ဧရာဝတီ သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုဂျေပိုင် လက်ရာ ဓာတ်ပုံထဲက လက်ပံတန်းမှာ ကျောင်းသားပင်မ သပိတ်ကြောင်းကို ပိတ်ဆို့နေရတဲ့ ရဲမေလေးတွေ မျက်နှာမြင်ရတာ သနားဖို့ သိပ်ကောင်းတယ်။ ရှက်ရွံ့ သိမ်ငယ်နေဟန် တွေ့ရတယ်။ အမှန်ကို မျက်ကွယ်ပြု ဆန့်ကျင်ဘက် ရပ်တည်ရရင် လူဆိုတာ အလိုလို သေးနုပ် အားနည်း သွားတတ်တာမျိုးချည်းပါပဲ။
တဖက်မှာလည်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ရက်မှာ လှုပ်ရှားဆောင်ရွက်နေတဲ့ ဆရာမ ဒေါ်နှင်းနှင်းမွှေးရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ တင်ထားတဲ့ လက်ပံတန်း အောင်မြေဗိမာန် ကျောင်းတိုက်အတွင်း ညကြီးမင်းကြီးပေမယ့် အိပ်မပျော်နိုင်ကြသေးတဲ့ သပိတ်မှောက် ကျောင်းသူကလေးတွေရဲ့ ပုံကိုလည်း တပြိုင်တည်း တွေ့ခဲ့ရတယ်။ ဆွေးနွေးမှုတွေ ဘာတွေ နောက်ထား၊ အစိုးရဘက်က အာဏာပြပြီး တကယ်လုပ်ချင်ရင် အချိန်မရွေး အကြမ်းဖက်ဝင်စီး သပိတ်နားခိုရာကို ဖြိုခွင်းနိုင်တာမို့ လုံခြုံရေးအရ စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပေမယ့် ကျောင်းသူတွေဟာ ညဉ့်နက်သန်းခေါင်မှာ မျက်နှာတွေမော် ရယ်ရယ်မောမော ခေါင်းမော့ ထားနိုင်ကြတယ်။
မတူညီတဲ့ နောက်ခံနဲ့ ဓာတ်ပုံ နှစ်ပုံကို တညတည်းမှာ တွေ့လိုက်ရတော့ အတွေးတွေ ပွားမိပါတယ်။
ဒီလို အခြေအနေကိုမှ အခု အွန်လိုင်းစာမျက်နှာတွေမှာ ဒီမိုကရေစီလိုလားသူ ဆိုသူများက ဘုန်းကြီးကျောင်းရှေ့မှာ ပိတ်ဆို့ရတဲ့ ရဲမေလေးတွေကို အားရပါးရ ဆဲနေကြတာတွေ တွေ့ရတော့ ပိုလို့ စိတ်မကောင်းဖြစ်ရပါတယ်။ အစိုးရစနစ်တခုအောက်မှာ လည်ပတ်ရတဲ့ ယန္တယားအစိတ်အပိုင်း တခုမျှသာဖြစ်တဲ့ အသုံးချခံ ရဲမေလေးတွေကို မဆဲကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ ပညာရေး၊ လွတ်လပ်ခွင့်ကို စစ်မှန်တဲ့ သဘောထားနဲ့ အမှန်တကယ် လိုလားသူဆိုရင် နိုင်ငံ့ ‘သားကောင်း’ မဟုတ်ရဘဲ စနစ် ‘သားကောင်’ အဖြစ် အသုံးချခံနေရတဲ့ ဘဝတွေကို မြင်အောင်ကြည့်ပေး၊ ခံစားနားလည်ပေးကြပါ။
ဒီမိုကရေစီ ပညာရေး ကျောင်းသားလှုပ်ရှားမှု ဖြစ်စဉ် တလျှောက်မှာ ရေငုံနှုတ်ပိတ်နေသူ၊ မပြောသင့် မပြောထိုက်တာ ပြောသူ၊ ပြောသင့်ပြောထိုက်တာ မပြောသူ စတဲ့ ဆဲသင့်ဆဲထိုက်သူ စာရင်းကို ကျနော် ထုတ်ပြနိုင်ပါတယ်။
ဒီမိုကရေစီ၊ ရွေးကောက်ပွဲ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ ဆိုတဲ့ အပေါ်ယံ အရေခွံလဲ အရောင်ပြောင်းမှုတွေ အခြေတည်ပြီးဖြစ်တဲ့ လက်ရှိ အာဏာရ ကြံ့ခိုင်ရေး စစ်တပိုင်းအစိုးရဟာ အာဏာနဲ့ အကျိုးစီးပွား တည်မြဲဖို့ရာအတွက် ကြားခံ အသုံးချရာမှာ ဟိုးအရင် စစ်အာဏာရှင် စနစ်လုံးလုံးလို လက်နက်ကိုင် စစ်တပ်၊ အကြမ်းဖက် လုံထိန်းရဲချည်း မဟုတ်တော့ပါ။ အခု ကျောင်းသားသပိတ်ကို အရင်လို လက်ရဲဇက်ရဲနဲ့ အကြမ်းဖက်နှိမ်နင်း အလုံးစုံ ဖြိုခွင်းခြင်း မပြုဘဲ ချီတက်ရာ လမ်းတလျှောက်မှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှု အစ၊ ကျောင်းဆရာ ပါမောက္ခအဆုံး ချော့တလှည့် ခြောက်တချီ အမျိုးမျိုး အဖုံဖုံ ဖိအားပေး တားဖြစ်နှောင့်ယှက်ရုံပဲ ပြုလုပ်နိုင်ခြင်းကိုက သူတို့မှာ အငှားပါးစပ်ကြားက ကျောင်းသားတွေကို ကန့်ကွက်ပေးမယ့် အုပ်စုတွေ တည်ရှိ မွေးထားပြီးလို့ပါ။
ဒီလို ကြားခံတွေကတဆင့် ကျောင်းသားလှုပ်ရှားမှုကို သေးသိမ်အောင်၊ လမ်းလွဲအောင်၊ အားပျော့အောင် အမျိုးစုံ လုပ်ခဲ့နိုင်ပါတယ်။ ကျောင်းသား အစစ်မဟုတ်ဘူး၊ ကွန်မြူနစ် သွေးထိုးသူတွေ နောက်ကွယ်က ပါတယ်၊ အစွန်းရောက်တွေရဲ့ မျိုးဆက်သစ်တွေ စတဲ့ မဟားတရား စွပ်စွဲမှုတွေအပြင် စာနယ်ဇင်းတချို့နဲ့ လက်ကိုင်တုတ် ပညာရှင်တွေကတဆင့် ကျောင်းသားကို နိုင်ငံရေး အသုံးချခံ မဖြစ်စေနဲ့၊ ပြဋ္ဌာန်းထားတဲ့ ပညာရေးဥပဒေနဲ့ ဗဟိုချုပ်ကိုင်မှု ဘယ်လို ကောင်းမွန် သင့်တင့် တိုင်းပြည်နဲ့ လိုက်လျောညီထွေ ရှိကြောင်းတို့ မပြတ်ဆိုခဲ့ကြတာ မဟုတ်လား။
ကောင်းကောင်းကန်းကန်း ဆွေးနွေးမှုတွေ သဘောတူ အောင်မြင်ပြီးမြောက်လို့ ဥပဒေကြမ်းပြင်ဆင်မှု လွှတ်တော်တင်ချိန်ရောက်တဲ့ အခုအချိန်ထိတောင် ကျောင်းသားကို ကွန်မြူနစ်နဲ့ ပေးစားခဲ့တယ်။ မွတ်စလင်နဲ့ပါ အပုပ်ချ သမုတ်ခဲ့တယ်။ ဒါနဲ့ အားမရနိုင်သေးလို့ နောက်ဆုံး လူ့အဖွဲ့အစည်းမှာ သြဇာထိပ်ထိန်း သက်ရောက်တဲ့ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ပါ ရန်တိုက်ပေးခဲ့တယ်။ ဒီလိုမွေးထားတဲ့ မျက်နှာစာ အသီးသီးကနေ ကျောင်းသားနဲ့ ဒီမိုကရေစီ ပညာရေးကို နာမ်နှိမ် ဈေးဖျက်လုပ်နေတယ် မဟုတ်ပါလား။
ဆိုချင်တာက စစ်အုပ်စုရဲ့ မျက်မှောက် နိုင်ငံရေး အပြောင်းအလဲမှာ အရင်လို ဂျီသရီးနဲ့ နံပါတ်တုတ် နှစ်မျိုးတည်းက ကျောင်းသားနဲ့ လူထု လှုပ်ရှားမှုကို ဖြိုခွင်းရာ လက်နက်မဟုတ်တော့တာကို မြင်စေလိုတာပါ။ သူတို့ လိုရင်လိုသလို လွှတ်တော်၊ အတိုက်အခံ အင်အားစုသာမက ရဟန်းသံဃာနဲ့ ပုဂ္ဂလိက စာနယ်ဇင်းတွေအထိပါ ကြားခံပရောက်ဇီတွေနဲ့ အသုံးချနေပါတယ်။
စစ်အုပ်စုရဲ့ ဒီမိုကရေစီ အရေခြုံခြင်းကို သိဒ္ဓိ တင်ပေးတဲ့ အမေရိကန်၊ စစ်သင်တန်းပေးတဲ့ ယူကေ၊ အဓိကရုဏ်း နှိမ်နင်းရေး လမ်းညွှန်သူ ဥရောပသမဂ္ဂ (EU) အထိ အားလုံးက ၂၀၁၁ နောက်ပိုင်း အစိုးရသစ်ရဲ့ ရံဖန်ရံခါ မကြာခဏ ဘီလူးသရုပ် မမေ့အောင် ရမ်းကား သွေးစွန်း အစွယ်ထုတ်ပြတတ်မှု အစုစုအတွက် ပူးတွဲတရားခံတွေပါ။ အခု ရဲမေလေးတွေကို ရှေ့တန်းတင် အသုံးချတဲ့ နည်းဗျူဟာကကို EU က သင်ပေးလိုက်တဲ့ အဓိကရုဏ်းနှိမ်နင်းရေး ပညာလို့ ယူဆနိုင်ပါတယ်။ သပိတ်အဖွဲ့မှာ ကျောင်းသူတွေပါတယ်။ ဝင်ပြီး နှိမ်နင်း ဝုန်းစရာလိုလာရင် အမျိုးသမီးရဲ ပါမှ လူအမြင်တင့်မယ်ဆိုတဲ့ EU ကသင်ပေးလိုက်တဲ့ အခြေခံလက်စွဲနည်းကို ထုတ်သုံးတာလို့တောင် ဆိုနိုင်ပါတယ်။
ဆိုခဲ့တဲ့ ကြားခံတွေကနေ အမျိုးမျိုး ကြိုးစားပြီးချိန်၊ နောက်ဆုံး လုံးဝ ထိန်းမနိုင် သိမ်းမရ သူတို့ ထိုင်ခုံနဲ့ စားကျက် (အကျိုးစီးပွား) ကို လုံးလုံး ထိပါးလာတော့မှသာ မီးလောင်ဗုံးတို့၊ ကျည်ဆန်တို့၊ နံပါတ်တုတ်တို့ ထုတ်သုံးပြီး ဘီလူး အစွယ်ထုတ်ပြခြင်းက အခု လျှောက်နေတဲ့လမ်းရဲ့ နည်းပရိယာယ်အသစ်ပါ။ ပြီးခဲ့တဲ့ လက်ပံတောင်းကိစ္စ သံဃာ လူထု မီးဗုံးဒဏ်ထိ၊ ကျည်ဆန်စာမိတဲ့ ဖြစ်စဉ်က တိုင်းပြည်ရဲ့ ပုံစံသစ် အာဏာရှင်လမ်းကြောင်းက ဖိနှိပ်မှုအစုစုရဲ့ နောက်ဆုံးအဆင့် လက်နက်ထုတ်ခြင်း သာဓကပါ။
အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ စီးပွားလိုဘနဲ့ ဒေသတွင်း တရုတ်နဲ့ အာဏာချိန်ခွင့်လျှာညှိ ယှဉ်လိုတဲ့ ပထဝီနိုင်ငံရေးကလာတဲ့ ထောက်ခံမှု လက်ရှိ စစ်တပိုင်းအစိုးရမှာ အပြည့်ရှိနေတယ်။ အနောက်အုပ်စုသြဇာက အတိုက်အခံနဲ့ အစိုးရ နှစ်ဖက်လုံးကို လွှမ်းမိုးနိုင်စွမ်းတယ်။ တရုတ်၊ ဂျပန်၊ အာဆီယံ စီးပွားဆက်စပ် ဝိုင်းဝန်းမှု ရှိတယ်။ အနာဂတ် စီးပွား မျှော်လင့်ချက် အပြည့်ရှိတယ်။ အသာစီးရ နိုင်ငံရေး အနေအထားရှိတယ်။ ဖွဲ့စည်းပုံနဲ့ ချုပ်ထားတဲ့ မသေမရှင် အတိုက်အခံ ရှိတယ်။ သြဇာရှိ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ကောင်းချီးမင်္ဂလာပြုမှု Blessing ရှိတယ်။
ဒါတွေအားလုံးဟာ အာဏာသိမ်းစရာမလိုဘဲ စစ်အုပ်စု၊ စစ်တပ်စီးပွား ဦးပိုင်နဲ့ အပေါင်းအပါ ခရိုနီ သူကြွယ်တစု ဒီမိုကရေစီ အမည်အောက်မှာ အနောက်အုပ်စုရဲ့ အရေးယူ ပိတ်ဆို့မှုမရှိ တရားဝင် အာဏာ၊ စီးပွား ရေရှည်တည်တံ့ခွင့်ရအောင် စနစ်တကျ ခိုင်မာ တည်ဆောက်နိုင်စေပါတယ်။ အရင်လို သေနတ်အားကိုး ဘီလူးဆိုင်း ပတ်လုံးပတ်မ အပြည့်တီးဖို့ အမြဲ မလိုပါဘူး။ လိုအပ်တဲ့ အချိန်လိုသလို ကျောင်းမှန်ကန်မှန်းသိအောင် မကြာခဏ ဘီလူးအစွယ် ထုတ်ပြတတ်ဖို့ပဲ လိုပါတယ်။
ဒါကြောင့် အခု စစ်အုပ်စုရဲ့ အနေအထားက ကြားခံတွေ အဆင့်ဆင့်ဆိုတာကို ဆွေးနွေးခဲ့တဲ့ ဖြစ်စဉ်ကို ကြည့်ရင် ရှင်းလင်းမြင်သာ ရှိမယ်လို့ ယူဆပါတယ်။ ဒီလို အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်တွေကို မျက်မြင်ထင်ရှား မြင်ပါလျက် ကြံဖော်ကြံဖက်တွေ တန်းစီ ရှေ့မှာ ဆွဲထုတ်နိုင်ပါလျက်၊ လူမုန်းခံ သွေးစွန်းတဲ့ အလုပ်တွေ လုပ်ရတဲ့ အောက်ခြေက လေးပစ် အစွယ်ဖြတ်ရသူ သောနုတ္တရတွေကို ကံကွက်ကြားပြီး နင့်ချည်း ဖိနင်း ဆဲဆို အပြစ်တင်ရင် မတရားရာရောက်သလို အဖြေမှန်လည်း ထွက်မှာ မဟုတ်ပါ။
သူတို့ကို ပြည်သူ့ဘက်က ရပ်တည်စေချင်ရင် ဖျောင်းဖျခြင်းက အကောင်းဆုံးပါ။ အာဏာရှင်ဆိုတာ လက်နက်ကိုင် ဒေါက်တိုက် မရှိရင် မရပ်တည်နိုင်ပါ။ အာဏာယစ်မူးသူတွေ ခိုင်းသမျှ နောက်မတွန့် လက်မရွံ့ လုပ်မယ့်၊ လုပ်နေတဲ့၊ လုပ်ခဲ့တဲ့ သားသတ်သမား အာဏာရှင် ပါးကွက်သားတွေ အပြည့်ဆိုတာလည်း အမှန်ပါ။ အာဏာရှင် လက်ကိုင်တုတ်အဖြစ် အသုံးချခံရင်း၊ အောက်ဆွဲလုပ်ရင်း ကောင်းစားနေသူတွေလည်း ရှိတယ်ဆိုတာ ဟုတ်ပါတယ်။
ဒါပေမဲ့ ကျိကျိတက် ချမ်းသာ အဆင်ပြေနေသူဆိုတာ အနည်းစုပါ။ အများစုက ရပ်ထဲရွာထဲက ပြည်သူလိုဘဲ မသေရုံစား၊ အရှက်လုံရုံဝတ်၊ စုတ်ပြတ်နုံခြာ ချွတ်ခြုံကျနေရတာပါ။ ဒီလို ဆင်းရဲအောင် မွဲအောင် စနစ်တကျ လုပ်ထားလို့လည်း သူတို့ ဘဝတွေက စာရိတ္တ မဏ္ဍိုင် မခိုင်ခံ့နိုင်ဘဲ ပြည်သူကို နှိပ်စက် ဓားခုတ်ရာ အားဖြည့်ရင်း အသက်မွေးနေကြရရှာတာပါ။
လူတိုင်းဟာ ထမင်းစား ရပါတယ်။ မိသားစုတိုင်းမှာ ကလေးတွေ ရှိပါတယ်။ တိုင်းပြည်ရှေ့ရေး၊ နိုင်ငံရေး၊ ပညာရေးနဲ့ လူမှု၊ စီးပွားရေးရာ အားလုံးဟာ စစ်သား၊ ရဲသား၊ အထူးသတင်းတပ်ဖွဲ့၊ အကြမ်းဖက် လုံထိန်း သူတို့အားလုံးနဲ့လည်း ဆိုင်ပါတယ်။ ဒါကို သူတို့လည်း ဘဝပေးအသိ၊ အနာ၊ ခံစားချက်တွေနဲ့ နားလည်တန်သလောက် နားလည်ပါတယ်။ ၁၉၈၈ လူထု အရေးတော်ပုံကြီးအတွင်း လှုပ်ရှားမှု အမြင့်ဆုံးရေချိန် နောက်ဆုံးမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် အစိုးရဝန်ထမ်း အားလုံးဟာ ပူးပေါင်းပါဝင် လှုပ်ရှားခဲ့ကြပါတယ်။ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သူ ဗိုလ်ကြီး စိုင်းဝင်းကျော်လို ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာဆိုလည်း (အဲဒီခေတ်) စစ်ရုံးချုပ်ရှိရာ ရှိရာ ဒဂုံ၊ တပ်နယ် မင်္ဂလာဒုံနဲ့ ဝန်ထမ်းနဲ့ စစ်စခန်းသာရှိတဲ့ ကိုကိုးကျွန်းကအစ ဒီမိုကရေစီအင်အားစုပဲ မဲအနိုင်ရခဲ့တဲ့ သာဓကတွေ ရှိပါတယ်။
ဆိုချင်တာက ဖိနှိပ်သူ အာဏာပိုင်တွေရဲ့ အောက်ခြေ ဒေါက်တိုင်တွေ ကိုယ့်ဘက်ပါအောင် သိမ်းသွင်းနိုင်မှ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ အန္တိမပန်းတိုင် အရောက် အောင်မြင်အောင် လျှောက်နိုင်ပါမယ်။ သူတို့ကို ဖိဆဲပြီး နောက်ကွယ်က တကယ့် ကြံရာပါတွေကို မျက်ကွယ်ပြုနေရင် ဒီစနစ်ဆိုးက အသက်ဆက်နေနိုင်မှာဖြစ်လို့ ဒီမိုကရေစီ သုခချမ်းသားလည်း ဘယ်တော့မှ အပြည့်အဝ ခံစားနိုင်မှာ မဟုတ်ပါ။
အောက်ခြေက လက်နက်ကိုင်ဆိုတာဟာ ရှမ်းဂီတစာဆို ဆရာ စိုင်းခမ်းလိတ် တေးဖွဲ့ခဲ့သလို စာခြောက်ရုပ်တွေပါ။ စစ်ဘီလူး မှော်ဆရာ ကဝေ စနစ်ယန္တရားက စစ်စက္ကောမ အတတ်နဲ့ လှုပ်ရှားမှု အသက် ဇီဝဓာတ် သွင်းပေးခြင်းခံရလို့ အသက်ဝင် ခြောက်ရ လှန့်ရ ပြုရ၊ လူသာရှင်နေပေမယ့် နှလုံးသား သေနေရသူတွေပါ။ ရွှေကြယ်ငွေကြယ်တွေ ပုခုံးမှာ စုကာ ဝေးနေရပေမဲ့ လူထုရှိုက်သံ ငိုသံ အော်ဟစ်သံတွေက သူတို့ နှလုံးသားမှာ အစဉ် ကိန်းအောင်း၊ သေသည့်တိုင် အိပ်မက်ဆိုး အဖြစ် ခြောက်လှန့်ခံနေရမှာပါ။
စာခြောက်ရုပ် ဘဝတွေကို စာနာ နားလည်ပေး သူတို့ကို ဖေးမကြောင်းပြရင်း လူထုနဲ့ ကျောင်းသား ရင်ခွင်ကို ခိုလှုံစေပါ။ စာခြောက်ရုပ် ဘဝရှင်တွေကလည်း သမိုင်းသင်ခန်းစားယူ၊ မျက်မှောက် မိမိတို့ရဲ့ ဘဝ ပကတိအဖြစ်တွေကို အမှန်အတိုင်း ရှုမြင် ဆင်ခြင်ကြပါ။ လက်ပံတောင်းက ယာသူမကြီးရဲ့ ပုံရိပ်ကို မြင်ကြည့် အသိတရား ရကြပါ။ အာဏာရှင်တွေ အမိန့်ပေးသမျှ ဘယ်သူသေသေ ငတေမာပြီးရော တာဝန်ကျေပြီးရော မလုပ်ကြပါနဲ့။ သမိုင်းမှာ အမည်းစက်ပေါင်း များစွာကို အနီရောင် သွေးစက်များစွာနဲ့ ဝမ်းနည်း နာကြည်းဖွယ် ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ အခုအချိန်မှာ သွေးမဲ့ သမိုင်းသစ် ဖွင့်လှစ်သင့်နေပါပြီ။
ဒါကြောင့် လူထု၊ ကျောင်းသား၊ အစိုးရ ဝန်ထမ်း လက်နက်ကိုင်အားလုံး ညီညွတ် လက်တွဲကာ ငြိမ်းချမ်း အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေနေနဲ့ အခြေတည်နေပြီး ဖြစ်တဲ့ ဒီမိုကရေစီ အမည်ခံ တရားဝင် စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်း ဖြိုဖျက်ကာ ဒီမိုကရေစီ ပညာရေးမှသည် ဒီမိုကရေစီ လောကနိဗ္ဗာန် တည်ရမယ့် အချိန်တန်နေပြီ ဖြစ်ကြောင်း ဆွေးနွေး တင်ပြလိုက်ကြောင်းပါ။
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်းများတွင် မျက်မှောက်ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။)
လူမုန်းခံသွေးစွန်းတဲ့အလုပ်တွေလုပ်ရတဲ့အောက်ခြေကလေးပစ်အစွယ်ဖြတ်ရသူသောနုတ္တရတွေကိုကံကွက်ကြားပြီးနင့်ချည်းဖိနင်းဆဲဆိုအပြစ်တင်ရင်မတရားရာရောက်သလိုအဖြေမှန်လည်းထွက်မှာမဟုတ်ပါ။
Category: Education
Key Words: ကျောင်းသားသပိတ်, အစိုးရ
ပုံစာ – လက်ပံတောင်းသပိတ်ကိုတားဆီးရာတွင်တာဝန်ယူနေသည့်ရဲမေများ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
သူ့အတွေးသူ့အမြင်
နိုင်ငံ့ “သားကောင်း” နဲ့စနစ်“သားကောင်”
ငြိမ်းချမ်းအေး၊မတ်၃၊၂၀၁၅
ဧရာဝတီသတင်းဌာနရဲ့ဓာတ်ပုံသတင်းထောက်ကိုဂျေပိုင်လက်ရာဓာတ်ပုံထဲကလက်ပံတန်းမှာကျောင်းသားပင်မသပိတ်ကြောင်းကိုပိတ်ဆို့နေရတဲ့ရဲမေလေးတွေမျက်နှာမြင်ရတာသနားဖို့သိပ်ကောင်းတယ်။ ရှက်ရွံ့သိမ်ငယ်နေဟန်တွေ့ရတယ်။ အမှန်ကိုမျက်ကွယ်ပြု ဆန့်ကျင်ဘက်ရပ်တည်ရရင်လူဆိုတာအလိုလိုသေးနုပ်အားနည်းသွားတတ်တာမျိုးချည်းပါပဲ။
တဖက်မှာလည်းပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကွန်ရက်မှာလှုပ်ရှားဆောင်ရွက်နေတဲ့ဆရာမဒေါ်နှင်းနှင်းမွှေးရဲ့လူမှုကွန်ရက် Facebook စာမျက်နှာမှာတင်ထားတဲ့လက်ပံတန်းအောင်မြေဗိမာန်ကျောင်းတိုက်အတွင်းညကြီးမင်းကြီးပေမယ့်အိပ်မပျော်နိုင်ကြသေးတဲ့သပိတ်မှောက်ကျောင်းသူကလေးတွေရဲ့ပုံကိုလည်းတပြိုင်တည်းတွေ့ခဲ့ရတယ်။ ဆွေးနွေးမှုတွေဘာတွေနောက်ထား၊အစိုးရဘက်ကအာဏာပြပြီးတကယ်လုပ်ချင်ရင်အချိန်မရွေးအကြမ်းဖက်ဝင်စီးသပိတ်နားခိုရာကိုဖြိုခွင်းနိုင်တာမို့လုံခြုံရေးအရစိုးရိမ်ရတဲ့အခြေအနေဖြစ်နေပေမယ့်ကျောင်းသူတွေဟာညဉ့်နက်သန်းခေါင်မှာမျက်နှာတွေမော်ရယ်ရယ်မောမောခေါင်းမော့ထားနိုင်ကြတယ်။
မတူညီတဲ့နောက်ခံနဲ့ဓာတ်ပုံနှစ်ပုံကိုတညတည်းမှာတွေ့လိုက်ရတော့အတွေးတွေပွားမိပါတယ်။
ဒီလိုအခြေအနေကိုမှအခုအွန်လိုင်းစာမျက်နှာတွေမှာဒီမိုကရေစီလိုလားသူဆိုသူများကဘုန်းကြီးကျောင်းရှေ့မှာပိတ်ဆို့ရတဲ့ရဲမေလေးတွေကိုအားရပါးရဆဲနေကြတာတွေတွေ့ရတော့ပိုလို့စိတ်မကောင်းဖြစ်ရပါတယ်။အစိုးရစနစ်တခုအောက်မှာလည်ပတ်ရတဲ့ယန္တယားအစိတ်အပိုင်းတခုမျှသာဖြစ်တဲ့အသုံးချခံရဲမေလေးတွေကိုမဆဲကြဖို့မေတ္တာရပ်ခံချင်ပါတယ်။အထူးသဖြင့်ဒီမိုကရေစီပညာရေး၊လွတ်လပ်ခွင့်ကိုစစ်မှန်တဲ့သဘောထားနဲ့အမှန်တကယ်လိုလားသူဆိုရင်နိုင်ငံ့ ‘သားကောင်း’ မဟုတ်ရဘဲစနစ် ‘သားကောင်’ အဖြစ်အသုံးချခံနေရတဲ့ဘဝတွေကိုမြင်အောင်ကြည့်ပေး၊ခံစားနားလည်ပေးကြပါ။
ဒီမိုကရေစီပညာရေးကျောင်းသားလှုပ်ရှားမှုဖြစ်စဉ်တလျှောက်မှာရေငုံနှုတ်ပိတ်နေသူ၊မပြောသင့်မပြောထိုက်တာပြောသူ၊ပြောသင့်ပြောထိုက်တာမပြောသူစတဲ့ဆဲသင့်ဆဲထိုက်သူစာရင်းကိုကျနော်ထုတ်ပြနိုင်ပါတယ်။
ဒီမိုကရေစီ၊ရွေးကောက်ပွဲ၊လွှတ်တော်၊နိုင်ငံရေးပါတီဆိုတဲ့အပေါ်ယံအရေခွံလဲအရောင်ပြောင်းမှုတွေအခြေတည်ပြီးဖြစ်တဲ့လက်ရှိအာဏာရကြံ့ခိုင်ရေးစစ်တပိုင်းအစိုးရဟာအာဏာနဲ့အကျိုးစီးပွားတည်မြဲဖို့ရာအတွက် ကြားခံအသုံးချရာမှာဟိုးအရင်စစ်အာဏာရှင်စနစ်လုံးလုံးလိုလက်နက်ကိုင်စစ်တပ်၊အကြမ်းဖက်လုံထိန်းရဲချည်းမဟုတ်တော့ပါ။ အခုကျောင်းသားသပိတ်ကိုအရင်လိုလက်ရဲဇက်ရဲနဲ့အကြမ်းဖက်နှိမ်နင်းအလုံးစုံဖြိုခွင်းခြင်းမပြုဘဲချီတက်ရာလမ်းတလျှောက်မှာဒေသဆိုင်ရာအုပ်ချုပ်ရေးမှုအစ၊ကျောင်းဆရာပါမောက္ခအဆုံးချော့တလှည့်ခြောက်တချီအမျိုးမျိုးအဖုံဖုံဖိအားပေးတားဖြစ်နှောင့်ယှက်ရုံပဲပြုလုပ်နိုင်ခြင်းကိုကသူတို့မှာအငှားပါးစပ်ကြားကကျောင်းသားတွေကိုကန့်ကွက်ပေးမယ့်အုပ်စုတွေတည်ရှိမွေးထားပြီးလို့ပါ။
ဒီလိုကြားခံတွေကတဆင့်ကျောင်းသားလှုပ်ရှားမှုကိုသေးသိမ်အောင်၊လမ်းလွဲအောင်၊အားပျော့အောင်အမျိုးစုံလုပ်ခဲ့နိုင်ပါတယ်။ကျောင်းသားအစစ်မဟုတ်ဘူး၊ကွန်မြူနစ်သွေးထိုးသူတွေနောက်ကွယ်ကပါတယ်၊ အစွန်းရောက်တွေရဲ့မျိုးဆက်သစ်တွေစတဲ့မဟားတရားစွပ်စွဲမှုတွေအပြင်စာနယ်ဇင်းတချို့နဲ့လက်ကိုင်တုတ်ပညာရှင်တွေကတဆင့်ကျောင်းသားကိုနိုင်ငံရေးအသုံးချခံမဖြစ်စေနဲ့၊ပြဋ္ဌာန်းထားတဲ့ပညာရေးဥပဒေနဲ့ဗဟိုချုပ်ကိုင်မှုဘယ်လိုကောင်းမွန်သင့်တင့်တိုင်းပြည်နဲ့လိုက်လျောညီထွေရှိကြောင်းတို့မပြတ်ဆိုခဲ့ကြတာမဟုတ်လား။
ကောင်းကောင်းကန်းကန်းဆွေးနွေးမှုတွေသဘောတူအောင်မြင်ပြီးမြောက်လို့ဥပဒေကြမ်းပြင်ဆင်မှုလွှတ်တော်တင်ချိန်ရောက်တဲ့အခုအချိန်ထိတောင်ကျောင်းသားကိုကွန်မြူနစ်နဲ့ပေးစားခဲ့တယ်။မွတ်စလင်နဲ့ပါအပုပ်ချသမုတ်ခဲ့တယ်။ဒါနဲ့အားမရနိုင်သေးလို့နောက်ဆုံးလူ့အဖွဲ့အစည်းမှာသြဇာထိပ်ထိန်းသက်ရောက်တဲ့ဘာသာရေးအဖွဲ့အစည်းတွေနဲ့ပါရန်တိုက်ပေးခဲ့တယ်။ဒီလိုမွေးထားတဲ့မျက်နှာစာအသီးသီးကနေကျောင်းသားနဲ့ဒီမိုကရေစီပညာရေးကိုနာမ်နှိမ်ဈေးဖျက်လုပ်နေတယ်မဟုတ်ပါလား။
ဆိုချင်တာကစစ်အုပ်စုရဲ့မျက်မှောက်နိုင်ငံရေးအပြောင်းအလဲမှာအရင်လိုဂျီသရီးနဲ့နံပါတ်တုတ်နှစ်မျိုးတည်းကကျောင်းသားနဲ့လူထုလှုပ်ရှားမှုကိုဖြိုခွင်းရာလက်နက်မဟုတ်တော့တာကိုမြင်စေလိုတာပါ။သူတို့လိုရင်လိုသလိုလွှတ်တော်၊အတိုက်အခံအင်အားစုသာမကရဟန်းသံဃာနဲ့ပုဂ္ဂလိကစာနယ်ဇင်းတွေအထိပါကြားခံပရောက်ဇီတွေနဲ့အသုံးချနေပါတယ်။
စစ်အုပ်စုရဲ့ဒီမိုကရေစီအရေခြုံခြင်းကိုသိဒ္ဓိတင်ပေးတဲ့အမေရိကန်၊စစ်သင်တန်းပေးတဲ့ယူကေ၊အဓိကရုဏ်းနှိမ်နင်းရေးလမ်းညွှန်သူဥရောပသမဂ္ဂ(EU)အထိအားလုံးက၂၀၁၁နောက်ပိုင်းအစိုးရသစ်ရဲ့ရံဖန်ရံခါမကြာခဏဘီလူးသရုပ်မမေ့အောင်ရမ်းကားသွေးစွန်းအစွယ်ထုတ်ပြတတ်မှုအစုစုအတွက်ပူးတွဲတရားခံတွေပါ။အခုရဲမေလေးတွေကိုရှေ့တန်းတင်အသုံးချတဲ့နည်းဗျူဟာကကိုEU ကသင်ပေးလိုက်တဲ့အဓိကရုဏ်းနှိမ်နင်းရေးပညာလို့ယူဆနိုင်ပါတယ်။သပိတ်အဖွဲ့မှာကျောင်းသူတွေပါတယ်။ဝင်ပြီးနှိမ်နင်းဝုန်းစရာလိုလာရင်အမျိုးသမီးရဲပါမှလူအမြင်တင့်မယ်ဆိုတဲ့EU ကသင်ပေးလိုက်တဲ့အခြေခံလက်စွဲနည်းကိုထုတ်သုံးတာလို့တောင်ဆိုနိုင်ပါတယ်။
ဆိုခဲ့တဲ့ကြားခံတွေကနေအမျိုးမျိုးကြိုးစားပြီးချိန်၊နောက်ဆုံးလုံးဝထိန်းမနိုင်သိမ်းမရသူတို့ထိုင်ခုံနဲ့စားကျက်(အကျိုးစီးပွား) ကိုလုံးလုံးထိပါးလာတော့မှသာမီးလောင်ဗုံးတို့၊ကျည်ဆန်တို့၊နံပါတ်တုတ်တို့ထုတ်သုံးပြီးဘီလူးအစွယ်ထုတ်ပြခြင်းကအခုလျှောက်နေတဲ့လမ်းရဲ့နည်းပရိယာယ်အသစ်ပါ။ ပြီးခဲ့တဲ့လက်ပံတောင်းကိစ္စသံဃာလူထုမီးဗုံးဒဏ်ထိ၊ကျည်ဆန်စာမိတဲ့ဖြစ်စဉ်ကတိုင်းပြည်ရဲ့ပုံစံသစ်အာဏာရှင်လမ်းကြောင်းကဖိနှိပ်မှုအစုစုရဲ့နောက်ဆုံးအဆင့်လက်နက်ထုတ်ခြင်းသာဓကပါ။
အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုရဲ့စီးပွားလိုဘနဲ့ဒေသတွင်းတရုတ်နဲ့အာဏာချိန်ခွင့်လျှာညှိယှဉ်လိုတဲ့ပထဝီနိုင်ငံရေးကလာတဲ့ထောက်ခံမှုလက်ရှိစစ်တပိုင်းအစိုးရမှာအပြည့်ရှိနေတယ်။အနောက်အုပ်စုသြဇာကအတိုက်အခံနဲ့အစိုးရနှစ်ဖက်လုံးကိုလွှမ်းမိုးနိုင်စွမ်းတယ်။တရုတ်၊ဂျပန်၊အာဆီယံစီးပွားဆက်စပ်ဝိုင်းဝန်းမှုရှိတယ်။ အနာဂတ်စီးပွားမျှော်လင့်ချက်အပြည့်ရှိတယ်။အသာစီးရနိုင်ငံရေးအနေအထားရှိတယ်။ဖွဲ့စည်းပုံနဲ့ချုပ်ထားတဲ့မသေမရှင်အတိုက်အခံရှိတယ်။သြဇာရှိဘာသာရေးခေါင်းဆောင်တွေရဲ့ကောင်းချီးမင်္ဂလာပြုမှု Blessing ရှိတယ်။
ဒါတွေအားလုံးဟာအာဏာသိမ်းစရာမလိုဘဲစစ်အုပ်စု၊စစ်တပ်စီးပွားဦးပိုင်နဲ့အပေါင်းအပါခရိုနီသူကြွယ်တစုဒီမိုကရေစီအမည်အောက်မှာအနောက်အုပ်စုရဲ့အရေးယူပိတ်ဆို့မှုမရှိတရားဝင်အာဏာ၊စီးပွားရေရှည်တည်တံ့ခွင့်ရအောင်စနစ်တကျခိုင်မာတည်ဆောက်နိုင်စေပါတယ်။အရင်လိုသေနတ်အားကိုးဘီလူးဆိုင်းပတ်လုံးပတ်မအပြည့်တီးဖို့အမြဲမလိုပါဘူး။လိုအပ်တဲ့အချိန်လိုသလိုကျောင်းမှန်ကန်မှန်းသိအောင်မကြာခဏဘီလူးအစွယ်ထုတ်ပြတတ်ဖို့ပဲလိုပါတယ်။
ဒါကြောင့်အခုစစ်အုပ်စုရဲ့အနေအထားကကြားခံတွေအဆင့်ဆင့်ဆိုတာကိုဆွေးနွေးခဲ့တဲ့ဖြစ်စဉ်ကိုကြည့်ရင်ရှင်းလင်းမြင်သာရှိမယ်လို့ယူဆပါတယ်။ဒီလိုအစွယ်လိုသူမိဖုရား၊အသွားစေခိုင်းသူမင်းဧကရာဇ်တွေကိုမျက်မြင်ထင်ရှားမြင်ပါလျက်ကြံဖော်ကြံဖက်တွေတန်းစီရှေ့မှာဆွဲထုတ်နိုင်ပါလျက်၊လူမုန်းခံသွေးစွန်းတဲ့အလုပ်တွေလုပ်ရတဲ့အောက်ခြေကလေးပစ်အစွယ်ဖြတ်ရသူသောနုတ္တရတွေကိုကံကွက်ကြားပြီးနင့်ချည်းဖိနင်းဆဲဆိုအပြစ်တင်ရင်မတရားရာရောက်သလိုအဖြေမှန်လည်းထွက်မှာမဟုတ်ပါ။
သူတို့ကိုပြည်သူ့ဘက်ကရပ်တည်စေချင်ရင်ဖျောင်းဖျခြင်းကအကောင်းဆုံးပါ။ အာဏာရှင်ဆိုတာလက်နက်ကိုင်ဒေါက်တိုက်မရှိရင်မရပ်တည်နိုင်ပါ။အာဏာယစ်မူးသူတွေခိုင်းသမျှနောက်မတွန့်လက်မရွံ့လုပ်မယ့်၊လုပ်နေတဲ့၊လုပ်ခဲ့တဲ့သားသတ်သမားအာဏာရှင်ပါးကွက်သားတွေအပြည့်ဆိုတာလည်းအမှန်ပါ။ အာဏာရှင်လက်ကိုင်တုတ်အဖြစ်အသုံးချခံရင်း၊အောက်ဆွဲလုပ်ရင်းကောင်းစားနေသူတွေလည်းရှိတယ်ဆိုတာဟုတ်ပါတယ်။
ဒါပေမဲ့ကျိကျိတက်ချမ်းသာအဆင်ပြေနေသူဆိုတာအနည်းစုပါ။ အများစုကရပ်ထဲရွာထဲကပြည်သူလိုဘဲမသေရုံစား၊အရှက်လုံရုံဝတ်၊စုတ်ပြတ်နုံခြာချွတ်ခြုံကျနေရတာပါ။ဒီလိုဆင်းရဲအောင်မွဲအောင်စနစ်တကျလုပ်ထားလို့လည်းသူတို့ဘဝတွေကစာရိတ္တမဏ္ဍိုင်မခိုင်ခံ့နိုင်ဘဲပြည်သူကိုနှိပ်စက်ဓားခုတ်ရာအားဖြည့်ရင်းအသက်မွေးနေကြရရှာတာပါ။
လူတိုင်းဟာထမင်းစားရပါတယ်။မိသားစုတိုင်းမှာကလေးတွေရှိပါတယ်။တိုင်းပြည်ရှေ့ရေး၊နိုင်ငံရေး၊ပညာရေးနဲ့လူမှု၊စီးပွားရေးရာအားလုံးဟာစစ်သား၊ရဲသား၊အထူးသတင်းတပ်ဖွဲ့၊အကြမ်းဖက်လုံထိန်းသူတို့အားလုံးနဲ့လည်းဆိုင်ပါတယ်။ဒါကိုသူတို့လည်းဘဝပေးအသိ၊အနာ၊ခံစားချက်တွေနဲ့နားလည်တန်သလောက်နားလည်ပါတယ်။၁၉၈၈လူထုအရေးတော်ပုံကြီးအတွင်းလှုပ်ရှားမှုအမြင့်ဆုံးရေချိန်နောက်ဆုံးမှာလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင်အစိုးရဝန်ထမ်းအားလုံးဟာပူးပေါင်းပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူဗိုလ်ကြီးစိုင်းဝင်းကျော်လိုဖြစ်စဉ်တွေရှိခဲ့ပါတယ်။၁၉၉၀ရွေးကောက်ပွဲမှာဆိုလည်း (အဲဒီခေတ်) စစ်ရုံးချုပ်ရှိရာရှိရာဒဂုံ၊တပ်နယ်မင်္ဂလာဒုံနဲ့ဝန်ထမ်းနဲ့စစ်စခန်းသာရှိတဲ့ကိုကိုးကျွန်းကအစဒီမိုကရေစီအင်အားစုပဲမဲအနိုင်ရခဲ့တဲ့သာဓကတွေရှိပါတယ်။
ဆိုချင်တာကဖိနှိပ်သူအာဏာပိုင်တွေရဲ့အောက်ခြေဒေါက်တိုင်တွေကိုယ့်ဘက်ပါအောင်သိမ်းသွင်းနိုင်မှဒီမိုကရေစီလှုပ်ရှားမှုရဲ့အန္တိမပန်းတိုင်အရောက်အောင်မြင်အောင်လျှောက်နိုင်ပါမယ်။သူတို့ကိုဖိဆဲပြီးနောက်ကွယ်ကတကယ့်ကြံရာပါတွေကိုမျက်ကွယ်ပြုနေရင်ဒီစနစ်ဆိုးကအသက်ဆက်နေနိုင်မှာဖြစ်လို့ဒီမိုကရေစီသုခချမ်းသားလည်းဘယ်တော့မှအပြည့်အဝခံစားနိုင်မှာမဟုတ်ပါ။
အောက်ခြေကလက်နက်ကိုင်ဆိုတာဟာရှမ်းဂီတစာဆိုဆရာစိုင်းခမ်းလိတ်တေးဖွဲ့ခဲ့သလိုစာခြောက်ရုပ်တွေပါ။ စစ်ဘီလူးမှော်ဆရာကဝေစနစ်ယန္တရားကစစ်စက္ကောမအတတ်နဲ့လှုပ်ရှားမှုအသက်ဇီဝဓာတ်သွင်းပေးခြင်းခံရလို့အသက်ဝင်ခြောက်ရလှန့်ရပြုရ၊လူသာရှင်နေပေမယ့်နှလုံးသားသေနေရသူတွေပါ။ရွှေကြယ်ငွေကြယ်တွေပုခုံးမှာစုကာဝေးနေရပေမဲ့လူထုရှိုက်သံငိုသံအော်ဟစ်သံတွေကသူတို့နှလုံးသားမှာအစဉ်ကိန်းအောင်း၊သေသည့်တိုင်အိပ်မက်ဆိုးအဖြစ်ခြောက်လှန့်ခံနေရမှာပါ။
စာခြောက်ရုပ်ဘဝတွေကိုစာနာနားလည်ပေးသူတို့ကိုဖေးမကြောင်းပြရင်းလူထုနဲ့ကျောင်းသားရင်ခွင်ကိုခိုလှုံစေပါ။ စာခြောက်ရုပ်ဘဝရှင်တွေကလည်းသမိုင်းသင်ခန်းစားယူ၊မျက်မှောက်မိမိတို့ရဲ့ဘဝပကတိအဖြစ်တွေကိုအမှန်အတိုင်းရှုမြင်ဆင်ခြင်ကြပါ။ လက်ပံတောင်းကယာသူမကြီးရဲ့ပုံရိပ်ကိုမြင်ကြည့်အသိတရားရကြပါ။ အာဏာရှင်တွေအမိန့်ပေးသမျှဘယ်သူသေသေငတေမာပြီးရောတာဝန်ကျေပြီးရောမလုပ်ကြပါနဲ့။ သမိုင်းမှာအမည်းစက်ပေါင်းများစွာကိုအနီရောင်သွေးစက်များစွာနဲ့ဝမ်းနည်းနာကြည်းဖွယ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။အခုအချိန်မှာသွေးမဲ့သမိုင်းသစ်ဖွင့်လှစ်သင့်နေပါပြီ။
ဒါကြောင့်လူထု၊ကျောင်းသား၊အစိုးရဝန်ထမ်းလက်နက်ကိုင်အားလုံးညီညွတ်လက်တွဲကာငြိမ်းချမ်းအကြမ်းမဖက်တဲ့လှုပ်ရှားမှုတွေနေနဲ့အခြေတည်နေပြီးဖြစ်တဲ့ဒီမိုကရေစီအမည်ခံတရားဝင်စစ်အာဏာရှင်စနစ်ကိုဝိုင်းဝန်းဖြိုဖျက်ကာ ဒီမိုကရေစီပညာရေးမှသည်ဒီမိုကရေစီလောကနိဗ္ဗာန်တည်ရမယ့်အချိန်တန်နေပြီဖြစ်ကြောင်းဆွေးနွေးတင်ပြလိုက်ကြောင်းပါ။
(ငြိမ်းချမ်းအေးသည်အွန်လိုင်း၊ပုံနှိပ်စာနယ်ဇင်းများတွင်မျက်မှောက်ရေးရာနှင့်အထွေအထွေအာဘော်ဆောင်းပါးများရေးသားနေသူတယောက်ဖြစ်သည်။)