• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

MPT စီမံခန့်ခွဲမှု သုံးစွဲသူလူထု အကျိုးကို ကြည့်သင့်သည်

by ဧရာဝတီ
13 January 2015
in အယ်ဒီတာ့အာဘော်
A A
ဆင်ဆာ မရှိတော့သော်လည်း လွတ်လပ်မှု မရှိသေး

10k
VIEWS
Share on FacebookShare on Twitter

နှစ်သစ်တွင် ဦးဦးဖျားဖျား စလိုက်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ ခြေလှမ်းကြောင့် သုံးစွဲသူ ပြည်သူလူထု၏ ဝေဖန်ပြစ်တင်မှုကို ပွက်ပွက်ညံအောင် ခံလိုက်ရသည်။ အစိုးရ၏ ကျောထောက်နောက်ခံဖြင့် အခြေခံအဆောက်အဦ အသာစီး၊ ပြိုင်ဘက်မရှိ ရပ်တည်ခဲ့ဖူးသည့် လက်ဝါးကြီးအုပ် အမြတ်ထုတ်မှုများဖြင့် နာမည်ဆိုးရှိသော MPT ယခု ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့် ရပ်တည်လာသည့် အချိန်တွင်လည်း ပြည်သူလူထု၏ ငြိုငြင်မှုကို ဆက်လက်ခံနေရဆဲပင်။

ပြည်ပမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံသည့် အော်ပရေတာများက အခြေခံအဆောက်အဦမှအစ အလုံးအရင်းနှင့် စတင်အားယူ ထူထောင်နေချိန်တွင် ယင်းအော်ပရေတာများထက် များသော ခေါ်ဆိုသုံးစွဲခ ဈေးနှုန်း၊ အဆင်ပြေနိုင်သည်ဟု ဆိုသော်လည်း ငွေကြေးထပ်မံကုန်ကျဦးမည့် “ဆွေသဟာ” ဝန်ဆောင်မှု အစီအစဉ်သစ်၊ သုံးစွဲသူပြည်သူလူထုအတွက် အခက်တွေ့စေမည့် နည်းပညာအဆင့်များကြောင့် MPT ၏ နှစ်သစ်တာထွက်သည် မျက်နှာသာမရဘဲ ဖြစ်နေသည်။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

16 July 2025
2.5k
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
592
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
759

စစ်အစိုးရလက်ထက် တလျှောက်မှစ၍ ဇိမ်ခံပစ္စည်း တမျိုးဖြစ်နေခဲ့သော မိုဘိုင်းဖုန်းဝန်ဆောင်မှုနှင့် ပတ်သက်၍ MPT က သုံးစွဲသူလူထုမျက်နှာကို တခါမျှ မငဲ့ခဲ့ဖူးပေ။ သို့သော်လည်း ယခု ဖုန်းအသုံးပြုခ ဈေးများ ဆိုလောက်အောင် ချမပေးရာတွင်လည်း ပြိုင်ဘက် အော်ပရေတာများကို မထိခိုက်စေရန် အကန့်အသတ်ဖြင့် လျှော့ချရပါသည်ဟု ဆိုသည်။

တလုံးတခဲတည်း အခြေခံအဆောက်အဦများ ရှိပြီးသည့် MPT အနေဖြင့် ထပ်မံရင်းနှီးမြှုပ်နှံမှုများ ရှိသည့်တိုင် ရေရှည်အတွက် ရေတိုအရှုံးမခံနိုင်ဘဲ အမြတ်အစွန်း ရရှိရေးကို ဦးစားပေးနေသည်။ ဈေးနှုန်းကို ဆတူ မချဘဲ မြှင့်ထားသည့်အတွက် ပြိုင်ဘက် အော်ပရေတာများအဖို့ သက်သာရာရနိုင်သည်ဟု ဆိုသော်လည်း ကွန်ရက်ဖြန့်ကျက်မှုအရ MPT ကို ဆက်လက် သုံးစွဲရဖွယ်ရှိနေသည့် ပြည်သူများအဖို့ မှန်းချက်နှင့် နှမ်းထွက် မကိုက်သေးဘဲ ဖြစ်နေသည်။

ယနေ့အထိ MPT ၏ “ရှေ့သို့လှမ်းချီ” နေသည့် အချက်ဟူ၍ ပြောစရာရှိသည်မှာ တနိုင်ငံလုံး ကွန်ရက်ကို အသုံးပြုနိုင်ခြင်းကြောင့် ပြိုင်ဘက် အော်ပရေတာများကို ဖြတ်ချထားနိုင်မှုသာဖြစ်သည်။ ပြည်ပမှ အော်ပရေတာများနှင့် တရားမျှတစွာ ယှဉ်ပြိုင်နိုင်သည့် အနေအထား မရောက်ရှိသေးမီ သုံးစွဲသူပြည်သူလူထု၏ အဆင်ပြေစေရေးကို ရှေးရှုသင့်သည်။

သုံးစွဲသူများအကျိုးကို ရှေးရှု၍ လျှော့ချသင့်သည့် အဆင့်များကို လျှော့ချပေးရေးအတွက် MPT ၏ စီမံခန့်ခွဲမှုမှာ အားနည်းလျက်ရှိကြောင်း အလွန်သိသာ မြင်သာနေသည်။ ရေရှည်ဈေးကွက်ကို မျှော်၍ သုံးစွဲသူများကို ဆက်လက်ဆွဲဆောင်ရန် စီမံခန့်ခွဲရမည့်အစား အတိတ်ဆိုးကို အရိပ်ထင်စေမည့် စီမံခန့်ခွဲမှုများက ဝေဖန်မှုများကို ပေါ်ပေါက်စေသည်။

စွမ်းဆောင်ရည်၊ ဈေးနှုန်းနှင့် ဝန်ဆောင်မှုများကို နှိုင်းယှဉ်ကြည့်နိုင်မည့် ပြည်ပအော်ပရေတာများနှင့် ယှဉ်ပြိုင်ချိန်တွင် MPT သည်လည်း ပြည်သူများအတွက် ရွေးချယ်စရာများထဲမှ တခုသာ ဖြစ်သင့်သည်။ မိုဘိုင်းဖုန်းလောကကို လက်ဝါးကြီး အုပ်ထားခဲ့သည့် ကာလတလျှောက် အကျိုးအမြတ်များ ရရှိခဲ့သည့် MPT အနေဖြင့် ပြိုင်ဘက်မရှိ လက်ကျန်ကာလတွင် သုံးစွဲသူပြည်လူသူထု ကျေနပ်စေမည့် ဝန်ဆောင်မှုမျိုးသာ ဦးစားပေးဆောင်ရွက်သင့်သည်။ ရေရှည် အကျိုးအတွက် ရေတိုတွင် သုံးစွဲသူများ၏ အဆင်ပြေမှုအတွက် စီမံခန့်ခွဲမှုမျိုးသာ ဖြစ်သင့်ပေသည်။

Your Thoughts …
Tags: CommunicationMobile
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

by ဧရာဝတီ
28 June 2025
891

ထရမ့်ရဲ့ ဖုန်းတွေက အမေရိကန်ကို ပြန်လည် ကြီးမြတ်စေမယ် ဆိုတဲ့ ကတိကို ဆက်လက် ကိုင်စွဲထားပေမယ့် အမေရိကန်မှာ ထုတ်လုပ်သွားမယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
21 August 2014
9.1k

မိုဘိုင်းလ် ငွေချေတဲ့ စံနစ် (mobile payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့ပါတယ်။

ဧပြီ ၂၄ မှစ၍ ၁၅၀၀ တန်ဖုန်းများဖြင့် တနိုင်ငံလုံး ဆက်သွယ်နိုင်မည်ဟုဆို

ဧပြီ ၂၄ မှစ၍ ၁၅၀၀ တန်ဖုန်းများဖြင့် တနိုင်ငံလုံး ဆက်သွယ်နိုင်မည်ဟုဆို

by မေစစ်ပိုင်
23 April 2013
4.3k

ဖုန်းလိုင်းတွေ အခက်အခဲရှိရင် ကျနော်တို့ Call Center နံပါတ် ၃၄၅၆ ကို တိုက်ရိုက် ဆက်သွယ်လို့ရတယ်၊ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဆက်သွယ်ရေး စခန်းတွေ ဖွင့်ပြီးပြီ

ဆက်သွယ်ရေး အရာရှိတချို့ကို ပြန်လွှတ်ပေးသော်လည်း အမှုမရုပ်သေး

ဆက်သွယ်ရေး အရာရှိတချို့ကို ပြန်လွှတ်ပေးသော်လည်း အမှုမရုပ်သေး

by မေစစ်ပိုင်
5 March 2013
10.1k

၇ ဦးကို တရားသေ ပြန်လည် လွှတ်ပေးခဲ့ သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် ပုဒ်မ ၄၀၉ (နိုင်ငံတော်ပိုင် ပစ္စည်း အလွဲသုံးစား လုပ်မှု) ကို လက်ရှိ အချိန်အထိ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း

လမ်းဘေး ဖုန်းဆိုင်တွေ ပျောက်ကွယ်တော့မလား

လမ်းဘေး ဖုန်းဆိုင်တွေ ပျောက်ကွယ်တော့မလား

by ထက်နိုင်ဇော်
28 June 2013
4.9k

တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကတ်များကိုလည်း အစိုးရက ချထားနေတဲ့နောက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းဘေးတယ်လီဖုန်း ဆိုင်လေးများ၏ ၀င်ငွေမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။

တန်ဖိုးနည်း ဖုန်းကတ် ဦးရာလူစနစ်ဖြင့် ရောင်းသဖြင့် ခိုက်ရန်ဖြစ်ပွားမှုရှိ

တန်ဖိုးနည်း ဖုန်းကတ် ဦးရာလူစနစ်ဖြင့် ရောင်းသဖြင့် ခိုက်ရန်ဖြစ်ပွားမှုရှိ

by မန်းသားလေး
24 April 2013
5.6k

မနက် ၉ နာရီမှာ တိုကင်ဝေပါတယ်။ ၁၀ နာရီကြမှ တိုကင်နဲ့ ဖုန်းကတ်တွေကို လဲလှယ်ရတာပါ။ ဒါကို ကျမတို့ ကြားကနေ လူတွေက ဖြတ်ကျော်တော့ မခံနိုင်တဲ့ လူတွေက ပြောကြဆိုကြ၊ ဆဲကြနဲ့ ခိုက်ရန်ဖြစ်ပွားကြတာ

Next Post
ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ, ရေးမြို့နယ်

မွန်ပြည်နယ်တွင် ဆောက်မည့် ကျောက်မီးသွေး လောင်စာဆီ စက်ရုံကို ကန့်ကွက်ထား

အကြမ်းဖက်မှု, ပါရီ

ပါရီ အကြမ်းဖက်မှုကပေးတဲ့ သင်ခန်းစာ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate