• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ပါတီတခုရဲ့ ဥက္ကဌလုပ်ပြီး နိုင်ငံရေး ကင်းရှင်းရမည်ဆိုတာနဲ့ မငြိဘူးလား

by ဧရာဝတီ
20 October 2012
in အင်တာဗျူး
A A
ပါတီတခုရဲ့ ဥက္ကဌလုပ်ပြီး နိုင်ငံရေး ကင်းရှင်းရမည်ဆိုတာနဲ့ မငြိဘူးလား

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင် (ဓာတ်ပုံ - ဧရာဝတီ)

11.3k
VIEWS
Share on FacebookShare on Twitter

အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေပြည်တော်တွင် ပထမဆုံးအကြိမ် ကျင်းပသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်လုံးကျွတ် ပါတီညီလာခံက သမ္မတ ဦးသိန်းစိန်ကို ပါတီဥက္ကဌအဖြစ် ပြန်လည် ရွေးချယ် တင်မြှောက်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိ၊ မရှိ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်သည့် ဦးဝင်းတင်၏ သဘောထားကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်းထားပါသည်။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
695
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
3.8k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.1k

မေး ။     ။ ဦးဝင်းတင် ခင်ဗျား၊ အခု သမ္မတ ဦးသိန်းစိန်ကို ကြံ့ခိုင်ရေးပါတီ ပြည်လုံးကျွတ်ညီလာခံက ပါတီ ဥက္ကဌအဖြစ် ပြန်လည် ရွေးချယ်တင်မြှောက်လိုက်တာကို ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားမှုတွေ ကြားနေရပါတယ်။ ဒီ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို အမြင်ရှိပါလဲခင်ဗျား။

ဖြေ ။     ။ ဒီကိစ္စက သူများပါတီကိစ္စဖြစ်နေတော့ သိပ်တော့ မပြောချင်ဘူး။ ဒါပေမယ့် သာမန်အားဖြင့်တော့ ပါတီကြီး တခုဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ညီလာခံတွေဘာတွေ ကျင်းပနိုင်တယ်ဆိုတာကို ကျနော်တို့ကတော့ ဝမ်းသာပါတယ်၊ ကြိုဆိုပါတယ်။ ဒါက ပါတီချင်းအနေနဲ့ သူက နိုင်ငံမှာ အာဏာရတဲ့ ပါတီကိုး။ နောက်တခုကလည်း သမ္မတလို ပုဂ္ဂိုလ်မျိုးကို ပြန်ပြီးတော့ ပါတီရဲ့ ဥက္ကဌ တာဝန်ပေးတဲ့အခါကျတော့ သာမန်အားဖြင့်တော့ ဝမ်းသာကြောင်း စကားတောင်မှ ပြောစရာ အကြောင်းရှိပါတယ်။ သို့သော် ကျနော်တို့ အဲဒီလို မပြောနိုင်ဘူး။

မေး ။     ။ ဘာဖြစ်လို့ ဦးဝင်းတင်တို့အနေနဲ့ ဝမ်းသာစကားပြောစရာ ရှိပြီး ဘာဖြစ်လို့ မပြောနိုင်ရတာပါလဲ။

ဖြေ ။     ။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံ ဥပဒေကိစ္စက ပတ်သက်နေတယ်။ သာမန်အားဖြင့်ဆိုရင် အခြေခံ ဥပဒေအရက သမ္မတတို့ ဘာတို့ဖြစ်လာရင် သမ္မတဟာ နိုင်ငံရေးပါတီ တာဝန်တွေနဲ့ မပတ်သက်ရဘူး။ နိုင်ငံရေးပါတီ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့် မရှိဘူးဆိုတာပါတယ်။ သမ္မတဟာ ပါတီတခုရဲ့ ဥက္ကဌဆိုရင်တော့ နိုင်ငံရေးပါတီနဲ့ မပတ်သက်ရဘူးဆိုတာနဲ့ ရှင်းရှင်းပြောရရင် ဘယ်လိုလုပ်ပြီး ကင်းလို့ရမလဲ။ ဥက္ကဌတောင် ဖြစ်နေပြီး ပါတီနဲ့ မပတ်သက်ရဘူးဆိုတာ ပြောလို့မရဘူး။ နောက်တခုက ပါတီဥက္ကဌကနေပြီး မိန့်မိန့်ကြီးထိုင်ပြီး မိန့်ခွန်းတွေ ဘာတွေ ပြောနေရမယ်၊ ပါတီမျက်နှာစာမှာ ပါတီဥက္ကဌကြီးအဖြစ်နဲ့ ရှိနေမယ်ဆိုရင် နိုင်ငံရေးပါတီနဲ့ မပတ်သက်ပါဘူးလို့ ဘယ်လိုလုပ် သွားပြောမလဲ။ ဒါက တခုပေါ့။ ဒါက ဖြစ်နေတဲ့ကိစ္စ။

မေး ။     ။ အခြေခံ ဥပဒေ အခန်း ၃၊ ပုဒ်မ ၆၄ မှာ ဖော်ပြချက်မှာ ပါတီက နုတ်ထွက်စရာ မလိုဘူး၊ ပါတီဥက္ကဌ မလုပ်ရဘူးလို့ မပါဘူးဆိုတော့ ဘယ်လိုအကြောင်းနဲ့ပတ်သက်ပြီး သမ္မတက နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဆိုတာပါလဲ။

ဖြေ ။     ။ အဲဒီတော့ အခုတော့ သူတို့က ပြောတာက သမ္မတကြီးဟာ ဥက္ကဌရာထူးကို ယူတဲ့နေရာမှာ အခြေခံ ဥပဒေထဲမှာ သမ္မတဟာ နိုင်ငံရေးပါတီ ဥက္ကဌ မလုပ်ရဘူးလို့ မပါတဲ့အတွက် ဥက္ကဌ ရွေးတယ်။ ဆိုတော့ ဥက္ကဌ မလုပ်ရဘူးလို့ မပါဘူး ဆိုပေမယ့်လို့ ဥက္ကဌ လုပ်တမ်းလား။ ပါတီတခုရဲ့ ဥက္ကဌ ဖြစ်လာမှတော့ ပါတီရဲ့ နိုင်ငံရေးနဲ့ ကင်းရှင်းပါ့မလားဆိုတာ ဘယ်လိုလုပ်ပြီးတော့ ပြောမလဲ။ နောက်တချက်က ဘာလဲ ဆိုတော့ အခြေခံ ဥပဒေထဲမှာ ပါတဲ့ဟာက တခြား ပုဒ်မတခုမှာဆိုရင် ဝန်ထမ်းတွေဟာ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ပါတယ်။ သမ္မတဆိုတဲ့လူဟာ နိုင်ငံ့ဝန်ထမ်းထဲမှာ အကြီးဆုံး ဝန်ထမ်းပဲ။ ထိပ်ဆုံး နံပတ် ၁ ဝန်ထမ်း။ အကြီးဆုံး ဝန်ထမ်းလုပ်တဲ့သူက နိုင်ငံရေး၊ နိုင်ငံရေးပါတီနဲ့ ကင်းရှင်းရမယ်ဆိုတဲ့ စကားနဲ့ကျတော့ ငြိမနေဘူးလား။ နိုင်ငံရေးနဲ့ မကင်းရှင်းလို့ နိုင်ငံရေးပါတီရဲ့ ဥက္ကဌ ဖြစ်နေပြီ၊ နိုင်ငံရေးပါတီ ဥက္ကဌ ယူတယ်၊ အဲဒါကို နိုင်ငံရေးနဲ့ ကင်းရှင်းတယ်ပြောလို့က ဘယ်လိုလုပ်ရမလဲ။

မေး ။     ။ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဆိုတာတဲ့ အချက်နဲ့ပတ်သက်လို့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဥပမာတွေနဲ့ ပြောပြလို့ ရပါလားခင်ဗျာ။

ဖြေ ။     ။ အခု အပြင်မှာဆိုရင် ဥပမာ ဝန်ထမ်းလေးတွေ၊ အရပ်သားတွေ၊ ကျောင်းသားတွေ အကုန်လုံးကို သူတို့တွေမှာ အစိုးရဌာန နဲ့ပတ်သက်တဲ့ တခုခုလုပ်တော့မယ်ဆိုတာနဲ့ တပြိုင်တည်း နိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ ခံဝန်ချက်ကြီးက ရှိသလို လက်မှတ်ထိုး ထားရသလို၊ ကျမ်းကျိန်ထားရသလို။ ဥပမာ ကျနော့်ရဲ့ အတွေ့အကြုံအရ ပြောမယ်ဆိုရင် ဦးဝင်းတင် ဖောင်ဒေးရှင်း ဆိုတာကို နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဆိုပြီး ပြောတယ်။ ကျနော်က နိုင်ငံရေးနဲ့ မကင်းရှင်းနိုင်ဘူး ပြောလိုက်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ လုပ်နေတာဆိုတာကိုက နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးဆို လုပ်တဲ့ နိုင်ငံရေးအကျဉ်းသား ဖောင်ဒေးရှင်းဆိုကတည်းက ဘယ်လိုမှ မကင်းရှင်းနိုင်ဘူးလေ။ နောက် ဦးဝင်းတင် ဆိုတဲ့လူ ကိုယ်တိုင်က ပါတီမှာ နိုင်ငံရေး လုပ်နေတဲ့ လူတယောက်လေ။  ဒါကြောင့် ဒီမှာ ကျုပ်က ဒီဘောင်ထဲကလုပ် နေတဲ့သူဖြစ်လို့ ဘယ်လိုလုပ် နိုင်ငံရေးကင်းရှင်းလို့ ရမှာလဲ။ ဘယ်လိုမှ မကင်းရှင်းနိုင်ဘူး။ ခင်ဗျားတို့  အရေးယူ ချင်လည်းယူ၊ လုပ်ချင်တာလုပ်၊ ကျနော်တို့ကတော့ လက်မခံနိုင်ဘူး ပြန်ပြောတာပဲ။

ဆိုလိုတာက တနိုင်လုံးမှာ အခု အလုပ်လျှောက်တဲ့သူတိုင်း နိုင်ငံရေး ကင်းရှင်းရမယ်ဆိုတာကြီးက ပါနေတယ်။ ဆိုလိုတာက နိုင်ငံရေး ကင်းရှင်းကြောင်းက သာမန် အရပ်သူ အရပ်သားတောင်မှ အစိုးရနဲ့ပတ်သက်တဲ့ လုပ်ငန်းလေး တခုကို လုပ်မယ်ဆိုတာနဲ့ နိုင်ငံရေး ကင်းရှင်းရမည်ဆိုတဲ့ပုဒ်မကြီးက တခါတည်း လာပြီး ခြိမ်းခြောက်နေတယ်။ အဲဒီတော့ သမ္မတ လုပ်တဲ့သူက ပါတီတခုရဲ့ ဥက္ကဌ လုပ်ပြီး နိုင်ငံရေး ကင်းရှင်းရမည်ဆိုတာနဲ့ မငြိဘူးလား။ သူက ဝန်ထမ်း ပဲ လေ။ သမ္မတဆိုတာ နိုင်ငံရဲ့ အကြီးဆုံး နံပတ် ၁ ဝန်ထမ်းကြီးတယောက်ဟာ ပါတီ တခုရဲ့ ဥက္ကဌဖြစ်မှတော့ နိုင်ငံ ရေးနဲ့ ကင်းရှင်းပါ့မလား။ အဲလိုတွေဆိုရင် အခြေခံ ဥပဒေကို ဘယ်လို သုံးသပ်မလဲ။ အခုဖြစ်တဲ့ ကိစ္စကို ကြည့်မယ် ဆိုလို့ရှိ ရင် ဦးသိန်းစိန် ကိစ္စမှာ သူတို့က အခြေခံ ဥပဒေကို လက်တလုံးခြားလုပ်တာ။ ခုနကပြောသလို ဦးသိန်းစိန်တို့ ဘာတို့ ပါတီဥက္ကဌတွေ ဘာတွေ ဖြစ်လာတို့က ကြိုဆိုချင်ပါတယ်။ ဝမ်းသာတယ်လို့တောင် ပြောချင်ပါတယ်။ နောက် ပါတီကြီးတခု ညီလာခံလုပ်တယ်ဆိုတာ ကောင်းပါတယ်။

မေး ။     ။ ဒါဆိုရင် ကြံ့ခိုင်ရေး ပါတီအနေနဲ့က ဒါတွေကို သိလျက်သားနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လူထုကြား ရေပန်းစားနေမှုကို ပါတီအနေနဲ့ လိုအပ်လို့ ရွေးချယ်တယ်ဆိုရင်ရော ဘယ်လို ထင်ပါလဲ။

ဖြေ ။     ။ သို့သော် ဦးသိန်းစိန်ဆိုတဲ့၊ သူတို့အထင်ပေါ့၊ လူကြိုက်များနေတယ်ဆိုတဲ့ လူတယောက်၊ အဲဒီ လူတယောက်ရဲ့ နာမည်ကို သုံးချင်တာနဲ့ ဦးသိန်းစိန်ကို ပါတီဥက္ကဌ ရွေးချယ် ခန့်တယ်ဆိုတာကတော့ အဲလို ခန့်ဖို့ အတွက် အခြေခံ ဥပဒေကို လက်တလုံးခြားလှည့်တာတော့ မလုပ်သင့်ဘူးလို့ ကျနော်တို့ကတော့ ပြောချင်တယ်။

မေး ။     ။ အာဏာရ ပါတီကြီးအနေနဲ့ ဒီလိုဆို အခြေခံ ဥပဒေကို မလိုက်နာသလိုဖြစ်တယ်ဆိုရင် အခြေခံ ဥပဒေနဲ့ပတ်သက်ပြီး ဘာပြောချင်ပါလဲ။

ဖြေ ။     ။ အခြေခံ ဥပဒေဟာ အမှန်ပြောရရင် ကျနော်တို့က လည်း အခြေခံ ဥပဒေကို လက်ခံတဲ့သူတွေ မဟုတ်ဘူး။ ဒီအခြေခံဥပဒေကို ပြင်ရမယ်၊ ပြောင်းရမယ်၊ ဖြုတ်ရမယ်၊ ဖျက်ရမယ် ဆိုတဲ့ဟာကို ကျနော်တို့က သဘောထား ရှိတဲ့သူတွေ အနေနဲ့က အခြေခံဥပဒေကို သူတို့ဟာသူတို့ လက်တလုံးခြား လှည့်ရုံတင်မဟုတ်ဘူး။  မီးရှို့ပစ်ပစ် တို့ကတော့ သဘောတူပါတယ်။ ကိစ္စမရှိဘူး။ သို့သော် တိုင်းပြည်ကို အခြေခံ ဥပဒေနဲ့ အုပ်ချုပ်နေတယ်လို့ ပြောတယ် ဆိုရင်တော့ သမ္မတတို့ဘာတို့ လုပ်တဲ့ အာဏာရပါတီ အဖွဲ့အစည်းကနေပြီးတော့ ဒီအခြေခံ ဥပဒေကို လက်တလုံး ခြားတော့ အခုလို လှည့်ပြီးတော့ မလုပ်သင့်ဘူးလို့ ဒါပါပဲ ကျနော်ပြောချင်တာ။ ကျနော်တို့ကတော့ အခြေခံ ဥပဒေကို လက်တလုံးခြား လှည့်လုပ်တာကိုတော့ မလုပ်သင့်ဘူးလို့ ပြောချင်တယ်။ အခြေခံဥပဒေထဲမှာ အတိအလင်း ပုဒ်မတွေ တတ်ပြီးပါတဲ့ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဆိုတာကို ပြောင်ကြီးချိုး ဖောက်လာတာမျိုး ကျနော်တို့က လက်မခံဘူး။ မပြောမဖြစ်လို့ ပြောရတာ။ သမ္မတ အခန်းဆိုင်ရာ အခြေခံ ဥပဒေအရ ဆိုရင်တော့ လက်တလုံးစာ လွတ်နေသေးတယ်။ အဲဒီအထဲမှာ ပါတီတခုရဲ့ ဥက္ကဌတခုလို့ မပါဘူး။ နောက်ပြီး ပါတီက ထွက်ရမယ်ဆိုတာ မပါဘူး။ ဒီတော့ လက်တလုံးခြား လွတ်သွားတယ်။

အခြေခံ ဥပဒေထဲမှာပါတဲ့ နိုင်ငံ့ဝန်ထမ်းတွေဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ် ဆိုတာကျတော့ ဘယ်လိုလုပ် ပြောမလဲ။ ဦးသိန်းစိန်ဟာ နိုင်ငံဝန်ထမ်းလို့ပဲ ယူဆတယ်။ သူတို့ကတော့ ပြောမှာပေါ့။ နိုင်ငံ့ဝန်ထမ်း မဟုတ်ဘူး။ နိုင်ငံ့ ဝန်ထမ်းဆိုတာ အစိုးရက ခန့်တာ။ သူကိုယ်တိုင်က သမ္မတလို့ ပြောမယ်။ အဲဒါကို အယုံအကြည်မရှိဘူး။ ဒီလို အကြောင်းပြချက်မျိုးကို လက်မခံဘူး။ နိုင်ငံ့ဝန်ထမ်းဆိုတာ နိုင်ငံရဲ့ အခကြေးငွေကို ယူပြီးတော့ တာဝန်တခုကို သတ်မှတ်ပြီးတော့ လုပ်ရတဲ့သူတွေ မှန်သမျှ နိုင်ငံ့ဝန်ထမ်းပဲ။ အုပ်ချုပ်ရေး လုပ်ငန်းတွေ လုပ်နေရတဲ့သူ နိုင်ငံ့ဝန်ထမ်းပဲ။ သူဟာ နိုင်ငံ့ဝန်ထမ်း မဟုတ်ဘူးလို့ ငြင်းလို့မရဘူး။ ဦးရွှေမန်း နိုင်ငံ့ဝန်ထမ်း မဟုတ်ဘူးဆို ပြောမယ်ဆို ပြောလို့ရသေးတယ်။

မေး ။     ။ တချို့က သုံးသပ်သူတွေ အဆိုအရ ဦးသိန်းစိန်ကို ပါတီဥက္ကဌ ပြန်တင်မြှောက်လိုက်ခြင်းဟာ ၂၀၁၅ ခုနှစ်အကြို ကြံ့ခိုင်ရေးပါတီရဲ့ ပြင်ဆင်မှုပဲလို့ ဆိုကြတယ်။ ဒါဆိုရင် လက်ရှိ ဦးသိန်းစိန်ရဲ့ လူကြိုက်များမှုနဲ့ဆိုတော့ လာမယ့် ရွေးကောက်ပွဲမှာရော ကြံ့ခိုင်ရေးပါတီ အနေနဲ့ အနိုင်ရနိုင်ခြေရှိပါသလား။

ဖြေ ။     ။ ဘယ်နိုင်မလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ပြောလိုက်ရင်တော့ အများကြီး ပြောစရာတွေ ဖြစ်မယ်။ မြန်မာပြည်နိုင်ငံရေးမှာ လူထုက ပါတီတခုကိုမုန်းပြီဆိုရင် အာဏာရတဲ့ပါတီပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ပါတီတခုကို ငြင်းပယ်လိုက်ပြီဆိုရင် အဲဒီပါတီဟာ ဘယ်တော့မှ ခေါင်းမထောင်တော့ဘူးလို့ ကျနော်တို့က ယုံတယ်။  ဂျီစီဘီအေခေတ်ကဆိုလည်း ဦးလှဖေတို့၊ ဒေါက်တာ ဘမော်တို့ ၊ တို့ဗမာ အစည်းအရုံးသည်ပင်လျင် လူထုက နောက်ကျတဲ့ အခါကျတော့ သူဟာ ကျန်ခဲ့ပြီလို့ တွက်တဲ့အခါ၊ ငြင်းလိုက်တဲ့အခါ တို့ဗမာအစည်းအရုံးက ပြန်ထူထောင်တဲ့အခါမှာ လွတ်လပ်ရေးရပြီ၊ လွတ်လပ်ရေးတိုက်ပွဲကို သူခေါင်းဆောင်ခဲ့တဲ့ ဒီတို့ဗမာ အစည်းအရုံး ဦးဆောင်လုပ်ခဲ့တာ၊ အဲဒီပါတီ ပြန် ဖွဲ့စည်းတဲ့အခါမှာ ဖွဲ့လို့မရတော့ဘူး။ လူထုက ငြင်းပြီဆိုရင် မရတော့ဘူး။

အလားတူပဲ ဦးနု လက်ထက်တုန်းကလည်း ဦးကျော်ငြိမ်းတို့ အကြောင်းပြုပြီး ဦးနုကနေပြီးတော့ ပါတီကို ဖဆပလဆိုတဲ့ ခွေးသေကောင်ပုပ် လည်ပင်းဆွဲစရာ မလိုဘူး သုံးပြီးတော့ ခွာခဲ့တယ်။ ဘာဖြစ်လို့ ခွာခဲ့လည်းဆိုတော့ တကယ်လည်း ခွေးသေကောင် ပုပ်ဖြစ်ပြီဆိုတာ သိပြီ။ လူထုကလည်း မလိုချင်တော့ဘူးဆိုတာ သိတယ်။ သိတဲ့အခါကျတော့ ပထစ ဆိုပြီး ဖွဲ့တယ်။ ပထစ အနေနဲ့ ၁၉၆၀ ရွေးကောက်ပွဲ လုပ်တဲ့အခါ ရွေးကောက်ပွဲတွေ ဘာတွေ ဝင်တယ်။ ရွေး ကောက်ပွဲမှာ ဦးနုက နိုင်ခဲ့တယ်။ ဘာဖြစ်လို့လည်း ဟိုပါတီကို လုံး၀ လူထုက မထောက်ခံတော့ဘူး။ ဆိုတာက ဟို ပါတီက နည်းနည်းနောနော အာဏာရ ပါတီကြီးလား၊ လွတ်လပ်ရေး သမိုင်းမှာ အင်မတန်ကြီးကျယ်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပဲ။ အဲဒါတောင်မှ လူထုက ငြင်းလိုက်ရင် မရတော့ဘူး။

နောက် မဆလကိုကြည့်၊ မဆလဆိုတဲ့ ပါတီကြီးဟာ ၁၉၈၈ ၊ သြဂုတ်လ ၂၃ ရက်နေ့မှာ ဦးနေဝင်းရဲ့ တပ်မတော်ဟာ သေနတ် ထောင်မပစ်ဘူးဆိုတဲ့ မိန့်ခွန်းပြောတဲ့အချိန်မှာ ဦးနေဝင်းက သိပြီ၊ အဲတော့ ဦးနေဝင်းလည်းပါတီကို ငါ မလုပ်တော့ဘူးဆိုပြီး လက်မြှောက်လိုက်တော့တာပဲ။ အဲလို လက်မြှောက်တဲ့အခါမှာ ပါတီဟာ ဘယ်လိုမှ ပြန် နာလန်မထူတော့ဘူး။ မြန်မာ့သမိုင်းမှာ အကြီးဆုံးလို့ ပြောနိုင်တဲ့ ပါတီ မဆလကြီးဟာ တခါတည်း ပြိုဆင်းသွားတာပဲ။

မေး ။     ။ ဆိုလိုတာက ကြံ့ခိုင်ရေးပါတီကို လူထုက ငြင်းဆိုထားတယ် ဆိုလိုတာလား ခင်ဗျာ။

ဖြေ ။     ။ အလားတူပဲ ကြံ့ဖွံ့ကလည်း ဒီကနေ့ တိုင်းပြည်က လက်မခံတော့ဘူး။ ဒါကိုသူတို့ နားလည်ရမယ်။ ၂၀၁၀ မှာလည်း လူထုက လက်မခံဘူး။ လက်မခံပေမယ့်လို့ လူထုက ဘာမှ မတတ်နိုင်ခဲ့လို့ ဒီအတိုင်းပဲ အသာလေး မျက်စေ့မှိတ် နေလိုက်တယ်။ လူထုက မဲမပေးတဲ့အခါကျတော့ မဲခိုးကြတယ်ပေါ့။ ကြိုတင်မဲတို့ဘာတို့ မတော်မတရားတွေ လုပ်ပြီး အနိုင်ယူချလိုက်တယ်။ အခု ၂၀၁၂ ခုနှစ် ကြားဖြတ်ရောက်တဲ့အခါ လူထုက ငြင်းပြီးတော့ လူထုက ဒီ ပါတီကို မလိုချင်တဲ့အတွက် ဘယ်လို ရှုံးခဲ့လဲဆိုတာ သိသာနေတာပဲ။ ကျနော်တို့ NLD ပါတီဟာ ဖျက်သိမ်းခံထားရ ပြီးတော့ ပါတီကို မရှိတော့တဲ့ပုံ ဖြစ်နေရာက နေပြီးတော့ တလပိုင်း ၅ ရက် နေ့မှာ စပြီးတော့ ပြန်ဖွဲ့နိုင်ခဲ့တဲ့ ပါတီဟာ ၃ လလောက် အတွင်းမှာ ချက်ခြင်း တခဲနက် နိုင်တယ်ဆိုတာဟာ ဘာကို ပြသလဲဆိုတော့ ကြံ့ဖွံ့ပါတီကို လူထုက ငြင်းပယ်လိုက်ပြီဆိုတာ ပြတယ်။ ကျနော်တို့ အမြင်ကတော့ ကြံ့ဖွံ့ပါတီကို လူထုက ငြင်းပစ်လိုက်ပြီ။

အဲလို ငြင်းတဲ့ဟာကို ရေနစ်တဲ့သူ ကောက်ရိုးမျှင်လေး တမျှင်တွေ့လို့ လှမ်းဆွဲတဲ့ဟာမျိုး၊ ဦးသိန်းစိန်ကို ပါတီ ဥက္ကဌ မတင်ရင် သူတို့ မရတော့ဘူး ထင်ပြီးလုပ်ခဲ့တာ။ ဦးသိန်းစိန်ကို တင်ပြီးလုပ်လို့လည်း မရတော့ပါဘူး။ ဦးသိန်းစိန် ကယ်လို့လည်း မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဦးသိန်းစိန်ရဲ့ ဒီကနေ့ဖြစ်နေတဲ့ လူကြိုက်များမှုဆိုတာ ဆေးမြီးတိုလိုပဲ။

မေး ။     ။ ဒီနေရာမှာ သမ္မတ ဦးသိန်းစိန် တက်လာပြီး ဆက်တိုက် ပြည်သူ့ဆန္ဒကို လိုက်လျောပြီး လုပ်ခဲ့လို့ လူထုက သူ့ကို ထောက်ခံကြတာတွေ့ရတယ်။ အခု နောက်ဆုံး အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရုံး (OIC)  စိုက်မယ့်ကိစ္စတောင် ချက်ချင်း မလုပ်တော့ဘူး ထုတ်ပြန်ခဲ့တယ်။ အဲဒီအပေါ်မှာရော ဘယ်လို ပြောချင်ပါလဲ။

ဖြေ ။     ။ OIC လိုဟာမျိုး ဟာကလည်း ရှင်းရှင်းပြောရရင် သူတို့ သဘောတူထားပြီးသား။ သူတို့ သဘောတူ ခဲ့တဲ့ဟာ။ လူထုက ကန့်ကွက်မယ်ဆိုတာ သိတယ်။ သဘောတူတယ်ဆိုတာ လုပ်တယ်၊ ပြီးတဲ့အခါကျ ဦးသိန်းစိန်က လူထုဆန္ဒနဲ့ မကိုက်ညီလို့ ဖျက်ပစ်တယ်ဆိုတာ ဦးသိန်းစိန်ရဲ့ အခန်းကဏ္ဍကို မြှင့်တဲ့အကွက်တွေ၊ ဒီ အကွက်တွေက။ OIC ကိစ္စဟာ သူတို့ သိတာပေါ့။ ဒါပေမယ့် တမင်ကို OIC ရုံးဖွင့်ဖို့ ဘာတို့ သဘောတူလိုက် ပြီးတော့ လုပ်တာ။ ဝန်ကြီးတယောက် သဘောတူ လက်မှတ်ထိုးလိုက်တယ်ဆိုတာ အစိုးရအဖွဲ့က သိလို့သာ ခွင့်ပြုချက်နဲ့ သဘောတူရတာ။ ပေါ်လစီ ဒီလောက်ကြီး တိုင်းပြည်မှာ ဝရုန်းသုန်းကား ဖြစ်နေတဲ့ဟာကြီးကို ဝန်ကြီးဌာနတခုက ထိုးချင်တာ ထိုးလို့ရမလား၊ ဦးသိန်းစိန်တို့ သဘောတူ ပြီးသားဟာ၊ ဒါပေမယ့်လို့ အဲလိုလုပ်ပြီးမှ လူထု ကန့်ကွက် လာလို့ရှိရင် ပြန်ရုပ်သိမ်းမယ် ဆိုတာ၊ သူတို့ စိတ်ထဲမှာ Plot (အကွက်ချထားတဲ့အစီအစဉ်) ရှိပြီးသား။

မေး ။     ။ ဘာပဲပြောပြော မြန်မာနိုင်ငံသား အများစုက အခုလို သမ္မတ ဦးသိန်စိန်က ပြည်သူ့ဆန္ဒကို နားလည်ပြီး လုပ်ဆောင် အကောင်အထည် ဖော်ပေးတယ်ဆိုတော့ ဒါတွေဟာ နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာပဲမို့လား။

ဖြေ ။     ။ အကယ်လို့ ဦးသိန်းစိန်ရဲ့ လူရာဝင် သူရာဝင် လူကြိုက်များမှုကို သူတို့ရချင်တယ်ဆိုရင် အခု လုပ်နိုင်စရာ တခု လောလော လတ်လတ်ရှိတာကို လုပ်လိုက်ပါလို့ ကျနော်တို့က ပြောချင်တယ်။ အဲဒါက ဘာလဲဆိုတော့ လက်ပန်းတောင်းလို ဟာမျိုးဟာ မြစ်ဆုံလို ပြည်သူ တရပ်လုံးကနေပြီးတော့ အကုန်လုံး ဆန့်ကျင်နေကြပြီ။ ပြည်သူလူထုက ကန့်ကွက်နေပြီဆိုတဲ့ အခါကျတော့ မြစ်ဆုံလုပ်သလိုပဲ၊ လက်ပန်းတောင်းကို လုပ်ပါ။ လက်ပန်တောင်း ကျတဲ့အခါကျတော့ မြစ်ဆုံလိုတောင် ရပ်မထားပါနဲ့၊ ဖျက်ပစ်လိုက်ပါ။ တခါတည်း ဖျက်သိမ်းပစ်လိုက်ပါ။ လက်ပံတောင်းလို ဟာမျိုးဟာ လူထုကလည်း လက်မခံတော့ဘူး။ ပြည်သူကလည်း လက်မခံဘူး။ တကယ်လည်း လက်ခံနို်င်စရာ အကြောင်း မရှိဘူး။ သဘာ၀ ပတ်ဝန်းကျင် ရှု့ထောင့်ကပဲ ကြည့်ကြည့်၊ စီးပွားရေး ရှု့ထောင့်ကပဲ ကြည့်ကြည့် သယံဇာတဘက်ကပဲ ကြည့်ကြည့် နို့မဟုတ်လည်း လူထုရဲ့ ဒုက္ခသုက္ခ ရောက်မှုကိုပဲ ကြည့်ကြည့် အကုန်လုံးက လက်ခံနိုင်တဲ့ အနေအထား မျိုးမရှိတယ်။ လက်ပန်းတောင်းကိစ္စကို ဦးသိန်းစိန်ဟာ ရပ်စဲပါတယ်လို့ လုပ်လိုက်တောင်မှ မြစ်ဆုံတုန်းကလို လူကြိုက် များမှုမျိုး မရတော့ဘူးဆိုတာကို သူနားလည်ဖို့ ကောင်းတယ်။ အနည်းဆုံး သူနားမလည်ဘူးဆိုလည်း သူ့အောက်က လူတွေက နားလည်ဖို့ ကောင်းတယ်။

မေး ။     ။ ဟုတ်ကဲ့။ ဒါဆို ကြံ့ခိုင်ရေးပါတီကို ဘဘက လူထုက ငြင်းလိုက်တဲ့ပါတီလို့ ဆိုတယ်။ ဒါဆိုရင် ဒီပါတီရဲ့ အနာဂတ်၊ ဒီပါတီရဲ့သမိုင်း ဘယ်လိုဖြစ်လာမလဲ ခင်ဗျာ။

ဖြေ ။     ။ မြန်မာရာဇဝင်မှာ ပြောရရင် နိုင်ငံရေးပါတီလို့ အမည်ခံထားတာ ဒီလောက် ဆိုးဝါးတဲ့ပါတီ မရှိသေးဘူး။ ပါတီတွေ ညံ့ဖျင်းတာတွေရှိမယ်။ ပါတီတွေ ဖောက်ပြန်တာတွေ ရှိမယ်။ ပါတီတွေ ပြည်သူကို အကျိုးမပြုတာတွေ ရှိကောင်း ရှိမယ်။ ဒါပေမယ့် ဒီပါတီလောက်ဆိုးတာ မြန်မာ့သမိုင်းမှာတော့ မရှိဘူး။ ဒီပါတီလောက် ကလိန်ကလယ် လုပ်တာလည်း မြန်မာ့သမိုင်းမှာလည်း မရှိဘူး။ နောက်ပြီး လူထုကနေ “No” ဆိုပြီး အငြင်းခံရတဲ့ ပါတီတွေထဲ ဒီလောက် အငြင်းခံရတဲ့ လူထု ခေါင်းခါခံရတဲ့ပါတီ မရှိဘူး။ အဲလိုပါတီမျိုးက ဘယ်လမ်းစဉ်လိုက်မလဲ။ မဆလ လမ်းစဉ်ပဲ လိုက်ရတော့မှာပေါ့။ မဆလ ပြိုသလိုပဲ ပြိုသွားရမှာပဲ။ သို့မဟုတ်လည်း မဆလ ရပ်စဲသလို ဖျက်သိမ်းသလို ဖျက်သိမ်းရမှာပဲ။ လူထုရဲ့ခေါင်းခါချက်ကို ဦးသိန်းစိန်ဆိုတဲ့ ကောက်ရိုးမျှင်ဆွဲရုံနဲ့တော့ မရဘူး။

မေး ။     ။ ဒါဆို ၂၀၁၅ မှာ NLD ပါတီအနေနဲ့ရော ဘယ်လိုပြင်ဆင်ထားလဲ။ အာဏာ လက်ထဲ ရလာခဲ့ရင် ဘာတွေ ဘယ်လို လုပ်ကိုင်သွားဖို့ အစီအစဉ်ရှိလဲ။

ဖြေ ။     ။ အခု NLD အနေနဲ့ ပြောနေတာက ပြည်သူက တာဝန်ပေးရင် သမ္မတတို့ဘာတို့ လုပ်မယ်ဆိုတဲ့ ဟာကို ပြောရတဲ့ အကြောင်းက ဘာလဲဆိုတော့ ရွေးကောက်ပွဲတခုကို ကျော်ဖြတ်ခဲ့ပြီ။ ကျနော်တို့က တရားဝင်ပါတီ ပြန်ပြီးတော့ ဖြစ်လာပြီ။ လွှတ်တော်ထဲကို ရောက်နေပြီဆိုတဲ့ အချက်နဲ့သာ သမ္မတ တာဝန်ပေးရင် လုပ်ရမှာပဲဆိုတာ ပြောတာပဲ ရှိတယ်။ ကျနော်တို့က အာဏာကိစ္စကို ကျနော်တို့ မစဉ်းစားဘူး။ ကျနော်တို့ အခုလုပ်နေတာက ဒီမိုကရေစီ အတွက်လုပ်နေတာ၊ လုပ်စရာရှိတာ လုပ်နေတယ်။

အာဏာလွှဲပြောင်းရေးနဲ့ ပတ်သက်လို့ လွယ်လွယ်ကူကူနဲ့ ကျနော်တို့ ပြောချင်တာပြောရုံနဲ့ ကိုယ့်ဟာကို စိတ်ထဲမှန်းလို့ မရဘူးဆိုတာ ကျနော်တို့ သိတယ်။ ဘာလို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲဆိုတဲ့ အလွန်နာကျည်း စက်ဆုပ်ဖွယ် ကောင်းတဲ့ အတွေ့အကြုံမျိုးကို ကျနော်တို့ တွေ့ကြုံခဲ့ပြီးပြီ။ ကျနော်တို့ အဲဒီလောက်ထိ ပြင်းထန်တဲ့ အတွေ့အကြုံမျိုး ရှိတဲ့ အာဏာအပ်ရေး ငြင်းပယ်ခံခဲ့ရတယ်။ ပြည်သူလူထုက တခဲနက်ထောက်ခံခဲ့တဲ့ကြားထဲက အငြင်းခံခဲ့ရတာ။ အဲဒီလို အတွေ့အကြုံမျိုး ရှိရဲ့သားနဲ့တော့ ကျနော်တို့က အာဏာကို လွှဲပြောင်းပေးပါ့မလား၊ မလွှဲပြောင်းပေးဘူးလား ဆိုတာ ကျနော်တို့ အခုထိ မစဉ်းစားဘူး။ အရေးကြီးတာ ဘာလုပ်မလဲ၊ လူထုကို ချဉ်းကပ်မယ်။ လူထုက ကျနော်တို့ကို တာဝန်ပေးမယ်ဆိုရင် လုပ်မယ်။ ဒါလောက်ပဲ စဉ်းစားတယ်။

လူထုက သမ္မတပေးပြီဆိုရင် အာဏာလွှဲပြောင်းရေး ဆိုတာဟာ ကြီးကြီးမားမား ၁၉၉၀ လို သူတို့ လုပ်လို့မရဘူးလို့ ကျနော်တို့ အဲဒီလိုပဲ သဘောထားတယ်။ အာဏာ လွှဲပြောင်းရေးတို့ ဘာတို့ဆိုတာ ဒီအချိန်မှာ ပြောလို့ရှိရင် ကျနော်တို့က အာဏာကိစ္စပဲ လုပ်နေတယ် ထင်မယ်။ ကျနော်တို့ အခုလုပ်နေတာက အာဏာကိစ္စ လုပ်နေတာ မဟုတ်ဘူး။ ဒီမိုကရေစီ လူ့ဘောင် လူ့အဖွဲ့အစည်း၊ မြန်မာပြည်ဟာ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်အောင် လုပ်နေတာ။ အဲဒါက အဓိကပဲ။ ကျန်တဲ့ဟာကတော့ သူ့ဟာသူ ပေါ်လာတဲ့ဟာကို ပေါ်လာသလို ရင်ဆိုင်ရမှာပဲ။ ရင်ဆိုင်ဖို့လည်း  ကျနော်တို့မှာ အတွေ့အကြုံတွေ ရှိတယ်။ ဘယ်လောက် ခက်ခဲမယ်ဆိုတာလည်း ကျနော်တို့ ခန့်မှန်းထားပြီးသား ရှိတယ်။ အဲဒီအတိုင်းပဲ အခက်အခဲတွေကို ဘယ်လို ကျော်လွှားသွားကြမလဲ ဆိုတာတော့ အချိန်တန်ရင် စဉ်းစားတတ်လာမယ်လို့ ကျနော်တို့ အဲဒီလိုပဲမြင်တယ်။ အခုတော့ ပိုပြီးတော့ ဒီလိုကိစ္စ တွေ ပြောလည်း မပြောချင်ဘူး။ စဉ်းလည်း မစဉ်းစားချင်ဘူး။ အဲဒီလိုပဲပြောရမှာပဲ။     ။

Your Thoughts …
Tags: Interviews
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
19.9k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

by ဧရာဝတီ
24 July 2013
15k

၈ လေးလုံး အရေးတော်ပုံနဲ့ ပက်သက်လို့ ဒါဟာ ငါလုပ်တာ၊ ဒါ ငါတို့ရဲ့အဖွဲ့က လုပ်တာလို့ ပြောရင် ရူးသွပ်တာပဲလို့ မြင်တယ်

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

by ဧရာဝတီ
29 July 2013
19.9k

တကယ်လို့ မြန်မာနိုင်ငံမှာ ယောက်ျားနဲ့ မိန်းမ တန်းတူညီမျှမှု ရှိသလားလို့ ကျမတို့ မြန်မာ အမျိုးသမီးတွေကို မေးရင် ရှိပါတယ်လို့ ဖြေကြလိမ်မယ်။ ဒါပေမယ့် ရင်ထဲမှာ မမြင်နိုင်တဲ့ အတွင်းဖက် နေရာမှာ တော့ ကျမတို့ဟာ ဒုတိယတန်းစား...

Next Post
အမေရိကန်ရဲ့ စစ်ရေးနည်းပညာ အကူအညီ လိုချင်ဟု ဦးသိန်းစိန် ပြော

အမေရိကန်ရဲ့ စစ်ရေးနည်းပညာ အကူအညီ လိုချင်ဟု ဦးသိန်းစိန် ပြော

မြန်မာ့ ကျောက်ဆစ် လုပ်ငန်း (ရုပ်/သံ)

မြန်မာ့ ကျောက်ဆစ် လုပ်ငန်း (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate