Bosch ကုမ္ပဏီသည် နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဆက်စပ်ပစ္စည်းများ ထုတ်လုပ် ပေးနေသော ဂျာ မနီ အခြေစိုက် ဥရောပ ကုမ္ပဏီတခု ဖြစ်ပြီး ၁၉၂၃ ခုနှစ်ကတည်းက စတင်၍ အရှေ့တောင်အာရှ ဈေးကွက်တွင် အခြေချခဲ့သည်။
မြန်မာနိုင်ငံ ဈေးကွက်သို့ ၂၀၁၃ ခုနှစ်တွင် စတင် ဝင်ရောက်လာခဲ့သည်။
Bosch ကုမ္ပဏီ၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံဆိုင်ရာ အုပ်ချုပ်မှု ဒါရိုက်တာ တဦးဖြစ်သည့် Andre de Jong ကို ပြည်ပ ကုမ္ပဏီတခု ပြည်တွင်းသို့ ဝင်ရောက် အလုပ်လုပ်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများနှင့်ပတ်သက် ၍ ဧရာဝတီ သတင်းထောက် သစ်နေမိုးက ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဂျာမနီ အခြေစိုက်ကုမ္ပဏီတခု ဆိုတော့ မြန်မာပြည်အပေါ်မှာ EU(ဥရောပ သမဂ္ဂ)ကုမ္ပဏီတွေရဲ့ စိတ်ဝင်စားမှုအပိုင်းကို ဘယ်လိုမြင်မိသလဲ။ လက်ရှိ EU ကုမ္ပဏီတွေ မြန်မာပြည်ကို ဝင်ရောက်လာတဲ့ အခြေအနေကရော နည်းပါးနေသေးသလား။ အားရ စရာ အခြေအနေလို့ ပြောလို့ရမလား။
ဖြေ။ ။ သယံဇာတ အရင်းအမြစ်တွေဖြစ်တဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သတ္တုတွင်းတွေပေါပြီး လူလတ်ပိုင်း အသက်အရွယ် လူဦး ရေ အများဆုံးရှိတဲ့ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးအခွင့်အလမ်းတွေ အများအပြားကို ဖန်တီးပေးပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး မြန်မာနိုင်ငံအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ ဘဏ်နဲ့ ငွေကြေးလုပ်ငန်း၊ စွမ်းအင်နဲ့ ဆက်သွယ်ရေး လုပ်ငန်း တွေမှာ အလျင်အမြန် တိုးတက်လာတာကို တွေ့ရမှာပါ။ ဒီတိုးတက်မှုရလဒ်တွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ စိတ်ချယုံကြည်ရမယ့် စီးပွားရေးဝန်းကျင် ဖံွံ့ဖြိုးမှုကို ဖြစ်ပေါ်လာစေပါတယ်။
အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်း ရင်းနှီးမြှုပ်နှံမှုနိုင်ငံတွေ အဖြစ် ဆက်လက် ရပ် တည်နေတာကို တွေ့ရပါတယ်။ နိုင်ငံရဲ့ ဖံွံ့ဖြိုးတိုးတက်နေတဲ့ လမ်းကြောင်းနဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် လာမယ့်နှစ် အနည်း ငယ် အတွင်း ဥရောပရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာမယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ အခုက မြန်မာပြည်မှာ စီးပွားရေး လုပ်ငန်း ဝင်လုပ်ပြီဆိုတော့ စလုပ်တဲ့ အခါမှာ ဘယ်လို အခန်းကဏ္ဍတွေက အခက်အခဲ တွေ စိန်ခေါ်မှုတွေ ဖြစ်စေခဲ့သလဲ။ လုပ်ရတဲ့အပိုင်းမှာ အခြားနိုင်ငံတကာနဲ့ ကွဲပြားခြားနားမှုတွေရော ရှိသလား။ ရှိခဲ့ရင် ဘယ်လို ဟာ တွေ လဲ ဆိုတာ ပြောပြပါ။
ဖြေ။ ။ ကျွမ်းကျင်လုပ်သား ရရှိနိုင်မှုအခြေအနေ၊ မြို့ပြနဲ့ ဆက်သွယ်ရေးကဏ္ဍ ဖံွံဖြိုးတိုးတက်လာဖို့ အခြေခံ အဆောက်အအုံ လို အပ်ချက်တွေက အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဖြစ်နေပါတယ်။ ဒါ့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် Legislative Framework ဖြစ်တဲ့ ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်နဲ့ ပံ့ပိုးမှုတွေပေးနိုင်ဖို့ လက်ရှိအခြေအနေထက် ပိုမိုတိုးတက်အောင် လုပ် ဆောင်သင့်တယ်လို့ ထင်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေမှာ တည်ရှိနေတဲ့ ဈေးကွက်ဖံွ့ဖြိုးမှုပုံစံနဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် တွေကို ကြည့်မယ်ဆိုရင် တနိုင်ငံနဲ့ တနိုင်ငံကြားမှာ တမူထူးခြားမှုတွေ ရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ဈေးကွက်မှာလည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်းကောင်းတွေ ရှိသလို တဘက်မှာလည်း ရှေ့မှာပြောထားပြီးဖြစ်တဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။
မေး။ ။ ဒီမှာ စီးပွားရေး လုပ်ရတဲ့အခါ လွတ်လွတ်လပ်လပ် လုပ်နိုင် ကိုင်နိုင်ခွင့် အပြည့်အ၀ ရရှိပါသလား။ အစိုးရ ဌာနတွေနဲ့ ချိတ် ဆက် လုပ်ဆောင်ရတဲ့ အပိုင်းတွေရှိခဲ့ရင် ဒီလိုအပိုင်းတွေမှာ အဆင်ပြေချောမွေ့ပါသလား။
ဖြေ။ ။ Bosch ကုမ္ပဏီအနေနဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်တဲ့အပိုင်းမှာ အတွေ့အကြုံကောင်းတွေ ရှိထားပြီးဖြစ်ပါတယ်။ အစိုးရ ဋ္ဌာနအတွင်း လုပ်ငန်းပိုင်းစီမံခန့်ခွဲရာမှာ စာရွက်စာတမ်းတွေကိုသာ အဓိကထားပြီး လုပ်ဆောင်နေဆဲ ဖြစ်တယ်။ နောက်ဆက်တွဲ ရလဒ်အနေနဲ့ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရပြီး စီးပွားရေးလုပ်ငန်းပိုင်း အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်မှုကို အဟန့်အတားဖြစ်စေပါတယ်။ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ အလိုအလျောက် စီမံခန့်ခွဲနိုင်တဲ့ အထောက်အကူ ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် အလွယ်တကူကျော်လွှားနိုင်မှာပါ။
မေး။ ။ ဒေသတွင်း အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဖွံ့ဖြိုးမှုနှုန်းမှာ နောက်ကျနေသေးတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအပိုင်းတွေကို အားမရဖြစ်မိလဲ။ ဘာတွေ လိုနေသေးတယ်လို့ ပြောချင်ပါလဲ။
ဖြေ။ ။ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ အခြေခံအဆောက်အအုံနဲ့ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေက စီးပွားရေးပတ်ဝန်းကျင် တခု လုံး အပေါ်မှာ သက်ရောက်မှုရှိတယ်ဆိုတာ ကျနော်တို့အားလုံးတွေ့မြင်ပြီး ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် ဒီနှစ် အစော ပိုင်းမှာ Ooredoo နဲ့ Telenor ကုမ္ပဏီ ၂ခုကို လိုင်စင်ချပေးလိုက်တဲ့အတွက် ဖုန်းနဲ့ အင်တာနက် ကွန်ရက် ချိတ်ဆက်မှုက ပိုမိုကောင်းမွန်တဲ့ အနေအထားကို ရောက်လာပါတယ်။
အရေးတကြီး လုပ်ဆောင်ရမယ့် ပြုပြင်ပြောင်းလဲမှု တခုကတော့ စီးပွားရေး လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ဥပဒေပြု လုပ်ငန်းပိုင်းပဲဖြစ်ပါတယ်။ ဥပမာဆိုကြပါစို့၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ရင်းနှီးမြှုပ်နှံသူများအတွက် အကာအကွယ်ပေးထားတဲ့ သတ် မှတ်ချက်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ စီးပွားရေးဆိုင်ရာ အငြင်းပွားမှု တစုံတရာဖြစ်ပေါ်လာခဲ့ရင် ကျင့်သုံး ဆောင်ရွက် ရ မယ့် စည်းမျဉ်းစည်းကမ်းတွေမှာလည်း အားနည်းချက်တွေ ရှိနေဆဲပါပဲ။ ဒါ့အပြင် ပြည်ပကုမ္ပဏီတွေကို နိုင်ငံအတွင်းမှာ ပစ္စည်း တင် သွင်း ခြင်းနဲ့ ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေဆောင်ရွက်ဖို့ တိုက်ရိုက် ခွင့်ပြုထားခြင်း မရှိသေးပါဘူး။ ဒါတွေက ပြည်ပစီးပွားရေး လုပ်ငန်း တွေအတွက် လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေပါပဲ။
မေး။ ။ မြန်မာပြည်မှာ လုပ်နေတဲ့ စီးပွားရေး လုပ်ငန်း တွေရဲ့ ပွင့်လင်းမြင်သာမှုအပိုင်းကိုရော ဘယ်လိုမြင်မိသလဲ။ မြန်မာပြည်က စီးပွားရေး လုပ်ငန်းစုတွေဟာ ပွင့်လင်းလွတ်လပ်စွာ ရပ်တည်လုပ်ကိုင်နိုင်တဲ့ အခြေအနေလား။ ဒါမှမဟုတ် အစိုးရနဲ့နှီးနွယ် ရပ် တည်မှု များတဲ့ အခြေအနေလား။
ဖြေ။ ။ Bosch အနေနဲ့ကတော့ တာဝန်ခံနိုင်မှု၊ ယုံကြည်စိတ်ချရမှု၊ အမှီအခိုမရှိဘဲ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တဲ့ ပြည်တွင်း ကုမဏီတွေနဲ့ Partner အဖြစ် ပူးပေါင်းလုပ်ဆောင် နေပါတယ်။ အဲဒီပြည်တွင်းကုမ္ပဏီတွေက Bosch ရဲ့ကုန်ပစ္စည်းတွေကို ပြည်တွင်း ဈေးကွက်ထဲမှာ တင်သွင်း ဖြန့်ချိမှုတွေကို လုပ်ဆောင်နေတာပါ။
မေး။ ။ နိုင်ငံရဲ့ ရှေ့အလားအလာ စီးပွားရေးအပေါ်ရော ဘယ်လို မှတ်ချက်ပေးချင်လဲ။
ဖြေ။ ။ နိုင်ငံရဲ့ သဘာ၀ သယံဇာတ အရင်းအမြစ်တွေ ငယ်ရွယ်တဲ့ လုပ်သားဦးရေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေက အလျင်အမြန် စီးပွားရေးဖံွံ့ဖြိုး တိုးတက်မှုအတွက် တွန်းအားဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် သတ္တုလုပ် ငန်း၊ စွမ်းအင်၊ ဆောက်လုပ်ရေး၊ မော်တော်ယာဉ်နဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ့ဖံွံ့ဖြိုးမှုတွေ ဖြစ်ပေါ်လာ တာကို တွေ့ရမှာပါ။
ကျနော့် တဦးချင်း အမြင်ကတော့ အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ လိုက်လျောညီထွေမယ့် ပြုပြင်ပြောင်းလဲရေးတွေကို ဆက် လက် လုပ်ဆောင်သွားမယ်ဆိုရင်တော့ စီးပွားရေးဖံွ့ဖြိုး တိုးတက်မှု အရှိန်အဟုန်ကတော့ ဆက်လက် ရှိနေမှာပါ။ ။