• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

“ဆိုဒါ” ပါတဲ့ အချိုရည်နဲ့ ကလေးတို့ရဲ့ ကျန်းမာရေး

by ခေတ်ဘုန်းသစ်
6 November 2013
in Health
A A
ကလေး, ကျန်းမာရေး, ဆိုဒါ, အချိုရည်

ဆိုဒါပါတဲ့ အချိုရည်ဗူးကို သောက်နေတဲ့ ကလေးငယ်တဦး (ဓာတ်ပုံ - ဧရာဝတီ)

16.5k
VIEWS
Share on FacebookShare on Twitter

ကျမတို့ ဆီမှာ ကလေး တော်တော်များများဟာ “ဆိုဒါ” ပါတဲ့ အချိုရည်တွေကို သောက်နေကြတာ တွေ့ရပါတယ်။ ကျမက ကျမရဲ့ သားလေးကို အသီးဖျော်ရည်က လွဲရင် ဗူးတွေ၊ ပုလင်းတွေမှာ ထည့်ထားတဲ့၊ အသင့်သောက်လို့ရတဲ့ အချိုရည်တွေကို မတိုက်ပါဘူး။ အထူးသဖြင့် ရှတတ အရသာ ပေးတဲ့ “ဆိုဒါ” ပါတဲ့ အချိုရည်တွေကို လုံး၀ မတိုက်ပါဘူး ။ ဒါကို ကျမရဲ့ မိဘဆွေမျိုး အသိုင်းအဝိုင်း အပါအဝင်၊ တချို့သော သူတွေက ကျမကို သည်းလွန်း၊ ကဲလွန်း၊ ပိုလွန်းတယ်လို့ အထင်ရှိကြ ပါတယ်။

ကလေး တခါတလေ သောက်တာပဲ ဘာဖြစ်သေးလဲလို့ ပြောဆိုသူတချို့က ပြောဆိုပါတယ်။ “ဆိုဒါ” ပါတဲ့ ရှတတ အချိုရည် (ဆန်းကစ်၊ ပက်စီ၊ ကိုလာ) တို့မှာ “ဆိုဒါ” ဘယ်လောက် ပါဝင်တယ် ဆိုတာကို ကျမ ကိုယ်တိုင် စမ်းသပ်ဖူးပါတယ်။ ဖန်ခွက် တခွက်ထဲမှာ လိမ္မော်သီး တလုံးကို ညှစ်ထည့်ပြီးတော့ “ဆိုဒါ” ကို ထည့်တဲ့ အခါမှာ ရှတတ အရသာ (ဆန်းကစ်အရသာ ရဖို့ အတွက်) “ဆိုဒါ” ကို လက်ဖက်ရည် ဇွန်းကြီးနဲ့ နှစ်ဇွန်း ထည့်ရပါတယ်။ ဒါဆိုရင် အချိုရည်ဗူး တဗူးထဲမှာ “ဆိုဒါ” ဘယ်လောက် ပါသလဲ ဆိုတာကို တွက်ဆကြည့်လို့ ရပါပြီ။

ခေတ်ဘုန်းသစ်သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲ ဖြစ်သည်။
ခေတ်ဘုန်းသစ် ကလောင် အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများ
ရေးသားနေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ကဗျာများ ရေးသားလျက် ရှိသည်။

“ဆိုဒါ” ဟာ ကျန်းမာရေးကို အင်မတန်မှ ထိခိုက်စေတဲ့ အရာပါ။ “ဆိုဒါ” ကြောင့် ခါးမှာ အဆီစု၊ အဝလွန် စေသလို၊ သွား ကျန်းမာရေး ကိုလည်း ထိခိုက် ပျက်စီးစေပါတယ်။ အဆိုးဆုံး ကတော့ ကျောက်ကပ် ပျက်စီး စေနိုင်တာပါပဲ။ ကလေး တယောက်ဟာ နေ့စဉ် အချိုရည်ဗူး တဗူးသောက်တယ် ဆိုပါတော့။ “ဆိုဒါ” ဘယ်လောက်များများ သူသောက်သုံး ဖြစ်နေသလဲ ဆိုတာကို တွက်ဆကြည့်လို့ ရပါတယ်။

RelatedPosts

LGBT ဖြစ်တည်မှုကြောင့် သတ်သေသွားကြတဲ့လူတွေအများကြီးရှိတယ် (ရုပ်/သံ)

LGBT ဖြစ်တည်မှုကြောင့် သတ်သေသွားကြတဲ့လူတွေအများကြီးရှိတယ် (ရုပ်/သံ)

12 June 2025
34
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

12 June 2025
2.6k
တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

12 June 2025
15k

အချိုရည်တွေ သောက်တဲ့ ကလေးတွေဟာ အဝလွန်စေပါတယ်။ ပညာရှင်တွေက ဒါကို ငြင်းခုံနေဆဲပါ။ အတည်ပြုလို့ မရသေးတဲ့ သုတေသနတွေရဲ့ အဆိုအရ ဆိုဒါ သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်စေနိုင်တယ် လို့လည်း ဆိုပါတယ်။

“ဆိုဒါ” သောက်သုံးခြင်းနဲ့ ကလေးတို့ရဲ့ အပြုအမူကို လေ့လာထားတဲ့ သုတေသန တရပ်ရဲ့ အဆိုအရ “ဆိုဒါ” ပါတဲ့ အချိုရည်ကို သောက်သုံးတဲ့ ကလေးတွေဟာ မသောက်သုံးတဲ့ ကလေးတွေထက် ပိုပြီးတော့ ဒေါသကြီးကြ၊ ရန်လို တတ်ကြတယ်လို့ ဆိုပါတယ်။ “ဆိုဒါ” ပါတဲ့ အချိုရည်ကို သောက်သုံးကြတဲ့ ကလေးတွေဟာ အရုပ်တွေကို ပိုဖျက်ဆီးတတ်ကြ သလို၊ ကလေးအချင်းချင်း ဆော့ကစားကြတဲ့ အခါမျိုးမှာလည်း တွန်းထိုး ကန်ကျောက် တာမျိုး ပိုလုပ်တတ်ကြတယ်လို့ ဆိုပါတယ်။

အမေရိကားလို နေရာမျိုးမှာ ကိုလာ၊ ပက်စီ ဆိုတာမျိုးဟာ အင်မတန်မှ ဈေးပေါတဲ့၊ လူတန်းစားမရွေး သောက်နိုင်တဲ့ အပေါစား သောက်စရာတွေပါ။ အသီးအနှံ ဖျော်ရည်တွေ၊ အသီးတွေ ဆိုတာက အင်မတန်မှ ဈေးကြီးလှပါတယ်။ ငွေးကြေး အဆင်ပြေသူများပဲ စားနိုင်သောက်နိုင်တဲ့ အရာများပါပဲ။ ကျမတို့ ဆီမှာ ကတော့ အသင့်သောက် ဖျော်ရည်ဗူးတွေထက် လတ်လတ်ဆတ်ဆတ် အသီးအနှံတွေက ပိုပြီးတော့ ဈေးသက်သာပါတယ်။ ကျွဲကောသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ မာလကာသီး၊ ဆီးသီး စသည်ဖြင့် စားစရာ အသီးအနှံတို့ စုံပါတယ်။

လိမ်မော်သီး စားရင် ချောင်းဆိုးမယ်၊ မာလကာသီး စားရင် ရင်ကြပ်မယ် ဆိုတာဟာ တကယ်တော့ မှားယွင်းတဲ့ အယူအဆ များပါပဲ။ လိမ္မော်သီးဟာ ဗိုက်တာမင် စီ ပါတာကြောင့် နေမကောင်းတဲ့၊ ချောင်းဆိုးတဲ့ ကလေးတွေ အတွက် အင်မတန်မှ သင့်လျော်တဲ့ အသီးအနှံပါ။

အသီးအနှံ တွေလည်း စားစရာ ရှိနေပါရက်နဲ့ ကလေးတို့ကို အချိုရည်ဗူးတွေ ဝယ်တိုက်နေကြတာကို တွေ့ရတိုင်း စိတ်မကောင်း ဖြစ်ရပါတယ်။ ကလေးတို့ သောက်နေတဲ့ အချိုရည် ဗူးတွေထဲမှာ ဆိုဒါအပြင်၊ ကဖင်းလိုမျိုး၊ ဆိုးဆေးလိုမျိုး အရာတွေလည်း ပါနေပါသေးတယ်။ ကလေးတွေ သောက်ပြီးရင် အချိုရည်ရဲ့ အရောင်အတိုင်း လျှာမှာ စွဲပြီးတော့ ကျန်ရစ်ခဲ့ တာပါ။ ဘယ်လိုမှ မသောက်သင့်တဲ့ အရာများပါပဲ။

တချို့ မိဘတွေကတော့ ဒီလို အချိုရည်ဗူးတွေ မကောင်းမှန်း သိပေမယ့်လည်း ကလေးက ငိုယို ဂျီကျတဲ့ အခါမျိုးမှာ ဂျီကျတဲ့ ဒဏ်ကို မခံနိုင်တာကြောင့် ဝယ်တိုက် လိုက်ရတယ်လို့ ဆိုပါတယ်။ ကလေး ဆိုတာမျိုးကတော့ အရောင်လေးတွေ ဆန်းဆန်း ပြားပြားနဲ့ အချိုရည်ဗူးတွေကို သောက်ချင်ကြတာ သဘာဝပါ။ သောက်ချင်စိတ် ရှိအောင်လည်း ဘာအချိုရည်၊ ညာအချိုရည် ဆိုပြီးတော့ ရုပ်မြင်သံကြားမှာ တွေ့ရတဲ့ ကြော်ငြာတွေမှာ ကလေးတွေ သောက်ချင်စရာ ဖြစ်အောင်လို့ ကြော်ငြာကြတာပါပဲ။ ကျမရဲ့ သားလေး ကိုယ်တိုင်လည်း ဒီလို အအေး (အချိုရည်) မျိုးတွေကို သောက်ချင်တယ် ဆိုပြီး မကြာခဏ ပူဆာတတ် ပါတယ်။

ကျမကတော့ သားကို အချိုရည်ထဲမှာ “ဆိုဒါ” ဘယ်လောက်ပါတယ် ဆိုတဲ့ အကြောင်းကို လိမ္မော်သီးကို အရည်ညှစ်၊ “ဆိုဒါ” ထည့်ပြီးတော့ စမ်းသပ်ပြပါတယ်။ “ဆိုဒါ” ရဲ့ ဆိုးကျိုး အကြောင်းကိုလည်း သူနားလည်အောင်လို့ ကျမ ရှင်းပြပါတယ်။ ခပ်ငယ်ငယ် ရှင်းပြလို့ မရသေးတဲ့ အရွယ်တုန်းကတော့ သူသောက်ချင်လို့ ငိုယိုတဲ့ အခါမျိုးမှာ ဘယ်လောက်ပဲ ငိုနေပါစေ ကျမ ဘယ်တော့မှ မတိုက်ပါဘူး။

သူ့ရဲ့ ငိုသံကို သီချင်း ဆိုသံလိုမျိုး သဘောထားပြီးတော့ ကျမ နားထောင်ပါတယ်။ နောက်ဆုံးမှာတော့ သားဟာ သူ ဘယ်လောက်ပဲ ငိုငို၊ အချိုရည်ဗူး ဝယ်တိုက်မှာ မဟုတ်ဘူး ဆိုတာကို သိသွားပါတော့တယ်။ အမှန်တော့ မိဘများ အနေနဲ့ ကလေးတွေကို စည်းကမ်း ထုတ်တဲ့ အချိန်မှာ ကလေးငိုတဲ့ ဒဏ်ကို ခံနိုင်ဖို့ သိပ်ကိုမှ အရေးကြီးလှပါတယ်။ နောက်တခုက ရှေ့နောက် ညီဖို့ပါ။ ဒီနေ့တော့ မတိုက်ပေမယ့် နောက်နေ့မှာ အချိုရည် တိုက်လိုက်တာမျိုး၊ ဒီနေ့ မတိုက်ဘူး ပြောပြီး နောက်နေ့ တိုက်မယ် ပြောတာမျိုး လုပ်နေရင်တော့ ကလေးကို တိကျတဲ့ စည်းကမ်းပေးဖို့ အင်မတန် ခက်သွားနိုင်ပါတယ်။

ကျမ ကတော့ အာဟာရ တန်ဖိုးအားဖြင့်လည်း မပါဝင်၊ ကလေးတို့ရဲ့ ကျန်းမာရေးကိုလည်း ရေတို၊ ရေရှည် နှစ်မျိုးလုံးမှာ ထိခိုက်စေနိုင်တဲ့ အသင့်သောက် အချိုရည်ဗူး တွေကို ကလေးတွေကို မတိုက်စေချင်ပါဘူး။ အဲဒီလို အချိုရည် ဗူးတွေ တိုက်မယ့်အစား သံပရာသီးလေးကို အရည်ညှစ်ပြီး ရေအေးအေးလေးနဲ့ သံပရာရည် တခွက် ဖျော်တိုက်လိုက်မယ် ဆိုရင် ကလေးအတွက် ဗီတာမင်စီလည်း ရစေနိုင်သလို အန္တရာယ်လည်း ကင်းစေ ပါတယ်။ ငွေကြေးလည်း အကုန်အကျ သက်သာစေပါတယ်။ အချိုရည်တွေ သောက်သလိုမျိုး အဝလည်း မလွန်စေတော့ပါဘူး။

ဒါကြောင့်မို့လို့ ကလေးတွေရဲ့ ရေရှည် ကျန်းမာရေးအတွက် မိဘတွေ အနေနဲ့ အသင့် သောက်သုံးနိုင်တဲ့ အချိုရည်တွေ၊ “ဆိုဒါ” ပါတဲ့ အချိုရည်ဗူးတွေ၊ ပုလင်းတွေကို မတိုက်ကြဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာ၀ အသီးအနှံ၊ အသီးဖျော်ရည် တွေကိုသာ တိုက်ကျွေးကြဖို့ တိုက်တွန်းလိုပါတယ်။     ။

Your Thoughts …
Tags: Children
ခေတ်ဘုန်းသစ်

ခေတ်ဘုန်းသစ်

Contributor

Similar Picks:

ဘယ်လို ကျောင်းသား ဗဟိုပြုမှာလဲ

ဘယ်လို ကျောင်းသား ဗဟိုပြုမှာလဲ

by ခေတ်ဘုန်းသစ်
20 March 2013
7.8k

ကျမတို့ တိုင်းပြည်မှာ ဆရာဗဟိုပြု စနစ်က ဗဟိုပြုလွန်း လှတယ်လို့တောင် ဆိုရဦးမှာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျနော့် အဖေသည် ဦးဘဖြစ်ပါသည်လို့ ပုံနှိပ်စာအုပ်မှာ ရေးထားရင် ကိုယ့်အဖေက ဦးအောင်အောင် ဖြစ်ဦးတော့ ဦးဘလို့ပဲ တတန်းလုံးဖြေမှ အမှတ်ရတာမို့ပါပဲ။

ကလေးစိတ်ပညာ, အိပ်ရာဝင်ပုံပြင်, ရသခံစားမှု, ယဉ်ကျေးခြင်း,

ကလေးတို့အတွက် အိပ်ရာဝင် ပုံပြင်

by ခေတ်ဘုန်းသစ်
21 August 2014
11.3k

စာမဖတ်တတ်ခင် ကတည်းက အဘွားတို့ အမေတို့ ပြောပြတဲ့ အိပ်ရာဝင် ပုံပြင်တွေထဲက တဆင့် ကျမတို့ သိနေခဲ့ကြပါပြီ။ ပုံပြင်တွေက တဆင့် ကျမ တို့ဟာ စိတ်နှလုံး လိမ္မာယဉ်ကျေး ခဲ့ကြတယ်

ကလေးစိတ်ပညာ, ဗီဇ, ပတ်ဝန်းကျင်

ကလေးတို့ရဲ့ ဗီဇသဘာဝနဲ့ ဝန်းကျင်

by ခေတ်ဘုန်းသစ်
12 November 2013
4.5k

ကိုယ်နဲ့ အကျင့် သဘာဝချင်းတူရင် ကောင်းတယ် ထင်ပြီးတော့၊ ကိုယ်နဲ့ အကျင့်သဘာ၀ မတူတဲ့ အခါမျိုးမှာ မကောင်းဘူးလို့ ထင်တတ်ကြ ပါတယ်။ ဒါဟာ တော်တော်လွဲမှားတဲ့ အယူအဆ တရပ်ပါပဲ။ ကလေးများဟာ တကယ်တော့ ကျမတို့ရဲ့ ကိုယ်ပွားလေးတွေ...

ကလေးကဗျာများ

ကလေးများနဲ့ ကလေးကဗျာ

by ခေတ်ဘုန်းသစ်
28 August 2014
5.6k

ကလေးတို့ကို ကဗျာရွတ်ပြဖို့နဲ့ ကဗျာဖတ်ပြဖို့ ဆိုတဲ့ ကိစ္စဟာ ကလေးတွေကို ဝလုံး လေးတွေ ရေးခိုင်း ဖို့ထက် ပိုပြီးတော့ အရေးကြီး ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကဗျာမှာက အသံတွေ၊ ကာရန်လေးတွေ ပါတာမို့ ကလေးတို့ဟာ...

ပညာရွှေအိုးခေတ်နဲ့ ကလေးတို့ရဲ့ပညာရေး

ပညာရွှေအိုးခေတ်နဲ့ ကလေးတို့ရဲ့ပညာရေး

by ခေတ်ဘုန်းသစ်
10 September 2013
5.2k

ကျမတို့ ဆီကို ၀င်လာတဲ့ (ကျောင်းတွေမှာ သင်နေကြတဲ့) “အဖြူ”ဆရာ တော်တော် များများဟာ တကယ့် ဆရာတွေ မဟုတ်ကြပါဘူး။ အကြောင်း အမျိုးမျိုးကြောင့် ကျမတို့ နိုင်ငံထဲကို ၀င်လာတဲ့ လူတွေပါ။

ခိုးဝှက်, လိမ်ညာ, ကိုယ်ကျင့်တရား, ပြည်သူ့ပိုက်ဆံ, နိုင်ငံတော်ပိုက်ဆံ, ကြားပေါက်, အောက်ဆိုက်, အပိုဝင်ငွေ, အတုယူ,

ခိုးတတ် ဝှက်တတ်တဲ့ ကလေး

by ခေတ်ဘုန်းသစ်
30 June 2014
5.2k

တခါလောက် သူများပစ္စည်း လေးကို ယူမိတာနဲ့ပဲ တသက်လုံး သူခိုး ဖြစ်တော့မယ့် အတိုင်း ကလေးကို တံဆိပ်ကပ်တဲ့ အပြောမျိုးတွေ မပြော သင့်ပါဘူး။

Next Post
လိင်အလုပ်သမ, ကျန်းမာရေး, ဒေါ်နှင်းနှင်းယု

စားဝတ်နေရေးကြောင့် အမှောင်တွင်းထဲ ခုန်ဆင်းကြရသူများ

လျှပ်စစ်, ဓာတ်အားခ, စက်ရုံပိုင်ရှင်, ထုတ်ကုန်ဈေးနှုန်း, စီးပွားရေး

လျှပ်စစ်ဓာတ်အားခ တက်လို့ စိတ်ပျက်ကြ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအတွက် နယ်မြေရှင်းမည့် ကရင်နီထိုးစစ် ပိုပြင်းထန်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate