• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ပြည်သူချစ်သော ယာဉ်ထိန်းရဲသား ခင်မြင့်မောင်

by ဧရာဝတီ
5 November 2013
in အင်တာဗျူး
A A
ယာဉ်ထိန်းရဲ, ရန်ကုန်, ရဲတပ်ဖွဲ့,

ဗဟန်းမြို့နယ်မှာ ရှိတဲ့ ဓမ္မစေတီ လမ်းဆုံမှာ တာဝန်ယူ လမ်းရှင်းပေးရတဲ့ ယာဉ်ထိန်း ရဲသား ခင်မြင့်မောင် (ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)

15.3k
VIEWS
Share on FacebookShare on Twitter

တိုးတက်ကြီးထွားလာနေတဲ့ ရန်ကုန်လို နေရာမျိုးမှာ ပြည်သူက ချစ်ခင်တဲ့ ယာဉ်ထိန်းရဲတဦး ဖြစ်ဖို့က မလွယ်ကူလှပါ။ ရဲတပ်ဖွဲ့ဝင်များ အနေနဲ့ အရိုးစွဲလာခဲ့တဲ့ မလုပ် မရှုပ် မပြုတ် စာအုပ်ကြီး အတိုင်း အများပြည်သူနဲ့ ဆက်ဆံရာမှာ ဖော်ရွေမှု နည်းပါးတယ်၊ ပြီးတော့ လက်ဖက်ရည်ဖိုး တောင်းဖို့လောက်ပဲ စိတ်ဝင်စားတယ် လို့ ယူဆခံနေရပါတယ်။ ဒါပေမယ့် ဗဟန်းမြို့နယ်မှာ ရှိတဲ့ ဓမ္မစေတီ လမ်းဆုံမှာ တာဝန်ယူ လမ်းရှင်းပေးရတဲ့ ယာဉ်ထိန်း ရဲသား ခင်မြင့်မောင်ကတော့ အများနဲ့ မတူခြားနားတဲ့ တာဝန်ထမ်းရွက်မှုကို တွေ့ရပါတယ်။

“ခရီးသည်တွေ၊ ကိုယ်ပိုင်ယာဉ်မောင်းတွေနဲ့ ဘတ်စကား ယဉ်မောင်းတွေက သူ့ကို ခင်ကြတယ် ဗျ။ သူ တာဝန်ထမ်းဆောင်တာက တခြားသူတွေနဲ့ မတူဘဲ တက်တက်ကြွကြွနဲ့ တာဝန်ကို ထမ်းဆောင်လေ့ ရှိတယ်။ မိုးရွာရွာ နေပူပူ သူ့တာဝန်ကို ခင်မင်စရာ အမူအယာနဲ့ ထမ်းဆောင်တယ်။ တချို့ လူတွေက သူ့အတွက် စားစရာတွေ၊ သောက်စရာတွေ အပြင် ငွေကြေးတွေပါ ပေးကြတယ်။ အဲဒီလို ပေးတာကလည်း မသထာရေစာ လာဘ်ထိုးတာမျိုး မဟုတ်ဘဲ တကယ့်ကို လေးစားချစ်ခင်လို့ ပေးတာမျိုးပါ” လို့ အဲဒီ ဓမ္မစေတီလမ်းဆုံကို အမြဲဖြတ်သွားလာနေရတဲ့ ရုံးဝန်ထမ်း မသူသူက ပြောပါတယ်။

RelatedPosts

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

24 June 2025
348
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
12.6k
မြန်မာ့အရေး မလေးရှား ဖောက်တဲ့လမ်းက ဘာလဲ ဘယ်လဲ (ရုပ်/သံ)

မြန်မာ့အရေး မလေးရှား ဖောက်တဲ့လမ်းက ဘာလဲ ဘယ်လဲ (ရုပ်/သံ)

23 June 2025
62

ယာဉ်ထိန်းရဲသား ခင်မြင့်မောင်ကို အများပြည်သူတွေက ချစ်ခင်တဲ့အကြောင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက် အရာရှိတွေလည်း သတိပြုမိခဲ့ပါတယ်။ ဒါနဲ့ ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၃ ခုနှစ်အတွက် the Best Private Award ဆုကို အသက် ၂၅ နှစ် ရှိပြီဖြစ်တဲ့ ခင်မြင့်မောင်ကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ချီးမြှင့်ခံဖို့ကလည်း မလွယ်ကူပါဘူး။ ရန်ကုန်မြို့ရဲ့ မီးပွိုင့် လမ်းဆုံ ၃၈ ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲ ၉၄၅ ဦးထဲက နောက်ဆုံးအဆင့် ၃၈ ဦးကို ရွေးချယ်ပါတယ်။ အဲဒီ ၃၈ ဦးထဲကမှ ရန်ကုန်ရဲ့ အကောင်းဆုံး ယာဉ်ထိန်းရဲ အဖြစ် မဲပေးရွေးချယ်တာလို့ သိရပါတယ်။ မြန်မာ အမျိုးသား ရဲတပ်ဖွဲ့ကလည်း သူ့ကို ၄၉ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဖြစ်တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ တပ်ကြပ်ရာထူး တိုးမြှင့်ပေးခဲ့ပါတယ်။

“ခင်မြင့်မောင်နဲ့ ပတ်သက်ပြီး ကျနော်တို့ ဂုဏ်ယူပါတယ်ဗျာ။ သူ့လို တာဝန်ကျေပွန်တဲ့ အပြင် အများပြည်သူက လေးစား တန်ဖိုးထား ချစ်ခင်တဲ့ ယာဉ်ထိန်းရဲတွေ မွေးထုတ်ပေးနိုင်အောင် လေ့ကျင့်ပေးပါတယ်” လို့ ရန်ကုန် ယာဉ်ထိန်းရဲတပ်ဖွဲ့ ၊ ရဲချုပ် သာဌေးက ပြောပါတယ်။

ဧရာဝတီ သတင်းထောက် စံယမင်းအောင်က တာဝန်ကျေပွန်ပြီး လူအများက လေးစား ချစ်ခင်ရတဲ့ ယာဉ်ထိန်းရဲ ခင်မြင့်မောင် နဲ့ တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ ပါတယ်။

မေး။      ။ ဘယ်တုန်းက ယာဉ်ထိန်းရဲ အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့တာလဲ။

ဖြေ။       ။ကျနော့် အသက် ၂၀ အရွယ် ၂၀၀၉ ခုနှစ်မှာ တပ်ဖွဲ့ကို ဝင်ရောက်ခဲ့ပါတယ်။

မေး။      ။ စတင် တာဝန် ထမ်းဆောင်လာခဲ့ပြီးနောက် ဘယ်လောက်ကြာမှာ အများပြည်သူက သတိပြုမိပြီး ချစ်ခင်လာတာလဲ။

ဖြေ။       ။ ကျနော့်ကို လူအများက သတိပြုတာက ကျနော် ယာဉ်ထိန်းရဲ တာဝန်ယူ စတင် ထမ်းဆောင်ပြီး ၁ နှစ် ကြာချိန်မှာ သတိပြုမိ လာတာပါ။

မေး။      ။ ချစ်ခင်သူတွေ အများအပြားရှိတယ် လို့ ကိုခင်မြင့်မောင် ယူဆထားသလား။

ဖြေ။       ။ ကျနော့်ရဲ့ တာဝန်ဖြစ်တဲ့ လမ်းကြောင်း ယာဉ်ကြော ရှင်းလင်းဖို့ အမြဲတစေ စိတ်ရှည်ရှည်နဲ့ ကြိုးစား ရှင်းလင်းပါတယ်။ အများပြည်သူတွေအတွက် ကြိုးစား လုပ်ကိုင်ပါတယ်။

မေး။      ။ လူတွေက ပြောတယ်၊ ကိုခင်မြင့်မောင်ဟာ တခြား ယာဉ်ထိန်းရဲတွေနဲ့ မတူဘူး တဲ့။ အဲဒီ အပေါ် တခုခု မှတ်ချက်စကားလေး ပြောပေးပါလား။

ဖြေ။       ။ ဌာနဆိုင်ရာတိုင်း၊ လုပ်ငန်း ဌာနတိုင်းမှာ တချို့က ကြိုးစားလုပ်ကိုင် ဆောင်ရွက်တတ်သလို တချို့ကတော့ ဝတ်ကျေ တန်းကုန် ထမ်းဆောင်တာတွေကို တွေ့နေရတာပဲလေ။ ဒါတွေဟာ သူတို့ အားလုံး ကိုယ်စီ ရဲ့ တာဝန်ထမ်းဆောင်မှု အနေအထား ပါပဲ။ ကျနော် ဒီလောက်ပဲ ပြောပါရစေ။

မေး။      ။ ဆုတံဆိပ် ဘယ်နှခုလောက် ရရှိခဲ့ဖူးသေးလဲ။

ဖြေ။       ။ ၂၀၁၁ ခုနှစ်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပေးအပ်တဲ့ “Role Model Private Award” ဆု၊ ၂၀၁၃ မှာ ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ပေးအပ်တဲ့ “the Best Private Award 2013” ဆု ရခဲ့ပါတယ်။

မေး။      ။ အများပြည်သူက အလေးအနက်ပြု တန်ဖိုးထားလာတာက အခုလို ဆုရရှိစေတာလို့ရော ထင်ပါသလား။

ဖြေ။       ။ ဟုတ်ကဲ့။ ကျနော် အဲဒီလိုပဲ ယူဆပါတယ်။

မေး။      ။ ဆုရရှိခဲ့တာ အပေါ် ခင်ဗျား ဘယ်လို ခံစားရပါသလဲ။

ဖြေ။       ။ ကျနော် ပျော်တယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် အများကြီး အနစ်နာခံ လုပ်ဆောင်ခဲ့ပါတယ်။ ကြိုးစားစိတ်နဲ့ လုပ်ကိုင်ခဲ့ပါတယ်။

မေး။      ။ တခြား ဘာဆုတွေ ရခဲ့သေးလဲ။

ဖြေ။       ။ ကျနော် 7Days သတင်းဂျာနယ်က ပေးအပ်တဲ့ “7Day Hero Award” ကို ၂၀၁၂ ခုနှစ်က ရရှိခဲ့ပါတယ်။

မေး။      ။ တချို့လူတွေက ယာဉ်ထိန်းရဲတွေအပေါ် မလိုလားတာ၊ မနှစ်သက်တာတွေ ရှိတယ်နော်။ အဲဒါ ဘာကြောင့်လို့ ခင်ဗျား ယူဆပါသလဲ။

ဖြေ။       ။ ယာဉ်ထိန်းရဲ မှာသာမဟုတ်ဘူး၊ တခြားနေရာ နယ်ပယ်တွေမှာလည်း အဲဒီလို ဖြစ်နေတာပဲလေ။ အများပြည်သူ ဆိုတာကတော့ ကိုယ့်တာဝန်ကို ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကိုင်ဆောင်ရွက်သူကို နှစ်သက်မှာဖြစ်သလို၊ ရည်ရွယ်ချက်ကောင်း မရှိတဲ့ သူတွေကိုတော့ နှစ်သက်ကြမှာ မဟုတ်ပါဘူး။

မေး။      ။ ဘာကြောင့် ယာဉ်ထိန်းရဲ အဖြစ် ဆုံးဖြတ်ရွေးချယ်ခဲ့တာလဲ။

ဖြေ။       ။ ကျနော်က စစ်တွေမှာ မွေးတဲ့ ရခိုင်တိုင်းရင်းသားပါ။ ကျနော် ရန်ကုန်ကို လာရောက်ပြီး ဦးလေးနဲ့ အတူနေပါတယ်။ သူက ယာဉ်ထိန်းရဲ တဦးပါ။ ကျနော်လည်း ဦးလေးလို ဖြစ်လာတာပါပဲ။

မေး။      ။ အစိုးရ ဝန်ထမ်းတွေဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ် တာဝန် ထမ်းဆောင်ကြတယ် လို့ မကြာခဏ ဝေဖန်ပြောဆို မှုတွေ ရှိတယ်ဗျ။ အဲဒီ အပေါ် ဘာပြောမလဲ။

ဖြေ။       ။ အဲဒီလို ဖြစ်တာ အရင်ခေတ်တွေ တုန်းက ဖြစ်ချင်ဖြစ်ပေါ့ဗျာ။ အခုခေတ်မှာတော့ မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေ ရှိလာပြီ။ တကယ့်ကို အကောင်းဘက်ကို ပြောင်းလာနေပါပြီ။

Your Thoughts …
Tags: Government
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဗိုလ်ချုပ်တွေ ပင်စင်ယူတဲ့အခါ ဝန်ကြီး ရာထူးရတာ အစဉ်အလာ ဖြစ်လာပြီလား

ဗိုလ်ချုပ်တွေ ပင်စင်ယူတဲ့အခါ ဝန်ကြီး ရာထူးရတာ အစဉ်အလာ ဖြစ်လာပြီလား

by သာလွန်ဇောင်းထက်
14 February 2013
17.3k

ဆက်သွယ်ရေး ၀န်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ခန့်အပ်မှုသည် စစ်တပ်ကြီးစိုးသော စနစ်ကို ပြန်လည် အသက်သွင်းမှု အဖြစ် နိုင်ငံရေးသမားများက ဝေဖန်ကြသည်။

၀န်ကြီးနှစ်ပါး ဘာကြောင့် နုတ်ထွက်သွားတာလဲ

၀န်ကြီးနှစ်ပါး ဘာကြောင့် နုတ်ထွက်သွားတာလဲ

by သာလွန်ဇောင်းထက်
17 January 2013
22.8k

ပြည်ထောင်စုဝန်ကြီးတွေ အပြောင်းအလဲ ဖြစ်မယ်ဆိုတဲ့သတင်း သိုးသိုးသန့်သန့်က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ လပိုင်းလောက်မှာ သမ္မတရုံးနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းထဲကနေ ထွက်ခဲ့တာပါ။

သမ္မတ လက်မှတ် မထိုးသည့်တိုင် လွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ရပ်ကို အတည်ပြု

by ခင်ဦးသာ
28 November 2012
1.6k

အစိုးရအဖွဲ့က တချက်လွှတ် အမိန့်နဲ့ပဲ လုပ်ခဲ့ကြတာတွေက ခေါက်ရိုးကျိုးနေတော့ အရင်လိုပဲ ဆက်သွားချင်ပုံရတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကို လွှတ်တော်က ထိန်းညှိမှာကို လုံးဝ မလိုလားဘူး ဖြစ်နေတယ်

နေပြည်တော် အသုံးစရိတ် များလွန်း

နေပြည်တော် အသုံးစရိတ် များလွန်း

by ထက်နိုင်ဇော်
27 February 2013
8.2k

နေပြည်တော်ကို ကျပ်သိန်းပေါင်း ထောင်သောင်းချီ အကုန်ခံ၍ တည်ဆောက် နေသော်လည်း တိုင်းရင်းသား ဒေသများတွင် ကတ္တရာလမ်း ကောင်းကောင်းပင် မရှိ

အလွဲသုံးစား ပြည်သူ့ဘဏ္ဍာများ ပြန်မပေးလျှင် ဝန်ကြီးဌာနများ တရားစွဲခံရမည်

အလွဲသုံးစား ပြည်သူ့ဘဏ္ဍာများ ပြန်မပေးလျှင် ဝန်ကြီးဌာနများ တရားစွဲခံရမည်

by သာလွန်ဇောင်းထက်
15 November 2012
6.9k

အစိုးရ ၀န်ကြီးဌာန ၁၅ ခုသည် အလွဲသုံးစား ထားသော ပြည်သူ့ ဘဏ္ဍာငွေများကို ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်မတိုင်မီ နိုင်ငံတော်သို့ ပြန်လည် မပေးသွင်းနိုင်လျှင် ဒဏ်ကြေးနှင့် တရားစွဲဆိုမှု များကို ရင်ဆိုင်ရမည်...

ကချင်ထိုးစစ်နှင့် ပတ်သက်၍ အစိုးရ ကြေညာချက် ထုတ်ပြန်

ကချင်ထိုးစစ်နှင့် ပတ်သက်၍ အစိုးရ ကြေညာချက် ထုတ်ပြန်

by ရန်ပိုင်
4 January 2013
13.7k

လဂျားယန်စခန်းသို့ သွားရောက် ရိက္ခာပို့သည့် စစ်တပ်ယာဉ်တန်းများ မကြာခဏ ချုံခို တိုက်ခိုက်ခံရသည့် အတွက် အစိုးရ တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ များပြားခဲ့ရ၍ ရှင်းလင်းခြင်းဖြစ်သည်ဟု စစ်ဘက် အသိုင်းအ၀န်းက ဆိုသည်။

Next Post

ဩစတြေးလျကို ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလထဲ သွားမည်

လက်ပံတောင်း, ကြေးနီစီမံကိန်း, သပိတ်စခန်း, လယ်တီဆရာတော်ကြီး

မိုင်းခွဲစဉ် လယ်တီ သိမ်တော်ကို ပျက်စီးမှုရှိ မရှိ ကြည့်ခွင့်မရသဖြင့် လက်ပံတောင်း သပိတ်စခန်း ပြန်ဖွင့်

Please login to join discussion
No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate