေ ။     ။ အခုအချိန်နဲ့ ပတ်သက်ပြီးတော့ ကိုကိုကြီးနဲ့ မင်းကိုနိုင်ကတော့ NLD ဝင်မယ် ပြုမယ်ဘာမယ်၊ ဒါကတော့ မသိသေးဘူး။ ဒါကတော့ မကြားမိသေးဘူး။ ဒါကတော့ သူတို့လည်း မပြောဘူး ကျနော်တို့လည်း မပြောဘူး။ သို့သော် သူတို့ အခုရောက်ခါစမှာ ရှိနေတဲ့ NLD နဲ့ပတ်သက်တဲ့ လုပ်ကြောင်း အားလုံး ပင်ပန်းခံပြီးတော့ သူတို့ လုပ်ခဲ့တာကြောင့်မို့လို့ အဲဒီအပေါ်မှာ လေးစားတဲ့ အနေနဲ့ ဝိုင်းဝန်းပြီးတော့ ရောက်တဲ့နေရာမှာ NLD ရှိတဲ့အနေထားက လူတွေနဲ့ပေါင်းစပ်ပြီးတော့ တပေါင်းတည်း လုပ်ကူနေတဲ့ဟာတွေတော့ ကျနော်တို့ ဒါရှိနေတာတော့ အမှန်ပဲ။ နယ်တွေမှာတော့ သွားပြီးလုပ်နေတာတော့ အမှန်ပဲ။

မေး ။     ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ အန်ကယ်အပါအဝင် အပြင်က လူတွေ၊ အဖွဲ့အစည်းတွေအပေါ်မှာ အန်ကယ်တို့ ဘယ်လို သဘောထားရှိလဲ။

ဖြေ ။     ။ ကျနော်တို့ ဆောင်ရွက်နေတဲ့ ကိစ္စရပ် အ၀၀ကို ဝိုင်းဝန်းဆောင်ရွက်မယ့် ဆိုတဲ့အနေအထားနဲ့ လာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ တကယ်စစ်မှန်တယ်ဆိုရင်၊ ယုံကြည်သေးတယ်ဆိုရင်ဖြင့် ကျနော်တို့အဖွဲ့က Welcome လုပ်တယ်။ ကျနော်တို့ကတော့ ခင်ဗျားတို့လာမယ်ဆိုရင် ခင်ဗျားတို့အားကို အများကြီးမျှော်ကိုးတယ်။ ခင်ဗျားတို့က အတွေ့အကြုံတွေ အများကြီး ရှိတယ်။ လူလတ်ပိုင်းတွေ တော်တော်များတယ်။ လုပ်ပေးမယ်ဆိုရင် ကျနော်တို့က Welcome ။ ဒါနဲ့ ပတ်သက်ပြီး အားလုံးကို ကျနော်တို့က နောက်ဆက်လာမယ့် ပုံသဏ္ဍန်အနေထားမှာတော့ ရှိတော့မှာ မဟုတ်ဘူးလေ။ နောက်ကျန်မယ့်လူနဲ့ ဆက်လုပ်မယ့်အပိုင်းမှာ လုပ်နိုင်တဲ့အတိုင်းအတာတွေရှိရင် လုပ်ကြ၊ လုပ်ပေးကြပေါ့။ မပစ်ပယ်ဘူး။

မေး ။     ။ ဒီနေ့ တိုင်းပြည်မှာ ဆင်းရဲချမ်းသာပဲ ရှိတယ်။ ကြားမှာ အလယ်အလတ် မရှိဘူး။ ဆိုတော့ အဲဒီလို တိုင်းသူ ပြည်သားတွေရဲ့ ဖူလုံရေး၊ စီးပွားရေးအရ NLD က ဘယ်လောက်ပြင်ထားလဲ။

ဖြေ ။     ။ ကျနော်တို့ရဲ့ စီးပွားရေး ပေါ်လစီနဲ့ပတ်သက်တဲ့ Economic Statement တခု ကျယ်ကျယ်ကြီးကို ထုတ်ပြန်ထားတာ ရှိပါတယ်။ အဲဒီမှာ ရေးသားပြီးပြီ။ အခု အိုဘားမာက Sanction တနှစ်လျှော့ပေးတယ်။ ဒီ Sanction ကို Lift လုပ်တော့မယ့် သဘောဘဲ။ တနှစ်ပြောပြော၊ နှစ်နှစ်ပြောပြော စပြီး လုပ်တယ်ဆိုရင်တော့ ဒါ လုပ်တာပဲ။ သူတို့မှာ တခုရှိတာက ဒါပြင်ထားတာသည် ကွန်ဂရက်က ပြင်ထားတာဖြစ်တဲ့အတွက် ကွန်ဂရက်ကို သဘောထားယူရမှာ ဖြစ်တယ်။ ကျနော်တို့ကတော့ စီးပွားရေးနဲ့ ပတ်သက်တာ အားလုံးကို Investment လုပ်မယ်၊ နောက်ပြီး Business လာမယ်။ ဘာမှ ကျနော်တို့ ပြောစရာ မလိုဘူး။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ဘာမှ မကန့်ကွက်ဘူး။

မေး ။     ။ လွှတ်တော်ထဲ NLD ပါတီရဲ့ အခြေအနေက ဘယ်လိုလဲ။ အားရလား။

ဖြေ ။     ။ ကျနော်တို့ကတော့ လွှတ်တော်ထဲမှာ အတားအဆီး မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားကတော့ သူဟာ သမ္မတကြီးနဲ့ အလုပ်လုပ်လို့ ရတယ်၊ ဒါပေမယ့် ဒီနေ့အထိ အစိုးရနဲ့ အလုပ်လုပ်လို့ ရတယ်လို့တော့ မပြောသေးဘူး။ ဒီလိုတော့ ရှိသေးတာပေါ့။ သို့သော် အခု လောလောဆယ်လုပ်နေတဲ့ Process မှာတော့ ကျနော်တို့ တင်ခွင့်ရှိတယ်၊ ပြောခွင့် ဆိုခွင့်ရှိတယ်၊ လူပ်ရှားခွင့် ရှိတယ်။ သူ့ကို ရေးရာကော်မတီ အဓိကပေးတယ်။ ဆိုတော့ ဒါနဲ့ပတ်သက်တဲ့အပိုင်းမှာ ပွင့်လင်းမယ့် သဘောဆောင်တယ်။

မေး ။     ။ နိုင်ငံရေး လေ့လာသူတွေကြားထဲမှာ သုံးပွင့်ဆိုင်လို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းရယ်၊ သမ္မတကြီး ဦးသိန်းစိန်ရယ်၊ ဒီ ၃ ယောက်ရဲ့ ဒိုင်ယာလော့ဂ်က တိုင်းပြည်ရဲ့ Stabality … အဲဒီ ၃ ယောက်က အရေးကြီးတယ်လို့ ပြောတယ်။

ဖြေ ။     ။ ကျနော်တို့ မြင်နေရတာကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စနဲ့ ပတ်သက်တာက မဏ္ဍိုင်ပြုပြီးတော့ ပိုမိုညှိနှိုင်းဖြေရှင်းအောင် လုပ်နိုင်မလားဆိုတဲ့ အတွေးအခေါ်တခုကတော့ ဒီလိုရှိတယ်။

မေး ။     ။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက နိုင်ခဲ့တယ်။ ဆိုတော့ သဘောက ၂၀၁၅ မှာ NLD ပါတီက နိုင်ဖို့သေချာပြီလား။

ဖြေ ။     ။ ဒီလိုပြောလို့ မရသေးဘူး။

မေး ။     ။ ဘာကြောင့်လဲ။

ဖြေ ။     ။ ပြည်ခိုင်ဖြိုးပါတီက ဘာကြောင့်လူတွေက သူတို့ကိုမုန်းတယ်ဆိုတာ သူတို့လည်း သူတို့ဟာသူတို့  အကြောင်းရှာပြီးတော့ လာမယ့်ရွေးကောက်ပွဲအတွက် ဘာလုပ်ရမလဲဆိုတာ သူတို့လည်း စဉ်းစားမှာပေါ့။ ဒါက လူ့သဘာဝပဲ။ ကျနော်ရှုံးနေတယ်။ ဘာကြောင့် ရှုံးတာလဲ စဉ်းစားရမှာပဲ။ ငါ့ကို သဘောမကျတာ ဘာတွေလဲ။ အဓိပ္ပာယ်က ဒါနဲ့ပတ်သက်တဲ့အပိုင်းမှာ လူတွေပေါ်မှာ ငါတို့ဟာ ပိုပြီးတော့ မလျော်သြဇာတွေ သုံးနေတာလား၊ အနိုင်ကျင့်နေတာလား၊ လက်နဲ့ အနိုင်ကျင့်တာလား၊ ဒါမှမဟုတ် စီးပွားရေးနဲ့ အနိုင်ကျင့်လား။ ဆိုပါစို့ လယ်ယာတွေနဲ့ ပတ်သက်လို့ မတရားသိမ်းလို့ လူတွေက မကျေနပ်ဖြစ်တာလား။ သူတို့ဟာ သူတို့လည်း ပြန်ပြီးတော့ ရှာဖို့ အချိန်တွေ ရှိတယ်။ အဲဒါကြောင့်မို့ သူတို့လည်း ရှာနိုင်သမျှ ရှာဖို့လိုတယ်။ ကုစားရမယ်။

သို့သော် တခုတော့ ရှိတယ်။ ကျနော်တို့နဲ့ ပတ်သက်လို့ သူတို့နဲ့ယှဉ်ရင် သူတို့ဟာ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် အာလုံးမှာ အများကြီး တောင့်တဲ့အတွက် သူတို့က ငွေရေးကြေးရေးနဲ့ သုံးမှာဖြစ်တဲ့အတွက် မသိနားမလည်တဲ့ သူများတွေအပေါ်မှာလည်း ဒီအကြောင်းပြုပြီးတော့ လုပ်ငန်းပြ စည်းရုံးထားပြီး အဲဒီစည်းရုံးရေး အင်းအားစုကို ရအောင်ယူဖို့ သူတို့ကြိုးစားမယ်။ ဒါတွေကတော့ ရှိမှာပဲ။ ဒါကြောင့်မို့ ကျနော်တို့က ကြိုးစားရမယ်။ နိုင်အောင်တော့ လုပ်မှာပဲ။ တခုရှိတာက အရင်တုန်းက ကျနော်တို့ ယှဉ်ပြိုင်ရတယ်ဆိုတာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းနဲ့ပဲ လုပ်ရတာ။ တပါတီပဲ။ အခုက များလာပြီ။ ဒါကို ပြိုင်ရမယ့်နေရာမှာ ကျနော်တို့ဟာ ရှိသမျှခွန်အားကို သေချာစည်းရုံးပြီးတော့ လုပ်ငန်းပြပြီးတော့ လုပ်နိုင်မှ။ အရင်တုန်းက ပြနေတဲ့ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်တာလေး၊ ဥပဒေနဲ့ပတ်သက်လို့ ကာကွယ်ပေးတာ အဲလောက်နဲ့ မရဘူး။

မေး ။     ။ ပြောချင်တာက ၂၀၁၅ က NLD အတွက် တကယ့် စိန်ခေါ်မှုကြီး  ဆိုပါတော့။

ဖြေ ။     ။ ဒါပေါ့။ စိန်ခေါ်မှုကြီး။

မေး ။     ။ NLD ပါတီကို နှစ်ပေါင်း၂၀ လောက် ခေါင်းဆောင်လုပ်ခဲ့တဲ့ အန်ကယ့်မှာ သံသယသံေလေးတွေကြား နေရသလိုပဲ။

ဖြေ ။     ။ သံသယတောင် မဟုတ်ဘူး။ ဆဲနေတာ။ အဲဒီတော့ အရေထူတယ်။ ကျနော်က ပြန်မေးချင်တာက အဲဒီဆဲတဲ့ကောင် မင်းရော ဘယ်လောက်လုပ်လို့လဲလို့ မေးလိုက်မယ် တခွန်းတည်းပေါ့။ ကျနော်မမေးပါဘူး။ ကျနော် ပြောလိုက်တယ် မင်းတို့ ဘယ်လောက်ပြောပြော တံခါးဖွင့်ထားတယ်။ မင်းတို့လာခဲ့ကြ။

မေး ။     ။ ၂၀၁၅ အတွက် အန်ကယ်တို့ ဘာတွေ ပြင်ထားလဲ။

ဖြေ ။     ။ အခု အခြေခံအားဖြင့် အဖွဲ့အစည်းနဲ့ ပတ်သက်လို့ ဒီမိုကရေစီရအောင် ဒီမိုကရေစီနဲ့ ညီတဲ့ အဖွဲ့အစည်းတခု လူထုလက်ခံနိုင်အောင် အဲဒါကို ကျနော်တို့ ရနိုင်သမျှ တည်ဆောက်ပြီးတော့ လူထုထဲဝင်နိုင်သမျှ ဝင်အောင်လုပ်မယ်ဆိုတဲ့ သဘောပေါ့။ အလုပ်တွေကတော့ အများကြီးပဲ။

ပြည်နယ် တိုင်းကလူတွေကိုပါ ကျနော်တို့က ပညာတိုးပွားအောင် ကြိုးစားလုပ်ပေးပြီးတော့ တချို့ဒီထဲကနေပြီးတော့ တော်တဲ့သူတွေကို ကျနော်တို့က လွှတ်လွှတ်ပြီးတော့ ပညာသင်ပို့တယ်။ နောက် ဒီမှာလည်း Workshop တွေ လုပ်တယ်။ တခါတလေ တခြားနေရာတွေမှာ လုပ်တယ်။ သူတို့ကို ပညာပေးတယ်။ လာမယ့်နှစ်မှာ သူတို့လည်း ထိုက်သင့်အားလျှော်စွာ ပါဝင်နိုင်အောင် ကျနော်တို့က ပေးနေတာတွေ အများကြီး ရှိတယ်။ အဲတော့ ဒီဟာက တခါတည်းနဲ့ မပြီးဘူး။

သူတို့ကို သူတို့ကလည်း လာမယ့်နှစ်မှာ လုပ်နိုင်အောင်ဆိုပြီးတော့ လူငယ်တွေကို ဖွင့်ပေးလိုက်ပြီးတော့ အဲဒီလူငယ်တွေ များများလာနိုင်အောင် အခုက သင်တန်းတွေပေး၊ လွှတ်တဲ့သူလွှတ်။ အခုလည်းပဲ ကျနော် အမှန်အတိုင်းပြောမယ်၊ ဒါတွေပြီးသွားရင် လူငယ်ညီလာခံ လုပ်မှာဘဲ။ ညီလာခံလုပ်တဲ့အခါ သူတို့က အထူးခြားဆုံး အဖွဲ့အစည်းတွေနဲ့ လူငယ်တွေက ပါဝါဖြစ်တဲ့အတွက်ကြောင်မို့ အခု အခြေခံညီလာခံ လုပ်တဲ့အထဲမှာ အမျိုးသမီးကတော့ ကျနော်တို့အမျိုးသားနဲ့ အတူတကွ တပေါင်းတည်း လုပ်ကြတာ။ သို့သော် လူငယ်လို့ သတ်သတ်သီးခြားဖွဲ့ပြီးတော့ သူတို့ကို ညီလာခံ ကျင်းပနိုင်အောင် သူတို့ဟာသူတို့ လုပ်နိုင်အောင် ကျနော်တို့က စည်းမျဉ်းတွေ ချပေးမယ်။

မေး ။     ။ NLD ပါတီက Instituional building ကို သွားနေတယ်လို့ ကျနော်တို့ နားလည်တယ်။ အရင်က NLD ပါတီသည် လူပုဂ္ဂိုလ် တဦးတယောက်ကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည် မရှိရင် NLD ပါတီဟာ မရှိဘူးဆိုပြီးတော့ ပြောကြတာရှိတယ်။ အဲဒါတာတွေကို ဘယ်လို ပြင်ကြမှာလဲ။

ဖြေ ။     ။ အခုလည်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောပေါက်တဲ့အတွက် သူ့နေရာမှာ ဝင်ပြီး လာပြီး လုပ်ကိုင်နိုင်မယ့် သူနဲ့ပတ်သက်ပြီး အခြေအနေ ဖန်တီးဖို့အတွက် သူ့ခေါင်းထဲမှာ ရှိတယ်။ သူစဉ်းစားထားတယ်။ ကျနော်တို့လည်း စဉ်းစားထားတယ်။ အဲဒါကြောင့်မို့လို့ Personality နဲ့ လုပ်တဲ့ Politics က မမြဲပါဘူး။ ခင်ဗျား ယူဂိုစလပ်နဲ့ပတ်သက်ပြီး မာရှယ် တီးတိုး ရှိတုန်းက ကွန်မြူနစ်ပါတီတခုလုံး စည်းလုံးတယ်။ တီးတိုးလည်း သေရော ကွဲတာပဲ။ မော်စီတုန်း သေတဲ့အခါ အခု ပြဿနာတွေ အများကြီးပေါ်တာပဲ။ One party rule ပဲ။ တယောက်တည်းကိုင်တာ။ ကျနော်တို့ သဘောပေါက်ပြီးသားပဲ။ ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စနဲ့ပတ်သက်ပြီး လူငယ်တွေကို သိပ်ပြီး ပညာပေးနေတာ၊ လူငယ်တွေကို မွေးထုတ်ပေးနေတာ။ အခုမွေးထုတ်နေတာမှာ သူကျေနပ်ရလောက်အောင် သူမွေးထုတ်နေတာပဲ။ ဒါပဲ။

မေး ။     ။ ဒေါ်အောင်ဆန်းစုကြည် လွတ်ခါစက သူမှတ်မှတ်ရရ ပြောတဲ့စကားတခွန်း ရှိတယ်။ ပြည်သူတွေရဲ့ အသံကို နားထောင်မယ်တဲ့။ ခေါင်းဆောင်ကောင်း တယောက်အနေနဲ့ဆိုရင် သူက ပြည်သူ့အသံကို အခုအချိန်အထိ နားထောင်နေတုန်းပဲလား။ ပြည်သူ့အသံကို နားထောင်နိုင်မယ့် အင်အားရှိရဲ့လား။

ဖြေ ။     ။ နားထောင်တယ်။ နားထောင်တဲ့ အင်အားလည်း ရှိပါတယ်။ ခင်ဗျားကြည့်လေ အပြင်မှာ သွားတာနဲ့ ပတ်သက်လို့ သူ့ကို လက်ခံကြတယ်ဆိုတာက သာမန်ခေါင်းဆောင် တယောက်အနေနဲ့ လက်ခံတာမှ မဟုတ်ဘဲကိုး။

မေး ။     ။ ၂၀၁၅ မှာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီနိုင်ခဲ့မယ်ဆိုရင် တိုင်းပြည်ကို ခေါင်းဆောင်နိုင်မယ်လို့၊ အုပ်ချုပ်နိုင်မယ်လို့ အန်ကယ်တို့ ယုံကြည်လား။

ဖြေ ။     ။ ဝိုင်းပြီး ကူညီခြင်းအားဖြင့် ခေါင်းဆောင်ကောင်း ဖြစ်အောင်တော့ ကျနော်ပြောမယ် သူဟာ တချိန်သောအခါမှာ ဒီမှာရှိတဲ့ စစ်တပ်တခုလုံးသည် သူမကိုယုံကြည်အားကိုးသော တပ်မတော်တခုအထိ ရောက်ရှိလာမယ်ဆိုတာကို ကျနော်ယုံတယ်။     ။

Your Thoughts …
Tags: Interviews
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
19.9k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

by ဧရာဝတီ
24 July 2013
15k

၈ လေးလုံး အရေးတော်ပုံနဲ့ ပက်သက်လို့ ဒါဟာ ငါလုပ်တာ၊ ဒါ ငါတို့ရဲ့အဖွဲ့က လုပ်တာလို့ ပြောရင် ရူးသွပ်တာပဲလို့ မြင်တယ်

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

by ဧရာဝတီ
29 July 2013
19.9k

တကယ်လို့ မြန်မာနိုင်ငံမှာ ယောက်ျားနဲ့ မိန်းမ တန်းတူညီမျှမှု ရှိသလားလို့ ကျမတို့ မြန်မာ အမျိုးသမီးတွေကို မေးရင် ရှိပါတယ်လို့ ဖြေကြလိမ်မယ်။ ဒါပေမယ့် ရင်ထဲမှာ မမြင်နိုင်တဲ့ အတွင်းဖက် နေရာမှာ တော့ ကျမတို့ဟာ ဒုတိယတန်းစား...

Next Post
တရားရုံးများ ရောင်းချမှု ရှေ့နေများ ဆန္ဒပြမည်

တရားရုံးများ ရောင်းချမှု ရှေ့နေများ ဆန္ဒပြမည်

ရန်ကုန် ကုန်စည်ပြပွဲတွင် မလေးရှားကုမ္ပဏီ ၅၀ လာပြမည်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate