• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးက ဘာတွေ ဆုံးဖြတ်လိုက်သလဲ

by စည်သူအောင်မြင့်
20 May 2014
in သူ့အတွေး သူ့အမြင်
A A
သံဃာ, မဟာနာယက, အမျိုး, ဘာသာ, သာသနာ, သီတဂူဆရာတော်

မေလ ၁၂- ၁၃ နေ့တွေက ကျင်းပပြီးသွားခဲ့တဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

8.3k
VIEWS
Share on FacebookShare on Twitter

နှစ်ပေါင်း ၂၀ ကြာမှ ပြန်ပြီး ကျင်းပခဲ့တဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး မေလ ၁၂- ၁၃ နေ့တွေက အောင်အောင်မြင်မြင် ကျင်းပပြီးသွားခဲ့ပါပြီ။ ဒီ အစည်းအဝေးကြီး ကျင်းပနိုင်ရေးအတွက် ပြီးခဲ့တဲ့ လ အတော်ကြာကတည်းက ပြင်ဆင်ခဲ့ကြတာ ဖြစ်သလို အစည်းအဝေးကြီးမှာ တင်ပြမယ့်၊ အတည်ပြုချက် ရယူမယ့် ပြဿနာ အတော်များများကိုလည်း နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ဝင် “မဟန” ဆရာတော်တွေ ကြိုတင် ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ပြီးမှ ကျင်းပတာမို့ အောင်မြင်မှု ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အစည်းအဝေးကြီးရဲ့ ဆုံးဖြတ်ချက်တွေ အကောင်အထည် ဖော်ဖို့ နောက်ထပ် ဆွေးနွေး ဆုံးဖြတ်တာတွေ လုပ်ကြရပါဦးမယ်။ အစည်းအဝေးကြီးကို ဘယ်လို အချိန်မှာ ကျင်းပ ဖြစ်တာပါလဲ၊ အစည်းအဝေးကြီးက ဘာတွေ ဆုံးဖြတ်လိုက်ပါသလဲ၊ နောက်ပိုင်း မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

သံဃာ့အစည်းအဝေးကြီးရဲ့ ပထမနေ့မှာ သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိဿရ တက်ရောက်ပြီး ၂၅၀၀ ကျော်သော သံဃာတော်တွေကို လျောက်ထားပါတယ်။ ဆရာတော်ကြီးရဲ့ လျောက်ထားချက်မှာ မြန်မာနိုင်ငံထဲ တစ်ခုတည်းသော တရားဝင် ဖွဲ့စည်းခွင့်ရခဲ့တဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ရဲ့ နောက်ခံ သမိုင်းကြောင်းလည်း ပါပါတယ်။ ဒီ သံဃာ့အဖွဲ့အစည်းကြီး ဖွဲ့စည်းခဲ့တဲ့ အချိန် မြန်မာနိုင်ငံမှာ တပါတီ အာဏာရှင် စနစ် ကျင့်သုံးနေချိန်ဖြစ်လို့ အာဏာရှင် အငွေ့အသက်တွေ ပါနေတဲ့အကြောင်း၊ ဒါကြောင့် သံဃာ့မဟာနာယက အဖွဲ့မှတစ်ပါး အခြား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် မရှိရလို့ အခြေခံစည်းမျဉ်းထဲမှာ ထည့်ထားတဲ့အကြောင်း၊ ဒါကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ လိုက်လျောခြင်းနဲ့ အညီ အခြား သံဃာအဖွဲ့အစည်း အားလုံးကို ခွင့်ပြုဖို့ လျောက်ထားခဲ့ပါတယ်။

RelatedPosts

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

24 June 2025
315
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
12.3k
မြန်မာ့အရေး မလေးရှား ဖောက်တဲ့လမ်းက ဘာလဲ ဘယ်လဲ (ရုပ်/သံ)

မြန်မာ့အရေး မလေးရှား ဖောက်တဲ့လမ်းက ဘာလဲ ဘယ်လဲ (ရုပ်/သံ)

23 June 2025
60

သံဃာ့အစည်းအဝေးကြီးကတော့ ရှိနေနှင့်ပြီဖြစ်တဲ့ အခြားအခြားသော သံဃာ့အဖွဲ့အစည်းတွေ အနေနဲ့ “မဟန” အဖွဲ့ကြီးရဲ့ သြဝါဒ ခံယူပြီး ဆောင်ရွက်နိုင်အောင် ညွှန်ကြားလွှာတွေ ထုတ်ပြန် ဆောင်ရွက်ဖို့ တင်ပြတာ ရှိခဲ့ပြီး ဆက် အကောင်အထည်ဖော်ကြပါလိမ့်မယ်။ ဒါနဲ့ ပတ်သက်ပြီး သံဃာ့အစည်းအဝေး မတိုင်ခင်လေးမှာပဲ လောလောဆယ် နာမည်ကြီးနေတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး “မဘသ” အဖွဲ့ဟာ “မဟန” အဖွဲ့ ဆရာတော်ကြီးတွေထံ လာရောက်ပြီး သြဝါဒ ခံယူခဲ့ကြသလို၊ မဟန ဆရာတော်တွေကလည်း မဘသ အဖွဲ့ကို တသွေးတည်း တသားတည်း ဖြစ်ကြောင်း အသိအမှတ် ပြုပေးခဲ့ပါသေးတယ်။

သီတဂူ ဆရာတော်ကြီး လျှောက်ထားတဲ့ နောက်တချက်ကတော့ အိမ်နီးချင်း နိုင်ငံတွေက သံဃာ့အဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းပုံပါ။ လာအိုလို ဗီယက်နမ်လို ကွန်မြူနစ် နိုင်ငံတွေမှာ သံဃာ့အဖွဲ့အစည်းတွေဟာ အာဏာပိုင်တွေရဲ့ လက်အောက်မှာ ရှိနေပြီး ထိုင်းလို၊ ကမ္ဘောဒီးယားလို နိုင်ငံတွေမှာတော့ သံဃာ့အဖွဲ့အစည်းကြီးရဲ့ ဆုံးဖြတ်ချက်ကို အာဏာပိုင်တွေက အကောင်အထည် ဖော်ပေးရတဲ့အကြောင်း၊ အဲလို သံဃာတွေရဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းမျိုး ဖြစ်စေချင်တဲ့အကြောင်း လျှောက်ထားပါတယ်။ ဒါပေမယ့် သံဃာ့အစည်းအဝေး ဆုံးဖြတ်ချက်မှာ သံဃာ့မဟာနာယက ဖွဲ့စည်းပုံ၊ တာဝန်ထမ်းဆောင်ခွင့် ရှိတဲ့ သက်တန်း အပိုင်းအခြား ပြင်ဆင်ဖို့ကလွဲပြီး တခြား ဆုံးဖြတ်တာတော့ မတွေ့ရပါဘူး။

သီတဂူဆရာတော်ကြီး ကိုယ်တိုင် လျှောက်ထား တိုက်တွန်းပြီး သံဃာ့အစည်းအဝေးကလည်း ဆုံးဖြတ်လိုက်တာ တခုကတော့ သံဃာ့အဖွဲ့အစည်းကြီးမှာ ပြည်ပ ဆက်ဆံရေးဌာန ထားဖို့ပါ။ ဒါကတော့ မကြာခင် အကောင်အထည် ပေါ်လာနိုင်ပါတယ်။

သံဃာ့အစည်းအဝေးကြီးက ဆုံးဖြတ်လိုက်တဲ့ အရေးကြီးတဲ့ အချက်တချက်ကတော့ ဗုဒ္ဓသာသနာနဲ့ ဆိုင်တာ ရေးသားထုတ်ဝေမယ်၊ ရုပ်သံ အသံသွင်းပြီး ဓာတ်ပြားတွေနဲ့ ဖြန့်ချီမယ် ဆိုရင် လက်ရှိ လွတ်လပ်စွာ ရေးသားထုတ်ဝေနိုင်တယ် ဆိုတဲ့ စနစ်အစား မဟန အဖွဲ့ကြီးရဲ့ ခွင့်ပြုချက်ရမှ ထုတ်ဝေခွင့်ပြုဖို့ ကိစ္စပါ။ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အရှင်တေဇောသာရာ ဘိဝံသ ကတော့ စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ ဗုဒ္ဓဘာသာနဲ့ ပါတ်သက်ပြီး ရေးသားဖော်ပြချက်တွေဟာ ရုပ်ဝါဒဘက် ရောက်နေတယ်၊ အဲလို စာအုပ် ထုတ်ဝေနေတာတွေကို စိစစ်ရမယ်လို့ သတင်းဌာနတစ်ခုကို နမူနာ မိန့်ကြားသွားတာတွေ ရှိခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်ဖို့ လိုအပ်နေသေးပြီး အငြင်းပွားဖွယ် ကိစ္စတရပ် ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

သံဃာ့အစည်းအဝေးကြီးမှာ နောက်ထပ် ဆွေးနွေးခဲ့တာကတော့ သံဃာ့စာမေးပွဲတွေနဲ့ ပတ်သက်နေတာပါ။ စာမေးပွဲ ကျင်းပမှုတွေဟာ လူတွေစာမေးပွဲ ကျင်းပနေသလို အကျင့်ပျက် လာဘ်စားမှုတွေ ဖြစ်နေတယ်၊ အဲဒါကို ပြုပြင်ဖို့ လိုတယ် ဆိုပြီး ကိုယ်စားလှယ် ဆရာတော်တွေကလည်း ထောက်ပြလျောက်ထားခဲ့ပါတယ်။ ဒါကိုလည်း ဆက်လုပ်သွားဖို့ ရှိပါတယ်။

ပြောရရင် ၅ သိန်းလောက်ရှိလာပြီလို့ ဆရာတော် သံဃာတော်တွေ မြွက်ကြားခဲ့တဲ့ သံဃာအားလုံးကို ကိုယ်စားပြုပြီး နှစ်ပေါင်း ၂၀ အတွင်း အစည်းအဝေး ပြန်ကျင်းပနိုင်တာ၊ အရင် စစ်အစိုးရက လိုရင်အသုံးချ၊ မလိုရင် ဥပက္ခောပြုထားလို့ မလှုပ်နိုင်၊ မရှားနိုင်၊ သံဃာထုကြား အမြင်မကြည်လင်ဖြစ်နေတဲ့ နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့ကို စနစ်တကျ ပြန်ဖွဲ့စည်းဖို့ လုပ်တာ၊ ပြန်အသက်သွင်းတာတွေကတော့ သာသနာတော် အတွက် ကောင်းကွက်တွေပါပဲ။

ဒါပေမယ့်လည်း သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာနိုင်ငံမှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာတာ၊ နိုင်ငံတကာအလည်မှာ ဗုဒ္ဓဘာသာ ပုံရိပ် ကျဆင်းနေတာ၊ သံဃာတချို့ ဦးဆောင်ပြီး မျိုးစောင့်ဥပဒေ ပြဌာန်းဖို့ ကြိုးစားနေရာမှာ သံဃာအချင်းချင်း၊ သံဃာနဲ့ ပြည်သူ၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားစ ပြုလာတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု မရှိတာကတော့ ဝမ်းနည်း စိတ်မကောင်းစရာပါပဲ။ နောက်ပြီး မကြာခင် ပြန်အသက်ဝင်လာမယ့် နိုင်ငံတော်အဆင့် မဟန အဖွဲ့ကြီးဟာ တက်ကြွလှုပ်ရှားနေတဲ့ မဘသလို အဖွဲ့မျိုးတွေအပေါ် သြဇာ ညောင်းနိုင်ပါ့မလား ဆိုတာကလည်း မေးခွန်းထုတ်စရာပါ။

လက်ရှိမှာကို မန္တလေးတိုင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ ဦးဆောင် ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသ နဲ့ တွဲဘက် အတွင်းရေးမှူး အရှင်ယသ နှစ်ပါး လက်မှတ်ရေးထိုးပြီး၊ အရပ်ဘက် အဖွဲ့အစည်း ၁၀၀ကျော်ကို “အမျိုးသား သစ္စာဖေါက်” များအဖြစ် သတ်မှတ်ကြေငြာ ထားပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ မျိုးစောင့်ဥပဒေ ရေးဆွဲဖို့ ညွှန်ကြားတဲ့ သမ္မတ ကို ကန့်ကွက်လို့ ဖြစ်ပါတယ်။ အလားတူ စစ်ကိုင်း မဘသ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တပညာနန္ဒ နဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ဓမ္မပီ္ပယာ လင်္ကာရ နှစ်ပါး လက်မှတ်ရေးထိုးပြီး အရပ်ဘက် အဖွဲ့အစည်းတွေကို“ အသားထဲက လောက်ထွက်သည့် အဖွဲ့များ” ဆိုပြီး သတ်မှတ်တယ်လို့ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် မဘသ၊ မန္တလေးတိုင်း မဘသ နဲ့ မဘသ အဖွဲ့တချို့ကတော့ အစ္စလာမ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ကာတာ အခြေစိုက် အော်ရီဒူး ဆက်သွယ်ရေး ကုမ္ပဏီကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်နေပါတယ်။ အခု နောက်ဆုံး မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကစ သံဃာတွေ မဲပေးခွင့်ရရေး သံဃာတွေရဲ့ ဆန္ဒပြုလက်မှတ်ကောက်ခံပြီး သမ္မတ ဦးသိန်းစိန်ဆီ တင်ပြသွားမယ်လို့ ဆိုနေပါပြီ။ နိုင်ငံရေးပါတီ တစ်ခုဆိုရင် “ အမျိုးဘာသာ သာသနာ စောင့်ရှောက်မည့် လယ်သမားပါတီ လာပြီ” ဆိုပြီး စည်းရုံးဟောပြောပွဲတွေ လုပ်နေပါပြီ။

မကြာခင် အသက်ပြန်ဝင်လာမယ့် နိုင်ငံတော်အဆင့် မဟန အဖွဲ့ကြီးနဲ့ သံဃာထု တစ်ရပ်လုံး အနေနဲ့ ခုလို ပြသနာတွေကို ဖြေရှင်းပေးနိုင်ရေး၊ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ပြန်ပြီး ဖြစ်ပေါ်မလာစေရေး၊ ပြည်တွင်း ပြည်ပမှာ ကျဆင်းနေတဲ့ ငြိမ်းချမ်းပြီး ခွင့်လွှတ်ခြင်း တရားနဲ့ တည်ဆောက်ထားတဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ် ပြန်လည် မြင့်မားလာအောင် စွမ်းဆောင်ပေးနိုင်ဖို့အရေး ကြိုးစားရဦးမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)

Your Thoughts …
Tags: Opinions
စည်သူအောင်မြင့်

စည်သူအောင်မြင့်

Contributor

Similar Picks:

နိုင်ငံရေး, လူမှုရေး,

ဗိုလ်ချုပ်အောင်ဆန်း ပြခဲ့တဲ့ နိုင်ငံရေး

by မောင်ဆွေဝင်း (ပဲခူး)
28 September 2015
4.6k

န်ိုင်ငံရေးသည် ညစ်ပတ်တဲ့အလုပ်ဖြစ်သည်ဆိုသော စကားကိုလည်း ဗိုလ်ချုပ်က လက်မခံခဲ့ပါ။ နိုင်ငံရေးကို ညစ်ထေးအောင် တမင်ဖန်တီး လုပ်ဆောင်နေသူများကြောင့် နိုင်ငံရေး အဓိပ္ပါယ်ပျက်ရခြင်းဖြစ်သည်ဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

တလင်တမယား, ဥပဒေ, အိမ်ထောင်ရေး

တလင်တမယား ဥပဒေကြောင့် အိမ်ထောင်ရေး အဆင်ပြေသွားကြမလား

by ရဲမင်းဦး
4 September 2015
14.7k

အရေးယူခွင့်ရှိသူ (ဝါ) ဥပဒေဘက်တော်သားတွေကလည်း အဂတိလိုက်စားမှုများ၊ ခြိမ်းခြောက်ငွေတောင်းမှုများ ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ စိုးရိမ်စရာအကောင်းဆုံးကတော့ မိမိမှာ တာဝန်ရှိတယ်လို့ တစုံတဦး၊ တစုတဖွဲ့က ကိုယ့်ဖာသာခံယူပြီး ဥပဒေလွတ် လိုက်လံ ထိန်းကျောင်းမှုတွေ လုပ်လာမှာမျိုးဖြစ်ပါတယ်။

မင်းသိင်္ခ

မင်းသိင်္ခ မှားရင် လျှာဖြတ်၊ ဂိုဘီ သဲကန္တာရထဲ ပစ်

by ငြိမ်းချမ်းအေး
1 August 2014
24.2k

နည်းမျိုးစုံနဲ့ “ကလိမ်စေ့ ငြမ်းဆင် ငြိမ်ပိလမ်းစဉ်” အင်တိုက် အားတိုက် ဆောင်ရွက် နေကြတာ အားလုံး အသိ။ ကြောက်ပါတယ် ဆိုမှ မင်းသိင်္ခရဲ့ ဟောကိန်းနဲ့ လာခြောက် နေတယ်ဆိုပြီး ကြောက်ကန် ဆက်ကန်ဦးမှာ အသေအချာပါပဲ။

Technology, Opinion

စမတ်ဖုန်းကပေးတဲ့ လူမှုဒုက္ခများ

by သန်းနိုင်ဦး
19 October 2015
8.6k

ဘွဲ့ရလူငယ်တယောက်က အီးမေးလ်အသုံးပြုမှု တခါမှမရှိသလို ဘယ်ဝက်ဘ်ဆိုဒ်ကိုမှလည်း မဖွင့်ဖူးဘူး။ ဂူလ်ဂဲကနေ ဘာကိုမှ မရှာဖွေဖူးတဲ့သူတွေ ရှိတယ်။ ကုန်ကုန်ပြောရရင် ဖေ့စ်ဘုတ်ကိုပဲ အင်တာနက် ထင်နေတဲ့သူတွေ ကျနော်တို့ ဝန်းကျင်မှာ ရှိနေတယ်။

ဘာသာရေး, သာသနာ

သာသနာ ညှိုးနွမ်းစေသူများကို မည်သူ အရေးယူမည်နည်း

by မြတ်စုမွန်
23 January 2015
21k

သင်္ကန်းဝတ် တဦး၏ ဝိနည်း သိက္ခာပုဒ်တို့ကို မထောက်ထား မငဲ့ကွက်ပဲ သာမာန် လူတို့ထက်ပင် သိမ်ဖျင်းသည့် ဆဲရေးသမှု ပြုခြင်းကို အားကိုး အားထားရာ ထေရ်ကြီးဝါကြီး သံဃာတော်များက မသိကျိုးကျွံပြုနေလျှင် ကျမတို့ မည်သူ့ကို ဆက်၍ အားကိုး...

အာဇာနည်, ဘဂဝါဂီတ, သူရဲကောင်း, အာဇုန

မြန်မာပြည်သားတိုင်း အာဇာနည် ဖြစ်နိုင်သည်

by ဒေါက်တာညိုထွန်း
20 August 2015
10.6k

လူတော်တော်များများ မသိကြသည်မှာ ဗမာတို့သုံးစွဲသော “အာဇာနည်” ဆိုသည့်ဝေါဟာရသည် သက္ကတ ဘာသာစကား “အာဇုန” မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

Next Post
သနပ်ခါး, မြန်မာပြည်, ဂျပန်နိုင်ငံ, မူပိုင်ခွင့်

ဂျပန်နိုင်ငံ၊ မူပိုင်ခွင့် ဥပဒေနှင့် မြန်မာ့သနပ်ခါး

ကမ္ဘာ့ဘဏ်, ဆင်းရဲမှု လျှော့ချရေး, လူမှုဘ၀ ဖွံဖြိုးရေး, ပညာရေး, ကျန်းမာရေး

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ လူမှုဘ၀ ဖွံဖြိုးရေး ဆက်လက် ကူညီမည်

Please login to join discussion
No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate