• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

လိုအပ်လို့ ဖေ့ဘုတ်ကို ပိတ်တာ ဆိုတဲ့ ရဲမှူးချုပ် ဝင်းခေါင်

by ဧရာဝတီ
4 July 2014
in အင်တာဗျူး
A A
လိုအပ်လို့ ဖေ့ဘုတ်ကို ပိတ်တာ ဆိုတဲ့ ရဲမှူးချုပ် ဝင်းခေါင်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဝင်းခေါင် (ဓာတ်ပုံ - ရဲဇာနည်)

12.3k
VIEWS
Share on FacebookShare on Twitter

လတ်တလောဖြစ်ပွားနေသော မန္တလေး အဓိကရုဏ်းနှင့်ပတ်သက်ပြီး ပြည်သူလူထု၏ အသက် အိုးအိမ် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် လိုအပ်လျင် လိုအပ်သလို နည်းလမ်းပေါင်းစုံ သုံးမည်ဖြစ်ပြီး ဖေ့ဘုတ် အွန်လိုင်းလူမှုကွန်ယက်ကိုလည်း ခေတ္တရပ်ဆိုင်းခဲ့ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဝင်းခေါင်က ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်နှင့် တယ်လီဖုန်း ဆက်သွယ်မေးမြန်းမှုတွင် ပြောဆိုသွားခဲ့သည်။

မေး။    ။လက်ရှိမန္တလေးမြို့ရဲ့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီးပြောပြပေးပါ။ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် အင်အားဘယ်လောက်သုံးထားလဲ။

RelatedPosts

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
3.1k
သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

12 May 2025
87
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

10 May 2025
5.5k

ဖြေ။   ။ လုံခြုံရေးကို လိုအပ်တဲ့အခြေအနေထိ ထည့်ပေးထားတယ်လို့ပဲ ပြောလို့ရမယ်။ အင်အားအရေအတွက် အတိအကျတော့ ပြောနိုင်မှာမဟုတ်ဘူး။ အခုလက်ရှိက နယ်မြေရဲတပ်ဖွဲ့ဝင်တွေသာမက လိုအပ်တဲ့အခြားသော လုံခြုံရေးရဲတပ်ဖွဲ့ဝင်အားလုံးကို အဲဒီမှာပို့ထားတယ်။

မေး။  ။ အခု ဝေဖန်နေကြတာရှိပါတယ်၊ ရဲတွေက ထိထိရောက်ရောက် မလုပ်ဆောင်ဘဲနဲ့ အဓိကရုဏ်းတွေဖြစ်ရင် ရပ်ကြည့်နေတယ်၊ ဒီဘက်ကိုမလာနဲ့လို့ပြောပြီးတော့
ဟိုဘက်မှာကျတော့ လုပ်ချင်လုပ်လို့ ပြောတဲ့သဘောမျိုးဖြစ်နေတယ်။ လူတွေက အဲလိုသုံးသပ်တာပါ။ အဲဒါ ဘယ်လိုပြောချင်လဲ။

ဖြေ။   ။ မှန်တယ်။ လူတွေအကုန်လုံးရဲ့ သဘောကျပြီး နှစ်ခြိုက်မှုရအောင်ကတော့ ကျနော်တို့ရဲတွေ ဘယ်သောအခါမှ လုပ်လို့ရမှာမဟုတ်ဘူး။ ရဲဆိုတာကတော့ တရားလိုနဲ့ တရားခံကြားမှာ လှုပ်ရှားနေရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဥပမာအားဖြင့် ကျနော်တို့က လိုအပ်တဲ့အင်အားကို သုံးလိုက်ပြီးတော့ ဖြိုခွဲလုပ်တဲ့အခါကျရင် ဝေဖန်ချက်က မလွတ်ပါဘူး။ ရဲကို ပစ်ပြန်ပြီ ခတ်ပြန်ပြီပြောတယ်။ အခုလို ငြိမ်းငြိမ်းချမ်းချမ်းပြေလည်အောင် အတတ်နိုင်ဆုံး အင်အားမသုံးဘဲနေတော့လည်း ရဲတွေရဲ့ လုပ်ရပ်က အားမရဘူးလို့ အပြောခံရတယ်။ သူတို့ရဲ့ ဝေဖန်ချက်တွေကို လွတ်အောင် လုပ်နိုင်ဖို့ကတော့ ဘယ်သောအခါမှ လုပ်လို့ရမှာမဟုတ်ဘူး။ အခုရဲတွေရဲ့ အခြေအနေက မြင်းတကောင်နဲ့ သားအဖနှစ်ယောက်လို ဖြစ်နေတယ်။

ကျနော်တို့တာဝန်က ဖြစ်နေတဲ့ပြဿနာကို မဖြစ်အောင် ကာကွယ်ပေးဖို့ဘဲ။ ရဲရဲ့ လုပ်ငန်းတာဝန်က မှုခင်းတွေမဖြစ်ဖို့ အတွက်ကို ကြိုတင်ကာကွယ်တာဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ရဲလုပ်ငန်းအမြင်အရ ကျနော်တို့ရဲ့ လုပ်ငန်းတခုကို ပြဿနာတရပ် ရှေ့ဆက်ပြီး မကြီးထွားလာအောင် ဘယ်လိုအကောင်းဆုံးဖြေရှင်းရမလဲဆိုတဲ့ နည်းနဲ့ပဲဖြေရှင်းမယ်။
မွတ်စလင် တယောက်တွေ့တာနဲ့ ဖမ်းဆွဲလိုက် ဗမာတယောက်တွေ့တာနဲ့ ဖမ်းချုပ်လိုက် အကုန်လုံးဖမ်းချုပ်နေတဲ့အခါမျိုးကျတော့ ရဲတွေက တွေ့ကရာဖမ်းတယ်လို့ ဖြစ်နေတယ်။ အခုဖြစ်ပျက်နေတဲ့ ကိစ္စတွေမှာတော့ ကျနော်တို့က မှန်တယ်။ ဒီအခြေအနေမျိုးမှာတော့ အုပ်စု ၂ ခု ကြားမှာဖြစ်နေတာဖြစ်တဲ့အတွက် ဟိုဘက်ကလည်း ရဲကို မကျေနပ်လိုက် ဒီဘက်က အုပ်စုကလည်း ရဲလုပ်တာကို အားမလိုအားမရဖြစ်လိုက်နဲ့တော့ ဖြစ်နေကြမှာပဲ။

မေး။  ။ အခု လူတွေက ထိတ်လန့်နေကြတယ်၊ မလုံခြုံတော့ဘူးလို့ ခံစားနေကြရတယ်။ လူတွေကို လုံခြုံအောင် တရားဥပဒေစိုးမိုးမှုရှိလာအောင် ဘာတွေလုပ်ဆောင်နေလဲ။

ဖြေ။  ။ ကျနော်တို့လုပ်နေတာက ဖြစ်ပြီးတယ်ဆိုတာနဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေကို အဲဒီဘက်ကို အင်အား ချက်ချင်းလွှဲလိုက်တယ်။ အဲဒီဧရိယာမှာရှိနေတဲ့ နယ်မြေရဲတွေသာ မက တခြားနေရာက ရဲတွေပါ ကျနော်တို့ ဆွဲသွင်းပြီးတော့ လုံခြုံရေးကို အပြည့်အဝကို လုပ်ပေးထားပါတယ်။ လုပ်ပေးထားတယ်ဆိုတဲ့နေရာမှာ သတင်းထုတ်ပြန်တဲ့အထဲမှာပါသလိုဘဲ ဗလီကို လုံခြုံရေးပေးနေတာမဟုတ်ဘူး။ ဘုန်းကြီးကျောင်းကိုလည်း လုံခြုံရေးပေးနေတာမဟုတ်ဘူး။ အန္တရာယ်ဖြစ်စေနိုင်သော နေရာအားလုံးကို၊ လူအုပ်စုတွေနဲ့ ပြဿနာဖြစ်ပွားနိုင်တဲ့ နေရာအားလုံးမှာ ပြဿနာမဖြစ်အောင် လုံခြုံရေးပေးခြင်းသာလျှင်ဖြစ်တယ်။ နေရာတိုင်းနေရာတိုင်းကိုတော့ လုံခြုံရေးအပြည့်ပေးဖို့ဆိုတာက ရဲတပ်ဖွဲ့ကြီးတခုလုံးဝင်ရင်တောင်
ဖြစ်နိုင်မှာမဟုတ်ဘူး။ သူ့ဟာနဲ့သူ စုစည်းဖြစ်ပေါ်နိုင်တဲ့ အခြေအနေပေါ်မူတည်ပြီးတော့ လုံခြုံရေးလုပ်ဆောင်တာဖြစ်တယ်။

မေး။  ။ အခုလက်ရှိ အဖမ်းအဆီးအခြေအနေကရော ဘယ်လိုရှိလဲ။ ဘယ်နှယောက်ဖမ်းထားပြီးပြီလဲ။

ဖြေ။  ။ အရေအတွက် အတိအကျတော့ မပြောနိုင်သေးဘူး။ အမှုဖွင့်ထားတာတွေတော့ အကုန်လုံးလုပ်နေတယ်။ လူသတ်မှုဆိုလည်း လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်။ အပြင်းအထန် နာကျင်စေမှုတွေ၊ အကျိုးပျက်စီးမှုတွေ သူ့ရဲ့ ဆိုင်ရာဆိုင်ရာ အစိတ်အပိုင်းအလိုက် ကျနော်တို့က အမှုဖွင့်ထားတယ်။ အမှုဖွင့်ထားသလား မဖွင့်ထားသလားဆိုတာလျှင်ပင် ရဲအလုပ်ပဲ။
ဖွင့်ထားပြီးတယ်ဆိုတာနဲ့ တပြိုင်တည်း ကျနော်တို့က ဒီအမှုတွေကို လျစ်လျှူရှုလို့မရဘူး။ စုံစမ်းစစ်ဆေး ဖော်ထုတ်ရတယ်။ တရားစွဲတင်ရတယ်။ အဲဒါ ကျနော်တို့ရဲ့ ရဲလုပ်ငန်း။ အဲဒီလုပ်ငန်းစဉ်တွေအားလုံးကို ဆက်လုပ်သွားမှာဘဲ။ အိမ်တွေ ဆိုင်တွေ အဖျက်ဆီးခံရတာကိုလည်း အကျိုးပျက်စီးမှုနဲ့ အမှုဖွင့်ထားပေးပြီးသားး။ သက်ဆိုင်ရာပုဒ်ထီး ပုဒ်မတွေနဲ့ အမှုဖွင့်ထားပေးပြီးသား။ အမှုဖွင့်ပြီးတယ်ဆိုကတည်းက အမှုကို ကိုယ်ပိတ်ချင်တိုင်း ပိတ်လို့မရဘူး။ တရားရုံံးကို စွဲကိုစွဲတင်ရမယ်။

မေး။  ။ အခုကျနော်တို့ ကြားသိရတာက သတင်းစာရှင်းလင်းပွဲတခုမှာ ရဲအရာရှိတဦး ပြောတာက ဒီဖြစ်စဉ်မှာ နောက်ကွယ်မှာ ကြိုးကိုင်သူတွေရှိတယ်။ အဲလိုလည်း အစဉ်အလာ ပြောခဲ့ကြတယ်။ သမ္မတ ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင် ပဋိပက္ခတွေမှာ နောက်ကွယ်က ကြိုးကိုင်သူရှိတယ်လို့ပြောတယ်။ ဒါပေမယ့် တခါမှဖော်ထုတ်နိုင်ခဲ့တာ မရှိဘူး။

ဖြေ။  ။ မှန်ပါတယ်ခင်ဗျ။ ဒါကတော့ စုံစမ်းဖော်ထုတ်ရတာပဲလေ။ ဒီလို အကြောင်းအခြင်းအရာကို ပြောရတယ်ဆိုကတည်းက လက်ဆုပ်လက်ကိုင် မရှိသေးတဲ့ အကြောင်းအရာတခုကို ကြိုတင်ခန့်မှန်းပြီးတော့ ပြောနေရတာဆိုတော့ တော်တော်ခက်ခဲတယ်။ သို့သော်လည်း ကျနော်တို့ ဒီဥစ္စာကို ဆောင်ရွက်နေတယ်။ တခါတခါကျရင် အချို့သော သုံံးသပ်ချက်တွေက အထောက်အထားကို ရုတ်တရက် မပြနိုင်သော်ငြားလည်း အချို့သော အချက်အလက်တွေက အကွက်ချပြီး စီစဉ်တာလား။ ဘယ်လိုလုပ်ပြီး ဆောင်ရွက်နေတာလဲ။ သွေးထိုးမှုတွေ ရှိနေလား။ လှုံ့ဆော်မှုတွေ ရှိနေလားဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့လုပ်ရတာ။ အခုကိစ္စမှာလည်း ဖြစ်တာက နည်းနည်း ကောလဟလက များများဖြစ်နေတယ်။
ကောလဟလကြောင့် အုတ်အော်သောင်းနင်းတွေ ဖြစ်ကုန်တယ်။ ဒါကြောင့်မို့လို့ ကောလဟလတိုက်ဖျက်ရေးကို အဓိက ကြိုးစားနေရတယ်။

မေး။  ။ ကောလဟလ အဓိက တိုက်ဖျက်နေရတယ်ဆိုတာက ဖေ့စ်ဘုတ်ကို ပိတ်လိုက်တာလား။ အဲဒါ အစိုးရက လုပ်လိုက်တာလား။

ဖြေ။  ။ မှန်ပါတယ်။ ကျနော်တို့ လုပ်လိုက်တာပါ။ လှုံ့ဆော်မှုတွေကို ပိတ်ချင်တာပေါ့ဗျာ။ လှုံ့ဆော်မှုတွေ သွေးထိုးမှုတွေ နားစွန်နားဖျားကြားမှုတွေ အကုန်လုံးကို လုပ်နေတဲ့အခါကျတော့ လူအုပ်စုအချင်းချင်းကြားထဲမှာ မိမိတို့ရဲ့ အဖွဲ့အစည်းကြားထဲမှာ အမုန်းဓာတ်ခံတွေကို လှုံ့ဆော်ပေးနေသလိုမျိုးဖြစ်နေတဲ့အတွက် မိမိရဲ့ စာတကြောင်း ပေတကြောင်းသည် ဒါဟာ ကြီးမားတဲ့ ပဋိပက္ခကြီးတခုကို ဦးတည်စေတယ်။ အဲဒါကြောင့် ကျနော်တို့က ထိန်းကြရမှာဖြစ်တယ်။ ထိန်းမနိုင်သိမ်းမရ အခြေအနေကို မရောက်အောင်ကို ကျနော်တို့ လုပ်ရတယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ မနိုင်နိုင်တဲ့နည်းနဲ့ ရအောင် ထိန်းသိမ်းရမှာပဲ။ အဲဒီလို ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့ရင်လည်း အဲဒီအခြေအနေနဲ့ လိုက်လျောညီထွေသော နည်းလမ်းကို ကျင့်သုံးရမှာဘဲ။ ရဲစကားပြောရမယ်ဆိုရင် လိုအပ်ရင် လိုအပ်တဲ့ပမာဏအထိ နည်းလမ်းစုံကို အသုံးပြုပြီးတော့ ဖြေရှင်းရမှာပဲ။

မေး။  ။ ဆိုလိုတာက အင်အားသုံးဖြေရှင်းမှာကိုပြောတာလား။

ဖြေ။  ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပေါ့ဗျာ။ အရေးကြီးတာကတော့ ဒီလိုပြဿနာတွေ ပိုပြီးမကြီးထွားလာဖို့ဘဲ။ ကျနော်တို့ က တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်လာရင် ထိန်းသိမ်းကာကွယ် ဖို့က ကျနော်တို့အလုပ်ဘဲ။ ကျနော်တို့ရအောင်ဖြေရှင်းမှာပါ။

Your Thoughts …
Tags: FacebookInterviews
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

by Joaquin Camarena
7 June 2024
3.3k

MySpace.mm ကို ဖန်တီးခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်နှင့် နိုင်ငံသားများအကြား သတင်းမျှဝေခြင်းကို ရပ်တန့်စေရန် စစ်ကောင်စီ၏ လှုပ်ရှားမှု တစိတ်တပိုင်းဖြစ်သည်။

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

by ဧရာဝတီ
4 May 2025
2.8k

ထရမ့် အစိုးရအဖွဲ့ရဲ့ ကုန်သွယ်စစ်ပွဲ စတင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြဿနာနဲ့ တိုက်ဆိုင် နေတာကြောင့် ထရမ့်ကို ထောက်ခံတဲ့ နည်းပညာ သူဌေးကြီးတွေရဲ့ ကုမ္ပဏီ တန်ဖိုးတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ ကျဆင်းလာခဲ့တယ်…

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

by Surachanee Sriyai
10 August 2024
1.8k

၂၀၂၃ ခုနှစ်က မြန်မာတွင် အင်တာနက်ပေါ်ရောက်ရှိမှု ၄၄ ရာခိုင်နှုန်းရှိပြီး လူမှုကွန်ရက်အသုံးပြုသူ ၁၅ သန်းရှိသည်။

အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

by ဧရာဝတီ
23 February 2025
1.5k

Meta ကတော့ သူတို့ရဲ့ ကေဘယ်ကြိုးတွေကို ရေအောက် အနက် မီတာ ၇,၀၀၀ မှာ ထားမယ်လို့ ဆိုထားပြီး ကမ်းရိုးတန်း နားက ရေတိမ်ပိုင်းလို ထိခိုက်နိုင်ခြေ များတဲ့နေရာတွေမှာ…

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

by ဧရာဝတီ
11 January 2025
1.4k

လူဝင်မှု ကြီးကြပ်ရေး၊ ကျားမ ခွဲခြားမှု ကဲ့သို့သော အငြင်းပွားဖွယ် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကန့်သတ်မှု တွေကိုလည်း လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

Facebook ကုမ္ပဏီ Meta မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခံရ

Facebook ကုမ္ပဏီ Meta မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခံရ

by ဧရာဝတီ
5 October 2024
1.3k

စာရေးဆရာ ခရစ္စတိုဖာ ဖန်စ်ဝါ့သ်ကတော့ သူ့အနေနဲ့ နစ်နာခဲ့ရတဲ့ ငွေကြေးတွေ ရလိုမှုအပြင် Meta ရဲ့ မူပိုင်ခွင့် ချိုးဖောက် နေမှုများကိုပါ ရပ်တန့်ပေးဖို့ တရားရုံးကို တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။

Next Post

မန္တလေးတွင် ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင် ထပ်တိုး

ဒါရိုက်တာ ဝင်းထွန်းထွန်း “မှော်ကျောက်စာ” ဇာတ်ကား စရိုက်ပြီ

ဒါရိုက်တာ ဝင်းထွန်းထွန်း “မှော်ကျောက်စာ” ဇာတ်ကား စရိုက်ပြီ

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate