• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ပြောစကားအပေါ် သူတို့အမြင်

by ကျော်ခ
24 June 2015
in အင်တာဗျူး
A A
25.6k
VIEWS
Share on FacebookShare on Twitter

စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်က ဇွန်လ၂၂ ရက်က မရမ်းကုန်းမြို့နယ် အ.ထ.က (၁) ကျောင်းတွင် ပြုလုပ်သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအကြို လုှုပ်ရှားမှု အခမ်းအနား၌ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ တွေဆုံမေးမြန်းမှုတွင် သတင်းမီဒီယာများ အနေဖြင့် နောက်ကြောင်းပြန်လှန်သည့် ဝေဖန်ရေးသား တင်ဆက်မှုများ မပြုလုပ်ကြရန် ပြောဆိုခဲ့သည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှောက်လှမ်း နေသော်လည်း ထိုဒီမိုကရေစီ စနစ်သည် မြန်မာနိုင်ငံနှင့် ဆီလျှော်သည့်စနစ် ဖြစ်ရမည်ဖြစ်ပြီး အမေရိကန်နှင့် အင်္ဂလန်တို့၏ ဒီမိုကရေစီ စနစ်ကို အတုခိုး၍မရကြောင်းလည်း ဦးခင်ညွှန့်က ပြော ဆို သွားခဲ့သည်။

RelatedPosts

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
378
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
3.4k
သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

သတင်းမီဒီယာတွေကြောင့် စစ်တပ်က ဗုံးကြဲလား (ရုပ်/သံ)

12 May 2025
93

ထိုသို့ ပြောဆိုမှုများအပေါ် ဦးခင်ညွှန့် အာဏာရှိစဉ် အချိန်က နှစ်ရှည်ထောင်ဒဏ်များ ချခံခဲ့ရပြီး ပြန်လည်လွတ်မြောက် လာကြ သည့် နိုင်ငံရေးနယ်ပယ်က ခေါင်းဆောင်တချို့ကို ဧရာဝတီ သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်သည် ၁၉၈၈ မှ ၂၀၀၄ ခုနှစ်အတွင်း နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက်၌ အတွင်းရေးမှူး (၁)၊ ဝန်ကြီးချုပ်၊ တပ်မတော် စစ်ဘက်ဆိုင်ရာ အကြံပေး၊ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ စသည့် ထိပ်တန်း ရာထူးများကို တာဝန်ယူခဲ့သူ ဖြစ်ပြီး သူအာဏာရှိစဉ် အချိန်က နိုင်ငံရေး လှုပ်ရှားသူများကို ဖိနှိပ်ခဲ့သူလည်း ဖြစ်သည်။

သို့သော် ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် အစိုးရ အဖွဲ့က ဦးခင်ညွှန့်အား အဂတိ လိုက်စားမှု၊ အာဏာ အလွဲသုံးစားလုပ်မှု စသည့် စွပ်စွဲချက်များဖြင့် ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ် နှင့် နေအိမ်အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။

ကိုမြအေး

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း

ကိုမြအေး
ကိုမြအေး (ဓာတ်ပုံ- ဧရာဝတီ)

သမိုင်းဆိုတာ လိမ်လည်လို့လည်း မရဘူး။ ဖျောက်ဖျက်ပစ်လို့ရတဲ့ ကိစ္စရပ် တခုမဟုတ်ဘူး။ သတင်းမီဒီယာတွေရဲ့ တာဝန်က ဖြစ် ခဲ့တာတွေကို ဖြစ်ခဲ့တဲ့အတိုင်း၊ ရှိခဲ့တာတွေကို ရှိခဲ့တဲ့အတိုင်း တင်ပြဖို့ဆိုတာ သတင်းမီဒီယာတွေရဲ့ ကျင့်ဝတ် ဖြစ်တယ်။ သတင်း မီဒီယာတွေရဲ့ ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ဘယ်သူတဦး တယောက်ကမှ စေစားပိုင်ခွင့်၊ ခိုင်းစေပိုင်ခွင့်၊ အမိန့်ပေးပိုင်ခွင့် မရှိဘူးလို့ မြင်တယ်။

အထူးသဖြင့် သမိုင်းမှာ ဆိုးဆိုးဝါးဝါး ပြစ်မှုကြီးတွေ ကျုးလွန်ခဲ့သူတွေအနေနဲ့ ဒီလိုမျိုး ပြောပိုင်ခွင့်၊ ခိုင်းပိုင်ခွင့် မရှိပါဘူး။ တိုင်းပြည် အတွက် ကောင်းခဲ့တဲ့၊ ဆိုးခဲ့တဲ့ဟာတွေက ပြည်သူက မှတ်ကျောက် ဖြစ်ပါတယ်။ ဒါကိုရဲရဲတင်းတင်း ခံယူဖို့ပဲရှိတယ်လို့ ထင်ပါတယ်။

မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဆိုတဲ့ အတွက်ကြောင့် တိုင်းပြည် ဖုတ်ခါပြာခါ ကျပြီးတော့မှ ပြည်သူတွေရဲ့ လူမှုဘဝ အဘက် ဘက်က စိတ်ဓာတ်ရေးရာကအစ နိမ့်ကျတဲ့ အဆင့်ကို ရောက်ခဲ့ပြီးပါပြီ။ ဒီမိုကရေစီမှာ စံချိန်၊ စံညွှန်း၊ စံထားတွေက တပုံစံတည်းပဲ ရှိပါတယ်။ အဲဒါကို ခုနပြောသလိုမျိုး မြန်မာ့နည်း၊ မြန်မာ့ဟန် ဒီမိုကရေစီဆိုပြီး ထပ်ပြီးနောက်ထပ် ၂၆ နှစ်သွားခွင့် မပြုနိုင်ပါဘူး။

ရှေ့ကစကားနဲ့ ချိတ်ဆက်ပြီး ပြောရမယ်ဆိုလို့ရှိရင် သူဆိုလိုတဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီဆိုတာ ငါတို့ ဘာလုပ်လုပ် မင်းတို့ကို လွတ်လပ်ခွင့် တစိတ်တပိုင်းဖြစ်တဲ့ အချိုအချဉ်လေး ကျွေးထားပြီးပြီပဲဆိုတဲ့ အခြေအနေမျိုးလောက်ကို ပြောတာပါ။

ကျနော်တို့ အနေနဲ့ကတော့ ဒါမျိုးကို လက်မခံနိုင်ပါဘူးဗျ။ နောက်တခုက မြန်မာနိုင်ငံ ဒီမိုကရေစီထဲကို ရောက်နေပြီဆိုတဲ့ဟာကို ကျနော် သဘောမတူပါဘူး။ အခုအခြေအနေက အသွင်ကူးပြောင်းရေး ကာလထဲကိုတောင် မရောက်သေးပါဘူး။ အခုအချိန်က နိုင်ငံရေး ဖြေလျှော့တဲ့ အဆင့်လို့ပဲ ကျနော်တို့က ယူဆထားပါတယ်။

ဦးခွန်ထွန်းဦး

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)

ဦးခွန်ထွန်းဦး
ဦးခွန်ထွန်းဦး (ဓာတ်ပုံ- ဧရာဝတီ)

ဒီလူတွေကိစ္စ ကျနော်လည်း နောက်ကြောင်း ပြန်မလှန်ချင်ဘူး။ စိတ်ပျက်တယ်။ ပြောလည်း မပြောချင်ဘူး။ သူ့လက်ထက်မှာ မတရား အနိုင်ကျင့် အကျဉ်းချ ခံလိုက်ရတဲ့သူတွေ အတွက်ကတော့ ဘယ်တရားမလဲ။ ပြန်ပြီးလက်စားချေ ချင်တယ်ဆိုတာမျိုး မရှိပေမယ့် ဒါတွေကဘယ်မေ့လို့ရမလဲ။ ရှင်းရှင်းပြောရရင် ခွင့်တောင် မလွှတ်နိုင်ဘူး။ တချို့ကတော့ ခွင့်လွှတ်တယ်။ မမေ့နိုင်ဘူး။ ကျုပ်ကတော့ ခွင့်လည်း မလွှတ်နိုင်ဘူး။ လက်စားလည်း မချေနိုင်ဘူးဗျ။ ရှင်းရှင်းပြောရရင် ခံခဲ့ရသူတွေက ဘယ်မေ့လို့ ရမလဲ။ အရှင်း ဆုံး ပြောရရင်တော့ သတင်းမီဒီယာတွေကို ဒါမျိုးမရေးစေချင်ဘူးဆိုတာ ပြန်ဆပ်ရမှာ ကြောက်လို့ပေါ့ဗျ။

သူက မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီစနစ်ဆိုတော့ ကျနော်တို့က သူပြောတဲ့ မြန်မာ့နည်း၊ မြန်မာ့ဟန် ဆိုရှယ်လစ်လည်း ကြုံပြီးပြီ။ မြန်မာ့နည်း၊ မြန်မာ့ဟန် ဒီမိုကရေစီလည်း အခုကြုံနေပြီလေ။ နောင်ဆိုလည်း မြန်မာ့နည်း၊ မြန်မာ့ဟန် ဖက်ဒရယ်ဆိုတာ လာဦးမှာပဲ။ ဒါတွေက မပြီးနိုင်ဘူး။

ဦးဝင်းထိန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)

ပထမအချက်က မီဒီယာတွေကို ဒီလိုပြောစရာ ဘာမှအကြောင်း မရှိဘူး။ ပြောစရာလည်း မလိုဘူး။ နောက်ကြောင်းပြန်လှန် မရေးနဲ့ ဆိုတာမျိုးက သူ့အကြောင်းတွေ ပေါ်မှာစိုးလို့နဲ့ တူပါတယ်။

ဦးဝင်းထိန်
ဦးဝင်းထိန် (ဓာတ်ပုံ- ဧရာဝတီ)

ကျနော်တို့ကတော့ နောက်ကြောင်းပြန်ပြန်၊ ရှေ့ကြောင်းပြန်ပြန် ကိစ္စမရှိဘူး။ ကိုယ်လုပ်ခဲ့တာ ကောင်းဖို့ အရေးကြီးတယ်။ ဒီလူ (ဦးခင်ညွှန့်)က သနားစရာကောင်းတယ် ပြောရမလား။ အမြင်ကပ်စရာ ကောင်းတယ်လို့ ပြောရမလား မသိဘူး။

သူပြောတဲ့ ဒီမိုကရေစီ စနစ်ဆိုတဲ့ စကားလုံးက သူအာဏာရှိစဉ်တုန်းက ပြောတဲ့ စကားပဲလေ။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတဲ့ ဟာမျိုးကို သူက အခုချိန်ထိ သံယောဇဉ် ရှိနေတုန်းနဲ့ တူပါတယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာ သူတို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ပြောခဲ့တဲ့ စကားလုံးတွေပေါ့။ ဒါတွေကို ပြန်ပြီး အစဖော်တာပေါ့လေ။ အဲဒီလိုပဲ သဘောပေါက်ပါတယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလိုပေါ့။ မြန်မာ့နည်း မြန်မာ့ဟန်လေ နောက်တော့ ပေါက်ကရတွေ ဖြစ်ကုန်တာပဲ။ အခုလည်း ဒီမိုကရေစီကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ လုပ်ရင်တော့ ပေါက်ကရတွေ ဖြစ်ကုန်မှာပဲ။ ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကို သူ (ဦးခင်ညွှန့်) ကောင်းကောင်း သိပုံမရသေးပါဘူး။

Your Thoughts …
Tags: Interviews
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
19.9k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

by ဧရာဝတီ
24 July 2013
15k

၈ လေးလုံး အရေးတော်ပုံနဲ့ ပက်သက်လို့ ဒါဟာ ငါလုပ်တာ၊ ဒါ ငါတို့ရဲ့အဖွဲ့က လုပ်တာလို့ ပြောရင် ရူးသွပ်တာပဲလို့ မြင်တယ်

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

by ဧရာဝတီ
29 July 2013
19.9k

တကယ်လို့ မြန်မာနိုင်ငံမှာ ယောက်ျားနဲ့ မိန်းမ တန်းတူညီမျှမှု ရှိသလားလို့ ကျမတို့ မြန်မာ အမျိုးသမီးတွေကို မေးရင် ရှိပါတယ်လို့ ဖြေကြလိမ်မယ်။ ဒါပေမယ့် ရင်ထဲမှာ မမြင်နိုင်တဲ့ အတွင်းဖက် နေရာမှာ တော့ ကျမတို့ဟာ ဒုတိယတန်းစား...

Next Post

ကမ္ဘောဇဘဏ်က နိုင်ငံခြားသားများကို အကြွေးဝယ်ကတ် ထုတ်ပေးရန် အစီအစဉ်မရှိသေး

Vote For Women

“အမျိုးသမီးများကို မဲပေးပါ”

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate