အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မြန်မာ့စီးပွားရေး အရှိန်အဟုန်ဖြင့် ပြောင်းလဲနေမှု နှင့်ပတ်သက်၍ စာမျက်နှာ ၂၁၇ မျက်နှာပါရှိသော “Myanmar: Unlocking the Potential” အမည်ရှိသည့် အစီရင်ခံစာ တရပ်ကို စက်တင်ဘာလ အတွင်းက ထုတ်ပြန်ခဲ့သည်။
ထိုအစီရင်ခံစာတွင် နှစ်စဉ် GDP တိုးတက်မှု ၉ ဒသမ ၅ ရာခိုင်နှုန်းမှာ ဖြစ်လာနိုင်ဖွယ်ရာ ရှိသည်ဟု ခန့်မှန်းခဲ့ပြီး ထိုသို့ ရရှိရန်အတွက် ရင်းနှီးမြှုပ်နှံမှု ကြီးမားစွာ လိုအပ်ကြောင်း ဖော်ပြထားသည်။ အခြေခံ အဆောက်အဦ လိုအပ်ချက်များ၊ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ခေတ်သစ် စီးပွားရေးကဏ္ဍ အတွက် အကျိုးဖြစ်ထွန်း စေမည့် အရည်အချင်း ပြည့်စုံသော လူ့စွမ်းအား အရင်းအမြစ် ဖန်တီးမှုများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် သွားရန် အတွက် ၂၀၃၀ ခုနှစ်အထိ အမေရိကန် ဒေါ်လာ ၈၀ ဘီလီယံအထိ လိုအပ်မည်ဖြစ်သည်ဟု အစီရင်ခံစာက သုံးသပ်ထားသည်။
အစီရင်ခံစာ ထုတ်ပြန်ပြီးသည့် အချိန်တွင် ဧရာဝတီသတင်းဌာနမှ Simon Lewis က ADB မှ Assistant Chief Economist ဖြစ်သူ Cyn Young Park နှင့် ADB မှ မြန်မာနိုင်ငံဆိုင်ရာ Director ဖြစ်သူ Winfried Wicklein တို့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ အစိုးရက စီးပွားရေးနှင့် ပတ်သက်၍ ဦးစားပေးလုပ် ဆောင်သင့်သည် များကို ဆွေးနွေး မေးမြန်းခဲ့ ပါသည်။
မေး။ ။ ခန့်မှန့်ထားတဲ့ မြင့်မားတဲ့ GDP ပမာဏကို ရရှိနိုင်ဖို့အတွက် အစိုးရဘက်က ဘာတွေလုပ်ပေးဖို့ လိုအပ်တယ် လို့ ယေဘုယျအားဖြင့် ထင်ပါသလဲ။
Cyn Young Park ။ ။ ကျမတို့ ဒီအတွက်ကို လေ့လာခဲ့တဲ့ တလျှောက်မှာ အချက် ၃ ချက်ကို ထင် ထင် ရှားရှား တွေ့ရှိခဲ့ရ ပါတယ်။ အဓိက ကတော့ တည်ငြိမ်အေးချမ်းမှုပါ။ နောက်ထပ် စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးစတဲ့ အချက်တွေက တကယ်ကို အခြေခံကျတဲ့အချက်တွေ ဖြစ်တယ်လို့ ကျမတို့က ယူဆပါတယ်။
ဦးစားပေး မူဝါဒအနေနဲ့ ပြောရမယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ အနာဂတ် ရှေ့ရေးအတွက် အခုကတည်းက ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ထားဖို့ လိုအပ်တယ်လို့ တွေ့ရှိရပါတယ်။ ဒီလို ပြောတဲ့ နေရာမှာ လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရ အဆင်ပြေ လွယ်ကူတဲ့ နေရာတွေမှာ လုပ်ကိုင်စေတာ စတဲ့ အခြေခံ အဆောက်အဦနဲ့ ပတ်သက်တဲ့ အချက်တွေ ပါဝင်ပါတယ်။
အဲဒါတွေက ဒုတိယအဆင့် အနေနဲ့ လိုအပ်တာတွေ ပေါ့နော်။ တည်ငြိမ်မှု အတွက် လိုအပ်တဲ့ အခြေခံကျတဲ့ အကြောင်းတွေ ကတော့ တကယ့်ကို လိုအပ်ပါတယ်။ ပြီးတော့ ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့လည်း အမှန်တကယ် လိုအပ်ပါတယ်။
အဲဒီကနေတဆင့် နိုင်ငံရဲ့ ဒေသအလိုက် အားသာချက်တွေကို ရွေးချယ်တဲ့နေရာမှာ နည်းဗျူဟာ ကျကျ ရွေးချယ်တတ်ဖို့ လိုပါတယ်။ ရွေးချယ်ပြီးတဲ့နောက်မှာ ရွေးချယ်ထားတဲ့ အချက်တွေကို သေသေချာချာ ချမှတ်ထားတဲ့ ဒေသဆိုင်ရာ မူဝါဒတွေ၊ စက်မှုကုန်ထုတ်မှုဆိုင်ရာ မူဝါဒတွေနဲ့ ချိန်ထိုးပြီး ပစ်မှတ်ထား လုပ်ဆောင်သွားရမှာပါ။ ပြောရမယ် ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုက အဓိကသော့ချက်ပါပဲ။
မေး။ ။ အခုပြောတဲ့ အတိုင်းဆိုရင် စီမံကိန်း အတွက် ထောက်ပံ့ကူညီတဲ့ သူတွေရဲ့ အကြံပြုချက်တွေနဲ့ အညီ လုပ်ဆောင်ဖို့ထက် ဗျူဟာနည်းတွေ အတိုင်း လုပ်ဆောင်သွားဖို့ ပိုလိုအပ်တယ်လို့ ဆိုလိုတာလား။
Cyn Young Park ။ ။ ဟိုက ပူးပေါင်းပါဝင်မှု ကတော့ အတိုင်းအတာ တခုအထိ ဆိုသလို လိုအပ်ပါတယ်။ ကျမတို့ အနေနဲ့ အစိုးရကို ကူညီဖို့ ကြိုးစားနေတဲ့ နည်းလမ်းတခု ကတော့ စီးပွားရေး ကဏ္ဍရဲ့ နေရာတိုင်းနဲ့ နိုင်ငံရဲ့ နေရာတိုင်းမှာ အခု ဖြစ်ပေါ်နေတဲ့ မတူညီတဲ့ ကိစ္စတွေ၊ အကြောင်း အရာတွေ ကြားမှာ ထိန်းညှိပေးသွားဖို့ ပါပဲ။
နောက်ဆုံးအနေနဲ့ အရေးကြီးတဲ့ အချက်ကတော့ ပွင့်လင်းမှု ရှိပြီး အားလုံးနဲ့ အဆက်အသွယ် ပြတ်မနေစေဖို့ ပါပဲ။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု တွေနဲ့ ပွင့်လင်းမှုတွေ ရှိလာတာ မကြာသေးတဲ့ အတွက် ထုံးစံအတိုင်းပဲ အခက်အခဲ တွေနဲ့ ကြုံရမှာပါ။ တကယ်လို့ အကျပ်အတည်း အချိန်မှာ ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေ အခက်အခဲတွေ ရှိခဲ့မယ် ဆိုရင် ဒေသတွင်းက နိုင်ငံ အများအပြားမှာလည်း ပွင့်လင်းမှုတွေ တခြားနိုင်ငံတွေနဲ့ ဆက်သွယ်ထားမှုတွေ ဆီကနေ နောက်ကြောင်းပြန် လှည့်တာ၊ လက်လျှော့လိုက်တာ စတဲ့ အတွေ့အကြုံ ဥပမာတွေလည်း ရှိပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံလို အရှေ့တောင် အာရှမှာ ဗျူဟာမြောက်စွာ တည်ရှိပြီး တရုတ်နဲ့ အိန္ဒိယလို နိုင်ငံတွေနဲ့ ဆက်စပ် နေတဲ့ နိုင်ငံအဖို့ ပိုပြီး အရေးကြီး ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ စောစောစီးစီး ပြုလုပ်ရမယ်လို့ ရည်ညွှန်းသွားခဲ့တယ်။ အစီရင်ခံစာအရ ဆိုရင် မြန်မာအစိုးရက ဒေသတွင်း အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ငွေကြေးသုံးစွဲတဲ့ ပမာဏက အရမ်းကို နည်းနေသေး တာ တွေ့ရပါတယ်။ အဲဒီအတွက် အစိုးရရဲ့ ငွေကြေးသုံးစွဲတဲ့ ပမာဏကို တိုးမြင့်ဖို့ လိုအပ်တယ်လို့ ဆိုလိုချင်တာ ပါလား။
Cyn Young Park ။ ။ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ အတွက် အစိုးရ ဘက်က ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန် တိုးမြှင့်ဖို့ လိုပါတယ်။ ပြည်တွင်းက အရင်းအမြစ်တွေကို ပိုမိုပြီးတက်ကြွစွာနဲ့ စတင်စုစည်းနိုင်ဖို့လည်းလို ပါတယ်။ အစိုးရဘက်က ထိထိရောက်ရောက် ဖိဖိစီးစီး လုပ်ကိုင်နိုင်တဲ့ အပိုင်းတွေ ရှိပါတယ်။
အခွန် ကောက်ခံတာတို့၊ အခွန် စီမံခန့်ခွဲတာတို့ လိုမျိုး အားစိုက် ခွန်စိုက်လုပ်နိုင်တဲ့ နေရာတွေ ရှိပါတယ်။ အကောက်ခွန် အသစ်တွေကိုလည်း စတင်ကောက်ခံနိုင် ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အတွက် အလွန်တည် ငြိမ်ပြီး ပြည့်စုံလုံလောက်တဲ့ ပြည်တွင်း ဘဏ္ဍာငွေ ရရှိဖို့ လိုပါတယ်။ တည်ငြိမ်တဲ့ ဝင်ငွေအရင်းအမြစ် မရှိရင် ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ငွေကို သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အစိုးရက ဒါကို လုပ်ဖို့ လိုအပ်ပါတယ်။
မေး။ ။ ဆင်းရဲမွဲတေမှု လျှော့ချဖို့ အတွက် အစိုးရ ဘက်က ဘာတွေ လုပ်ဖို့ လိုအပ်တယ် လို့ ယူဆပါသလဲ။
Cyn Young Park ။ ။ ဆင်းရဲမွဲတေမှု အပိုင်းကို ပြောရမယ် ဆိုရင် ကျမတို့ကို တိုက်ခိုက်နေတဲ့ ဆင်းရဲမွဲတေမှုတွေက တိုင်းရင်းသား လူမျိုးစုတွေနဲ့ နေရာဒေသ အပေါ်မူတည်ပြီး ကွဲပြား ဖြစ်ပေါ်နေတာကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ တကယ်လို့ သင်က မြို့ပြမှာ နေထိုင်တဲ့အပြင် ဗမာလူမျိုး ဖြစ်မယ် ဆိုရင် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နိုင်ရဖွယ် အခြေ အနေ နည်းပါးပြီး တကယ်လို့ ကျေးလက်ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုး ဖြစ်မယ် ဆိုရင်တော့ ဆင်းရဲမွဲ တေမှုကို ရင်ဆိုင်နိုင်ရဖွယ် အခြေအနေက ပိုများပါတယ်။ ဆင်းရဲမွဲတေမှုနှုန်း ကလည်း ပိုပြီး မြင့်မားပါတယ်။
တိုးတက်မှု အတွက် ကျယ်ပြန့်တဲ့ အခြေခံရှိဖို့ ဦးတည်ချက်ထားရမှာ ဖြစ်သလို ကွဲပြားတဲ့ ဒေသတွေ ကြားမှာလည်း ဟန်ချက် ညီမျှမှု ရှိရပါမယ်။ ဒီနေရာမှာ အစိုးရဘက်က အမှန်တကယ် စဉ်းစားရမယ့် နည်းလမ်းတွေထဲက တခုက အချို့သော လုပ်ငန်းစဉ်တွေမှာ ဗဟိုချုပ်ကိုင်မှုကနေ ဘယ်လို ထိရောက်စွာ ခွဲထုတ်ပေးရမလဲ ဆိုတာပါပဲ။ ဗဟို ချုပ်ကိုင်မှုကို လျှော့ချ ပေးနေတာတွေ အများကြီး တွေ့ရပေမယ့် ဒေသဆိုင်ရာ စွမ်းဆောင်ရည်တွေ ကတော့ အလွန် အားနည်း နေပါတယ်။ ဘဏ္ဍာငွေ လိုပါတယ်။
ဒေသဖွံ့ဖြိုးရေး အတွက် ဒေသအခြေပြုတဲ့ ဘဏ္ဍာငွေ ထောက်ပံ့မှု ရှိရပါမယ်။ ဒါဟာ အစိုးရ အတွက်တော့ ခက်ခဲတဲ့ အလုပ်တခု ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေသအလိုက် ဟန်ချက်ညီစွာ ဖွံ့ဖြိုးရေး အတွက် သော့ချက်ဖြစ်တဲ့ တိုင်းပြည် အတွင်းက အဖွဲ့အစည်းတွေ အတွက် စစ်မှန်တဲ့ လုပ်ပိုင်ခွင့်နဲ့ နောက်ခံပြုထားတဲ့ ဗဟိုချုပ်ကိုင်မှုကို ခွဲဝေ ပေးတဲ့ အပြုသဘော ဆောင်မယ့် ဆောင်ရွက်ချက်မျိုး ဖြစ်ရပါ လိမ့်မယ်။
မေး။ ။ တိုင်းရင်းသား လူမျိုးတွေ နေထိုင်တဲ့ ဒေသတွေမှာ ဆိုရင် ထောက်ပံ့ကူညီတဲ့ အဖွဲ့အစည်းတွေ အပေါ် သံသယစိတ် ဝင်ကြတာမျိုးတွေ တွေ့နေရပါတယ်။ ကရင်ပြည်နယ်မှာ ဂျပန်အဖွဲ့အစည်း တခုဖြစ်တဲ့ JICA ကြုံတွေ့ခဲ့ရ တာတွေက ADB အတွက်ရော စိုးရိမ်ပူပန်မှုတွေ ဖြစ်စေ ပါသလား။
Winfried Wicklein။ ။ မြန်မာနိုင်ငံက နိုင်ငံတကာနဲ့ တံခါးပိတ်ဝါဒကို ကျင့်သုံးပြီး နေလာတာ နှစ်ပေါင်း ၅၀ ကျော် ၆၀ နီးပါး ကြာပါတယ်။ နှစ်ဖက်စလုံးမှာ အတွေ့အကြုံတွေ၊ အသိပညာတွေ၊ မိမိကိုယ်မိမိ ယုံကြည် မှုတွေ၊ တပါးသူ အပေါ် ယုံကြည်မှုတွေ လျော့နည်းနေ ပါတယ်။ ဒါတွေကို ပြန်လည် တည်ဆောက်ဖို့ လိုပါတယ်။ အခုမှ စတင်တယ် ဆိုရင် လိုက်မှီအောင် ကြိုးစားရ ပါမယ်။ အဲဒီ အတွက်လည်း အချိန်တွေ အများကြီးလိုအပ်ပါတယ်။
ကျနော်တို့က ဒေသတခုချင်း၊ ပြည်နယ်တခုချင်း၊ ကျေးရွာတခုချင်းတိုင်းရဲ့ မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့စရိုက် ပေါင်းစုံကို အလေးထားဖို့ လိုအပ်ပါတယ်။ ပြင်ဆင်မှုတွေ၊ တွေ့ဆုံ ပြောဆိုမှုတွေ၊ ညှိနှိုင်း တိုင်ပင်မှုတွေ အများကြီး လိုအပ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ မသိတဲ့ ဒေသထဲကို လျင်လျင်မြန်မြန် ဝင်မသွားမဖို့ ဂရုစိုက် ပါတယ်။
အခုအချိန်မှာ ကျနော်တို့က စီမံကိန်းတွေကို ပဋိပက္ခ ရှောင်ကြဉ်တဲ့ နည်းလမ်းတွေက တဆင့် ချဉ်းကပ် လုပ်ဆောင် သွားနိုင်ဖို့ လေ့လာနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံ အတွင်း ပြုလုပ်တဲ့ စီမံကိန်းတိုင်းကို ကျနော်တို့ ဒီလိုနည်းနဲ့ပဲ လုပ်သွားဖို့ ရှိပါတယ်။
ကျနော်တို့ ဒေသဆိုင်ရာ ဗျူဟာတခုကို ကရင် ပြည်နယ်မှာ စတင်သွားဖို့ရှိ ပါတယ်။ ကျနော်တို့ အခု အရှေ့-အနောက် စင်္ကြံနဲ့ ပတ်သက်လို့ လုပ်နေ ပါတယ်။ ဗီယက်နမ်နိုင်ငံ Da Nang ကနေ လာအိုနဲ့ ထိုင်းနိုင်ငံ တွေကို ဖြတ်ကျော်ပြီး အခုဆိုရင် မြဝတီကနေ ရန်ကုန်အထိ တိုးချဲ့နေပါတယ်။ နောက်နှစ်ထဲမှာ လမ်းမကြီးရဲ့ ကီလိုမီတာ ၈၀ ကျော်လောက် အတွက်ကို ထောက်ပံ့ပေးသွားမှာ ပါ။
အဲဒီ လမ်းပတ်လည်က ကရင်ပြည်နယ် တလျှောက်မှာ အခွင့်အလမ်းတွေ အများကြီးကိုလည်း ကျနော်တို့ တက်တက် ကြွကြွ ဖန်တီးပေးနေ ပါတယ်။ စီးပွားရေး၊ ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ တည်ရှိနေတဲ့ မြို့တွေကိုလည်း ထောက်ပံ့ ပေးသွားမှာ ပါ။ နောက်ပြီးတော့ ဒေသတွင်း ခရီးသွားလုပ်ငန်း အတွက် အပါအဝင် ကျေးလက်ဒေသ အထိရောက်တဲ့ လမ်းမကြီးတွေလို အခြေခံ အဆောက်အဦတွေကိုလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
အခုအချိန်မှာ ကျနော်တို့ ကရင်ပြည်နယ်အစိုးရ အပါအဝင် အစိုးရ မဟုတ်တဲ့ ဒေသခံအသိုင်းအဝိုင်း အဖွဲ့အစည်း တွေနဲ့အတူ ဒေသခံတွေနဲ့ ဆက်သွယ်ပြီး လူတိုင်းအတွက် အဆင်ပြေတယ် ဆိုယုံမက ကျနော်တို့က အမှန်တကယ် လိုအပ်တဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် လုပ်ဆောင်မှာ ဖြစ်တဲ့အကြောင်း ပျော်ပျော်ရွှင်ရွှင်လက်ခံ နိုင်ကြဖို့ ဆောင်ရွက်နေ ပါတယ်။ ။
Categories – Business
Key Words – ADB, အာရှဖွံ့ဖြိုးရေးဘဏ်, GDP , Cyn Young Park , Winfried Wicklein
ကောက်စာ – မြို့ပြမှာ နေထိုင်တဲ့အပြင် ဗမာလူမျိုး ဖြစ်မယ် ဆိုရင် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နိုင်ရဖွယ် အခြေအနေ နည်းပါးပြီး တကယ်လို့ ကျေးလက်ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုး ဖြစ်မယ် ဆိုရင်တော့ ဆင်းရဲမွဲ တေမှုကို ရင်ဆိုင်နိုင်ရဖွယ် အခြေအနေက ပိုများပါတယ်။
ပုံစာ – (၁) ADB မှ Assistant Chief Economist ဖြစ်သူ Cyn Young Park
(၂) ADB မှ မြန်မာနိုင်ငံဆိုင်ရာ Director ဖြစ်သူ Winfried Wicklein
အင်တာဗျူး
အဓိကက တည်ငြိမ် အေးချမ်းမှုပါ
ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၁၄
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မြန်မာ့စီးပွားရေး အရှိန်အဟုန်ဖြင့် ပြောင်းလဲနေမှု နှင့်ပတ်သက်၍ စာမျက်နှာ ၂၁၇ မျက်နှာပါရှိသော “Myanmar: Unlocking the Potential” အမည်ရှိသည့် အစီရင်ခံစာ တရပ်ကို စက်တင်ဘာလ အတွင်းက ထုတ်ပြန်ခဲ့သည်။
ထိုအစီရင်ခံစာတွင် နှစ်စဉ် GDP တိုးတက်မှု ၉ ဒသမ ၅ ရာခိုင်နှုန်းမှာ ဖြစ်လာနိုင်ဖွယ်ရာ ရှိသည်ဟု ခန့်မှန်းခဲ့ပြီး ထိုသို့ ရရှိရန်အတွက် ရင်းနှီးမြှုပ်နှံမှု ကြီးမားစွာ လိုအပ်ကြောင်း ဖော်ပြထားသည်။ အခြေခံ အဆောက်အဦ လိုအပ်ချက်များ၊ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ခေတ်သစ် စီးပွားရေးကဏ္ဍ အတွက် အကျိုးဖြစ်ထွန်း စေမည့် အရည်အချင်း ပြည့်စုံသော လူ့စွမ်းအား အရင်းအမြစ် ဖန်တီးမှုများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် သွားရန် အတွက် ၂၀၃၀ ခုနှစ်အထိ အမေရိကန် ဒေါ်လာ ၈၀ ဘီလီယံအထိ လိုအပ်မည်ဖြစ်သည်ဟု အစီရင်ခံစာက သုံးသပ်ထားသည်။
အစီရင်ခံစာ ထုတ်ပြန်ပြီးသည့် အချိန်တွင် ဧရာဝတီသတင်းဌာနမှ Simon Lewis က ADB မှ Assistant Chief Economist ဖြစ်သူ Cyn Young Park နှင့် ADB မှ မြန်မာနိုင်ငံဆိုင်ရာ Director ဖြစ်သူ Winfried Wicklein တို့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ အစိုးရက စီးပွားရေးနှင့် ပတ်သက်၍ ဦးစားပေးလုပ် ဆောင်သင့်သည် များကို ဆွေးနွေး မေးမြန်းခဲ့ ပါသည်။
မေး။ ။ ခန့်မှန့်ထားတဲ့ မြင့်မားတဲ့ GDP ပမာဏကို ရရှိနိုင်ဖို့အတွက် အစိုးရဘက်က ဘာတွေလုပ်ပေးဖို့ လိုအပ်တယ် လို့ ယေဘုယျအားဖြင့် ထင်ပါသလဲ။
Cyn Young Park ။ ။ ကျမတို့ ဒီအတွက်ကို လေ့လာခဲ့တဲ့ တလျှောက်မှာ အချက် ၃ ချက်ကို ထင် ထင် ရှားရှား တွေ့ရှိခဲ့ရ ပါတယ်။ အဓိက ကတော့ တည်ငြိမ်အေးချမ်းမှုပါ။ နောက်ထပ် စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးစတဲ့ အချက်တွေက တကယ်ကို အခြေခံကျတဲ့အချက်တွေ ဖြစ်တယ်လို့ ကျမတို့က ယူဆပါတယ်။
ဦးစားပေး မူဝါဒအနေနဲ့ ပြောရမယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ အနာဂတ် ရှေ့ရေးအတွက် အခုကတည်းက ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ထားဖို့ လိုအပ်တယ်လို့ တွေ့ရှိရပါတယ်။ ဒီလို ပြောတဲ့ နေရာမှာ လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရ အဆင်ပြေ လွယ်ကူတဲ့ နေရာတွေမှာ လုပ်ကိုင်စေတာ စတဲ့ အခြေခံ အဆောက်အဦနဲ့ ပတ်သက်တဲ့ အချက်တွေ ပါဝင်ပါတယ်။
အဲဒါတွေက ဒုတိယအဆင့် အနေနဲ့ လိုအပ်တာတွေ ပေါ့နော်။ တည်ငြိမ်မှု အတွက် လိုအပ်တဲ့ အခြေခံကျတဲ့ အကြောင်းတွေ ကတော့ တကယ့်ကို လိုအပ်ပါတယ်။ ပြီးတော့ ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့လည်း အမှန်တကယ် လိုအပ်ပါတယ်။
အဲဒီကနေတဆင့် နိုင်ငံရဲ့ ဒေသအလိုက် အားသာချက်တွေကို ရွေးချယ်တဲ့နေရာမှာ နည်းဗျူဟာ ကျကျ ရွေးချယ်တတ်ဖို့ လိုပါတယ်။ ရွေးချယ်ပြီးတဲ့နောက်မှာ ရွေးချယ်ထားတဲ့ အချက်တွေကို သေသေချာချာ ချမှတ်ထားတဲ့ ဒေသဆိုင်ရာ မူဝါဒတွေ၊ စက်မှုကုန်ထုတ်မှုဆိုင်ရာ မူဝါဒတွေနဲ့ ချိန်ထိုးပြီး ပစ်မှတ်ထား လုပ်ဆောင်သွားရမှာပါ။ ပြောရမယ် ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုက အဓိကသော့ချက်ပါပဲ။
မေး။ ။ အခုပြောတဲ့ အတိုင်းဆိုရင် စီမံကိန်း အတွက် ထောက်ပံ့ကူညီတဲ့ သူတွေရဲ့ အကြံပြုချက်တွေနဲ့ အညီ လုပ်ဆောင်ဖို့ထက် ဗျူဟာနည်းတွေ အတိုင်း လုပ်ဆောင်သွားဖို့ ပိုလိုအပ်တယ်လို့ ဆိုလိုတာလား။
Cyn Young Park ။ ။ ဟိုက ပူးပေါင်းပါဝင်မှု ကတော့ အတိုင်းအတာ တခုအထိ ဆိုသလို လိုအပ်ပါတယ်။ ကျမတို့ အနေနဲ့ အစိုးရကို ကူညီဖို့ ကြိုးစားနေတဲ့ နည်းလမ်းတခု ကတော့ စီးပွားရေး ကဏ္ဍရဲ့ နေရာတိုင်းနဲ့ နိုင်ငံရဲ့ နေရာတိုင်းမှာ အခု ဖြစ်ပေါ်နေတဲ့ မတူညီတဲ့ ကိစ္စတွေ၊ အကြောင်း အရာတွေ ကြားမှာ ထိန်းညှိပေးသွားဖို့ ပါပဲ။
နောက်ဆုံးအနေနဲ့ အရေးကြီးတဲ့ အချက်ကတော့ ပွင့်လင်းမှု ရှိပြီး အားလုံးနဲ့ အဆက်အသွယ် ပြတ်မနေစေဖို့ ပါပဲ။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု တွေနဲ့ ပွင့်လင်းမှုတွေ ရှိလာတာ မကြာသေးတဲ့ အတွက် ထုံးစံအတိုင်းပဲ အခက်အခဲ တွေနဲ့ ကြုံရမှာပါ။ တကယ်လို့ အကျပ်အတည်း အချိန်မှာ ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေ အခက်အခဲတွေ ရှိခဲ့မယ် ဆိုရင် ဒေသတွင်းက နိုင်ငံ အများအပြားမှာလည်း ပွင့်လင်းမှုတွေ တခြားနိုင်ငံတွေနဲ့ ဆက်သွယ်ထားမှုတွေ ဆီကနေ နောက်ကြောင်းပြန် လှည့်တာ၊ လက်လျှော့လိုက်တာ စတဲ့ အတွေ့အကြုံ ဥပမာတွေလည်း ရှိပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံလို အရှေ့တောင် အာရှမှာ ဗျူဟာမြောက်စွာ တည်ရှိပြီး တရုတ်နဲ့ အိန္ဒိယလို နိုင်ငံတွေနဲ့ ဆက်စပ် နေတဲ့ နိုင်ငံအဖို့ ပိုပြီး အရေးကြီး ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ စောစောစီးစီး ပြုလုပ်ရမယ်လို့ ရည်ညွှန်းသွားခဲ့တယ်။ အစီရင်ခံစာအရ ဆိုရင် မြန်မာအစိုးရက ဒေသတွင်း အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ငွေကြေးသုံးစွဲတဲ့ ပမာဏက အရမ်းကို နည်းနေသေး တာ တွေ့ရပါတယ်။ အဲဒီအတွက် အစိုးရရဲ့ ငွေကြေးသုံးစွဲတဲ့ ပမာဏကို တိုးမြင့်ဖို့ လိုအပ်တယ်လို့ ဆိုလိုချင်တာ ပါလား။
Cyn Young Park ။ ။ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ အတွက် အစိုးရ ဘက်က ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန် တိုးမြှင့်ဖို့ လိုပါတယ်။ ပြည်တွင်းက အရင်းအမြစ်တွေကို ပိုမိုပြီးတက်ကြွစွာနဲ့ စတင်စုစည်းနိုင်ဖို့လည်းလို ပါတယ်။ အစိုးရဘက်က ထိထိရောက်ရောက် ဖိဖိစီးစီး လုပ်ကိုင်နိုင်တဲ့ အပိုင်းတွေ ရှိပါတယ်။
အခွန် ကောက်ခံတာတို့၊ အခွန် စီမံခန့်ခွဲတာတို့ လိုမျိုး အားစိုက် ခွန်စိုက်လုပ်နိုင်တဲ့ နေရာတွေ ရှိပါတယ်။ အကောက်ခွန် အသစ်တွေကိုလည်း စတင်ကောက်ခံနိုင် ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အတွက် အလွန်တည် ငြိမ်ပြီး ပြည့်စုံလုံလောက်တဲ့ ပြည်တွင်း ဘဏ္ဍာငွေ ရရှိဖို့ လိုပါတယ်။ တည်ငြိမ်တဲ့ ဝင်ငွေအရင်းအမြစ် မရှိရင် ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ငွေကို သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အစိုးရက ဒါကို လုပ်ဖို့ လိုအပ်ပါတယ်။
မေး။ ။ ဆင်းရဲမွဲတေမှု လျှော့ချဖို့ အတွက် အစိုးရ ဘက်က ဘာတွေ လုပ်ဖို့ လိုအပ်တယ် လို့ ယူဆပါသလဲ။
Cyn Young Park ။ ။ ဆင်းရဲမွဲတေမှု အပိုင်းကို ပြောရမယ် ဆိုရင် ကျမတို့ကို တိုက်ခိုက်နေတဲ့ ဆင်းရဲမွဲတေမှုတွေက တိုင်းရင်းသား လူမျိုးစုတွေနဲ့ နေရာဒေသ အပေါ်မူတည်ပြီး ကွဲပြား ဖြစ်ပေါ်နေတာကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ တကယ်လို့ သင်က မြို့ပြမှာ နေထိုင်တဲ့အပြင် ဗမာလူမျိုး ဖြစ်မယ် ဆိုရင် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နိုင်ရဖွယ် အခြေ အနေ နည်းပါးပြီး တကယ်လို့ ကျေးလက်ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုး ဖြစ်မယ် ဆိုရင်တော့ ဆင်းရဲမွဲ တေမှုကို ရင်ဆိုင်နိုင်ရဖွယ် အခြေအနေက ပိုများပါတယ်။ ဆင်းရဲမွဲတေမှုနှုန်း ကလည်း ပိုပြီး မြင့်မားပါတယ်။
တိုးတက်မှု အတွက် ကျယ်ပြန့်တဲ့ အခြေခံရှိဖို့ ဦးတည်ချက်ထားရမှာ ဖြစ်သလို ကွဲပြားတဲ့ ဒေသတွေ ကြားမှာလည်း ဟန်ချက် ညီမျှမှု ရှိရပါမယ်။ ဒီနေရာမှာ အစိုးရဘက်က အမှန်တကယ် စဉ်းစားရမယ့် နည်းလမ်းတွေထဲက တခုက အချို့သော လုပ်ငန်းစဉ်တွေမှာ ဗဟိုချုပ်ကိုင်မှုကနေ ဘယ်လို ထိရောက်စွာ ခွဲထုတ်ပေးရမလဲ ဆိုတာပါပဲ။ ဗဟို ချုပ်ကိုင်မှုကို လျှော့ချ ပေးနေတာတွေ အများကြီး တွေ့ရပေမယ့် ဒေသဆိုင်ရာ စွမ်းဆောင်ရည်တွေ ကတော့ အလွန် အားနည်း နေပါတယ်။ ဘဏ္ဍာငွေ လိုပါတယ်။
ဒေသဖွံ့ဖြိုးရေး အတွက် ဒေသအခြေပြုတဲ့ ဘဏ္ဍာငွေ ထောက်ပံ့မှု ရှိရပါမယ်။ ဒါဟာ အစိုးရ အတွက်တော့ ခက်ခဲတဲ့ အလုပ်တခု ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေသအလိုက် ဟန်ချက်ညီစွာ ဖွံ့ဖြိုးရေး အတွက် သော့ချက်ဖြစ်တဲ့ တိုင်းပြည် အတွင်းက အဖွဲ့အစည်းတွေ အတွက် စစ်မှန်တဲ့ လုပ်ပိုင်ခွင့်နဲ့ နောက်ခံပြုထားတဲ့ ဗဟိုချုပ်ကိုင်မှုကို ခွဲဝေ ပေးတဲ့ အပြုသဘော ဆောင်မယ့် ဆောင်ရွက်ချက်မျိုး ဖြစ်ရပါ လိမ့်မယ်။
မေး။ ။ တိုင်းရင်းသား လူမျိုးတွေ နေထိုင်တဲ့ ဒေသတွေမှာ ဆိုရင် ထောက်ပံ့ကူညီတဲ့ အဖွဲ့အစည်းတွေ အပေါ် သံသယစိတ် ဝင်ကြတာမျိုးတွေ တွေ့နေရပါတယ်။ ကရင်ပြည်နယ်မှာ ဂျပန်အဖွဲ့အစည်း တခုဖြစ်တဲ့ JICA ကြုံတွေ့ခဲ့ရ တာတွေက ADB အတွက်ရော စိုးရိမ်ပူပန်မှုတွေ ဖြစ်စေ ပါသလား။
Winfried Wicklein။ ။ မြန်မာနိုင်ငံက နိုင်ငံတကာနဲ့ တံခါးပိတ်ဝါဒကို ကျင့်သုံးပြီး နေလာတာ နှစ်ပေါင်း ၅၀ ကျော် ၆၀ နီးပါး ကြာပါတယ်။ နှစ်ဖက်စလုံးမှာ အတွေ့အကြုံတွေ၊ အသိပညာတွေ၊ မိမိကိုယ်မိမိ ယုံကြည် မှုတွေ၊ တပါးသူ အပေါ် ယုံကြည်မှုတွေ လျော့နည်းနေ ပါတယ်။ ဒါတွေကို ပြန်လည် တည်ဆောက်ဖို့ လိုပါတယ်။ အခုမှ စတင်တယ် ဆိုရင် လိုက်မှီအောင် ကြိုးစားရ ပါမယ်။ အဲဒီ အတွက်လည်း အချိန်တွေ အများကြီးလိုအပ်ပါတယ်။
ကျနော်တို့က ဒေသတခုချင်း၊ ပြည်နယ်တခုချင်း၊ ကျေးရွာတခုချင်းတိုင်းရဲ့ မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့စရိုက် ပေါင်းစုံကို အလေးထားဖို့ လိုအပ်ပါတယ်။ ပြင်ဆင်မှုတွေ၊ တွေ့ဆုံ ပြောဆိုမှုတွေ၊ ညှိနှိုင်း တိုင်ပင်မှုတွေ အများကြီး လိုအပ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ မသိတဲ့ ဒေသထဲကို လျင်လျင်မြန်မြန် ဝင်မသွားမဖို့ ဂရုစိုက် ပါတယ်။
အခုအချိန်မှာ ကျနော်တို့က စီမံကိန်းတွေကို ပဋိပက္ခ ရှောင်ကြဉ်တဲ့ နည်းလမ်းတွေက တဆင့် ချဉ်းကပ် လုပ်ဆောင် သွားနိုင်ဖို့ လေ့လာနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံ အတွင်း ပြုလုပ်တဲ့ စီမံကိန်းတိုင်းကို ကျနော်တို့ ဒီလိုနည်းနဲ့ပဲ လုပ်သွားဖို့ ရှိပါတယ်။
ကျနော်တို့ ဒေသဆိုင်ရာ ဗျူဟာတခုကို ကရင် ပြည်နယ်မှာ စတင်သွားဖို့ရှိ ပါတယ်။ ကျနော်တို့ အခု အရှေ့–အနောက် စင်္ကြံနဲ့ ပတ်သက်လို့ လုပ်နေ ပါတယ်။ ဗီယက်နမ်နိုင်ငံ Da Nang ကနေ လာအိုနဲ့ ထိုင်းနိုင်ငံ တွေကို ဖြတ်ကျော်ပြီး အခုဆိုရင် မြဝတီကနေ ရန်ကုန်အထိ တိုးချဲ့နေပါတယ်။ နောက်နှစ်ထဲမှာ လမ်းမကြီးရဲ့ ကီလိုမီတာ ၈၀ ကျော်လောက် အတွက်ကို ထောက်ပံ့ပေးသွားမှာ ပါ။