• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ကလေးတွေကို တံဆိပ်မကပ်နဲ့

by ခေတ်ဘုန်းသစ်
21 October 2013
in သူ့အတွေး သူ့အမြင်
A A
ကလေးစိတ်ပညာ

ထိုင်း – မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းတွင်းရှိ ရွှေ့ပြောင်းစာသင်ကျောင်း တကျောင်းမှ ကလေးငယ်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

4.7k
VIEWS
Share on FacebookShare on Twitter

ဒီတပတ် ကလေးများနဲ့ ပတ်သက်ပြီးတော့ ကျမ တင်ပြဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ ကလေးတွေကို တံဆိပ်ကပ် နေကြတဲ့ အကြောင်းပါ။ ကျမတို့ ငယ်ငယ်ကတော့ ကလေးတို့ကို ဆုံးမတယ် ဆိုရင်ဖြင့် ဆရာ၊ ဆရာမရော၊ မိဘများကပါ ရိုက်နှက်ပြီးတော့ ကြောက်အောင်လန့်အောင်လို့ ခြောက်လှန့် ဆုံးမတတ် ကြပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းမှာတော့ ကလေး ကျွမ်းကျင်သူ ပညာရှင်များ၊ စိတ်ပိုင်းဆိုင်ရာ ပါရဂူများရဲ့ သုတေသန တွေ့ရှိချက်များ အလိုအရ ကလေးကို မရိုက်ရ မနှက်ရ၊ နားလည်အောင် ပြောဆို ဆုံးမရမယ်လို့ ဆိုလာပါတယ်။ ကျောင်းတွေမှာ၊ အိမ်တွေမှာ ကလေးကို မရိုက်ရပါဘူး။ ရိုက်နှက် ဆုံးမခြင်းအားဖြင့် ကလေးတို့ မလိမ်မာနိုင်ဘူးလို့ ပညာရှင်များက မိဘ၊ ဆရာမများကို သတိပေး ပြောဆို လာခဲ့ကြ ပါတယ်။ ဒါကြောင့်လည်း ဟိုး အရင်ကထက် စာရင်တော့ ကျမတို့ တိုင်းပြည်မှာ ကလေးတို့ကို ကျောင်းတွေမှာ ရိုက်နှက်ဆုံးမတာမျိုး တော်တော်ကို နည်းလာပြီလို့ ဆိုနိုင်ပါတယ်။  အထူးသဖြင့် အပြင်ပုဂ္ဂလိက ကျောင်းများမှာ ကလေးတို့ကို လုံး၀ မရိုက်ကြ၊ မနှက်ကြတော့ပါဘူး။

ဒါပေမယ့် ဆရာ၊ ဆရာမများ၊ မိဘများဟာ ကလေးကို မရိုက်ရဘူး ဆိုတာကို သိကြပေမယ့် ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်၊ ကလေးအတွေး၊ ကလေးရဲ့ အမြင် စတာတွေကို နားလည်နိုင်စွမ်း ကတော့ တော်တော်လေးကိုမှ နည်းပါးလှ ပါသေးတယ်။ ကလေးတို့ရဲ့ အတွေး၊ ကလေးတို့ရဲ့ အမြင်ဟာ လူကြီးတွေရဲ့ အတွေး၊ လူကြီးတွေရဲ့ အမြင်နဲ့ လုံး၀ မတူပါဘူး။ သူတို့လေးတွေဟာ ထိခိုက်လွယ်ကြ၊ ခံစားလွယ် ကြတယ်။ လူကြီး ပြောသမျှကိုလည်း တကယ့် အဟုတ်လို့ ထင်ကြတဲ့ အရွယ်ပါ။ ဒါကြောင့်မို့လို့ လူကြီးများ အနေနဲ့ ကလေးများကို ပြောဆို ဆုံးမတဲ့အခါမှာ အင်မတန်မှကို သတိထားရ ပါတယ်။

ခေတ်ဘုန်းသစ်သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲ ဖြစ်သည်။
ခေတ်ဘုန်းသစ် ကလောင် အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများ
ရေးသားနေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ကဗျာများ ရေးသားလျက် ရှိသည်။

ကျမ ကလေးနဲ့ပတ်သက်တဲ့ စာတွေကို အခုလို မဖတ်ရ၊ မလေ့လာရသေးတဲ့ အချိန် ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဂျပန်လူမျိုး မိတ်ဆွေတယောက် အိမ်ကို သွားလည်ခဲ့ဖူးပါတယ်။ သူတို့ အိမ်မှာ ငါးနှစ်အရွယ် အမြွှာ ကလေး နှစ်ယောက်ရှိ ပါတယ်။ နှစ်ယောက်စလုံး ချစ်စရာလေးတွေပါ။ ကျမက ကလေးတွေကို ချစ်စနိုးစိတ်နဲ့ အင်မတန် အသုံးမကျတဲ့ မေးခွန်း တခုကို ကလေးတွေရှေ့မှာပဲ သူ့အမေကို မေးလိုက်မိပါတယ်။ ဒီမေးခွန်းက သူတို့နှစ်ယောက် ဘယ်သူ ပိုတော်လဲ ဆိုတဲ့ မေးခွန်းပါ။ အမျိုးသမီးက မျက်နှာအကြီးအကျယ် ပျက်သွားပြီးတော့ “နှစ်ယောက်စလုံး တော်တယ်” လို့ ဖြေပါတယ်။ ခဏကြာတဲ့ အခါမှာတော့ ဂျပန်အမျိုးသမီးက ကျမကို ပြောပါတယ်။ ကလေးတွေကို နှိုင်းယှဉ် မပြောဖို့၊ အဲဒီလို နှိုင်းယှဉ် ပြောတာကြောင့် ကလေးတွေရဲ့ ရင်ထဲမှာ ငါကတော့ သူ့လောက် မတော်ဘူး ဆိုတဲ့စိတ် ဝင်သွားမယ် ဆိုရင် သူ့ ဘ၀ တလျှောက်လုံးမှာ ဘာကိုပဲ ကြိုးစား ကြိုးစား ဒီ အငုံ့စိတ်နဲ့ မအောင်မြင်နိုင် ဖြစ်သွားတတ်တယ် ဆိုတဲ့ အကြောင်းပါ။  နောက်ပိုင်း ကျမ ကလေးများနဲ့ ပတ်သတ်တဲ့ ကလေးစိတ်ပညာရပ် စာအုပ်တွေ၊ ကလေးပြုစု စောင့်ရှောက်ရေး စာတွေ ကို ဖတ်မှတ်လေ့လာတဲ့ အချိန် ရောက်လာတော့မှ အင်မတန်မှ ရှက်စရာ ကောင်းတဲ့၊ မမေးသင့်တဲ့ မေးခွန်းတခုကို ကျမ မေးခဲ့မိပါလား ဆိုတာကို သိလာရပါတယ်။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
1.4k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
6.5k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.4k

ဟုတ်ပါရဲ့။ ကျမတို့ဟာ ဘာရယ်မဟုတ်၊ ကလေးတွေကို လွယ်လွယ်ပဲ တံဆိပ်ကပ်တတ် ကြပါတယ်။ ကလေး တခုခု ကောင်းတာလေး လုပ်ပြလိုက်တိုင်း ဂရုတစိုက်နဲ့ “သားသား လိမ်မာတယ်၊ တော်တယ်” လို့ ချီးကျူးဖို့ မေ့နေပေမယ့်၊ ကလေး မဟုတ်တာ တခုခု လုပ်လိုက်ပြီ ဆိုတာနဲ့ “ဒီကလေး ဆိုးလာပြီ၊ မလိမ်မာတော့ဘူး” လို့ ပြောလိုက်ဖို့ ဝန်မလေးကြပါဘူး။

ကလေးတွေဟာ တနေ့တနေ့ “အသုံးမကျဘူး၊ ညံ့တယ်၊ ဘယ်သူ့လောက် ဘယ်သူက မတော်ဘူး” စသဖြင့် မိဘ၊ ဆရာများ ရဲ့ နိစ္စဓူ၀ တံဆိပ်ကပ် ပြောဆိုမှုများ ခံနေကြရ ပါတယ်။ တချို့ ဆရာများ ပြောတတ်တာ ရှိပါသေးတယ်။

“နင်တို့ အတန်းက အဆိုးဆုံး အတန်းပဲ” ဆိုတာမျိုးပါ။ “သားသား၊ မီးမီးတို့ ဆိုးတာ ဘယ်သူတွေ ဘယ်သူတွေတောင် သိကုန်ပြီ” ဆိုတာမျိုးလည်း ပြောတတ်ကြပါသေးတယ်။ ဆရာ၊ ဆရာမ တယောက် အနေနဲ့ အင်မတန်ကိုမှ မလုပ်သင့် မပြောသင့်တဲ့ အပြောအဆို မျိုးပါပဲ။ ဆရာ၊ ဆရာမတို့ အနေနဲ့ ဒီလို ပြောလိုက်မယ် ဆိုရင်ဖြင့် ကလေးက မခံချင်စိတ်နဲ့ လိမ်မာသွားကြ လိမ့်မယ်၊ ပြောင်းလဲလာကြလိမ့်မယ်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို ပြောင်းလဲသွားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။ ဒီလို ပြောဆိုလိုက်ခြင်းကြောင့် ကလေးရဲ့ ရင်ထဲမှာ မနာလိုစိတ်နဲ့ သိမ်ငယ်စိတ် များသာ ဝင်လာနိုင်ပါတယ်။

ကလေးတို့ရဲ့ ရင်ထဲမှာ သူတို့ ဆိုးတယ်၊ ငါကတော့လူဆိုးပဲ ဆိုတဲ့ အတွေးလေး ရောက်သွားမယ် ဆိုရင် ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်၊  ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တဲ့စိတ် လျော့နည်းလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ စိတ် နည်းတဲ့၊ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တဲ့ စိတ် နည်းတဲ့ ကလေးမျိုးဟာ ဘာကိုပဲ လုပ်လုပ် အောင်မြင်အောင် လုပ်နိုင်စွမ်းလည်း နည်းလာတတ်ပါတယ်။ စာ သင်ကြားရေးမှာပါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလာတတ်ပါတယ်။ ကလေး ဆိုတာမျိုးက ထိလွယ် ရှလွယ်တဲ့ သူများပါ။ ကျမတို့ လူကြီးများတောင်မှ အလုပ်ထဲမှာ ကိုယ်လုပ်သမျှ မကောင်းပြောခံရရင်၊ ကိုယ့်ကို မကြာမကြာ မကောင်း ဝေဖန်ခံရမယ် ဆိုရင် စိတ်ဓာတ်တွေ ကျလာပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်လာတတ်ကြပါတယ်။

နောက်တခုကတော့ ကျမတို့ မြန်မာ မိဘတွေ ပြောတတ်၊ လုပ်တတ်ကြတဲ့ တံဆိပ်ကပ်မှုများပါပဲ။

“ဒီကလေး မွေးလာမှ စီးပွားတက်တယ်” တို့၊ “ဒီကလေးက ခိုက်တတ်တယ်” တို့၊ “မိဘကို ငယ်ငယ်ကတည်းက ကောင်းကျိုး မပေးတဲ့သား” တို့  ဆိုတာတွေပါပဲ။ ဒီလို စကားမျိုးတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးမျိုးဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှ မယုံကြည်နိုင် တော့ပါဘူး။ အငယ်လေးမွေးမှ စီးပွားတက်တယ် ဆိုတဲ့ စကားကို အမြဲ ကြားနေရတဲ့ အကြီး ကလေးများဟာ သူ့ကိုယ်သူ ကံဆိုးတဲ့ ကလေး၊ မိဘကို စီးပွားတက်အောင် လုပ်မပေးနိုင်တဲ့ ကလေးအဖြစ် ဘ၀ တလျှောက်လုံး အပြစ် မလုပ်ပါဘဲနဲ့ အပြစ်ရှိသလို ခံစားနေရတတ်ပါတယ်။ ခိုက်တယ်လို့ အပြောခံရတဲ့ ကလေး ခမြာမှာလည်း ဘဝတလျှောက်လုံး သူ့ကိုယ်သူ အပြစ်သား တယောက်လို ခံစားပြီးတော့ နေလာရတော့ တာပါပဲ။

တကယ်တော့ ကလေးတယောက် လိမ်မာယဉ်ကျေးဖို့၊ ထူးချွန်ထက်မြက်ဖို့၊ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ပြီးတော့ အကောင်းမြင်စိတ် ရှိဖို့ ဆိုတာ ကလေးနဲ့ နီးစပ်တဲ့ ဆရာ၊ ဆရာမများ၊ မိဘများ အပေါ်မှာ မူတည်ပါတယ်။ ကလေးတို့ အတွက် ပတ်ဝန်းကျင်ဟာ အင်မတန်မှ အရေးကြီး ပါတယ်။  အနာဂတ်မှာ လူကြီးဖြစ်လာမယ့် ကလေးတို့ အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင် စိတ်ရှိဖို့ သိပ်ကို လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ် ရှိတဲ့လူများဟာ လူ့လောက လူ့ဝန်းကျင်ကို အငုံ့စိတ်နဲ့ အန္တရာယ် မပြုတတ်ကြ ပါဘူး။ လူတယောက် (ကလေးတယောက်) ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ ခန္ဓာကိုယ် သန်စွမ်း ကျန်းမာရေး လိုပဲ အရေးကြီးတာကြောင့် မိဘ၊ ဆရာများ အနေနဲ့ ကလေးများကို လွယ်လွယ်ကူကူ တံဆိပ်ကပ်ခြင်းမှ ရှောင်ကြဉ်ပေးကြပါဦးလို့။

Your Thoughts …
Tags: Child Right
ခေတ်ဘုန်းသစ်

ခေတ်ဘုန်းသစ်

Contributor

Similar Picks:

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

အကြောက်လွန်ရောဂါ, စိုးရိမ်သောက, ခြိမ်းခြောက်မှု, စိတ်ဒဏ်ရာ, စာနာစိတ်, ကိုယ်ချင်းစာစိတ်, ကိုယ့်အား ကိုယ်ကိုးတတ်တဲ့ ကလေး

ကိုယ့်အား ကိုယ်ကိုးတတ်တဲ့ ကလေး

by ခေတ်ဘုန်းသစ်
7 June 2014
8.2k

လူ့လောက ထဲကို ဝင်တဲ့ အချိန်မှာ ကိုယ့်ရဲ့ ကလေးဟာ မိဘ အပါအဝင် ဘယ်သူ့ကိုမှ စိတ်ပိုင်း ရုပ်ပိုင်း အားလုံး မမှီခိုဘဲနဲ့ ကိုယ့်ခြေထောက် ပေါ်မှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်နိုင်ဖို့နဲ့ ကိုယ့်တာဝန် ကိုယ်ယူတတ် စေဖို့အတွက်...

ကလေးအလုပ်သမား, လုပ်အား, ILO, အလုပ်သမား, ဝန်ကြီးဌာန

အရေးတကြီး ဖြေရှင်းရမယ့် ကလေးအလုပ်သမား ပြဿနာ

by သွေး (စစ်ကိုင်း)
24 June 2014
2.3k

ကလေးတွေ ဟာလည်း တဖက် တလမ်းက ၀င်ငွေရအောင် ရှာဖွေပေးနေ ရတာပါ။ သူတို့ကို အလုပ် လုပ်ခိုင်းတဲ့ မိဘတွေ ကိုလည်း အပြစ်တင်နေဖို့ မလိုပါဘူး။ ကလေးတွေကို လုပ်ငန်းခွင်ထဲ တွန်းပို့စေတဲ့ အကြောင်းရင်း တွေကိုပဲ စဉ်းစားရမှာ...

အနိုင်အရှုံး, သိက္ခာ,

အနာဂတ် လူ့အဖွဲ့အစည်းနဲ့ သန့်ရှင်းတဲ့ အားကစားစိတ်

by ခေတ်ဘုန်းသစ်
9 October 2014
2.5k

လောကမှာ အနိုင်ရဖို့ ဆိုတာဟာ အရေးကြီးသင့်သလောက် ကြီးတယ်ဆိုပေမယ့် အနိုင်ရဖို့ ဆိုတာထက် အရေးကြီးတဲ့ သိက္ခာတရား ဆိုတာဟာလည်း ရှိသေးတယ် ဆိုတဲ့အကြောင်း

Child Psychology, Education, မူကြို

သားသား မီးမီးကြီးရင် ဘာလုပ်မယ်

by ခေတ်ဘုန်းသစ်
21 November 2014
5.6k

တလွဲ ပညာရေးကြောင့် ညှိုးခြောက်နေတဲ့ ကလေးတို့ရဲ့ စိတ်သစ်ပင်ကို ရေအေးအေး အားဆေးတွေ လောင်းပေးလိုက် သလို ပါပဲ၊ ကျက်ဖြေ ပညာရေး ကြီးကြောင့် တွေးခေါ်ဉာဏ်ရည် နိမ့်ပါးစ ပြုလာတဲ့ ကျမတို့ရဲ့ ဦးနှောက်တွေကို ပြန်ရှင်သန် လာစေခဲ့ပါတယ်။

ကလေး, အနာဂတ်, ယူနီဆက်

မြန်မာအစိုးရ ကလေးများကို ချစ်တတ်ပါစေ

by မောင်လွင်ပြင်
5 February 2015
2.1k

အာဆီယံ နိုင်ငံအချို့တွင် ကလေးသူငယ် ပြုစုပျိုးထောင်ရေး ဆိုင်ရာ လုပ်ငန်းသည် ၅၇ ရာခိုင်နှုန်း ကျော်ထိ အောင်မြင်မှု ရရှိနေကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် ၂၂ ဒသမ ၉ ရာခိုင်နှုန်းသာ ဆောင်ရွက် နိုင်သည်။

Next Post
CARABO, ဆီးဂိမ်း, ဂီတ, ဦးကျော်ဆန်းဦး

နာမည်ကြီး ထိုင်းရော့ခ်အဖွဲ့ CARABAO ရန်ကုန်တွင်ဖျော်ဖြေ

ဗုံးခွဲတရားခံများ ဖမ်းဆီးရေး အစိုးရ ပူးပေါင်းဆောင်ရွက်မည် ဟု မန်းငြိမ်းမောင်ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate