• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

Hughes ဆက်တယ်လိုက် ကုမ္ပဏီ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ စီနီယာဒါရိုက်တာနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
26 November 2014
in အင်တာဗျူး
A A
ဆက်တယ်လိုက်, Hughes

Hughes ကုမ္ပဏီမှ အာရှပစိဖိတ် ဒေသဆိုင်ရာ စီနီယာဒါရိုက်တာ မစ္စတာ ဗီဟတ်မာဂိုး (Mr. Vaibhav Magow) (ဓာတ်ပုံ - တင်ထက်ပိုင် / ဧရာဝတီ)

2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သော Myanmar Satellite Forum တွင် ဆက်တယ်လိုက် နည်းပညာကို ကမ္ဘာတဝှမ်း ဝန်ဆောင်မှုပေးလျှက်ရှိသော နိုင်ငံတကာ ကုမ္ပဏီကြီး တခုဖြစ်သည့် Hughes Network Systems India Limited က ဝင်ရောက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှ ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီများအတွက် ဆက်တယ်လိုက် နည်းပညာ ဖြန့်ဝေပေးကာ မြန်မာနိုင်ငံ တဝှမ်း VSAT ဆက်တယ်လိုက် အင်တာနက် ဝန်ဆောင်မှုများ ပေးနိုင်ရန် ဆွေးနွေး ဆောင်ရွက်လျှက်ရှိသည်။

မြန်မာနိုင်ငံတွင် ဆယ်တယ်လိုက် နည်းပညာများ ကျယ်ပြန့်စွာ ဖြန့်ကျက်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျှက် ရှိပုံများကို Hughes ကုမ္ပဏီမှ အာရှပစိဖိတ် ဒေသဆိုင်ရာ စီနီယာဒါရိုက်တာ မစ္စတာ ဗီဟတ်မာဂိုး (Mr. Vaibhav Magow) နှင့် ဧရာဝတီ သတင်းထောက် တင်ထက်ပိုင်တို့ သီးသန့်တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.3k
သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

12 May 2025
54
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

10 May 2025
5.3k

မေး။     ။ Hughes ကုမ္ပဏီအနေနဲ့ ဆက်တယ်လိုက် နည်းပညာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဘယ်လိုမျိုး ဈေးကွက် အလားအလာတွေ ရှိမယ်လို့ မြင်ပါသလဲ။

ဖြေ။     ။ ကျနော်ထင်တာကတော့ မြန်မာနိုင်ငံမှာ နောက် ၇ နှစ်၊ ၈ နှစ်ကျော်လောက် ဆိုရင် ဆက်တယ်လိုက် ဆက်သွယ်မှု အရေအတွက် ၁၀၀၀၀ နဲ့ ၁၅၀၀၀ လောက် အလွယ်တကူ ရှိလာ လိမ့်မယ်လို့ ထင်တယ်။ အခုတောင် ကျနော်ထင်တယ် …၊ ၃၀၀၀ ၊ ၄၀၀၀ လောက် ရှိနေပါပြီ။ တဖြည်းဖြည်းနဲ့ အဆင့်မြှင့်ပြီး ဆက်လုပ်မယ်ဆိုရင် ၁၅၀၀၀ ကျော် လောက်ကတော့ အလွယ်တကူ ရှိလာမှာပါ။ ရှေ့ဆက်သွားရင် ဆက်တယ်လိုက် နည်းပညာ အသုံးပြုတဲ့ နေရာမှာ မလေးရှားကိုတောင် ကျော်သွား နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက်ပိုင်းက နေရာတွေမှာဆို မြေနေရာ အနေအထားက အခြေခံ အဆောက်အဦတွေ တည်ဆောက်ဖို့ တော်တော် ခက်ခဲပါတယ်။ အဲဒါကြောင့် ဒီ ဆက်တယ်လိုက် နည်းပညာဟာ မြောက်ပိုင်းဒေသတွေကို ဆက်သွယ်ပေးဖို့နဲ့ အဓိက အားဖြင့်တော့ တခြား နည်းပညာတွေ သုံးဖို့ ခက်ခဲတဲ့ နေရာတွေအတွက် တော်တော် အရေးပါပါလိမ့်မယ်။ ပြီးတော့ ကျနော် ထင်တယ် …။ ကုမ္ပဏီ အကြီးကြီးတွေမှာ ဒီ VSAT နည်းပညာကို ထိထိရောက်ရောက် ပိုသုံးလေ ကုန်ကျစရိတ်က ပို ကျစ်ကျစ် လစ်လစ် ရှိလေပါပဲ။ အရမ်းကောင်းတဲ့ အလားအလာတွေ ကျနော်တို့ တွေ့နေရ ပါတယ်။

မေး။     ။ Hughes Company ရဲ့ ဆက်တယ်လိုက် နည်းပညာကို ဘဏ်တွေ၊ ဆေးရုံတွေ၊ အစိုးရ ရုံးတွေက အသုံးပြုဖို့ စိတ်ဝင်စားကြတယ်လို့ သိရပါတယ်။ အဲဒီတော့ အစပိုင်းမှာ ဘယ်လို အခန်း ကဏ္ဍတွေ အတွက် အရင် ဦးတည်ပြီး လုပ်မှာပါလဲ။

ဖြေ။     ။ ဘယ်သူက အရင် ချဉ်းကပ်မလဲ ဆိုတာ ပြောဖို့တော့ ခက်တယ်။ ဒီနေ့ သူတို့နဲ့ စကားပြောကြည့်တဲ့ အခါ၊ ဒီ VSAT နည်းပညာကို မြန်မာနိုင်ငံမှာ သုံးလို့ရတဲ့ နေရာတိုင်းမှာ ဖြစ်နိုင်သလောက် သုံးနေကြတယ်။ နောက်ဆုံးပေါ် နည်းပညာတွေလည်း ရှိနေကြပြီ။ ဒါပေမယ့် သုံးရတဲ့ ကုန်ကျစရိတ်ကို နည်းစေချင်နေ ကြတယ်။ အဲဒီအတွက် ကျနော်တို့က နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ပိုမို ကောင်းမွန်ပြီး ပိုမြန်တဲ့၊ ဝန်ပိုသေးတဲ့ VSAT နည်းပညာတွေ စီစဉ်ပေးနိုင်ပါတယ်။ အဲဒါတွေက ဆက်သွယ်ရေး ကုန်ကျစရိတ်တွေကို လျော့ကျစေမှာပါ။ ကျနော်ထင်ပါတယ် … VSAT နည်းပညာကို ကုန်ကျစရိတ် နည်းနည်းနဲ့ လူတွေ ပိုပြီးတော့ ရွေးချယ် လာနိုင်တော့မှာပါ။ အစိုးရ အနေနဲ့လည်း ဒီနည်းပညာကို အစိုးရရုံးတွေနဲ့ တခြားနေရာတွေမှာ သုံးလို့ ရနိုင်မလား ဆိုပြီး မေးလာပါလိမ့်မယ်။ အဲဒါကြောင့် တဖြည်းဖြည်းနဲ့ ယှဉ်ပြိုင်မှုတွေ ပိုရှိလာပြီး ဒီနည်းပညာကို လူတွေ ပိုသုံးလာတာ တွေ့ရပါ လိမ့်မယ်။

မေး။     ။ မြန်မာပြည်ရဲ့ လက်ရှိအနေအထားအရ ဆိုရင် ဒီဆက်တယ်လိုက် နည်းပညာသုံးပြီး Hughes ကုမ္ပဏီက ဘယ်ကဏ္ဍကို အရင်ဦးတည် လုပ်သင့်တယ်လို့ ထင်မြင်ပါသလဲ။ ဒါမှမဟုတ် မြန်မာနိုင်ငံအနေနဲ့ ဘယ်ကဏ္ဍ ကိုတော့ဖြင့် အရင်ဖွံ့ဖြိုးအောင် လုပ်သင့်တယ်လို့ ထင်မြင်ပါသလဲ။

ဖြေ။     ။ ပုဂ္ဂလိက နယ်ပယ်တွေမှာ ဆိုရင်တော့ ဘဏ်လုပ်ငန်းတွေကို အရင်ဦးစားပေးပြီး လုပ်သင့် တယ်လို့ မြင်ပါတယ်။ စတော့ အိတ်ချိန်းနဲ့ စီးပွားရေးတွေ လုပ်ချင်တယ် ဆိုရင် ဒီဆက်တယ်လိုက် နည်းပညာဟာ တော်တော်ကောင်းတဲ့ ဆက်သွယ်မှု တခုပါပဲ။ အိန္ဒိယမှာ ရှိတဲ့ ဘုံဘေ စတော့ အိပ်ချိန်းတို့၊ နေရှင်နယ် စတော့အိတ်ချိန်းတို့ ဆိုရင် ဒီ VSAT နည်းပညာကို သုံးပြီး တော်တော် အောင်မြင်ခဲ့ပါတယ်။ ဘဏ်လုပ်ငန်းတွေ ကလည်း အတူတူပါပဲ။ ဘဏ်လုပ်ငန်းတွေက အကုန်လုံးအတွက် အချက်အချာ တခုပါပဲ။ အရမ်း အရေးပါပါတယ်။ ပြီးတော့ အစိုးရပိုင်းမှာ ပြောမယ်ဆိုရင် ကျောင်းတွေ၊ အစိုးရရုံးတွေ၊ ဆေးရုံတွေ အတွက် အရမ်း အကျိုးရှိပါတယ်။ နောက်တခုကတော့ ဒီက ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီတွေပေါ့။ သူတို့ရဲ့ ပင်မ ထုတ်လွှင့်ဌာနတွေ လည်ပတ်စေဖို့ အတွက်နဲ့ ကျေးလက် ဒေသတွေကို ဆက်သွယ် ပေးဖို့အတွက် ဒီဆက်တယ်လိုက် နည်းပညာကို အသုံးပြုနိုင်ပါတယ်။ အရမ်းကို မြန်ပါတယ်။ အခု သုံးနေတဲ့ မိုက်ခရိုဝေ့ဖ် နည်းပညာက တာဝါတိုင်တွေ ဆောက်ဖို့၊ ဖိုင်ဘာကြိုးတွေ ဆက်ဖို့အတွက် အချိန် တော်တော်ယူရပါတယ်။ ဒါပေမယ့် ဒီ ဆက်တယ်လိုက် နည်းပညာနဲ့ဆိုရင် ပိုကျယ်ပြန့်တဲ့ နေရာတွေကို လျင်လျင်မြန်မြန်နဲ့ ချိတ်ဆက်နိုင်ပါပြီ။ အဲဒါကြောင့် … ဒီက ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီတွေ၊ ဘဏ်လုပ်ငန်းတွေနဲ့ အစိုးရရုံးတွေပေါ့ …၊ ဒီနယ်ပယ် သုံးနေရာအတွက် ပိုပြီ်းတော့ အရင် ဦးစားပေးပြီး လုပ်ချင်ပါတယ်။

မေး။     ။ အဲဒီလို လုပ်ဆောင်တဲ့အခါမှာ ဘယ်လို စိန်ခေါ်မှုမျိုးတွေ၊ ဒါမှမဟုတ် ဘယ်လို အကန့်အသတ် တွေ တွေ့ကြုံရမယ်လို့ ထင်မြင်ပါသလဲ။

ဖြေ။     ။ တွေ့ရမယ့် ပထမဆုံး စိန်ခေါ်မှုတွေထဲက တခုကတော့ အစွမ်းအစ ရှိတဲ့သူတွေနဲ့ ကျွမ်းကျင်တဲ့ သူတွေကို ရွေးထုတ်နိုင်ဖို့ပါပဲ။ ဒီနည်းပညာတွေကို ယူဆောင်လာပြီ ဆိုတာနဲ့ တပ်ဆင်ရမယ်၊ လူတွေကို လေ့ကျင့်ပေးရမယ်။ အခုအခြေအနေက ကျွမ်းကျင်မှု အပိုင်းမှာ အားနည်းနေတယ်လို့ ထင်တဲ့ အတွက်ကြောင့်မို့လို့ အစိုးရကို ကူညီပြီးတော့ ဒီက အင်ဂျင်နီယာတွေကို လေ့ကျင့်ပေးပြီး ရွေးထုတ် ပေးမယ်။ ဒီဟာက လုံးဝကို စိန်ခေါ်မှုတခုပါပဲ။ နောက်ထပ် စိန်ခေါ်မှုတခုကတော့ ဘဏ်တွေကတဆင့် ဒီက ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီတွေကို ငွေကြေး ထောက်ပံ့ပေးနိုင်ဖို့နဲ့ သူတို့တွေနဲ့ အလုပ်လုပ်ဖို့ပေါ့။ ဒါက အခြေခံ အဆောက်အအုံ လိုအပ်တဲ့ ဆက်သွယ်ရေး လုပ်ငန်းလေ။ အခြေခံ အဆောက်အအုံ လိုအပ်တဲ့ ဘယ်လုပ်ငန်းမှာမဆို ငွေကြေး အများကြီး လိုအပ်ပါတယ်။ လုပ်ငန်းရှင်တွေက ငွေကြေး အရင်းအနှီးတွေနဲ့ လုပ်ငန်းစလုပ်လို့ ရတယ်၊ ဒါပေမယ့် အဲဒါတွေ လုပ်ဖို့အတွက် အချိန်တွေ အရမ်း ပေးရပါတယ်။ ပိုပြီး မြန်မြန်ဆန်ဆန် လုပ်လို့ရရင် အရမ်းကောင်းမှာပါ။ အစိုးရ အနေနဲ့ ဒီဆက်သွယ်ရေး ဥပဒေ အသစ်နဲ့ ပတ်သက်ပြီး ချမှတ်ထားတာတွေ အရမ်းကောင်းပါတယ်။ လိုင်စင်တွေ ဘယ်လို လျှောက်ထား နိုင်တယ် ဆိုတာတွေက အရမ်းပွင့်လင်း မြင်သာပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အရမ်း ဝမ်းသာပါတယ်။ မြန်မာပြည်က ကုမ္ပဏီတော်တော်များများ လိုင်စင်ရဖို့အတွက် လျှောက်ကြမယ်လို့ ထင်ပါတယ်။ သူတို့တွေ ဆက်သွယ်ရေး လိုင်စင်တွေ ရတာနဲ့ ကျနော်တို့ရဲ့ နည်းပညာတွေ သုံးပြီး ဝန်ဆောင်မှုတွေ စပေးလို့ ရပါလိမ့်မယ်။ အဲဒါကြောင့် ဒီကနေ့ ဒီအချိန်ရဲ့ ဆက်သွယ်ရေး မူဝါဒနဲ့ ပတ်သက် ပြီးတော့ အရမ်း ဝမ်းသာပါတယ်။ ဒါပေမယ့် နောင်အနာဂတ်မှာ လျင်လျင်မြန်မြန် လွယ်လွယ်ကူကူနဲ့ ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုလုပ်လို့ ရလာမလဲဆိုတာ ကြည့်ရပါမယ်။ အဲဒီတော့ တပ်ဆင်မှုတွေ ပြုလုပ်ဖို့ လူသား အရင်းအမြစ်တွေနဲ့ သူတို့ကို လေ့ကျင့်ပေးဖို့ … စတာတွေပေါ့။ အဲဒါတွေက ကျနော်တို့ ဒီမှာ လုပ်ရမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေပါ။ တကယ်တမ်းကျတော့ အဲဒါတွေကို စိန်ခေါ်မှုတွေ လို့တော့ မမြင်ပါဘူး။ ဘယ်စီးပွားရေး မှာပဲဖြစ်ဖြစ် လုပ်ငန်းတွေလုပ်ဖို့က အချိန်လိုပါတယ်။ ကျနော်တို့ နားလည် ထားပြီးသားပါ။ အစီအစဉ်တွေလည်း ဆွဲထားပြီးပါပြီ။ ဘယ်လိုလုပ်ရမလဲ ဆိုတာလည်း ကျနော်တို့ သိပါတယ်။ ကျနော်တို့ ကူညီပေးမှာပါ။ ကျနော်တို့ရဲ့ စီးပွားဘက်တွေ အတွက် ဒါတွေလုပ်ပေးဖို့ ကျနော်တို့ ဒီကို ရောက်ရှိလာတာပါ။

မေး။     ။ သုံးစွဲတဲ့သူတွေဆီ ရောက်ဖို့အတွက် ဘယ်လို အကန့်အသတ်တွေ ရှိနေမယ်လို့ ထင်ပါသလဲ။

ဖြေ။     ။ အင်း … အချိန်ယူရပါမယ်။ လူ တော်တော်များများက ဒါတွေကို ဒီနေ့ပဲ မြန်မြန်ဆန်ဆန် ဖြစ်သွားမယ်လို့ ထင်ကြတယ်။ အင်တာနက် ခေတ်ဆိုပြီး ညတွင်းချင်း ဖြစ်သွားမယ်လို့ ထင်နေကြတယ်။ ဒါတွေက ခပ်ဖြည်းဖြည်း လုပ်ရမှာပါ။ စိတ် တော်တော် ရှည်ရပါမယ်။ ဒီလုပ်ငန်းစဉ်တွေကို နားလည်ဖို့ အစီအစဉ်တွေချဖို့၊ ပိုက်ဆံတွေ စိုက်ထုတ်ဖို့၊ အသုံးချတတ်ဖို့ဆိုတာ အချိန်ယူရပါတယ်။ အကြီးမားဆုံး အကန့်အသတ်က ဒီလုပ်ငန်းတွေ အရမ်းမြန်မြန် ပြီးသွားမယ်ဆိုတဲ့ လူတွေရဲ့ မျှော်လင့်ချက်ပါပဲ။ ဖြည်းဖြည်းချင်း အချိန်ယူရပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒါဟာ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ လူတွေက ဒါအတွက် အရမ်း စိတ်လှုပ်ရှားနေတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့လည်း အရမ်း စိတ်လှုပ်ရှား နေပါတယ်။ ဆက်တယ်လိုက် နည်းပညာက ပြည်သူတွေအတွက် ပြုပြင်ပြောင်းလဲရေးတွေ အရှိန်မြင့် စေပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အင်တာနက် ဝန်ဆောင်မှုတွေ ပိုပြီး ယူဆောင်ပေးနိုင် လိမ့်မယ်လို့ ထင်ပါတယ်။ မြို့ပြတွေချည်း မဟုတ်ဘဲ မြို့သေးသေးလေးတွေ ဆီကိုလည်း ရောက်ရှိနိုင် ပါလိမ့်မယ်။ အဲဒါကို အကန့်အသတ်တခု အနေနဲ့တော့ မမြင်ပါဘူး။ ကျနော်တို့ တိုင်းပြည်တွေ ရာနဲ့ချီပြီး ရောက်ခဲ့ ပြီးပါပြီ။ အင်တာနက်ခေတ် ဆိုပေမယ့် ကိစ္စတွေ ဖြည်းဖြည်းချင်း တိုးတက်လာဖို့ အတွက်က အချိန်လိုပါတယ်။ အဲဒါကြောင့် ကျနော်တို့ကတော့ အဆင်သင့်ဖြစ်နေပါပြီ။ ကျနော်တို့က ဒီမှာ ရေရှည် လုပ်ကိုင်ဖို့အတွက် ရောက်လာတာပါ။ ရေတိုအတွက် မဟုတ်ပါဘူး။ ဒီ အစပြုနေတဲ့ အခြေအနေတွေကို မြင်တွေ့ရဖို့ အတွက်၊ အစိုးရနဲ့ ကျနော်တို့ရဲ့ စီးပွားဘက်တွေကို ကူညီပေးဖို့အတွက် ကျနော်တို့ အဆင်သင့် ရှိနေပါတယ်။ တဖြည်းဖြည်းနဲ့ လူတွေ ဒီ VSAT နည်းပညာကို အသားကျလာပြီး ဘယ်လို အလုပ်လုပ်လဲ ဆိုတာတွေ၊ အဲဒီနည်းပညာရဲ့ အကျိုးကျေးဇူးတွေ၊ ဘယ်နေရာမှာ အသုံးပြုရမယ်၊ ဘယ်နေရာမှာ အသုံးမပြုရဘူး ဆိုတာတွေ သိလာပါလိမ့်မယ်။ တဖြည်းဖြည်း အသားကျလာတာနဲ့ ဆက်တယ်လိုက် နည်းပညာကို လူတွေ ပိုပိုပြီး အသုံးပြုလာကြမှာပါ။ အစပိုင်းကတော့ ဖြည်းဖြည်းချင်း အချိန်ယူရပါလိမ့်မယ်။ အဲဒါကြောင့် … အကန့်အသတ်လိုမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနယ်ပယ်မှာ ဦးဆောင်နေတဲ့ ကုမ္ပဏီ တခုအနေနဲ့ ဒါတွေကို နားလည်ပြီးသားပါ။ ကျနော်တို့ အလျင်လိုဖို့ မလိုပါဘူး။

မေး။     ။ Hughes ကုမ္ပဏီအနေနဲ့ အခုလောလောဆယ် အစိုးရနဲ့ ဆွေးနွေးဆဲ အနေအထားမှာလား။ ဒါမှမဟုတ် အစိုးရနဲ့ စာချုပ်တွေ ချုပ်ဆိုပြီးသွားပြီလား ဆိုတာလေး ပြောပြပေးပါ။

ဖြေ။     ။ မဟုတ်ပါဘူး။ ကျနော်တို့ အစိုးရနဲ့ ဆွေးနွေးထားတာမျိုး၊ စာချုပ်တွေ ချုပ်ဆို ထားတာမျိုး မရှိပါဘူး။ ကျနော်တို့ အစိုးရဆီကနေ လိုင်စင်လျှောက်ဖို့ အစီအစဉ် မရှိလို့ပါ။ လျှောက်မှာလည်း မဟုတ် ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်က ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ပဲ အလုပ်လုပ်မှာပါ။ ဖြစ်နိုင်တာက အခုလက်ရှိ မြန်မာ့ ဆက်သွယ်ရေး ကုမ္ပဏီတွေ၊ ဒါမှမဟုတ် လိုင်စင် အသစ်ထပ်ယူမယ့် မြန်မာ ကုမ္ပဏီတွေ လိုမျိုးပေါ့။ အခုလောလောဆယ် အဲဒီ ကုမ္ပဏီတွေနဲ့ စကားပြောနေပါတယ်။ ဒီ ဆက်တယ်လိုက် နည်းပညာတွေနဲ့ သူတို့ရဲ့ ဆက်သွယ်ရေး ကွန်ရက်တွေ ဘယ်လိုစပြီး လည်ပတ်နိုင်မလဲ ဆိုတာတွေ ပြောနေပါတယ်။ သူတို့အတွက် နည်းပညာတွေ ထောက်ပံ့ပေးမယ်၊ မြန်မာပြည်မှာ အဲဒီ နည်းပညာတွေ အကျိုးရှိရှိ ဘယ်လို အသုံးချရမလဲ ဆိုတာတွေ ဆောင်ရွက်ပေး သွားမှာပါ။

မေး။     ။ ဘာတွေများ ထပ်ပြီး ပြောချင်ပါသေးသလဲ။

ဖြေ။     ။ အခုခေတ်မှာ ဒီနည်းပညာတွေက တော်တော်ကို ခရီးရောက်ပါတယ်။ ဥပမာ အိန္ဒိယမှာ ဆိုရင် ကျောင်းတွေမှာ ဒီနည်းပညာသုံးပြီး အဝေးသင် ပညာရေးတွေ စီစဉ်ပေးနေပါတယ်။ လယ်သမားတွေ ကိုလည်း နိုင်ငံတကာ ဈေးကွက်နဲ့ ချိတ်ဆက်ပေးပြီး သူတို့ရဲ့ ထွက်ကုန် ပစ္စည်းတွေကို ရောင်းချနိုင်အောင် ဆောင်ရွက် ပေးနေပါတယ်။ ဘယ်ဈေးနှုန်းတွေ ရှိမလဲ၊ ဘယ်ဈေးနှုန်း တောင်းရမလဲ ဆိုတာတွေ သိနိုင်ပါတယ်။ နောက်ဆုံးပေါ် သတင်းအချက်အလက် တွေနဲ့ အပင်မှာကျတဲ့ ရောဂါပိုးမွှားတွေ အကြောင်း၊ ဘယ် ဓာတ်မြေသြဇာ သုံးရမလဲ ဆိုတာတွေအကြောင်းပေါ့ … အားလုံးက နည်းပညာတွေ ပါပဲ။ သတင်း အချက်အလက်တွေ ကျနော်တို့ ပေးနိုင်တယ်။ အင်တာနက် လို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် အဲဒီ အင်တာနက်ကို ချိတ်ဆက်လို့ ရဦးမှလေ။ ရွာတရွာမှာ ဆက်တယ်လိုက်တခု ချိတ်ထားမယ်ဆိုရင် တရွာလုံး ချိတ်ဆက်ပြီး မျှသုံးလို့ရတယ်။ လူတွေ အများကြီး မျှသုံးလို့ ရပါတယ်။ သတင်းတွေ ကြည့်နိုင်မယ်၊ အဆင်မပြေတာတွေ ရှိလျှင်လည်း အစိုးရကို ပြောပြလို့ရတယ်၊ အီးမေးလ်တွေ သုံးလို့ရမယ်။ လုပ်လို့ရတာတွေ အများကြီးပါပဲ။ မြန်မာလူမျိုး ငါးသန်း … ငါးသန်းကျော် လောက်က နိုင်ငံခြားမှာ အလုပ်လုပ် နေရတယ်ဆိုတော့ သူတို့အိမ်က လူတွေနဲ့ စကားပြောချင်ကြမှာပဲလေ။ အင်တာနက်က အဲဒါတွေ လုပ်နိုင်ဖို့အတွက် အရမ်းကောင်းတဲ့ ယန ္တရားကြီးတခုပါပဲ။ အခုခေတ်မှာ နည်းပညာက ပိုပြီးတော့ တတ်နိုင် လောက်တဲ့ အနေအထား ဖြစ်လာပါပြီ။ ပိုပြီးတော့လည်း မြန်လာပါပြီ။ တော်တော်မြန်တဲ့ VSAT နည်းပညာကို ကျနော်တို့ စီစဉ်ပေးနိုင်ပါပြီ။ အဲဒါကြောင့် နည်းပညာက ရှိနေပြီ၊ မြန်မာပြည်ကို ဒီနည်းပညာ သယ်ယူလာပေးနိုင်တဲ့ ဘယ်ကုမ္ပဏီတွေနဲ့ လက်တွဲပြီး လုပ်မလဲဆိုတာပဲ မေးခွန်းထုတ်စရာ ရှိပါ တော့တယ်။ အဲဒါက အခုလောလောဆယ် ကျနော်တို့ အာရုံထားနေတဲ့ ကိစ္စပါပဲ။ နောက်နှစ်လောက် ကျရင်တော့ ကျနော်တို့ Hughes ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ဖို့ အတွက် ဘယ်ကုမ္ပဏီကို ရွေးချယ်လိုက်တယ် ဆိုတာ ကြေညာ ပေးနိုင်ပါလိမ့်မယ်။

Your Thoughts …
Tags: BusinessIT
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
368

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

အစိုးရများက အင်တာနက်ပိတ်ခြင်းများသည် ပုံစံအမျိုးမျိုးရှိသည်

အင်တာနက် ဘယ်လိုပိတ်လဲ၊ ဘယ်လို ပြန်တိုက်ဖျက်သလဲ

by ဧရာဝတီ
28 November 2022
4.7k

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၄ ရက်တွင် စစ်တပ်သည် Facebook ကို ပိတ်ဆို့ခဲ့ပြီး မြန်မာအများစု၏ အင်တာနက်သုံးသည့် အဓိကတံခါးပေါက်ကို ပိတ်ပစ်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူများ  / ဧရာဝတီ

အင်တာနက် ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက တရုတ်ကို အားကိုးနိုင်မလား

by Bertil Lintner
8 March 2022
14.7k

ဖမ်းဆီးခံရသူ သတင်းသမား အများအပြားသည် အချုပ်အနှောင်အတွင်း နှိပ်စက်ညှဉ်းပမ်းခံကြရပြီး ၎င်းတို့အနက် အနည်းဆုံး ၃ ဦးကို စစ်ကောင်စီ စစ်သားများက သတ်ဖြတ်ခဲ့သည်

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

Next Post
IHS, IGE,ဦးအောင်သောင်း,

ရွေးကောက်ပွဲနှောင့်နှေးလျှင် မြန်မာ့စီးပွားရေး ကျဆင်းနိုင်

PR စနစ်, နိုင်ငံခြားသားများ အမြဲတမ်း နေထိုင်ခွင့်

မြန်မာနိုင်ငံအတွင်း ၁ နှစ် နေထိုင်ပြီးမှသာ PR လျှောက်ထားနိုင်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate