“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ ...

မြတ်သူအောင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၈ လေးလုံး ၂၅ နှစ်ပြည့်ခြင်းနဲ့ တပြိုင်နက်တည်း တေးရေး နိုင်မြန်မာ ရေးပြီး ၈ လေးလုံး အရေးတော်ပုံ ကာလက လူတိုင်း ပါးစပ်ဖျား ဆိုဖြစ် ညည်းဖြစ်ကြတဲ့ “ကမ္ဘာမကြေဘူး” သီချင်း စတင်ပေါ်ထွက်ခဲ့တာလည်း ၂၅ နှစ်တိုင်ခဲ့ပါပြီ။ ဒီသီချင်းအတွက် ငွေရတု အမှတ်တရပွဲကို သြဂုတ် ၁၃ ရက်နေ့က ရန်ကုန် ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။ ဒီ အခမ်းအနားမှာ တေးရေးနိုင်မြန်မာကို “ကမ္ဘာမကြေဘူး” သီချင်း စတင်ဖန်တီးဖြစ်တဲ့ ခံစားအချက်အပါအဝင် သူ့ရဲ့ နိုင်ငံရေး အမြင် သဘောထားတွေကို ဧရာဝတီသတင်းထောက် မြတ်သူအောင်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။     ။ ဒီသီချင်းကိုရေးခဲ့စဉ်က ခံစားချက်နဲ့ ခံစားချက် စိတ်ထဲ ဘယ်လိုထည့်တယ် ဆိုတာကို ဟြေပြပေးပါလား။

ဖြေ။     ။ ကျနော်ဒီသီချင်းကို ရေးတဲ့ခံစားချက်ကတော့ ပြည်သူလူထုရဲ့ ခံစားချက်ပါပဲ။ အဓိက ဖြစ်တဲ့ စိတ်ကတော့ ဘာမှမရှိဘဲ လက်နက်မဲ့ ကိုယ့်အခွင့်အရေးကိုယ် တောင်းဆိုနေတဲ့ ပြည်သူလူထုကြီး လက်ထဲကို တခုခု ထည့်ပေးချင်တာပါ။ သူတို့စိတ်ဓာတ်ကို မြှင့်တင်ပေးမယ့် အရာတခု၊ သူတို့ စိတ်အားမငယ်စေအောင် ကျနော် တတ်နိုင်တဲ့ အနုပညာနဲ့ သီချင်းရေးပြီး ကျောင်းသားတွေ လက်ထဲကို ထည့်ပေးခဲ့တာပါပဲ။

မေး။     ။ သီချင်းနာမည်ကို ဘာလို့ ကမ္ဘာမကြေဘူးလို့ ပေးခဲ့တာပါလဲ။

ဖြေ။      ။ ကမ္ဘာမှာလည်း ဘယ်နိုင်ငံမှာမှ ဒီလိုနိုင်ငံတော် သီချင်းမျိုးမရှိပါဘူး။ ကျနော်တို့လူမျိုးနဲ့ တိုင်းပြည်က တကယ်ကို လေးနက်တဲ့၊ နက်နဲတဲ့ လူမျိုးတွေနေတဲ့ တိုင်းပြည်တပြည်လို့ ခံစားရတယ်။ မူရင်းသီချင်းကြီး ကလည်း ကမ္ဘာမကြေ သီချင်း ကြီးပါ။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေဘူး၊ ဘာလို့လဲ ဆိုတော့ ကျနော်တို့ တိုင်းပြည်နဲ့လူမျိုးတွေက တိုင်းတပါးရဲ့ ကျွန်ပြု ဖိနှိပ်မှုအောက်မှာ၊ ပဒေသရာဇ် စနစ်တွေအောက်မှာ နှစ်ရှည်လများ ကြီးထွားရှင်သန်ပြီးတော့ ရင့်ကျက်ပြီး လောကဓံ အမျိုးမျိုး ခံလာရတဲ့ တိုင်းပြည်နဲ့ လူမျိုးဖြစ်တဲ့အတွက် ကမ္ဘာမကြေဘူး ဆိုတဲ့ အသုံးအနှုန်းက ကျနော်တို့လူမျိုးတွေနဲ့ ထိုက်တန်လို့
ရေပန်း စားနေတယ်၊ အများသုံးစွဲ နေတယ်လို့ ခံယူမိပါတယ်။

မေး။     ။ အနုပညာကိုလုပ်ရင်း နိုင်ငံရေးကို စိတ်ဝင်စားခဲ့တာလား။

ဖြေ။     ။ ကျနော်က အမှန်တော့ အနုပညာသမားပေါ့။ ဒါပေမယ့် နိုင်ငံရေး ဆိုတာကတော့ စိတ်ဝင်စားသည် ဖြစ်စေ၊ စိတ်မဝင်စားသည် ဖြစ်စေ တိုင်းပြည်တပြည်မှာ နေပြီးတော့ ဒီတိုင်းပြည်မှာ ရှိတဲ့ ပြည်သူလူထုနဲ့ ပတ်သက်ပြီးတော့ အနုပညာသည်တွေ အားလုံးက အလုပ်လုပ်တယ်၊ သီချင်းရေးတယ်၊ ဆိုတယ်၊ ကတယ်၊ အနုပညာသည် အားလုံးက တိုင်းသူပြည်သားနဲ့ ပတ်သက်တာပဲ၊ တိုင်းသူပြည်သားတွေရဲ့ အရေးက နိုင်ငံရဲ့အရေးပဲ။

မေး။     ။ ဒီသီချင်းကို ဘာကြောင့် ကျောင်းသားတွေကို ဆိုစေခဲ့တာလဲ။

ဖြေ။     ။ သီချင်းရေးဆရာ တယောက်က သီချင်းတပုဒ်ကို ရေးပြီးတိုင်းမှာ သီချင်းကို သီဆို အကောင်အထည် ဖော်မယ့်သူ လိုပါတယ်၊ နောက်ပြီး ဒီသီချင်းက ဖျော်ဖြေရေး လုပ်တဲ့နေရာတွေမှာ ဆိုတဲ့ သီချင်းလိုမျိုး ဆိုလို့လည်း သိပ်မကောင်းဘူး၊ သာယာနာပျော်ဖွယ် ကောင်းတဲ့ သီချင်းမျိုးလည်း မဟုတ်ပါဘူး။ ပရိသတ်တွေက ဝတ်ကောင်းစားလှတွေ ဝတ်ပြီး နားထောင်၊ ကျနော်တို့က အဆိုတော်တွေလို ဆိုပြရတဲ့ သီချင်းလည်း မဟုတ်ပါဘူး။ ကျနော်နဲ့ စိတ်တူကိုယ်တူ သီဆိုမယ့် ကျနော့်ရဲ့ ညီငယ်၊ ညီမငယ်တွေနဲ့ သဘောတူညီမှု ရပြီးတော့ပဲ သီဆိုခဲ့တာပါ။ အဲဒါကတော့ ကျောင်းသားဆိုတာ လူငယ်လေ၊ သီချင်းဆိုတာ လူကြီးတွေ ဆိုတာလား၊ လူငယ်တွေ ဆိုတာလား ဆိုတာ အဖြေက ရိုးရိုးလေးပါပဲ၊၊

မေး။     ။ အနုပညာ သမားတွေကို ဘာကြောင့် မဆိုခိုင်းတာပါလဲ။

ဖြေ။     ။ အနုပညာသမားတွေကို မဆိုခိုင်းတာက အဲဒီအချိန်တုန်းက အသက်အန္တရာယ်တွေ ရှိတယ်၊ ဘဝတွေ ရင်းကြ ရတယ်၊ ဘယ်သူမှ အာမ မခံနိုင်ဘူး၊ တစုံတခု ဖြစ်သွားနိုင်တယ်၊ အဲဒီအချိန်မျိုးမှာ အဲဒီလို သီချင်းမျိုးကို ဆိုမယ့်သူ Volenteer ပေါ့၊ ကိုယ့်သဘောနဲ့ကိုယ် ဆိုမယ့်သူတွေ၊ ကျနော်နဲ့အတူ သေချင်လည်း သေကြပါစေဆိုတဲ့ စိတ်သဘောချင်း တူတဲ့သူတွေပဲ ကျနော်နဲ့ စိတ်တူကိုယ်တူ လိုက်လုပ်ခဲ့ကြတာပါ။

မေး။     ။ ကိုယ့်ကို လူအများကြီးထဲမှာ ထင်ပေါ်ချင်လို့ ဒီလိုလုပ်တာ ဆိုပြီး ဝေဖန်မယ့်သူတွေ ရှိရင်ရော။

ဖြေ။     ။ ဝေဖန်တယ်ဆိုတာက လူရယ်လို့ ဖြစ်လာရင် ကျနော်တို့လို အနုပညာသည် မဟြေနဲ့၊ အိမ်တအိမ်ထဲမှာ အတူနေတဲ့သူ မိသားစုထဲမှာတောင် အထင်လွဲတာတွေ၊ ဝေဖန်ခံရတာတွေ ရှိပါတယ်၊ ဝေဖန်တယ်ဆိုတာ လူ့သဘော သဘာ၀ တခုပါ၊ လူမှန်ရင် ဝေဖန်တတ်ပါတယ်၊ ဝေဖန်တဲ့ ကိစ္စတွေကိုလည်း ကျနော်က ဖြစ်ရိုးဖြစ်စဉ်လို့ပဲ သဘောထား ပါတယ်။

မေး။     ။ မြန်မာပြည် နိုင်ငံရေး အခြေအနေကို ကိုယ့်စိတ်ကြိုက်ဆိုရင် ဘယ်လို ဖြစ်စေချင်ပါသလဲ။

ဖြေ။     ။ ကျနော့်စိတ်ကြိုက် ဆိုရင်တော့ စင်းလုံးချော၊ အားလုံး ပြီးပြည့်စုံတဲ့ နိုင်ငံရေး ဖြစ်စေချင်တယ်။ ဒါပေမယ့် အဲဒါကတော့ တောင့်တတာပဲ။ ကမ္ဘာမှာလည်း ဘယ်နိုင်ငံ မှာမှတော့ အားလုံး ပြီးပြည့်စုံတဲ့ နိုင်ငံရေးနဲ့ နေနိုင်တဲ့ တိုင်းပြည်မျိုးတော့ မရှိပါဘူး။ လူတိုင်း စံနမူနာထားတဲ့ အမေရိကန်လို တိုင်းပြည်ကြီးမှာလည်း ယိုပေါက်တွေ၊ ဟာပေါက်တွေ နဲ့လေ။ ထပ်ပြီးတော့ ဒီထက်ပိုကောင်းတဲ့ အယူဝါဒမျိုးတွေနဲ့ ဒီမိုကရေစီမှာလည်း အားနည်းချက်တွေ ရှိတော့ သူတို့လည်း ထပ်ပြီး ဖြည့်ဆည်းနိုင်ဖို့ ခရီးဆက်နေရတုန်းပဲ။

မေး။     ။ နိုင်ငံရေး သီချင်းမဟုတ်ဘဲ အနုပညာနဲ့ ပတ်သက်ပြီး သီချင်းတွေရေးရင် ဘယ်လိုခံစားပြီး ရေးလဲ။

ဖြေ။     ။ အနုပညာ သီချင်းတွေရေးရင် ပရိသတ်တွေနဲ့ လူတွေကို အာရုံပြုပြီး ရေးတယ်။ လူတွေနဲ့ အနီးစပ်ဆုံး ဖြစ်အောင် ရေးတယ်။ သူတို့ရဲ့ ခံစားချက်တွေကို ဦးစားပေးပြီး တိုက်ရိုက်ပတ်သက်အောင် ရေးတယ်။

မေး။     ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေရေးတော့ ဖမ်းဆီး ထိန်းသိမ်းခံရမှာကို မစိုးရိမ်ဘူးလား။

ဖြေ။     ။ ဒါကတော့ လူဆိုတာက အကြောက်တရားနဲ့ ကင်းတဲ့လူဆိုတာ မရှိပါဘူး။ လူတွေဟာ အရိယာမဖြစ်သရွေ့၊ရဟန္တာ ဘဝကို မကူးဟြေင်းသရွေ့ ကတော့ မကြောက်ဘူးဆိုတဲ့ ပုဂ္ဂိုလ်မရှိပါဘူး။ အကြောက်တရား ဆိုတာ သတ္တဝါတိုင်းရဲ့ ကိလေသာ တရားတမျိုးပါ။ မကြောက်ဘူးလား မေးလို့ မကြောက်ဘူးလို့ ဟြေရင် လိမ်တာပဲ၊ ယထာဘူတ ကျကျ ဟြေရင် အကြောက်တရားတွေ ရှိတယ်။ သို့သော် ဒီအကြောက်တရားကိုတောင် ဖယ်ရှားပြီးတော့၊ ကျော်လွန်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ခံစားချက်၊ အကြောက်တရားကတောင် မတားဆီးနိုင် လောက်အောင် ရုန်းကန်ပွင့်ထွက် လာတဲ့ မခံချင်စိတ်တွေ၊ မာန တွေလည်း လူတွေမှာ ရှိပါတယ်။ သတ္တိကောင်းတာတို့၊ သူရဲကောင်းကြီးတွေ ဖြစ်လွန်းတာတို့ ကတော့ ကျနော့်စိတ်ထင် ဟြေရရင် အဲဒီလို ပွင့်ကန်ထွက်လာတဲ့ အရာတွေပါပဲ။ ဒါကြောင့် ကျနော်တို့မှာလည်း ဒီလိုသဘောတွေ ရှိတာပေါ့လေ။ ဒါကတော့ လူ့သဘာဝပါပဲ။

မေး။     ။ ပြည်သူတယောက် အနေနဲ့ ကိုယ့်တိုင်းပြည် အပေါ် ဘယ်လိုစိတ်ထားမျိုး ထားဖို့ ဟြေချင်လဲ။

ဖြေ။      ။ ဒါတွေကတော့ အထူးတလည် ဆန်းဆန်းဟြးဟြး စကားတွေမဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည်ကို မင်းတို့ ချစ်ပါလို့ ဟြေရင် အပိုဟြေနေသလိုပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်ဆွေမျိုးသားချင်း တွေကိုတော့ သံယောဇဉ်ရှိကြတဲ့သူ၊ ချစ်ကြတဲ့ သူတွေချည်းပဲ။ ချစ်တဲ့နေရာမှာ လေးလေးနက်နက် ချစ်ကြဖို့၊ လမ်းမှန်ကမ်းမှန် ချစ်ကြဖို့၊ ပိုင်ပိုင်နိုင်နိုင်နဲ့ ပြတ်ပြတ်သားသား ချစ်ရဲကြဖို့ပဲ ဟြေချင်ပါတယ်။

မေး။     ။ လူငယ်တွေ နိုင်ငံရေးကို စိတ်ပါဝင်စားဖို့ ဘယ်လို ဆွဲဆောင်နိုင်မလဲ။

ဖြေ။     ။ အဲဒါက ကျနော်တို့လို အနုပညာသည်တွေရှိမယ်၊ မီဒီယာတွေရှိမယ်၊ လူတွေရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်မယ့် ဖျော်ဖြေရေး ပေးရင်းနဲ့ အသိဉာဏ်လည်း ပေးနိုင်မယ့် အနုပညာသည်တွေ၊ မီဒီယာမှာလည်း စာနယ်ဇင်းတွေ၊ သတင်းစာ ဆရာတွေ အကုန်လုံးက ကိုယ့်တိုင်းပြည် ကိုယ်ချစ်အောင် လုပ်နိုင်တဲ့ ကိစ္စတွေပါ။ လုပ်လည်း လုပ်နေကြတယ်လို့ ကျနော် မြင်ပါတယ်။ နောက် အားကောင်းလာတဲ့ အခြေအနေရှိမှာပေါ့။ ပြည်သူလူထုကို ကိုယ့်တိုင်းပြည် ကိုယ် ချစ်ဖို့ ဟြေတာက သိပ်ခက်မယ် မထင်ပါဘူး။

မေး။     ။ စစ်အစိုးအရအပေါ် အခုအချိန်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။     ။ အဲဒီလို ဆိုရင် ကျနော်က စကားတခွန်းပဲ ဟြေလိုက်မယ်။ အများပြည်သူ တိုင်းသူပြည်သားတွေ မြင်သလိုပဲ မြင်ပါတယ်။ ဒီထက်ပိုကဲ ပြီးတော့လည်း မမြင်ပါဘူး၊ ဒီထက် လျော့ပြီးတော့လည်း မမြင်ပါဘူး။ သူတို့ဘဝတွေကို သူတို့ ပြန်လိုချင်နေတဲ့ တိုင်းသူပြည်သားတွေ ရှိတယ်၊ သူတို့ဘဝကို သူတို့လက်ထဲမှာ ပြန်ပြီးတော့ ယူချင်ကြတယ်၊ သူတို့ဘဝကို သူတို့ ကိုယ်တိုင် စီမံခန့်ခွဲချင်ကြတယ်၊ မြင့်မားတဲ့ ဘဝရောက်အောင် သူတို့ ဖန်တီးချင်ကြတယ်။ အဲဒီလို တိုင်းသူ ပြည်သားတွေ မြင်တဲ့ အမြင်အတိုင်းပဲ ကျနော်လည်း မြင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading