• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

“မဲစာရင်းတွေက တမင်ရည်ရွယ်ပြီး မှားတာမဟုတ်ဘူး”

by ဧရာဝတီ
20 July 2015
in Election 2020
A A
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် , ၂၀၁၅ ရွေးကောက်ပွဲ , မဲစာရင်း , ပဲခူတိုင်းဒေသကြီး

ပဲခူးတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမောင် (ဓာတ်ပုံ - ထက်ဦးကျော် / ဧရာဝတီ)

14.5k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်းဒေသကြီးတွင် လူဦးရေ ၄,၈၆၇,၀၀၀ ရှိပြီး မဲပေးခွင့်ရှိသူ ၃,၃၄၉,၇၆၄ ရှိသည်ဟု အစိုးရက ထုတ်ပြန်ထားရာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမောင်ကို ဧရာဝတီသတင်းထောက် ထက်ဦးကျော်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။လာမယ့်ရွေးကောက်ပွဲအတွက် ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။

RelatedPosts

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

23 May 2025
729
မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
5.6k
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

22 May 2025
2.6k

ဖြေ။ ။ အပိုင်း ၂ ပိုင်းရှိတာပေါ့။ အဲ့ဒီမှာ အကောင်အထည်ဖော်မယ့် ကော်မရှင်အဖွဲ့ခွဲတွေရဲ့အပိုင်း၊ နောက်တစ်ခု က ဥပဒေ၊ နည်းဥပဒေ အပိုင်း။အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ အခြေခံမဲစာရင်းလုပ်ငန်းပြုစုတဲ့အပိုင်း၊ ဆက်ပြီး ကြိုတင် မဲနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမယ့် ဥပဒေ ၊ နည်းဥပဒေ အပိုင်း၊ ပယ်မဲတွေမဖြစ်ရအောင် အသိပညာ ပေးတဲ့ အပိုင်း၊ မဲရေ တွက်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်တဲ့အပိုင်း၊တရားမဲ့မှုတွေ မဖြစ်အောင် ကြို တင် ဆောင် ရွက်မယ့် အပိုင်း၊ ဒီအပိုင်းလေးတွေကို အဓိကထားဆောင်ရွက်နေတာပေါ့။

မေး။ ။ အခြေခံမဲဆန္ဒရှင်စာရင်းထုတ်ပြန်ပြီးပြီဆိုတော့ အမှားတွေများနေတဲ့အပေါ်မှာ ဘယ်လိုပြင်ဆင်ပေးဖို့ရှိလဲ။ ရွေးကောက်ပွဲ နီးနေပြီဆိုတော့ မဲစာရင်းပြင်ဖို့ အချိန်မီပါ့မလား။

ဖြေ။ ။ ရွေးကောက်ပွဲရဲ့အခြေခံကတော့မဲစာရင်းဖြစ်တယ်။ မဲစာရင်းမှန်ကန်မှ ၊ ပြည့်စုံမှန်ကန်တဲ့မဲစာရင်းဖြစ်မှ လွတ် လပ် ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ။ ဒါကြောင့်ကွန်ပျူတာနဲ့ရေးသွင်းတဲ့စနစ်ကိုလုပ်နေတာ။ မဲစာရင်းနဲ့ ပတ် သက် ပြီး မှားတာယွင်းတာလေးတွေကတော့ရှိမှာပဲ။ ဥပဒေမှာကိုက မဲစာရင်းမှာ မပါရင် ပြင်ဆင်ဖို့ ပြဋ္ဌာန်း ထားတယ်။ ဥပဒေမှာထည့်ထားတယ်ဆိုကတည်းက မဲစာရင်းကမှားနိုင်တယ်လို့ နဂိုကတည်းက ဝန်ခံထား တာ ဖြစ်တယ်။ မှားတာ တွေကိုပြင်နိုင်ရင် အမှန်ဖြစ်မှာပေါ့။ ပြင်ပေးချင်လို့ ကို အတည်ပြုမဲစာရင်းမကပ်ခင် ရှေ့ပြေး မဲစာရင်းအရင်ကပ်တာပေါ့။ စကပ်မယ်ဆိုကတည်းက နိုင်ငံရေးပါတီတွေ ၊ အဖွဲ့အစည်းတွေကို အသိ ပေး ပြီးမှ ကပ်တာပါ။ ကြည့်လို့လွယ်တဲ့ အနေ အထားမျိုးတွေဖြစ်အောင် တောင်စီစဉ်ပေးထားတာ။ ကြည့်တဲ့ နေရာ မှာ အခက် အခဲမရှိပါဘူး။ ဒါပေမယ့် မဲစာရင်း လာကြည့် သူက ၂၀ ရာခိုင်နှုန်း လောက်ပဲရှိ ပါတယ်။ ကြည့်တဲ့ ဦး ရေ က နည်းတော့နည်းသေးတာပေါ့။ တကယ် တော့များများကြည့် များများပြင်မှ များများမှန်မှာ။ မဲစာရင်းအမှားက ၃ မျိုးက ရှိတယ်။ ပထမ အမှားက မဲစာရင်းထဲမှာ မပါတဲ့ကိစ္စ ။ အဲ့ဒါကတော့အရေးကြီးတယ်။ မပါရင် လာပြင်ပါ လို့ ပြောထားပါတယ်။ ကော်မရှင် အဖွဲ့ခွဲက တော့ သက်ဆိုင်ရာ လဝက ၊ အုပ်ချုပ်ရေးအဖွဲ့ ရဲ့ ၆၆ (၆) ကို အတည် ပြု ရတာဖြစ်လို့ သူတို့အထဲကအတိုင်းတို့ကလုပ်ရတာ။ သူတို့ က Update မလုပ်နိုင်ရင် တို့လည်း မှားနိုင်တယ်။ တကယ်တမ်းကျ တို့ကော်မရှင် ကိုသာအပြစ်ပြောနေကျတာ။ တာဝန်ရှိတဲ့ ဌာနတွေ ကသာ Update လုပ်နိုင် ခဲ့ရင် သိပ်မှန်မှာပဲ။ ကွန်ပျူတာသွင်းတဲ့နေရာမှာလည်း တချို့နေရာတွေမှာ ဆို တရက်ကို ၅၀၀ လောက် သွင်းရတာ။ ပြောတဲ့လူက တယောက် ၊ ရိုက်တဲ့လူက တယောက်ဆို တော့ ပြောတဲ့လူက လည်း မှားပြောလိုက် တာရှိတယ်။ ရိုက်တဲ့လူတွေကလည်း မှားရိုက်လိုက်တာရှိတယ်။ မဲစာရင်းတွေက တမင်ရည်ရွယ်ပြီး မှားတာမဟုတ်ဘူး။ ဘယ်လိုမှ ရှောင်လွှဲမရတဲ့ ဖြစ်နိုင်တဲ့အမှားတွေလေ။ တမင်ရည်ရွယ်ချက်နဲ့မှားတာလား။ တကယ့်ကို အခက်အခဲတွေကြောင့်မှားတာလား ဆိုတာကိုတော့ သုံးသပ်ဖို့တော့သင့်တာပေါ့။ မှားတာ လည်း သိပြီး ၊ ဘာကြောင့် မှားတယ်ဆိုတာ လည်းဝန်ခံထားပြီးပြီ၊ ဒါကိုမှခင်ဗျားတို့ကော်မရှင်ကလူတွေ ပစ်စလတ်ခက် နိုင်တယ်ပြောရင်လည်း ခံဖို့ပဲရှိတယ်။

မေး။ ။ ရှေ့ပြေးမဲစာရင်းကပ်တဲ့အခါ အမှားတွေများနေတာ့ နောက်အည်ပြုကပ်မယ့် စာရင်းမှာ မှန်ကန်ဖို့ ဘယ်လို စီစဉ် ဆောင်ရွက်ဖို့ရှိပါသလဲ။

ဖြေ။ ။ မှန်ဖို့ဆိုရင် တို့ခြည်းလုပ် လို့မရဘူး။ အားလုံးဝိုင်းလုပ်ရမှာ ၊ မဲစာရင်းအခြေခံလုပ်တာ ၊ ဌာနတွေကလုပ်တာ။ မှန်ချင်ရင် အဲဒီဌာနတွေကို တာဝန်ပေးပြီး လုပ်သင့်တယ်။ နောက်ကွန်ပျူတာပေးပြီးလုပ်တော့ တို့မှာကွန်ပျူတာ ကျွမ်းကျင် မရှိဘူး။ ဌာနဆိုင်ရာတွေအကူအညီတောင်းရတော့၊ စိတ်ပါလည်း အကူအညီတောင်းလို့လုပ်ရတာ၊ စိတ်မပါလည်း အကူ အညီ တောင်းလို့လုပ်ရတာ။မဲစာရင်းသွင်းတဲ့အခါမှာသင့်တင့်ကျွမ်းကျင်သူတွေကိုအခပေးပြိးလုပ်မယ် ဆိုရင် ၊ ဒီ၂ ချက်သာ လုပ်မယ်ဆိုရင် မှန်မှာပဲ။

မေး။ ။ ရှေ့ပြေးမဲစာရင်းကပ်ရာမှာ ပြည်သူကစိတ်ဝင်စားမှုအားနည်းတယ်ဆိုတော့ အတည်ပြုမဲစာရင်း ထပ်မံ ထုတ်ပြန် တဲ့ အခါ မှာ ပြည်သူပိုစိတ်ဝင်စားလာအောင်ဆောင်ရွက်မယ့် နည်းလမ်းများရှိပါသလား။

ဖြေ။ ။ အခြေခံမဲစာရင်းမူကြမ်းရဲ့အတွေ့အကြုံအရ ဝိုင်းလုပ်ရမယ်လို့ပြောထားပါတယ်။ ကော်မရှင်မှာက ဖွဲ့စည်းပုံအရ လူနည်း တော့တအိမ်တက်လိုက်၊ ဆင်းလိုက်မလုပ်နိုင်ပါဘူး။ကော်မရှင်အပိုင်းက လိုက်ကြေညာမယ်။ လမ်းတိုင်းလမ်းတိုင်း ကြေ ညာ မယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း အကူအညီတောင်းထားတယ်။ အရေးကြီးတာကသက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ သူတို့မှာ ဆယ်အိမ်မှူးတွေရှိတယ်။ တယောက်ချင်း ဆီကိုတာဝန်ပေးလိုက်ရင် ဘာမှ မခက်ဘူး။ ပြည်သူ ကလည်းရွေးကောက်ပွဲရဲ့အနှစ်သာရကိုသိဖို့လိုတယ်။ ဒါကြောင့် အသိပညာပေးမှုတွေ လုပ်နေပြီ။ ကော်ခွဲ အဆင့် ဆင့် ကိုတော့ သင်တန်းတွေပေးထားတယ်။ အချိန်လည်းရှိသေးတော့ ရပ်ကျေးထိ လုပ်နိုင်အောင် ကြိုးစား နေပါတယ်။ သို့သော် အင်အားအရ တို့ချည်းမလုပ်နိုင်ဘူး။ မီဒီယာတွေကလည်း ဒါကိုကူညီ ပေးပါ။

မေး။ ။ ကြိုတင်မဲကိစ္စ အတွက်ရော ဘယ်လိုပြင်ဆင်ထားပါသလဲ။

ဖြေ။ ။ ကြိုတင်မဲနဲ့ ပတ်သက်ပြီး ၂၀၁၀ တုန်းက တို့ကော်မရှင်အဖွဲ့ခွဲတွေကိုအများဆုံး သုံးသပ်ခံရတဲ့ကိစ္စပေါ့။ ၂၀၁၀ တုန်းက အားနည်းချက်တွေရှိခဲ့ပါတယ်။ ဒါကဖုံးကွယ်စရာမလိုပါဘူး။ ငြင်းစရာလည်း မလိုပါဘူး။ အဓိကဖြစ်ခဲ့တာက တော့ ကော်မရှင် အဖွဲ့ခွဲတွေရဲ့ ဥပဒေ ၊ နည်းဥပဒေကို သုံးသပ်နိုင်မှုအားနည်းလို့ ဖြစ်သွားတာတွေ့ရပါတယ်။ အဲ့ဒီတုန်းက မှားထားပြီ၊၂၀၁၅ မှာအတတ်နိုင်ဆုံးမှန်အောင်လုပ်ဖို့တို့ကစဉ်းစားထားပြိး သား။ အတိတ်ရဲ့ အခက်အခဲ အတွေ့အကြုံတွေ က အနာဂတ်လုပ်ငန်းအောင်မြင်ဖို့အတွက်အခြေခံအုတ်မြစ်ပဲ။ မဲပေးနိုင်တဲ့လူ မဲပေးခွင့်မဆုံးရှုံးဖို့ အရေးကြီးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈ နဲ့ ၃၉၁ ( က ) မှာမဲပေး ပိုင်ခွင့် အခွင့်အရေးတွေ ပြဌာန်းထားတယ်။ ၃၉၁ (က) ကိုအသက်ဝင် ဖို့ ရွေးကောက်ပွဲဥပဒေအဆင့်ဆင့်ရဲ့ ဥပဒေ ၆ မှာ လည်းပြဌာန်းထား တယ်။ အရင်က ကြိုတင်မဲနဲ့ ပတ်သက်ရင် တအိမ်တက်ဆင်းသွားယူတဲ့အခါ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲက၂ ယောက်ပဲ သွားတယ်။ အခု ကော်မရှင်က ၂ ယောက်နဲ့အတူ ကိုယ်စားလှယ်လောင်း၊ သူ့ရဲ့အကူ၊ နောက် လေ့လာသူ ၊ ဒါတွေလိုက်လို့ရတယ်။ ပြီးတော့အားလုံး ရှေ့မှ ချိတ်ပိတ်မယ်။ ကော်မရှင်ကချိတ်နဲ့တင်မယုံဘူးဆိုရင် သက်ဆိုင်ရာ ပါတီတွေကကိုယ်တိုင်ထပ် ချိတ်ပိတ်။ ဒါဆိုငြင်းစရာမလိုတော့ဘူး။ စာရင်းပြုစုတာတာရော ချိတ်ပိတ်တာ ရော ခွင့်ပြုထား တယ်။နောက် ကြိုတင်မဲပေးထားတဲ့ စာရင်းကိုမဲရုံမှာကပ်ထားမယ်။ဒီတော့ဒီလူ မဲပေးပြီး၊ မပြီးမဲရုံမှူးကသိမယ်။ ဒါကြောင့် ကြိုတင်မဲသည်ဒီနှစ်မှာများများ မှားနိုင်စရာမရှိပါဘူး။ ဥပဒေ၊နည်းဥပဒေနဲ့အညီလုပ်နိုင်ဖို့တော့လိုတာပေါ့။ လုပ်နိုင်ဖို့ အတွက်လည်း သင်တန်း တွေပေးထားပါတယ်။

မေး။ ။ မဲရေတွက်တဲ့အခါမှာရောဘယ်လောက်ပွင့်လင်းမှုရှိအောင်ဆောင်ရွယ်သွားမလဲ။

ဖြေ။ ။ ၂၀၁၀ တုန်းကအတွေ့အကြုံအရ ရွာတွေကမြို့နဲ့အလှမ်းဝေးတော့နောက်ကျပြီးမှ ကော်မရှင်ကိုရောက်တယ်။ ညမိုးချုပ်တော့ မဲရေတွက် နေရင်းမီးကပြတ်သွားရော ။ မီး ပြတ်သွားတော့ တနေရာကိုသွားရွှေ့ပြီး ရေရတယ်။ တကယ် တော့ဒါကလုပ်လို့မရဘူး။ ဒါကြောင့် ခုဆို ဂျပန်တို့ဘာတို့က လေဆာမီးအိမ်တွေအကူအညီပေးဖို့ရှိတယ်။ မဲရုံ တရုံကို နှစ်ခု တော့ရမယ်လို့သိထားတယ်။ ကြည့်ရှုခွင့် ရှိသူအားလုံး ရဲ့ရှေ့မှာ တမဲချင်းရေမယ်။ အားလုံးရှေ့မှာပဲရေမယ်။ အသိ သက်သေ ၁၀ ဦး ရှိမယ်။ အားလုံးရှေ့မှာလုပ်သွားမယ်။

မေး။ ။ အခုဆို တချို့နေရာတွေမှာ အာဏာရပါတီအနေနဲ့ လမ်းတံတားဖွင့်ပွဲတွေမှာ ပါတီပုံရိပ်တွေနဲ့ ဆောင်ရွက်နေတဲ့ အပေါ်မှာရော ဘယ်လိုမှတ်ချက်ပြုချင်လဲ။

ဖြေ။ ။ ပြည်ခိုင်ဖြိုးကျေးရွာ ဆိုင်းဘုတ်တွေကိစ္စပြောတာပေါ့၊ ကျနော်တို့ကတော့ ဘယ်ပါတီဝင်မှ မဟုတ်ဘူး၊ကျနော် တို့က ဘက်လိုက်မှုကိုလုံးလုံးကင်းတယ်။ ဒါကတော့ ပါတီတိုင်းမှာရှိချင်လည်းရှိမှာပေါ့ဗျာ၊ ဥပဒေတွေလည်းရှိတာပဲ၊ တကယ်ငြိစွန်းလာပြီဆိုရင်တော့ တိုင်ကြားလို့ရသလို ရွေးကောက်ပွဲအလွန်မှာလည်းကန့်ကွက်လို့ရတာပဲ၊ ပါတီတွေ က ဥပဒေနဲ့အညီ ကိုယ့်ဟာကိုယ်ထိန်းကျောင်းရမှာပေါ့။ ပါတီတွေများတဲ့အတွက်ကြောင့်မို့ တချို့ ရှိချင်လည်း ရှိနိုင် တာပေါ့၊

မေး။ ။ ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်တဲ့နေရာမှာ ဘယ်လို အခက်အခဲ တွေကြုံနေရလဲ။

ဖြေ။ ။ ငွေရေးကြေးရေး အခက်အခဲလေးတွေတော့ရှိတာပေါ့၊ ကော်မရှင်အဖွဲ့ခွဲကျတော့ ၊ ရပ်ကျေးကြတော့ ၁၆၀၀ လောက်ရှိတယ်။ လူဦးရေ ၁၀ ဦးနဲ့ပဲတွက် ၊ ၁၆၀၀၀ လောက်ဆိုတော့ တချို့အားနည်းချက်တော့ရှိပါတယ်။ စေတနာ့ ဝန်ထမ်း တွေဖြစ်တဲ့အတွက်ကြောင့် ကိုယ်တတ်စွမ်းသမျှ ကိုယ်အားရှိသမျှ အားစိုက်ထုတ်ပြီးတော့ ဥပဒေ ၊ နည်းဥပဒေ ဘောင်အတွင်းကလုပ်သွားမှာပါ၊

မေး။ ။ ပဲခူးတိုင်းဒေသကြီးအတွင်းမှာတပ်မိသားစု၊ ဝန်ထမ်းမိသားစု ပမာဏကရောဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ ဒီစာရင်းတွေက ပြုစုတုန်းပဲရှိပါတယ်။ ဒါကြောင့် အတိအကျမသိသေးပါဘူး။ခုမှစပြုစုတုန်း။ စုံကိုမစုံသေးတာ။

မေး။ ။ နိုင်ငံရေးပါတီတွေက တပ်မိသားစုတွေကိုမဲဆွယ်စည်းရုံးဖို့အခက်အခဲရှိနေတဲ့အပေါ်မှာရော ဘယ်လို ဆောင် ရွက် ပေးဖို့ရှိလဲ။

ဖြေ။ ။ တပ်တွင်းမဲဆွယ်စည်းရုံးခွင့်ကိစ္စကတော့ UEC နဲ့ကာကွယ်ရေးဝန်ကြီးဌာနညှိနှိုင်းနေဆဲ၊ အဲဒါတော့ တိုင်း အဆင့်က မလုပ်ပါဘူး။ ညွှန်ကြားချက်လာရင်တော့ အဲ့ဒီညွှန်ကြားချက်အတိုင်းဆောင်ရွက်မှာပါ။ အကြမ်းမျဉ်းသိတာတော့ မဲရုံတွေ တပ်တွင်းမှာလုပ်မယ်ဆိုရင် မဲရုံထဲဝင်ခွင့်ရှိတဲ့လူတွေကို ဝင်ခွင့်ပေးရမယ်။ ဒါကညှိနှိုင်းထားပြီးသာ။ အဲ့လိုမှ ခွင့်မပြုနိုင်ဘူးဆိုရင် တပ်ပြင်မှာ မဲရုံထွက်လုပ်။ဒါပဲရှိတယ်။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဦးကိုကိုကြီး, ပုဒ်မ ၁၉, တောင်ဥက္ကလာ

ဦးကိုကိုကြီး ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုရန် ဆင့်ခေါ်ခံရ

ခွေးလေး ဂျိုဂို အသတ်ခံရမှု တရားမျှတရေး ခွေးချစ်သူများ တောင်းဆို

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.4k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate