တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပြားလှသော ကရင်ပြည်နယ်အတွင်းတွင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က မည်သို့ မည်ပုံ ဆောင်ရွက်ထားသည်ကို ဧရာဝတီ သတင်း ထောက် မင်းခန့်ပိုင်က ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကျော်ဝင်းမောင် ကိုတွေ့ဆုံမေးမြန်းထား ပါသည်။
မေး။ ။၂၀၁၀ ရွေးကောက်ပွဲတုန်းက မြဝတီမြို့မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အဲဒီလို မဖြစ်အောင် ဘယ်လိုစီမံထားလဲ။ လုံခြုံရေးပိုင်းနဲ့ပတ်သက်လို့ ဘာတွေစီစဉ်ထားလဲ။
ဖြေ။ ။ ကရင်ပြည်နယ်ထဲမှာဖြစ်တယ်ဆိုတာကမြဝတီမှပဲဖြစ်ခဲ့တာရှိပါတယ်။ အဲဒီ တုန်းကလည်း ရွေးကောက်ပွဲကို ထိခိုက်အောင် လုပ်သွားတာမျိုးမဟုတ်ပါဘူး။ ရွေး ကောက်ပွဲပြီးတဲ့နေ့ နောက်ရက်ကျမှ ပစ်ခတ်မှုကဖြစ်တာပါ။ ဒီလို ကိစ္စမျိုး က ကော်မရှင်ပိုင်းဆိုင်ရာက သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းကခေါင်းဆောင်တွေနဲ့ ၂၀၁၅ရွေး ကောက် ပွဲ ကို အောင်မြင်စွာကျင်းပနိုင်ဖို့ညှိနှိုင်းထားပါတယ်။ဒါပေမယ့် တကယ်တမ်း လုပ်တဲ့အခါမှာ ပြောထားတဲ့ အတိုင်း ဆောင်ရွက်တာ၊ မဆောင်ရွက်တာက တော့သူတို့ပေါ်မှာပဲ မူတည်တယ်။ ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကလည်းရွေးကောက်ပွဲဆိုင်ရာဖြစ်ပွားနိုင်တဲ့ပဋိပက္ခအတွက်နေပြည်တော်မှာအလုပ်ရုံဆွေးနွေးပွဲတွေလုပ်နေပါတယ်။
မေး။ ။ ရွေးကောက်ပွဲနေ့မှာ ပြည်နယ်အဆင့်ကနေ မြို့နယ်အဆင့် အထိလုံခြုံရေး အတွက်အထူးရဲ အင်အား ဘယ်လောက် သုံးသွားမလဲ။
ဖြေ။ ။ ၂၀၁၅ ရွေးကောက်ပွဲအတွက် အထူးရဲဆိုတာနဲ့ပတ်သက်လို့လည်း လုံခြုံရေးအဖွဲ့ဆိုတာဖွဲ့စည်းထားပါတယ်။ ဥက္ကဋ္ဌ အဖြစ်က နယ်/လုံဝန်ကြီးကတာဝန် ယူရမှာဖြစ်ပြီးကော်မရှင်ကတော့ အဖွဲ့ဝင်အဖြစ်နဲ့ပါဝင်ရမှာပါ။ ပြည်နယ် ရဲမှူးကြီး ကတော့ အတွင်းရေးမှူးအဖြစ်နဲ့ပါဝင်မှာပါ။ အထူးရဲတွေကိုလည်းအခုခေါ်နေတယ်။ သူတို့ကို ရွေးကောက်ပွဲ လုပ်ငန်း စဉ်နဲ့ပတ်သက်လို့ကော်မရှင်အဖွဲ့ခွဲကသင်တန်းပေးရမှာဖြစ်ပါတယ်။ အထူးရဲက မဲရုံနဲ့ နယ်မြေလုံခြုံရေး အတွက် ဆောင်ရွက် နေတာဖြစ်ပါတယ်။
မေး။ ။၂၀၁၅ ပြည်နယ်ရွှေးကောက်ပွဲတစ်ခုလုံးအောင်မြင်စွာနဲ့ပြီးဆုံးအောင် ကော်မရှင်ကဘယ်လောက် အာမခံ နိုင်မလဲ။
ဖြေ။ ။ ၂၀၁၅ရွေးကောက်ပွဲမှာကော်မရှင်ကအောင်မြင်စွာပြီးဆုံးအောင် ဘယ်လောက်အာမခံမလဲဆိုတာကတော့ ခုချိန်ထိ ကိုယ်တို့ဘက်ကသေချာနေပြီ။ လုပ်စရာရှိတာတွေတော့လုပ်ထားတာပဲလေ။ သို့သော်လည်း နီးလာမှ ထ ဖောက် ရင် တော့မတတ်နိုင်ဘူး။ ဒါကကိုယ့်ကြောင့်တော့ မဟုတ်ဘူးလေ။ တဖက်က ထဖောက်ရင်တော့ကိုယ်လည်း ဘာမှ မတတ်နိုင်ဘူး။
မေး။ ။လက်နက်ကိုင် စိုးမိုးတဲ့ဒေသမှာမဲစာရင်းပြုစုမှု၊ မဲပေးနိုင်မှုနဲ့မဲရုံတည် ဆောက်မှုအတွက် ဘယ်လိုစီစဉ် ထားလဲ။ သူတို့ဘက်က ကူညီပေးတာမျိုးရှိလား။
ဖြေ။ ။ အဲဒါကတော့တမြို့နယ်နဲ့တမြို့နယ်မတူပါဘူး။ တချို့မြို့နယ် တွေမှာရှိတဲ့ လက်နက်ကိုင်တွေက မကန့်ကွက် သလို တချို့မြို့နယ်တွေကလက် နက်ကိုင်တွေကတော့ ကန့်ကွက်တယ်။ ၂၀၁၅ မှာတော့ အရင်ထက် ရပ်ကျေးအဆင့် ကော်မရှင် ရုံးတွေ ၂၀၁၀ ထက် ၉၈ ဖွဲ့တိုးပြီးဖွဲ့လာနိုင်ပါတယ်။
မေး။ ။ တပ်ရင်းတွေနဲ့အဖွဲ့အစည်းတွေမှာရှိတဲ့မဲရုံတွေကိုဘယ်လိုပုံစံနဲ့ ကြီးကြပ်သွား မလဲ။ မီဒီယာ အနေနဲ့ ရော သတင်း ယူခွင့် ရှိပါသလား။
ဖြေ။ ။ မဲရုံတိုင်း မဲရုံတိုင်း မဲရုံမှူးနဲ့မဲရုံအဖွဲ့ဝင်တွေရှိမှာပါ။သက်ဆိုင်ရာရပ် ကျေး အဖွဲ့ဝင်တွေလည်း သွားရောက် ကြီးကြပ်မှာပါ။ စောင့်ကြည့်လေ့လာသူတွေကိုလည်း စိစစ်ပြီးတော့ခွင့်ပြုသွားမှာပါ။ ဝင်ခွင့်ကဒ်ပြားကိုတော့ ပြည်နယ် ကော်မရှင်မှာ လျှောက်ထားရမှာဖြစ်တယ်။
မေး။ ။ ကရင်ပြည်နယ်မဲစာရင်းမှာ မှားယွင်းမှု ဘယ်လောက်ရှိလဲ။
ဖြေ။ ။ တပြည်နယ်လုံးအတိုင်းအတာအရကတော့ ၂ ဒသမ ၈၇ ရာခိုင်နှုန်း လောက် မဲစာရင်းအမှားတက်လာပါတယ်။ တပြည်နယ်လုံးမဲစာရင်းလာကြည့်တာ က ၉ ဒသမ ၂၈ ရာခိုင်နှုန်းလောက်ပဲလာကြည့်ပါတယ်။ ပုံစံ ၃ နဲ့ပြင်တာ က ၀ ဒသမ ၉၃ ရာခိုင်နှုန်းပြင်တယ်။ ပုံစံ ၄ နဲ့ ပြင်တာက ဝဒသမ ၃၂ ရာခိုင်နှုန်းပြင်တယ်။ ပုံစံ ၄-ဂ နဲ့ ပြင်တာက ၁ ဒသမ ၆၂ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီတော့ ၂ ဒသမ ၈၇ ရာခိုင်နှုန်း မဲအမှားအယွင်းရှိပါတယ်။ ထပ်မှားရင်လည်း ထပ်ပြင် ပေး ဖို့ တွေ ရှိပါတယ်။
မေး။ ။ ပြည်နယ်ကော်မရှင်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပနိုင်ဖို့ အတွက် စိန်ခေါ်မှုတွေ က ဘာတွေလဲ။
ဖြေ။ ။ အခက်အခဲကတော့ ဘာပြောရမလဲ။ လက်ရှိချထားတဲ့လုပ်ငန်းစဉ်နဲ့ ပတ်သက် လို့အခက်အခဲ မရှိအောင် ဆောင်ရွက် နေတယ်။ မမျှော်မှန်းနိုင်တဲ့လုံခြုံ ရေးပိုင်းကတော့ မတတ်နိုင်ဘူးပေါ့။ လက်နက်ကိုင်နယ်မြေတွေမှာ ရွေးကောက်ပွဲ လုပ်ရတာ ခက်ခဲတယ်။