• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ ဘယ်သူ့အတွက်လဲ

by ကျော်စွာမိုး
10 March 2015
in သူ့အတွေး သူ့အမြင်
A A
ဒီမိုကရေစီ, ပြုပြင်ပြောင်းလဲရေး,

စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာ တပ်မတော် ခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုအောက်မှာ ရှိတဲ့ ဒီမိုကရေစီပါ (သရုပ်ဖော် - ဟန်လေး / ဧရာဝတီ)

3.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာ ကမ္ဘာ့နိုင်ငံတွေကို ပဟေဠိ ဖြစ်စေခဲ့ပြီး မေးခွန်းတခု ပေါ်ထွက်လာပါ တယ်။ တပ်မတော်ခေါင်းဆောင်တွေဟာ ရုတ်တရက်ကြီး ဘာလို့အပြောင်းအလဲတွေ လုပ်ခဲ့ကြတာလဲ။ အာရပ်နွေဦးလိုမျိုး ဒီရွှေနိုင်ငံမှာ ကြုံလာရမှာ စိုးရွံ့လို့လား။ တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို စိတ်ပျက်လာလို့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည်တည် ဆောက်ချင်လို့လား။ ဒါမှမဟုတ် တပ်မတော်ခေါင်းဆောင်တွေဟာ သူတို့အမှားလုပ်ခဲ့တာကို သတိပြုမိလာလို့ရော မဖြစ်နိုင်ဘူးလား။

ဒီမေးခွန်းတွေဟာ အဖြစ်မှန်နဲ့ မနီးစပ်ဘူးလို့ ထင်ပါတယ်။ တကယ်တော့ တပ်မတော်ခေါင်းဆောင် တွေက အပြောင်းအလဲကို ရုတ်တရက်ကြီး လိုလားခဲ့ တာ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်မှာ အရပ်သား အမည်ခံ အစိုးရကို အာဏာလွှဲပြောင်းမပေးမီအထိ နှစ် ၂၀ နီးပါး စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
1.2k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
5.9k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.4k

သူတို့ရဲ့အစီအစဉ်မှာ ရည်ရွယ်ချက် ၂ ခု ရှိပါ တယ်။ ပထမက တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံကို တရားဝင် ဆက်လက်အုပ်ချုပ်နိုင်စေ ဖို့ဖြစ်ပြီး ဒုတိယက စစ်တပ်ကို နိုင်ငံရေးမှာ အဓိက နေရာက ပါဝင်ခွင့်ပေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဖန်တီးဖို့ဖြစ်ပါတယ်။ စစ်အစိုးရက စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီကို တည်ဆောက်ဖို့ လုပ်ဆောင် မယ်လို့ ပြောခဲ့ပါတယ်။ ဆိုလိုတာကတော့ တပ်မတော်ခေါင်းဆောင်တွေက လမ်းညွှန်မှုအောက်မှာ ရှိတဲ့ ဒီမိုကရေစီပါပဲ။

တပ်မတော် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ တဖက်သတ် အုပ်ချုပ်မှုကို ပြောင်းလဲလိုခဲ့ကြတာ မဟုတ်ပါဘူး။ ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ အဲဒီ နောက်ပိုင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် သာ မဖြစ်မနေ အပြောင်းအလဲတွေ လုပ်ခဲ့ကြရတာ ပါ။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ အာဏာသိမ်းယူခဲ့တဲ့ စစ်အစိုးရဟာ  နိုင်ငံတဝန်း လူထုအုံြွကမှုတွေနဲ့ ရင်ဆိုင်လာရပြီး ရွေးချယ်စရာ မရှိတော့တဲ့နောက်ဆုံး ပါတီစုံစနစ်နဲ့ ဈေးကွက် စီးပွားရေးစနစ်ကို ခွင့်ပြုခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ် ဦးသိန်းစိန်အစိုးရက စတင်ခဲ့တဲ့ လက်ရှိပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်ဟာ ၈၈ အရေးအခင်းရဲ့ တွန်းအားကြောင့် အဓိကဖြစ်ပေါ်လာတဲ့ အာဏာ သိမ်းစစ်အစိုးရရဲ့ အပြောင်းအလဲ လုပ်မှုတွေထဲက နောက်ဆုံးအပြောင်းအလဲ ဖြစ်စဉ်တခုပါ။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လို့ သူတို့ကိုယ်သူတို့အမည်ပေးထားတဲ့ အာဏာ သိမ်းစစ်အစိုးရဟာ ၁၉၈၈ ခုနှစ်၊ မေလ ၂၇ ရက် နေ့မှာ သမိုင်းဝင် ရွေးကောက်ပွဲတရပ်ကို ကျင်းပခဲ့ပါ တယ်။ အနှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် မြန်မာ ပြည်သူတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲမှာ မဲပေးခဲ့ကြပါတယ်။ လူကြိုက်အများဆုံး NLD ပါတီ အပါအဝင် ပါတီ ၉၃ ခုဟာ ရွေး ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ NLD ရဲ့အဓိကပြိုင်ဘက်ကတော့ စစ်အစိုးရ ကျောထောက် နောက်ခံရှိတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဖြစ်ပါတယ်။ ဒီပါတီဟာဆိုရင် မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း တည်ထောင်ခဲ့ တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အသွင် ပြောင်းထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာ NLD ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ် ကျခံနေရပြီး လွှတ်တော်အမတ်နေရာ အတွက် ဝင်ပြိုင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ပါတီ ၁၀ဝ နီးပါး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ် လို့ NLD အနေနဲ့ မဲအများစုကို မနိုင်လောက်ဘူးလို့ အာဏာသိမ်းစစ်အစိုးရက ယူဆခဲ့တာပါ။ ဒါပေမယ့် လည်း သူတို့ရဲ့တွက်ချက်မှုဟာ မှားယွင်းခဲ့ပါတယ်။ NLD က ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင် ရခဲ့ပြီး ပြည်သူ့လွှတ်တော်အမတ် ၄၈၅ နေရာမှာ ၃၉၂ နေရာ အနိုင်ရခဲ့ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကတော့  ၁၀ နေရာသာ အနိုင်ရခဲ့တာပါ။

အာဏာသိမ်း စစ်အစိုးရက ဒီရလဒ်တွေကို အသိ အမှတ်မပြုခဲ့ဘဲ NLD ပါတီနဲ့ အခြားရွေးကောက်ခံ အတိုက်အခံပါတီတွေက နိုင်ငံရေးသမား အများ အပြားကို ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။ တချိန် တည်းမှာပဲ တပ်မတော်ခေါင်းဆောင်တွေဟာ သူတို့ ရဲ့ နိုင်ငံရေးအစီအစဉ်ကို အပြောင်းအလဲ လုပ်ခဲ့ကြ ပါတယ်။ အဲဒီအချိန်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်ဟာ ရွေးကောက်ပွဲမှာအနိုင်ရသူကို အာဏာ လွှဲပေးမယ်ဆိုတဲ့ သူ့ရဲ့ကတိကို ဖျက်ခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ သူဟာ သူ့ရဲ့ ဒုတိယခေါင်းဆောင် တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယဗိုလ် ချုပ်ကြီး ခင်ညွန့်တို့က ဖယ်ရှားခြင်းကို ခံခဲ့ရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်ဟာ နာမည်ဆိုးနဲ့ကျော် ကြားတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်လာပါတယ်။

၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ၁၉၈၈ လူထုအုံြွကမှုကြောင့် ဆိုရှယ်လစ်အစိုးရနဲ့အတူ ဖယ် ရှားခံလိုက်ရပြီးတဲ့နောက် အာဏာသိမ်း စစ်အစိုးရ ဟာ ဖွဲ့စည်းပုံအသစ်တခုကို ရေးဆွဲဖို့အတွက် ၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံကို ခေါ်ယူခဲ့ပါတယ်။ ဒီအမျိုးသားညီလာခံကို ကိုယ်စားလှယ် ၇၀၂ ယောက် တက်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ထဲက ၁၄၇ ယောက် ကသာ ရွေးကောက်ခံအမတ်တွေနဲ့ NLD အပါအဝင် ပါတီကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေ ကတော့ အစိုးရက ရွေးချယ်တက်ရောက်စေတာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ အမျိုးသားညီလာခံ ကျင်းပတာ ၂ နှစ်သာ ကြာသွားပေမယ့် ဘာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ထွက်မလာခဲ့ပါဘူး။ ၁၉၉၅ ခုနှစ် ဇူလိုင်လမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်ကလွတ်လာပြီး နောက်လေးလအကြာ မှာတော့ NLD ကိုယ်စားလှယ်တွေဟာ ညီလာခံရဲ့ ဆောင်ရွက်မှုတွေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီ ဘူးဆိုပြီး ညီလာခံကို သပိတ်မှောက်ထွက်ခွာလာကြ ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ = နိုင်ငံရေးခံကတုတ်

စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကြောင်းပေါ်မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာ အာဏာသိမ်း စစ်အစိုးရအတွက် အရေးအပါ ဆုံးသော ကိရိယာဖြစ်ခဲ့ပြီး နိုင်ငံရေးခံကတုတ် သဘောမျိုး အသုံးတော်ခံခဲ့တာပါ။

အာဏာသိမ်း စစ်အစိုးရဟာ ဒီမိုကရေစီဖော် ဆောင်ရေး လှုပ်ရှားမှုတွေကို ရပ်တန့်ပစ်ဖို့ ကြိုးစား နေတဲ့အချိန်မှာပဲ ၁၉၉၅ ခုနှစ်မှာ အမျိုးသားညီလာခံ ကို သပိတ်မှောက်ခံခဲ့ရပြီးနောက် ရပ်တန့်သွားတဲ့ နိုင်ငံရေးလမ်းညွှန်မြေပုံကို ပြန်လည်စတင်ခဲ့ပါတယ်။ သူတို့ကိုယ်သူတို့ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီလို့ ၁၉၉၇ ခုနှစ်မှာ အမည် ပြောင်းပေးခဲ့တဲ့ အာဏာသိမ်းစစ်အစိုးရဟာ ၂၀ဝ၄ ခုနှစ်မှာ အမျိုးသားညီလာခံကို ပြန်လည် စတင်ခဲ့ပါ တယ်။ နောက် ၄ နှစ်အတွင်း အာဏာသိမ်းစစ်အစိုးရ က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်း ပုံ အခြေခံဥပဒေ အသစ်တခုကို ရေးဆွဲခဲ့ပါတယ်။

အခြေခံဥပဒေကို ရေးဆွဲပြီးတဲ့ အချိန်မှာတော့ နိုင်ငံလုံးကျွတ် ဆန္ဒခံယူပွဲကို အဆိုးဝါးဆုံးလို့ဆိုနိုင်တဲ့ အချိန်မှာ ကျင်းပခဲ့ပါတယ်။ လူပေါင်း ၁၃၈çဝဝဝ ကျော် သေဆုံးခဲ့ပြီး လူအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် တပတ် အကြာ ၂၀ဝ၈ ခုနှစ်၊ မေလထဲမှာ ဒီဆန္ဒခံယူပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီသဘာဝဘေးအန္တရာယ် ဆိုးကြီးရဲ့ အပျက်အစီးတွေကြားမှာပဲ စစ်အစိုးရက သူတို့ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဲပေး ခွင့်ရှိသူ  ၉၀ ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် မြန်မာပြည်သူ အများစုဟာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံခဲ့ကြမှာ မဟုတ်ပါဘူး။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို နိုင်ငံတွင်းမှာရှိသူ တော်တော်များများက “နာဂစ်ဖွဲ့စည်းပုံ” လို့ခေါ်နေကြဆဲဖြစ်ပြီး အကြောင်း ကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်ခေါင်း ဆောင်တွေကို သူတို့ရဲ့ အတိတ်ကအမှားတွေအတွက် တရားစွဲဆိုခြင်းခံရမှုကနေ အကာအကွယ် ပေးထား သလို နိုင်ငံကို တရားဝင် ဆက်လက်အုပ်ချုပ်နိုင်ဖို့ ကိုလည်း အာမခံချက်ပေးထားလို့ပါပဲ။

“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်” လို့ ဖွဲ့စည်း ပုံအခြေခံဥပဒေရဲ့ ပထမအခန်း၊ ပထမစာမျက်နှာမှာ ရေးထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ရေးနဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ အခန်း (၁၂) မှာ တော့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းရဲ့အထက် သဘောတူညီမှုရမှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မယ်လို့ ဆိုပါတယ်။ ဒါကတော့ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားပါပဲ။ အကြောင်းကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ထဲမှာ ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခန့်အပ်တဲ့ တပ် မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေလို့ ဖြစ်ပါတယ်။

ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီး နောက်မှာတော့ ဦးသန်းရွှေရဲ့ စစ်အစိုးရက ၂၀၁၀ ခုနှစ်မှာ အထွေ ထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် ဒီတခါမှာတော့ သူတို့ဟာ ပြိုင်ဘက်တွေကို လျှော့ မတွက်တော့ပါဘူး။ နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်ကနေ လွှတ်ရက်စေ့ဖို့ တပတ်အလိုမှာ ရွေးကောက်ပွဲကို ကျင်းပဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ NLD နဲ့ ပါတီအချို့က ရွေး ကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး မျှော်လင့်ထားတဲ့ အတိုင်းပဲ စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အပြတ် အသတ် အနိုင်ရခဲ့ပါတယ်။ ၂၀ဝ၈ ခုနှစ်က ကျင်းပ ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲလိုပဲ ဒီရွေးကောက်ပွဲဟာ လည်း မဲမသမာမှုတွေ ရှိခဲ့တယ်လို့ တော်တော် များများက ယုံကြည်ကြပါတယ်။

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှာ ဒေါ် အောင်ဆန်းစုကြည် ပြန်လွတ်လာချိန်မှာတော့ မြန်မာ နိုင်ငံသာမက ကမ္ဘာကပါ ကောင်းချီးပေးခဲ့ကြတာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အတော်လေးကိုနောက် ကျသွားခဲ့ပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည် ပြုခဲ့ပြီးဖြစ်သလို USDP ကလည်း လွှတ်တော်အမတ် နေရာအများစုကို ရယူပြီး အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၇ ချက်ထဲက ၆ ချက်က အပြီး သတ်ခဲ့ပါပြီ။ နောက်ဆုံးအဆင့်ကတော့ ဦးသန်းရွှေက သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တဲ့ ဦးသိန်းစိန်ကို အာဏာလွှဲပြောင်းပေးဖို့ပဲ ဖြစ်ပါ တယ်။ အကူးအပြောင်းဟာ ၂၀၁၁ ခုနှစ်၊ မတ်လမှာ ချောချောမွေ့မွေ့နဲ့ ပြီးမြောက်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာ စစ်အာဏာ သိမ်းလိုက်တဲ့ ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီဟာ အာဏာ သိမ်းပြီးနောက် ဆယ်နှစ်ကျော်အကြာ ၁၉၇၄ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီးနောက်မှာ အရပ်သားအစိုးရအဖြစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို စင်တင်ခဲ့ပါတယ်။ အဲဒီအစိုးရကိုလည်း ဗိုလ်ချုပ်ကြီးဟောင်းတွေက ဦးဆောင်တာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ နောက်တက်လာတဲ့ အာဏာသိမ်း စစ်အစိုးရကနေ ၂၀ဝ၈ ဖွဲ့စည်းပုံကို အတည်ပြုပြီး ဦးသိန်းစိန် အစိုးရဆီကို အာဏာလွှဲပေးဖို့ကတော့ ၂၃ နှစ် ကြာမြင့်ခဲ့တာပါ။ နှစ်ငါးဆယ်ကျော်ကြာ အုပ်စိုးခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရ အဆက်ဆက် ဟာ နိုင်ငံရေးနဲ့ပတ်သက်လို့ တပုံစံတည်း ကိုင်တွယ် ခဲ့တာပါ။

ပြုပြင်ပြောင်းလဲရေးဆီသို့

နောက်လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ် ပြီး တရားမျှတလိမ့်မယ်လို့ အာမခံချက်တော့ မရှိပါ ဘူး။ ဦးသန်းရွှေရဲ့ လက်စွဲဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ် ကြီးဟောင်း ဦးတင်အေး ခေါင်းဆောင်တဲ့ ပြည် ထောင်စုရွေးကာက်ပွဲ ကော်မရှင်ဟာ ဦးသိန်းစိန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ နိုင်ငံတကာက ရွေးကောက်ပွဲ လေ့လာသူတွေနဲ့ မဲဆန္ဒရှင်တွေက လာမယ့်ရွေးကောက်ပွဲဟာလည်း ၂၀၁၀ တုန်းကလို ပဲ မဲမသမာမှုတွေ ဖြစ်ဦးမှာလားလို့ စိုးရိမ်နေကြတာ ပါ။

၂၀၁၄ ခုနှစ်၊ ဧပြီလမှာ ဦးတင်အေးက လာမယ့် ရွေးကောက်ပွဲဟာ စနစ်တကျနဲ့ လွတ်လပ်ပြီး တရား မျှတမှု ရှိစေရမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် သူက “လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်း ရှိနေပါတယ်။ ရှင်းရှင်းပြောရရင်  စစ်တပ်အာဏာသိမ်းတာကို မခံချင်လို့ သူတို့ လွှတ် တော်ထဲမှာ ရှိနေတာဖြစ်ပါတယ်” လို့လည်း ပြောခဲ့ ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၄ ခုနှစ်၊ ဩဂုတ်လမှာ မြန်မာနိုင်ငံကို လာရောက်လည် ပတ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ကို ရွေးကောက်ပွဲကော်မရှင်က လွတ်လပ်မှုမရှိတာ၊ ယုံကြည်စိတ်ချရမှု မရှိတာဟာ ပြဿနာဖြစ်လာလိမ့် မယ်လို့ ပြောတယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်၊ မတ်လထဲမှာပဲ ဦးသိန်းစိန်က လွှတ်တော်အမတ်တွေကို မိန့်ခွန်းပြောရာမှာ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း တပ်မတော်က နိုင်ငံရေးမှာ သူတို့ရဲ့အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါ တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ် သက်ပြီး သူက “လွှတ်တော်အမတ်တွေအနေနဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အတွေ့အကြုံ၊ အမြော်အမြင်ကြီးမှုနဲ့ သက်ဆိုင်သူအားလုံးရဲ့ ရိုးသားမှု အပေါ်အခြေခံပြီး ပျော့ပျောင်းညင်သာစွာ ဆောင် ရွက်ကြဖို့ တိုက်တွန်းလိုတယ်” လို့ ပြောခဲ့ပါတယ်။ သူအဲဒီလိုပြောပြီး နောက်တနေ့ တပ်မတော်နေ့မှာပဲ ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ဖွဲ့စည်းပုံ အခန်း (၁၂)၊ ပုဒ်မ-၄၃၆ အတိုင်း ဆောင်ရွက်ရမှာဖြစ်တယ် လို့ ပြောခဲ့ပါတယ်။ ဒီပုဒ်မဟာဆိုရင် ဖွဲ့စည်းပုံ ပြင် ဆင်ရေးနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဗီတိုအာဏာ ပေးထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD ပါတီနဲ့ အခြားသော ထင်ရှားတဲ့ တက်ြွက လှုပ်ရှားသူတွေဟာ ဒီပုဒ်မ အပါအဝင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ အခြားပုဒ်မတွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုနေခဲ့ကြတာပါ။ ၁၉၆၀ ပြည့်နှစ်တွေမှာ ဦးနေဝင်းရဲ့ အာဏာသိမ်းစစ်အစိုးရ ကလည်း “မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်”ကို ကျင့်သုံးခဲ့သလိုပဲ သမ္မတဦးသိန်းစိန်နဲ့ ကာချုပ် တို့ကလည်း “မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ”ကို အသက်သွင်းဖို့ ရည်ရွယ်နေကြပုံ ပေါ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘဲနဲ့တော့ မြန်မာနိုင်ငံဟာ အာဏာရှင်ဟောင်းတွေ လက်အတွင်းက အတုယောင် ဒီမိုကရေစီအဖြစ်ပဲ ဆက်ရှိနေဦးမှာပါ။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အပြောင်းအလဲကြီးကြီးမားမား တချို့ ရှိခဲ့ပေမယ့်လို့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီး နောက်မှာလည်း မြန်မာပြည်သူတွေဟာ ဗိုလ်ချုပ် ဟောင်း တယောက်ယောက်ကနေပဲ သမ္မတဖြစ်လာ တာကို ထပ်တွေ့ရဖွယ် ရှိနေပါတယ်။ ရလဒ်အနေနဲ့ ကတော့ နိုင်ငံရဲ့ စီးပွားရေးနဲ့ ချမ်းသာြွကယ်ဝမှုတွေ ကို စစ်တပ်နဲ့ သူရဲ့အပေါင်းအပါတွေက ဆက်လက် လက်ဝါးကြီးအုပ်ထားမှာဖြစ်ပြီး လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကိုလည်း ဆက်လက်မြင်တွေ့ရနိုင်ဖွယ် ရှိနေပါတယ်။

တကယ့်ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို မြင် တွေ့ရဖို့အတွက်ကတော့ အစိုးရနဲ့ အတိုက်အခံ အုပ်စုတွေအကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လိုအပ်နေပါတယ်။ ဒီလိုဖြစ်လာနိုင်ဖို့အတွက် ကျနော် တို့အနေနဲ့ တောင်အာဖရိက ကနေ သင်ခန်းစာယူနိုင် ပါတယ်။ တောင်အာဖရိကမှာ အသားအရောင် ခွဲခြားမှုကို တိုက်ဖျက်ပြီးနောက် ၁၉၉၀ ဝန်းကျင်မှာ အဲဒီအချိန်က တောင်အာဖရိကသမ္မတ ဒီကလက်နဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး စံပြပုဂ္ဂိုလ် နယ်လ်ဆင်မင်ဒဲလားတို့ဟာ နိုင်ငံရဲ့ ပထမဆုံး ဒီမို ကရေစီစံနှုန်းတွေနဲ့ အပြည့်အဝကိုက်ညီတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် အတူတကွ ဆောင်ရွက်ခဲ့ကြတာပါ။ တောင်အာဖရိက သမ္မတ ဒီကလက်က “ပထမဆုံးအနေနဲ့ အကြမ်းဖက်မှု သံသရာကြီးကို ဖြိုဖျက်ချင်တယ်ဆိုရင် ပိုပြီးြွကယ်ဝတဲ့ လူ့အသိုင်းအဝန်းတရပ် ပေါ်ပေါက်ရေးအတွက် အုတ်မြစ်ချလိုတယ်ဆိုရင်၊ ဒီမိုကရေစီကို တကယ် လိုချင်တယ်ဆိုရင် စလုပ်ရမယ့် အလုပ်ကတော့ အခြေခံကျတဲ့ အပြောင်းအလဲကို မဖြစ်မနေလုပ်ဖို့ လိုအပ်တယ်လို့ ခေါင်းဆောင်တွေက လေးလေးနက် နက်ယုံကြည်ရမယ်” လို့ ပြောခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် တွေဖြစ်တဲ့ အစိုးရအရာရှိတွေ၊ တပ်မတော်ခေါင်း ဆောင်တွေနဲ့ အာဏာရပါတီဝင်တွေကို သူတို့အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ မဆောင်ရွက် နိုင်ဘူးဆိုရင် ပြီးခဲ့တဲ့သုံးနှစ်အတွင်း သူတို့ရခဲ့တဲ့ ချီးကျူးဂုဏ်ပြုမှုတွေ၊ သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်တာတွေနဲ့ စီးပွားရေး အခွင့်အရေးတွေကို ဆုံးရှုံးရလိမ့်မယ်လို့ နားလည်လက်ခံလာအောင် လုပ်ဖို့လိုပါတယ်။

တဖက်မှာတော့ အတိုက်အခံတွေ၊ တိုင်းရင်း သားအဖွဲ့အစည်းတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်း တွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေကလည်း စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ ဆက်လက်ဆောင် ရွက်ဖို့လိုနေပါသေးတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်လာဖို့ သူတို့ဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ အထင်အရှားပါပဲ။ ဒါပေမယ့် ဒီမိုကရေစီတိုက်ပွဲက တော့ မပြီးဆုံးသေးပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် အတိုက်အခံအုပ်စုတွေ ရဲ့ တောင်းဆိုမှုနဲ့ အကြံပေးချက်တွေကိုတော့ ပိုပြီး အလေးပေး အာရုံစိုက်ဖို့ လိုအပ်နေတာကတော့ အမှန်ပဲဖြစ်ပါတယ်။

(အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ကျော်စွာမိုး၏ Burma’s Democracy: Just What the Generals Ordered ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Your Thoughts …
Tags: Opinionsဒီမိုကရေစီပြုပြင်ပြောင်းလဲရေး
ကျော်စွာမိုး

ကျော်စွာမိုး

ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်းအယ်ဒီတာ ဖြစ်သည်။

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

by Luke Hunt
20 September 2024
10.6k

ကျနော် မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့အကြောင်းရင်းက အရမ်းခိုင်မာတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်နဲ့ သူတို့ကို ကူညီဖို့ပဲ။

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

by ဧရာဝတီ
8 July 2024
9.3k

ယခုတကြိမ်သည် ထိုတာဝန်ရှိသူများက သူ့ကို အသံတိတ်သွားစေရန် ကြိုးစားသည့် ဒုတိယအကြိမ် ဖြစ်ကြောင်း ဧရာဝတီသို့ ၎င်းက ပြောသည်။

ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ

ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ

by ဧရာဝတီ
18 July 2023
4.9k

ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေကို ပြုပြင်ပြောင်းလဲရန် ဆန္ဒသည် မျှော်လင့်မထားဘဲ Move Forward ပါတီကို မဲအများစု ရစေသည်။

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

by ဧရာဝတီ
31 October 2024
4.7k

စစ်တမ်းများကို လျစ်လျူရှုသည့် တယူသန်သော စနစ်တခုကို ပါမောက္ခ လစ်ချ်မင်းက မှီခိုအားထားသည်။

စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

by ဧရာဝတီ
24 June 2022
16.3k

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

Next Post
ဆင်ဆာ မရှိတော့သော်လည်း လွတ်လပ်မှု မရှိသေး

ဆင်သေကို ဆိတ်သားရေနှင့် ဖုံးခြင်းသည် ဒီမိုကရေစီ ကျင့်စဉ်မဟုတ်

အမျိုးသား ပညာရေး ဥပဒေ , ကျောင်းသားသပိတ် , ပညာရေးဝန်ကြီးဌာန, လက်ပံတန်း

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်း၊ သံဃာနှင့် ကျောင်းသားအများစု အဖမ်းခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

1 day ago
5.9k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate