• English
Sunday, December 3, 2023
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ
    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ
    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်
    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ
    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်
    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်
    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ
    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ
    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ
    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ
    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော
    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော
    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော
    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော
    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ
    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ
    Trending Tags
      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော
      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ
      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ
      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု
      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု
      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့
      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့
      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်
      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်
      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်
      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်
      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု
      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ
      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ
      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”
      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”
      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မိန်းမ နှင့် ငွေ
      မိန်းမ နှင့် ငွေ
      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ
      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း
      ထရဂျဒီ၊ ကွန်မီဒီ
      ထရဂျဒီ၊ ကွန်မီဒီ
      စုပေါင်း ဘုံဗိမာန်သို့ ခရီး
      စုပေါင်း ဘုံဗိမာန်သို့ ခရီး
      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း
      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း
      အမျိုးသမီး သတင်းစာဆရာ
      အမျိုးသမီး သတင်းစာဆရာ
      လောင်စာ
      လောင်စာ
      ခေတ် နှင့် မိန်းမ
      ခေတ် နှင့် မိန်းမ
      Trending Tags
        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
        ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ
        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ
        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်
        စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ
        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်
        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်
        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ
        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ
        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ
        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ
        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော
        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော
        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော
        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော
        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ
        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ
        Trending Tags
          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော
          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ
          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ
          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု
          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု
          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့
          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့
          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်
          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်
          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်
          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်
          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု
          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ
          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ
          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”
          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”
          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          မိန်းမ နှင့် ငွေ
          မိန်းမ နှင့် ငွေ
          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ
          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ
          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း
          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း
          ထရဂျဒီ၊ ကွန်မီဒီ
          ထရဂျဒီ၊ ကွန်မီဒီ
          စုပေါင်း ဘုံဗိမာန်သို့ ခရီး
          စုပေါင်း ဘုံဗိမာန်သို့ ခရီး
          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း
          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း
          အမျိုးသမီး သတင်းစာဆရာ
          အမျိုးသမီး သတင်းစာဆရာ
          လောင်စာ
          လောင်စာ
          ခေတ် နှင့် မိန်းမ
          ခေတ် နှင့် မိန်းမ
          Trending Tags
            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး
          SEZ တွေထက် ပိုပြီးတော့ ကြောက်စရာကောင်းတာ AEC
          by ဧရာဝတီ
          25 March 2014
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          AEC, စီးပွားရေး, လုပ်ငန်းရှင်, ကုန်ထုတ်လုပ်မှု, စက်မှုဇုန်, ရင်းနှီးမြှုပ်နှံမှု
          ဦးမြတ်သင်းအောင် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
          4.3k
          VIEWS
          Share on FacebookShare on Twitter
          မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည်နှင့်အတူ ပြည်တွင်း စက်မှုဇုန်လုပ်ငန်းများတွင် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများ၊ အထူးစီးပွားရေးဇုန် ဖော်ဆောင်မှုလုပ်ငန်းများနှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ပေါ်ပေါက်လာပါက ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ အနာဂတ်က စိန်ခေါ်မှုများနဲ့ ပြည့်နှက်လျက်ရှိသည်။ ယင်းအခြေအနေများကြောင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ကြုံတွေ့လာကြရမည့် စိန်ခေါ်ချက်၊ ပြိုင်ဆိုင်မှု၊ ကုန်ထုတ် လုပ်မှု စသည့် အခြေအနေများအပေါ် ဧရာဝတီသတင်းဌာန အကြီးတန်းသတင်းထောက် မေစစ်ပိုင်က လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ AA ကုမ္ပဏီလုပ်ငန်းစု၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးမြတ်သင်းအောင်ကို တွေ့ဆုံမေးမြန်း ထားသည်များကို စုစည်းဖော်ပြပါသည်။
          ဧရာဝတီ ။     ။ စက်မှုဇုန်လုပ်ငန်းတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာတာကြောင့် တိုးတက် လာတဲ့အပိုင်းတွေကို တွေ့နေရတော့ အန်ကယ် တာဝန်ယူနေတဲ့ လှိုင်သာယာစက်မှုဇုန်ရဲ့ လက်ရှိ အခြေအနေ ဘယ်လိုရှိပါလဲ။
          RelatedPosts
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော
          28 November 2023
          16.5k
          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ
          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ
          28 November 2023
          7.9k
          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု
          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု
          24 November 2023
          4k
          ဦးမြတ်သင်းအောင် ။     ။ လှိုင်သာယာဇုန် တခုတည်းမှာတင် ဇုန် ၇ ဇုန် ခွဲထားတယ်၊ အဲဒီမှာ စက်ရုံပေါင်း ၆၀ဝ ကျော် လည်ပတ်နေတယ်၊ အရင် အစိုးရလက်ထက်က စက်ရုံ ၄၀ဝ လောက်ပဲ ရှိခဲ့ပေမယ့် အစိုးရသစ်လက်ထက် ၂ နှစ်ကျော်ကာလ အတွင်းမှာ စက်ရုံပေါင်း ၂၀ဝ ကျော် ထပ်ပြီးတိုးလာတယ်။ ဒီထက်လည်း တိုးလာနိုင်တဲ့ အနေအထားမှာ ရှိတယ်၊ လှိုင်သာယာ ဇုန်မြေထဲမှာတော့ မြေကွက် တွေ ကုန်သလောက်ရှိနေပြီ။
          ဧရာဝတီ ။     ။ မြေကွက်တွေ ကုန်တော့မယ်ဆိုတော့ ရင်းနှီး မြုပ်နှံမယ့်သူတွေ ထပ်လာရင် ဘယ်လိုလုပ်ပါမလဲ။
          ဦးမြတ်သင်းအောင် ။     ။ မြေက လှိုင်သာယာဇုန် မြေထဲမှာတော့မရှိတော့ ဘူးပေါ့၊ ဒါပေမယ့် အသစ်တိုးချဲ့တဲ့ ဇုန်တွေရှိတယ်၊ ဒီဘက်ဇုန်တွေမှာ မရကြတော့ ရန်ကုန်အရှေ့ပိုင်း ဘက်ခြမ်းက မြေကွက်တွေမှာ ဇုန်မြေတိုးချဲ့နေတာ တွေရှိတယ်။
          ဧရာဝတီ ။     ။ စက်မှုဇုန်တွေမှာ မြေဈေးကြီးလာတော့ ဝယ်မယ့် လုပ်ငန်းရှင်တွေ အခက်တွေ့နိုင်မလား၊ ဘယ်လိုရှိနိုင်လဲ။
          ဦးမြတ်သင်းအောင် ။     ။ မြေဈေးတွေ တက်နေတာတော့ မှန်ပေမယ့် နိုင်ငံခြားသားတွေ ဝယ်လို့မရတဲ့ အခြေအနေဆိုတော့ မြေနေရာတွေကို ငှားပြီးလုပ်ကြတယ်၊ တချို့ကလည်း တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ လက်တွဲကြတယ်။ အန်ကယ်တို့တုန်းက ဇုန်မြေနေရာရတော့ အစိုးရဘက်က လမ်းအသင့်အတင့် ခင်းပေးတယ်၊ ရေမြောင်းသွယ်ပေးခဲ့တယ်ပေါ့၊ ဒါပေမယ့် ကိုယ့် အစီအစဉ်နဲ့ ကိုယ်လုပ်ကြရတာတွေရှိတာပဲ၊ အခုဆိုရင် စက်ရုံတွေရဲ့ မြေ ၁ ဧက ကို ငွေ ၁၀ဝဝဝ နှုန်း ကောက်ပြီးတော့ ရေ၊ မီး ရရှိဖို့ ၊ လမ်းခင်းတာ၊ ဓာတ်တိုင်လဲတာက အစ မီးကြိုးပျောက်တာ အဆုံး ကိုယ့်အားကိုယ်ကိုး လုပ်နေကြတယ်။
          ဧရာဝတီ ။     ။ စက်မှုဇုန်တွေမှာ မီးရရှိမှုအခြေအနေ ဘယ်လို ရှိပါလဲ၊ အရင်အတိုင်းပဲလား။
          ဦးမြတ်သင်းအောင် ။     ။ ဇုန်တွေ စတည်ထောင်ကတည်းက လျှပ်စစ်မီး က ၂၄ နာရီ မရခဲ့တာ အခုချိန်ထိပဲ၊  အစိုးရပိုင်းက ကြိုးစားနေပေမယ့် အခုထိမပေးနိုင်သေးဘူး၊ မတ်လ လောက်ဆိုရင် လျှပ်စစ်မီးရရှိမှု နည်းသွားတယ်၊ ၂၀၁၂ ခုနှစ်ကစပြီး မိုးတွင်းကာလဆိုရင် လျှပ်စစ်မီး ကို ၂၄ နာရီပေးတယ်၊ အရင်နှစ်တွေက မတ်လလောက်ဆို ဇုန်တွေထဲမှာ မီးမရတော့ဘူး၊ ဒီနှစ်တော့ ထူးခြားတယ်၊ ယနေ့အထိကို မီးမဖြတ်သေးဘူး၊ ကြည့်ရတာတော့ ဆည်တွေမှာ ရေပိုရတယ် ထင်တယ်။
          ဧရာဝတီ ။     ။ အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ ဇုန်တွေအတွက် မီးရရှိရေးကိစ္စကို မညှိနှိုင်းကြဘူးလား။
          ဦးမြတ်သင်းအောင် ။     ။ အကြိမ်ကြိမ် ညှိနှိုင်းခဲ့တယ်၊ အစိုးရဘက်က ပုဂ္ဂလိကနဲ့ IPP (Independent Power Producers) လုပ်ဖို့ပဲပြောကြတယ်၊ IPP နဲ့လုပ်ဖို့ဆိုပြီး အကုန် လုံးလည်း စုစည်းပြီးပြီ၊ အများပိုင် ကုမ္ပဏီတောင် တည်ထောင်ထားတယ်၊ ဒါပေမယ့် အစိုးရဘက်က ဓာတ်ငွေ့မပေးနိုင်ဘူး၊ ဒီဇယ်စတဲ့ တခြားပစ္စည်းတွေ နဲ့ လုပ်လို့ပြောနေတော့ အဲဒါတွေက ဈေးကြီးနေတယ်၊ ကိုယ့်နိုင်ငံကထွက်တဲ့ ဓာတ်ငွေ့ ပြည်ပကို တယူနစ် ၁၀ဝ နှုန်းနဲ့ ရောင်းနေတာက အစိုးရ ဘဏ္ဍငွေရပြီး၊ လုပ်ငန်းရှင်တွေကတော့ နိုင်ငံခြားက ဒီဇယ်ဆီကို ဝယ်သုံးနေရတော့ တယူနစ်ကို ၃၀ဝ ကျပ် ကုန်နေရတယ်လေ။
          ဧရာဝတီ ။     ။ လုပ်ငန်းပိုင်းမှာရော ဘယ်လိုပြဿနာတွေ ရှိလာလဲ။
          ဦးမြတ်သင်းအောင် ။     ။ ပြည်တွင်းမှာ အကြီးစား စက်မှုလုပ်ငန်းတွေ လာပြီး ရင်းနှီးမြုပ်နှံတာအားနည်းနေတယ်၊ အထည် ချုပ်ကုမ္ပဏီတွေလောက်ပဲ လာတယ်၊ အဲဒါတွေက လုပ်အားခ သိပ်များလာရင် လုပ်လို့မရတော့ဘူး၊ ဈေးပေါတဲ့နေရာတွေကို ရွှေ့ကုန်ကြတာ၊ ကုမ္ပဏီ တခုဆိုရင် ဟမ်းဖုန်းတွေကို ထုတ်လုပ်ဖို့လာတယ်၊ မီးကို မဂ္ဂါဝပ် ၅၀ လောက်ထိသုံးချင်တယ်၊ ဒါပေမယ့် အစိုးရက မပေးနိုင်ဘူးဆိုတော့ အခု အဲဒီကုမ္ပဏီ ဗီယက်နမ်ကို ရောက်သွားပြီပြောတယ်၊ မြေနေရာက အဆင်ပြေပေမယ့် လျှပ်စစ်မီးမရတော့ ဒီဇယ်နဲ့ အလုပ်လုပ်ရမယ်ဆိုရင် စရိတ်က တွက်ခြေမကိုက်ဘူး။
          ဧရာဝတီ ။     ။ လုပ်ငန်းရှင်တယောက်အနေနဲ့ အရင်တုန်းကနဲ့ လက်ရှိအခြေအနေမှာ စီးပွားရေး လုပ်ကိုင်ရတာ ပြောင်းလဲမှုတွေ ရှိလာပြီလား။
          ဦးမြတ်သင်းအောင် ။     ။ အများကြီး ကွာခြားလာတယ်၊ အရင်ကဆိုရင် ပစ္စည်းတခုထုတ်ဖို့၊ သွင်းဖို့အရေး လိုင်စင်ရဖို့ဆိုတာ ဝန်ထမ်းတွေ အများကြီးခန့်ထားရတယ်၊ စရိတ်တွေ ကုန်တယ်၊ အခုက ခေတ်ပြောင်းလာတော့ တချို့ ကုန်စည်တွေဆိုရင် လိုင်စင်မလိုတော့ဘူး၊ အလုပ် လုပ်ရတာ မြန်ဆန်လာတယ်၊ ဒါကြောင့်မို့လို့ ကုန်သည်တွေက ကြည်ဖြူပြီး အခွန်တွေ ပိုဆောင်လာကြတယ်။
          နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာပြီဆိုတော့ ယှဉ်ပြိုင်ရတာတွေ ရှိလာပြီလား။
          လောလောဆယ်တော့ ယှဉ်ပြိုင်ရမှာ မဟုတ် သေးဘူး၊ အထူးစီးပွားရေးဇုန်တွေ (SEZ) က အခု အချိန်ထိ အလုပ်မစနိုင်သေးတာ၊ နောက်ထပ် ၂ နှစ်လောက် အချိန်ယူရဦးမှာ။ ဒါပေမယ့် ၂၀၁၅ မှာ အာဆီယံ စီးပွားရေး အသိုက်အဝန်း ( AEC) ဝင် လာတော့မယ်၊ SEZ တွေထက် ပိုပြီးတော့ ကြောက် စရာကောင်းတာ AEC ပဲ။
          ဧရာဝတီ ။     ။ ဘာကြောင့် အဲဒီလို ပြောနိုင်တာလဲ။
          ဦးမြတ်သင်းအောင် ။     ။ AEC ဝင်လာပြီဆိုရင် အာဆီယံ ၁၀ နိုင်ငံက ပစ္စည်းတွေ လွတ်လွတ်လပ်လပ် သွားလာလို့ရပြီ၊ သွင်းကုန်အခွန် မပေးရတော့ဘူး၊ နိုင်ငံခြားကပစ္စည်း တွေ အများကြီးဝင်လာလိမ့်မယ်၊ အဲဒီတော့ ပြည်ပ ကလာတဲ့ပစ္စည်းနဲ့ ပြည်တွင်းစက်ရုံကပစ္စည်းနဲ့ ယှဉ်ရတော့မယ်၊ အဲလိုအချိန်ရောက်ရင် ပြည်တွင်းစက်ရုံ တချို့၊ အသေးစား၊ အကြီးစား လုပ်ငန်းတချို့ ပြုတ် ကျန်နေခဲ့လိမ့်မယ်၊ ပြည်ပက စက်ရုံအကြီးဝင်လာရင် စက်ရုံအသေးတချို့ ပြိုသွားမှာပဲ၊ အပြိုင်အဆိုင်တွေ ရှိလာတော့ ဈေးကွက်မှာ ဝင်ရောင်းတဲ့ ဈေးနှုန်းက သက်သာသွားမယ်၊ ပြည်သူတွေအတွက်တော့သိပ်ကို ကောင်းသွားနိုင်တယ်။
          ဧရာဝတီ ။     ။ ဒါဆို ပြည်တွင်းကုမ္ပဏီတွေ ထိခိုက်မှုတွေ များလာနိုင်တယ်လို့ ဆိုနိုင်လား။
          ဦးမြတ်သင်းအောင် ။     ။ ပြည်တွင်းက ပြည်ပကို ကုန်ပစ္စည်းတင်ပို့တဲ့ အခါမှာ အရမ်းအားသာသွားတယ်၊ ပြည်ပမှာကျတော့ ဈေးပိုရတယ်၊ အခွန်မပေးရတော့ဘူး၊ တိုင်း ပြည်လည်း ဝင်ငွေများများရတယ်၊ ပြည်တွင်းမှာပဲ ထုတ်လုပ်ပြီး ရောင်းနေမယ်ဆိုရင်တော့ နစ်နာနိုင် တာပေါ့၊ ဒါကြောင့် Export များများ ထုတ်ပါလို့ ပြောနေရတာ။
          ဧရာဝတီ ။     ။ အစိုးရက ပြည်ပလုပ်ငန်းရှင်တွေနဲ့ ပြည်တွင်း လုပ်ငန်းရှင် ဘယ်သူတွေကို ပိုပြီး ဦးစားပေးနေတယ် လို့မြင်လဲ။
          ဦးမြတ်သင်းအောင် ။     ။ ပြည်တွင်းလုပ်ငန်းရှင်တွေကို ဦးစားပေးတယ် ဆိုပေမယ့် နှုတ်အားဖြင့်ပဲ အားသာပေးလို့ရတာလေ၊ အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေကို အခွန်မယူတော့ဘူးလို့ ပြောနေပေမယ့် တကယ် တမ်းကျတော့ အခွန်ဆောင်နေရတုန်းပါပဲ၊ ဒါပေ မယ့် ပြည်ပကိုသွားပြီး ဖိနှိမ်နေလို့ကြတော့လည်း မရပြန်ဘူး၊ သူတို့ကို အခွင့်အရေးပေးမှ လာမှာဆို တော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေ FDI Law အရ ပြည်ပလုပ်ငန်းရှင်တွေကို ပိုပြီး အခွင့်အရေး ပေးထားတယ်။
          ဒါဆို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေအရဆိုရင် ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် ထိခိုက်မှု ရှိနေ တာပေါ့။ FDI ကိုတော့ ငါးနှစ်စာ အခွန်ငွေမယူဘူး၊ ပြည်တွင်းလုပ်ငန်းတွေက လုပ်ငန်းစကတည်းက အခွန်ငွေပေးရတယ်၊ ဒါတွေကို တပြေးညီဖြစ်အောင် လုပ်ငန်းရှင်တွေကတင်ပြထားတယ်ဆိုတော့ အစိုးရ ဘက်က တနည်းနည်းနဲ့ မျှတအောင်လုပ်ပေးမယ် ထင်တာပဲ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) နဲ့ လုပ်မယ်ဆိုရင်တော့ ရတယ်၊ ဒါပေမယ့် မြေအသစ်ဝယ်ရမယ်၊ စက်ရုံအသစ် ထပ်ဆောက်ရ မယ်ဆိုတော့ မလွယ်ဘူး။     ။
          Your Thoughts …
          Tags: Interviews
          ဧရာဝတီ
          ဧရာဝတီ
          ...
          Similar Picks:
          “ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”
          “ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”
          by ဧရာဝတီ
          21 August 2013
          5.5k
          တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...
          “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်, UWSA ပြန်ကြားရေး တာဝန်ခံ ဦးအောင်မြင့်, “ဝ” အထူးဒေသ (၂) မှ ဦးပေါက်ရီ ဦးဆောင်သော အဖွဲ့ဝင်များ, ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး, နေပြည်တော်
          “ဝ ပြည်နယ် တောင်းဖို့ ဘာမှ လက်နက် အားကိုးစရာ မလိုဘူး”
          by မေခ
          4 March 2014
          11.5k
          “ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”
          “ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”
          by ဧရာဝတီ
          29 July 2013
          19.7k
          တကယ်လို့ မြန်မာနိုင်ငံမှာ ယောက်ျားနဲ့ မိန်းမ တန်းတူညီမျှမှု ရှိသလားလို့ ကျမတို့ မြန်မာ အမျိုးသမီးတွေကို မေးရင် ရှိပါတယ်လို့ ဖြေကြလိမ်မယ်။ ဒါပေမယ့် ရင်ထဲမှာ မမြင်နိုင်တဲ့ အတွင်းဖက် နေရာမှာ တော့ ကျမတို့ဟာ ဒုတိယတန်းစား...
          ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း
          ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း
          by ဧရာဝတီ
          5 June 2015
          19.7k
          ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။
          “ငလျင် အချိန်မရွေး လာနိုင်တယ်”
          “ငလျင် အချိန်မရွေး လာနိုင်တယ်”
          by ဧရာဝတီ
          13 November 2012
          11.4k
          လတ်တလော ရွှေဘိုငလျင်၊ အတိတ်တွင် လှုပ်ခဲ့သော ငလျင်များနှင့် ဖြစ်ပေါ်လာနိုင်ခြေရှိသော ငလျင်များ အကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစိုးသူရထွန်းကို ဧရာဝတီက တွေ့ဆုံမေးမြန်း ထားပါသည်။
          မခင်နှင်းကြည်သာ
          ပြည်သူ့ဂုဏ်ရည် အထူးဆုရ မခင်နှင်းကြည်သာနှင့် တွေ့ဆုံခြင်း
          by Hsu Wai Linn
          13 June 2014
          5.5k
          “ဒီကွန်ယက်ကို လုပ်ဖြစ်ရတဲ့အကြောင်းကတော့ ကျမတို့ နိုင်ငံဖွံ့ဖြိုးရေးကိုလုပ်တဲ့အခါကျတော့ ကျမတို့လည်း ပါဝင်လို့ရတဲ့အရာတွေ ရှိတယ်လေ။ အစိုးရလုပ်နေတာကိုပဲ ကျမတို့ ထိုင်စောင့်နေစရာမလိုဘူး”
          Next Post
          ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည် စခန်းတွင် မီးလောင်မှု ဖြစ်ပွား
          မြန်မာနိုင်ငံရှိ အယုဒ္ဓယ ယဉ်ကျေးမှု အမွေအနှစ်များ ရှာဖွေဖော်ထုတ်မည်
          No Result
          View All Result
          Recommended
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)
          6 days ago
          16.1k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)
          5 days ago
          12.8k
          Most Read
          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း
            ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း
            shares
            Share 0 Tweet 0
          • ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော
            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ
            shares
            Share 0 Tweet 0
          • အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်
            shares
            Share 0 Tweet 0
          Contents
          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights
          About The Irrawaddy
          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.
          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English
          © 2023 Irrawaddy Publishing Group. All Rights Reserved
          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide
          © 2023 Irrawaddy Publishing Group. All Rights Reserved