• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

စားသုံးသူ ကာကွယ်ရေး ဥပဒေ အသက်ဝင်မှာလား၊ အသက်ငင်မှာလား

by မောင်လွင်ပြင်
29 June 2015
in Health
A A
စားသုံးသူ, ကာကွယ်ရေး, ဥပဒေ, FDA, Mobile Team

စားသုံးသူ ကာကွယ်ရေး ဥပဒေကို ၂၀၁၄ မတ်လ ၁၄ ရက်စွဲဖြင့် ပြဋ္ဌာန်းပြီး ဖြစ်သည်

3.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် စားသုံးသူ ကာကွယ်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၄ မတ်လ ၁၄ ရက်စွဲဖြင့် ပြဋ္ဌာန်းပြီး ဖြစ်သည်။ ယင်းဥပဒေ ပြဋ္ဌာန်းချက် အရပင် စားသုံးသူကာကွယ်ရေး ဗဟိုကော်မတီကို ၄-၆-၂၀၁၄ ရက် နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။

တဆက်တည်း အောက်ခြေတွင်လည်း စားသုံးသူ အခွင့်အရေးများ ကာကွယ်ပေးနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စားသုံးသူ အငြင်းပွားခြင်း ဆိုင်ရာ ဖြေရှင်းရေး အဖွဲ့များကို ၁-၁၀-၂၀၁၄ ရက်နေ့ကစပြီး စတင် ဖွဲ့စည်း ပေးခဲ့ကြောင်း အစိုးရ မီဒီယာများ၏ ဖော်ပြချက်များ အရ သိရသည်။

RelatedPosts

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

19 May 2025
442
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
1.5k
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
917

စားသုံးသူ ကာကွယ်ရေး ဥပဒေ မပေါ်ထွက်ခင် ကတည်းကပင် မြန်မာနိုင်ငံ၌ စားသုံးသူ အခွင့်အရေး ဆုံးရှုံးနေခြင်း များ နိုင်ငံအနှံ့ ဟိုးလေးတကျော် ဖြစ်နေခဲ့သည်။ ထိုအခါ စားသုံးသူ အခွင့်အရေးများ မည်သည့်နေရာက ဆုံးရှုံးမှု ဖြစ်နေသနည်းကို စူးစမ်း၊ လေ့လာသော အခါပြည်ပက တင်သွင်းသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ကြောင့် ဆိုသည်ကို အဓိက တွေ့ရှိခဲ့ကြသည်။

ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ဦးစီးဌာနတခု တိုး လာသည်ဟု သတိထားမိ ပါသည်။ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီး ဌာန ဖြစ်သည်။ ယင်းဦးစီးဌာနအောက်တွင် စားသုံး သူရေးရာ ဌာနခွဲကို ၁-၅-၂၀၁၃ က ဖွဲ့စည်းတာဝန် ပေးအပ်ကြောင်း မှတ်သားမိသည်။ စားသုံးသူ ရေးရာဌာနခွဲ ဟူသည့် အမည်သည် ပြည်ပမှ တရားမဝင် တင်သွင်းလာသော လူသုံးကုန်၊ စား သောက်ကုန်နှင့် အခြားအသုံး အဆောင် ပစ္စည်းများ စစ်ဆေး ဖမ်းဆီးရမိခြင်း သတင်းများနှင့် အတူ ထင်ပေါ်လာသည်။ စားသုံးသူပြည်သူ တို့ကြား ရင်းနှီးလာသည်။

ထို့နောက် ပိုပြီး ရင်းရင်းနှီးနှီး ရှိခဲ့သော အဖွဲ့အစည်းတခုမှာ Mobile Team ဟုခေါ်သော စီးပွားကူးသန်းဝန်ကြီး ဌာနက ဖွဲ့စည်း တာဝန်ပေး ထားသည့် နယ်စပ်ကုန်ကွယ်ရေး ကိစ္စများ၊ တရား မဝင်ကုန်ကူးခြင်း ကိစ္စများကို လိုက်လံရှာဖွေ ဖမ်းဆီး ဖော်ထုတ်နေသော မှောင်ခိုကုန် ဖမ်းဆီးရေး အဖွဲ့ပင် ဖြစ်သည်။ ယင်း အဖွဲ့က အချို့သော စူပါမားကတ် ကြီးများ၏ ဂိုထောင်ထဲတွင် တရားမဝင် တင်သွင်းထားပြီး အကောက်ခွန်မဲ့ စားသောက်ကုန်များကို ဘူးပေါ်သလို ဖော်ထုတ်နိုင်ခဲ့၍ ပြည်သူတို့က တအံ့တဩ ဖြစ်ခဲ့ကြသည်။

သို့သော် စားသုံးသူ ပြည်သူတို့ ရှင်းရှင်းလင်းလင်း မသိရရှာခြင်း ထဲတွင် အဆိုပါ မိုဘိုင်းလ်တင်းမ်များသည် နိုင်ငံတော် အတွက်အခွန် အခဆုံးရှုံးရသော မှောင်ခိုတင်သွင်းပစ္စည်းများကို ရှာဖွေဖမ်းဆီးမည်လား၊ မှောင်ခိုတင်သွင်းလာသော ပစ္စည်းများထဲက ပြည်သူတို့ စားသုံးရန် မသင့်သော ပစ္စည်းများကိုပါ စစ်ဆေးဖမ်းဆီးခြင်း အရေးယူ နိုင်ရန် ဖော်ထုတ် ပါမည်လားကို ဝေးဝါးနေကြပါသည်။

သို့ဖြစ်၍ စားသုံးသူ ပြည်သူတို့သည် အကောက်ခွန်မဲ့ ပစ္စည်းများကို ရှာဖွေဖမ်းဆီး ဖော်ထုတ်ခြင်း၊ မိမိတို့ နေ့စဉ် စားသုံးနေရသော ပစ္စည်းများက အသက်အန္တရာယ် ခြိမ်းခြောက်နေကြောင်း အချိန်နှင့် တပြေးညီ ကြော်ငြာသတိပေး ခြင်းများကို လိုလားနေကြသည်။

ထိုသို့ တာဝန်သိ ဖော်ထုတ်ပေးခဲ့သော အသင်းတသင်းရှိသည်။ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဖြစ်သည်။ ပုဂ္ဂလိက လူမူအဖွဲ့အစည်းတခု ဖြစ်သည်။ ငါးပိ ဆိုးဆေးကိစ္စနှင့် အခြေခံပညာ ကျောင်းများတွင် ရောင်းချသော တရုတ်နယ်စပ်က လာသည့် မုန့်ပဲ သရေစာ အချို့ ဘေးအန္တရာယ် ရှိနေသည် ဟူသည့် ကိစ္စများ ဖော်ထုတ် နိုင်ခဲ့၍ နာမည်ရလာသည်။ မြန်မာနိုင်ငံ ဆေးဝါးနှင့် အစားအသောက် ကွပ်ကဲရေး အာဏာပိုင်အဖွဲ့ (FDA) ကတောင် မျက်စောင်းထိုးခြင်း ခံခဲ့ရသေးသည်။ သူတို့ အလုပ်ကို နွားရှေ့ထွန် ကျူးသည် ဟူ၍။

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းက ထိုင်းနိုင်ငံမှ တင်သွင်းလာသော နာမည်ရ အချိုရည် ဒီးဒိုကို သောက်သုံးရန် မသင့်ဟု ချက်ကျလက်ကျ တင်ပြခဲ့သောအခါ ပြည်သူတို့ ထိုအသင်းကို စိတ်ဝင်တစား ရှိလာပြီး ကျောင်းမုန့်ဈေးတန်းက အစားအစာများ ဘေးဥပဒ်ကင်း၊ မကင်း ပြဿနာ အတွက် နား၊ မျက်စိ ပွင့်လာကြသည်။ စားသုံးသူ ပြည်သူ လူထုသည် မိမိနေ့စဉ် စားသောက်သုံးစွဲ နေရသော ပစ္စည်းများသည် မိမိတို့ကို နေ့စဉ်နှင့် အမျှ တတိတတိဖြင့် အသက်အန္တရာယ် ပေးမှန်းမသိ ပေးနေသည်ကို အစိုးရ၏ ဌာနဆိုင်ရာများကသော် လည်းကောင်း၊ ပုဂ္ဂလိက အသင်း အဖွဲ့များကသော် လည်းကောင်း မည်သူက သတင်းပေးပေး၊ မည်သည့် အချိန်ပေးပေး သတင်းအမှန် အတိအကျ ရချင်နေသည့် ဆန္ဒရှိ နေကြသည်။

ယခုတော့ စားသုံးသူ ကာကွယ်ရေး ဥပဒေပေါ်ထွက်ခဲ့ချေပြီ။ ဥပဒေ အသက်ဝင်ခဲ့သည်မှာ တနှစ်ကျော် ရှိလာခဲ့ချိန်တွင် နည်းဥပဒေ များလည်း ရှိစေပြီး ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများ ရှိခဲ့ပါပြီ လား လေ့လာဆန်းစစ်ရပါမည်။

ယခုအထိတော့ စားသုံးသူ ပြည်သူများအား ဘေးအန္တရာယ် ဖြစ်စေနိုင်သော ပြည်ပမှ တင်သွင်းလာသည့် ပစ္စည်းများ နှင့် ပြည်တွင်းက ထုတ်လုပ်သော လုပ်ငန်းရှင်များကို စားသုံး သူ ကာကွယ်ရေး ဥပဒေ အရ ထိရောက်စွာ အရေးယူ လိုက်သည် ဟူသည့် သတင်းမျိုး အလျှင်း မကြားမိပါသေး ချေ။

သို့သော် ယခင်လပိုင်းများက နိုင်ငံပိုင် မီဒီယာများတွင် ရောင်စုံဓာတ်ပုံများနှင့် တကွ ပြည်ပက ထုတ်လုပ်သော အသားဖြူ လိမ်းဆေးအချို့၊ အာနိသင်မဲ့သော ဆေးဝါး အချို့နှင့် ပြည်တွင်းက ထုတ်လုပ်သော ကလေးသရေစာ အချို့၊ နယ်စပ်က တင်သွင်းလာသော စားသောက်ကုန်အချို့တို့တွင် ဘေး ဥပဒ်ဖြစ်စေနိုင်သည့် ဓာတုဗေဒ ပစ္စည်းထည့်သွင်း အသုံးပြုမှု လွန်ကဲ နေခြင်းကို ဓာတ်ခွဲ စစ်ဆေးတွေ့ရှိ ရပါသဖြင့် အများပြည် သူများ သုံးစွဲရန် မသင့်ကြောင်းနှင့် ထပ်မံတွေ့ရှိပါက စားသုံးသူကာကွယ် ရေး ဥပဒေအရ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်းများကို မကြာခဏ တွေ့ခဲ့ရသည်။

နောက်ဆက်တွဲ အဖြစ် တင်သွင်းလာသူ ပြည်တွင်းက ထုတ်လုပ်သူကို ပစ္စည်းသိမ်းကာ ထိရောက်စွာ အရေးယူသည့် သတင်းက ပေါ်ထွက်မလာ။ ပေါ်ထွက် မလာရခြင်းကို ဆန်းစစ်ကြည့်သော် ယင်းသို့ကြေညာ ခြင်းသည် ပြည်တွင်း ထုတ်လုပ်သူနှင့် ပြည်ပက မှောင်ခိုတင်သွင်း သူများအား သတိပေးကာလ၊ ပညာပေးကာလ ဖြစ်၍ အရေးယူရန် လုပ်၍ မဖြစ်သေးဟူသော အသံများ ကြားခဲ့ရသည်။

ကြားသိခဲ့ရသည့် အတိုင်းမှန်လျှင် စားသုံးသူ ကာကွယ်ရေး ဥပဒေဟူသည် ချို့ယွင်း ချက်များ ရှိနေပြီး၊ စားသုံးသူ ပြည်သူများ၏ ဖြည့်စွက်လိုသော ဆန္ဒများဖြင့် ပြန်လည်ပြင်ဆင် ရမည်ဟု ယူဆမိသည်။ မေလ ၇ ရက်နေ့က ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာဟိုတယ် ၌ ကျင်းပသော စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေး ဆွေးနွေးပွဲတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တဦးက နယ်စပ်ဝင်ပေါက်များက စားသောက်ကုန်များ ဝင်ရောက်နေမှုကို ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အညီ အရေးယူနိုင်သော်လည်း၊ လက်ရှိ အချိန်တွင် ပညာပေးရေး လုပ်ငန်းများကိုသာ ဆောင်ရွက် နေရဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြဋ္ဌာန်းပြီး ဥပဒေရှိလျက်သားနှင့် အရေး ယူ၍ မရသေးကြောင်း၊ အချိန်တခုကို စောင့်ရမည် ဖြစ်ကြောင်း ဆိုလျှင် စားသုံးသူ ကာကွယ်ရေးဥပဒေသည် စက္ကူပေါ်က ဥပဒေသာ ဖြစ်ရချေတော့မည်။ ဥပဒေပြဋ္ဌာန်းချက် ရှိလျက်သားနှင့် ဥပဒေက အရေးယူရေး ကိစ္စကို ဘေးဥပဒ် ဖြစ်စေသော စားသောက် ကုန်များကို စားသောက်နှင့် ကြဦး၊ သေချင်လည်း သေကြပါစေဦး ဟု စားသုံးသူပြည်သူကိုလက်လွတ်စပယ်၊ တာဝန်မဲ့ လုပ်ရာကျနေပါသည်။

တကယ်လည်း ထိုဥပဒေတွင် ထုတ်လုပ် တင်သွင်းသူကို စောင့်ကြည့်ကာလ ပညာပေးကာလ ထည့်သွင်း ပြဋ္ဌာန်း ထားမည် ဆိုပါက စားသုံးသူ ပြည်သူများကို မသေမချင်း မျှဉ်းသတ်မည့် လူသတ်သမားကို အာမခံပေး၍ လွှတ်ထား သည့် ပုံမျိုးနှင့် တူနေပါသည်။ ထို့ကြောင့် စားသုံးသူ ကာကွယ်ရေး ကိစ္စများကို အစိုးရက ဥပဒေပြဋ္ဌာန်းပြီး မောင်ပိုင် စီးထားခြင်း များကို လျှော့ချရပါမည်။ စားသုံးသူ ကာကွယ် ရေးကိစ္စများသည် အမျိုးသား ကျန်းမာရေးကိစ္စ များနှင့် တိုက်ရိုက် သက်ဆိုင်နေပါ သဖြင့် အစိုးရသည် ပုဂ္ဂလိက လူမှုအသင်းအဖွဲ့များ၏ အားကို ယူကာ လက်တံ ရှည်ရှည်ဖြင့် လုပ်ဆောင်သင့်ကြောင်း ထောက်ပြလိုက်ရပါသည်။ ။

Your Thoughts …
Tags: Rule of Law
မောင်လွင်ပြင်

မောင်လွင်ပြင်

Contributor

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post

မြန်မာ့လက်တွေ့ အခြေအနေနှင့် အနောက် နိုင်ငံတို့ အထင်

အမေ့ခံ အင်းဝ တံတားအို

အမေ့ခံ အင်းဝ တံတားအို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate