• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဒီမိုကရေစီအစ အိမ်တွင်းက

by ခေတ်ဘုန်းသစ်
24 April 2013
in သူ့အတွေး သူ့အမြင်
A A
ဒီမိုကရေစီအစ အိမ်တွင်းက

မိသားစုဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်း ယူနစ်တခု

4.7k
VIEWS
Share on FacebookShare on Twitter

ဒီမိုကရေစီ နိုင်ငံတော် တခုကို တည်ထောင်တဲ့ အခါမှာ လူတိုင်း လူတိုင်းရဲ့ ရင်ထဲမှာ အာဏာရှင် ဆိုတဲ့ အကျင့်ဆိုး၊ စနစ်ဆိုး ကြီးကို ဖျောက်ပစ်ဖို့လိုပါတယ်။ ကျမတို့ နိုင်ငံကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းကိုက သက်ဦးဆံပိုင် ဘုရင်စံနစ်ကနေ စလာလိုက်တာ၊ အင်္ဂလိပ် အုပ်စိုးတဲ့ ခေတ်၊ ဂျပန်အုပ်စိုးတဲ့ ခေတ် အပါအဝင် တပါတီ အာဏာရှင်စနစ်၊ စစ်အာဏာရှင် ခေတ်တလျှောက်လုံး အားလုံး တောက်လျှောက်ကို အထက်အောက် ဆက်ဆံရေး၊ အကြောက်တရားနဲ့ အုပ်ချုပ်လာခဲ့ကြပါတယ်။ ဟိုးအထက်က စပြီးတော့ အကြောက်တရားနဲ့ အုပ်ချုပ်လာလိုက်တာ နောက်ဆုံး ကိုယ့်ရဲ့ အိမ်ကို ပြန်ရောက်တဲ့ အချိန်ထိ အိမ်မှာ သြဇာအာဏာရှိသူ လူကြီးတဦးက အကြောက်တရားနဲ့ အုပ်ချုပ်တာကို ခံရတဲ့ အထိပါပဲ။

အိမ်တိုင်း အိမ်တိုင်း လိုလိုမှာ ကြောက်ရမယ့် လူကြီးတဦး (အိမ်ထောင်ဦးစီး) ရှိနေခဲ့ပါတယ်။ အိမ်ထောင်ဦးစီးရဲ့ စကားကို မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ နားထောင်ကြရပါတယ်။ အိမ်ထောင်ဦးစီးက အိမ်ရဲ့တာဝန်ကို အပြည့်ယူသလို၊  အရာအားလုံးကို လည်း အာဏာနဲ့ပဲ အုပ်ချုပ်ပါတယ်။ အိမ်ထောင်ဦးစီး အဖေဟာ (အများအားဖြင့်) သားသမီးများနဲ့ ရောနှောပြီး မဆက်ဆံတတ်ကြပါဘူး။ မျက်နှာတည်တည်တံတံ့ ထားပြီးတော့ ကြောက်အောင် နေပါတယ်။ အဖေဟာ အိမ်ရဲ့ အာဏာရှင်ပါ။ အဖေ လုပ်တာကိုင်တာ၊ ဆုံးဖြတ် တာကို ဘယ်သူကမှ ဝင်ရောက် ပါဝင် ဆွေးနွေး ပတ်သတ်ခွင့် မရှိကြပါဘူး။ တချို့ အိမ်များမှာတော့ အမေ (မိန်းမ)က ပါဝင် နိုင်ခွင့်ရကြပါတယ်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
645
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

14 June 2025
2.3k
ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

14 June 2025
1.4k

ဒီလို အာဏာနဲ့ အုပ်ချုပ်တဲ့ အိမ်များက သားသမီးများဟာ ကြောက်တတ် ရွံ့တတ် ကြပြီးတော့ ကိုယ့်ရဲ့အစွမ်းအစကို မထုတ်တတ်ကြသူများ ဖြစ်သွားတတ်ကြပါတယ်။ တာဝန်ယူလိုစိတ်လည်း နည်းကြသလို လူရေးလူတာလည်း သိပ်မသိတတ်ကြပါဘူး။ မှားရင်လည်း မပြောရဲ၊ မှန်ရင်လည်း မပြောရဲပဲနဲ့ ကွယ်ရာမှ အတင်းပြောတတ်တဲ့၊ ခိုးကြောင် ခိုးဝှက် လုပ်တတ်တဲ့ စိတ်မျိုးကို မွေးဖွားပေးစေပါတယ်။ ကိုယ့်ရင်ထဲက အမှန်တရားကိုလည်း ရဲရဲ မကြေညာဝံ့ကြပါဘူး။

အိမ်တွင်း ဒီမိုကရေစီ ရှိကြတဲ့ အိမ်များမှာတော့ အာဏာရှင်ဆိုတာ မရှိကြတော့ပါဘူး။ ဒါပေမယ့် အိမ်တွင်းမှာ ထုတ်ထားတဲ့ အိမ်တွင်းဥပဒေလေးတွေတော့ ရှိပါတယ်။ ဒါကို မိသားစုဝင် အားလုံးက လေးလေးစားစား လိုက်နာကြရပါတယ်။ ဥပမာ  ထမင်းစားပြီးရင် ကိုယ့်ပန်းကန် ကိုယ်ဆေးရမယ် ဆိုတာမျိုးက အစ၊ ကျောင်းဖွင့်ရက်များမှာ တီဗီ၊ ဗီဒီယို ဂိမ်း မကစားရဘူး ဆိုတာမျိုးအထိကို ပြောတာပါ။

အိမ်တွင်း ဒီမိုကရေစီ ရှိတဲ့ မိသားစုထဲက အဖေနဲ့ အမေဟာ သားသမီးများ နဲ့ ရင်းနှီးနွေးထွေး စွာနေပါတယ်။ သားသမီးများရဲ့ စိတ်ထဲ ရှိရာ လွတ်လပ်စွာပြောဆိုတဲ့ အတွေးအမြင်များ ကို မဟန့်တား၊ မပိတ်ပင်ဘဲနဲ့ လေးလေးစားစား နားထောင်တတ်ကြပါတယ်။ သားသမီးကို ဆုံးဖြတ်ရဲအောင်၊ ဆုံးဖြတ်တတ်အောင် သင်ပေးကြပါတယ်။  အရွယ်အလိုက် ထိုက်သင့်တဲ့ ဆုံးဖြတ်ခွင့်လေးတွေ ပေးပါတယ်။ မှားသွားတဲ့ အမှားကို အပြစ်မတင်ဘဲ အမှားကနေ သင်ယူတတ်အောင် လေ့ကျင့်ပေးကြပါတယ်။ ပြောရမယ် ဆိုရင်တော့ လူ့လောကထဲ လူ့ဘဝထဲကို ကလေးတို့ဖာသာ ခြေစုံရပ်နိုင်ဖို့အတွက် လေ့ကျင့်ပေး ကြပါတယ်။

အာဏာနဲ့ အုပ်ချုပ်တဲ့ အိမ်များမှာတော့ အဖေ သို့မဟုတ် အမေက မှားသွားခဲ့ရင် သားသမီးက ပြောပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့် မရှိပါဘူး။ မိဘလုပ်သမျှ အားလုံးမှန်တယ် ဆိုတဲ့ အယူဆကို စွဲကိုင်ထားတတ်ကြတာပါ။ ဒါပေမယ့် အိမ်တွင်း ဒီမိုကရေစီ ရှိတဲ့ အိမ်များမှာတော့ မိဘဟာလည်း လူပဲမို့ မှားတတ်တာကို မိဘတို့က ဝန်ခံကြပါတယ်။ မိဘတို့က ကိုယ့်ရဲ့ အမှားကို ရဲရဲဝံ့ဝံ့ ဝန်ခံရင်းနဲ့ပဲ မှားရင် ဝန်ခံရမယ် ဆိုတာကို သားသမီးတို့ကို တခါတည်း သင်ပေး လိုက်ကြပါတယ်။ အမှားကနေ ဘယ်လို သင်ယူမလဲ။ မှားတာကို ဘယ်လို ပြင်ယူမလဲ ဆိုတာကိုပါ စံနမူနာအနေနဲ့ မိဘတို့က ကျင့်သုံးပြ ကြပါတယ်။

အာဏာနဲ့ အုပ်ချုပ်တဲ့ အိမ်များမှာတော့ အာဏာရှိသူ အိမ်ထောင်ဦးစီး (မိဘ) ဟာ ကိုယ့်ရဲ့ မပြေလည်မှု၊ ဒေါသ၊ စိတ်ဖိစီးမှု စတာတွေကို အိမ်ရှင်မဆီမှာ၊ သားသမီးများဆီမှာ ဖောက်ခွဲ အော်ဟစ် ပြီးတော့ ဒေါသ ဖြေဖျောက်တတ်ကြပါတယ်။ ဒါပေမယ့် အိမ်တွင်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ အိမ်များမှာတော့ မိဘများဟာ သားသမီးများ ကြုံလာရတဲ့ မပြေလည်မှု၊ ဒေါသ၊ စိတ်ဖိအား စတာတွေကို  မှန်ကန်တဲ့နည်းနဲ့ ဖြေလျှော့ပစ်နိုင်ဖို့ အကူအညီပေးတတ်ကြပါတယ်။ ကိုယ့်ရဲ့ ဒေါသ၊ ကိုယ့်ရဲ့ စိတ်ဖိအားကို ဖြေလျော့အောင်လုပ်တဲ့အခါမှာ ကိုယ့်အနားက လူတွေနဲ့ ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက် မဖြစ်စေဘဲနဲ့ ကိုယ့်ဖာသာကိုယ် ဖြေလျှော့ပစ်နိုင်ဖို့ အကူအညီပေးတတ်ကြပါတယ်။

အိမ်တွင်း ဒီမိုကရေစီ ရှိကြတဲ့ အိမ်များမှာ တရားမျှတစွာနဲ့ ကြီးပြင်းခွင့်ရတဲ့ ကလေးများဟာ  အမှန်တရားကို ရဲဝံ့စွာ ပြောရဲကြပါတယ်။ ကိုယ့်ရဲ့အမှား ကိုယ်တာဝန်ယူရဲကြပါတယ်။ ဆုံးဖြတ်ရဲကြ၊ လုပ်ကိုင်ရဲ ကြပါတယ်။ လူကြီးမို့လို့၊ မိဘမို့လို့၊ အသက်ကြီးလို့၊ အာဏာရှိနေလို့၊ ကြည်ညိုရတဲ့ သူဖြစ်နေလို့ ဆိုပြီး မဟုတ်တာလုပ်နေတာကို သိသိကြီးနဲ့ မပြောရဲဘဲ ထိုင်ကြည့် မနေတတ်ကြပါဘူး။ ဒီလို ရဲဝံ့တဲ့ စိတ်မျိုးကို ကလေးတို့ ရင်ထဲကို သွင်းပေးနိုင်ဖို့ ဆိုတာဟာ အိမ်တိုင်းအိမ်တိုင်းမှာ အိမ်တွင်း ဒီမိုကရေစီ စံနစ်ကို ကျင့် သုံးပါမှဖြစ်မှာပါ။

ကျမတို့ဟာ အကြောက်တရားနဲ့ မနေချင်သလိုပဲ ကလေးတို့ဟာလည်း အကြောက်တရားအောက်မှာ မကြီးပြင်းချင်ကြပါဘူး။ ကျမတို့ မမှန်တာကို ငုံ့ မခံချင်သလိုပဲ သူတို့လည်း ငါမိဘ ငါကြိုက်ရာလုပ်မယ် ဆိုတဲ့ မိဘတို့ရဲ့ မတရားမှုတချို့ကို ငုံ့ မခံချင်ကြပါဘူး။ အိမ်တွင်း ဒီမိုကရေစီ စနစ်ကို ကျင့်သုံးဖို့ အတွက် အရေးကြီဆုံး အရာကတော့ ငါ မိဘ ဆိုတဲ့ စိတ်ကလေးကို လျှော့ပြီး ကလေးတို့ကို လူသားလေးများ အနေနဲ့ လေးလေးစားစား ဆက်ဆံစိတ်လေး မွေးတတ်မယ် ဆိုရင်ဖြင့် ကျမတို့ရဲ့ အနာဂါတ် နိုင်ငံတော်မှာ မှန်ရာကို ရဲဝံစွာပြောရဲဆိုရဲတဲ့ လူကြီးတွေ များလာမှာပါ။ ကျမတို့ ရင်ထဲက အကြောက်တရားတွေကို ဆွဲနုတ်ပစ်နိုင်ဖို့ ကလေးတွေရဲ့ စိတ်ထဲကို မကြောက်တရားတွေ များများ သွင်းပေး နိုင်မယ်ဆိုရင်ဖြင့် တကယ့်ဒီမိုကရေစီနဲ့ တူတဲ့ နိုင်ငံကြီးကို တချိန်ချိန်မှာ ကျမတို့ မြင်တွေ့နိုင်မယ်လို့ ယုံကြည်ပါတယ်။ မိသားစုဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်း ယူနစ်တခု မဟုတ်လား။

(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)

Your Thoughts …
Tags: DemocracyFamilyParenting
ခေတ်ဘုန်းသစ်

ခေတ်ဘုန်းသစ်

Contributor

Similar Picks:

ဘဝရှင်မင်းတရားကြီး အန္တရာယ်

ဘဝရှင်မင်းတရားကြီး အန္တရာယ်

by ညီစောလွင်
22 July 2013
17.3k

ဘဝရှင်မင်းတရားကြီး အနားယူသွားပြီ၊ စာဖတ်နေပြီလို့ ဆိုပေမယ့် သူ ချန်သွားခဲ့တဲ့ စနစ်နဲ့ ယန္တရားတွေက မြန်မာပြည် ရှေ့ခရီးအတွက် အန္တရာယ်ရှိနေဆဲပဲလို့ ကျနော် ထင်မြင်နေမိပါတယ်။

စစ်ဗိုလ်ချုပ်တွေ အရမ်းကြောက်တဲ့ အမျိုးသမီး

စစ်ဗိုလ်ချုပ်တွေ အရမ်းကြောက်တဲ့ အမျိုးသမီး

by ဧရာဝတီ
6 June 2025
104

ဘာလက်နက်မှ မရှိတဲ့ အမျိုးသမီးတစ်ယောက်ကို မြန်မာစစ် ဗိုလ်ချုပ်တွေ ဘာကြောင့် အမြဲကြောက်ရတာလဲ၊ စစ်အစိုးရ အဆက်ဆက် ကို ခြောက်လှန့်ခဲ့တဲ့ သူရဲ့ နိုင်ငံရေး ယုံကြည်မှု နဲ့ လမ်းစဉ်တွေက ဘာတွေလဲ၊ အကြိမ်ကြိမ်တိုက်ခိုက်ဖမ်းဆီးခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီတကြိမ်မှာရော...

ကလေးကဗျာ မဟုတ်တဲ့ ပထမတန်း ဖတ်စာ ကဗျာများ

ကလေးကဗျာ မဟုတ်တဲ့ ပထမတန်း ဖတ်စာ ကဗျာများ

by ခေတ်ဘုန်းသစ်
17 August 2013
11k

အစိုးရ ပထမတန်း မြန်မာဖတ်စာ စာအုပ်ထဲက ကလေးကဗျာ တချို့ဟာ ကလေးများနဲ့ မလိုက်ဖက်ပါ။ ဘယ်လို ရည်ရွယ်ချက်၊ စိတ်ကူး စိတ်သန်းတွေနဲ့ သင်ရိုးညွှန်းတန်း ထဲမှာ ထည့်ထားရသလဲ ဆိုတာကို ကျမ နားမလည်နိုင်ပါဘူး။

မောင်မောင်ကြီး သို့မဟုတ် အကြွေစောတဲ့ သူငယ်ချင်းတစ်ဦး

မောင်မောင်ကြီး သို့မဟုတ် အကြွေစောတဲ့ သူငယ်ချင်းတစ်ဦး

by အောင်ဒင်
5 August 2013
8.2k

နိုင်ငံရဲ့ ပြင်ပမှာ ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း ဒီမိုကရေစီရေး လှုပ်ရှားသူ တယောက် အနေနဲ့ မောင်မောင်ကြီး ကွယ်လွန်တဲ့ အချိန်မှာ အောင်မြင့်က မြန်မာ့ တပ်မတော်မှာ ဗိုလ်မှူးကြီး တစ်ယောက် ဖြစ်နေပါပြီ။

စိတ်ဉာဏ်ရည် မြင့်မားသူတို့ အနာဂတ်သစ်

စိတ်ဉာဏ်ရည် မြင့်မားသူတို့ အနာဂတ်သစ်

by ခေတ်ဘုန်းသစ်
8 May 2013
10k

ကိုယ့် စိတ်အခန့် မသင့်တာနဲ့ ဒေါသထွက်တာ၊ လက်ပါတာ၊ ဆဲဆိုတာ၊ အနိုင်ကျင့်တာ၊ စော်ကားတာ၊ ရိုင်းပျတာ ဒါတွေအားလုံးဟာ စိတ်ဉာဏ်ရည် နိမ့်ပါးမှုကို ပြတဲ့ လက္ခဏပါပဲ။

နိုင်ငံရေး၊ ဘာသာရေးနဲ့ ပျောက်ဆုံးနေသော ခနီ္တစ

နိုင်ငံရေး၊ ဘာသာရေးနဲ့ ပျောက်ဆုံးနေသော ခနီ္တစ

by ညီစောလွင်
26 July 2013
6k

အခု မြန်မာပြည်မှာ ပေါ်ပေါက်နေတဲ့ ၉၆၉ လှုပ်ရှားမှု၊ မျိုးစောင့် ဥပဒေ ပြဌာန်းရေး ကိစ္စမျိုးတွေဟာ အာဏာရှင် စနစ်အောက်ကနေ ဒီမိုကရေစီ စနစ်ဆီကို အသွင် ကူးပြောင်းတဲ့ နိုင်ငံတွေမှာ ပေါ်ပေါက် တတ်တဲ့ ပြဿနာတွေလို့ ဆိုနိုင်ပါတယ်။

Next Post
အခြေခံ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်

အခြေခံ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်

အခြေခံ လူတန်းစား အားလုံးအတွက် အချိန် ယူရဦးမယ့် တန်ဖိုးနည်းဖုန်း (ရုပ်/သံ)

အခြေခံ လူတန်းစား အားလုံးအတွက် အချိန် ယူရဦးမယ့် တန်ဖိုးနည်းဖုန်း (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate