• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

သမ္မတ၏ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နှင့် မေးမြန်းချက်

by ဧရာဝတီ
15 August 2015
in အင်တာဗျူး
A A
သမ္မတ, ဦးရဲထွဋ် , ဦးရွှေမန်း , ကြံ့ခိုင်ရေး

သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

76.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသော သူရ ဦးရွှေမန်းကို သြဂုတ်လ ၁၂ ရက် ညပိုင်းက ရာထူးမှဖြုတ်ချလိုက်ပြီး ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပါတီ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ကြံ့ခိုင်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တချို့လည်း ဖြုတ် ချ ခံခဲ့ရသည်။

RelatedPosts

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

နိုင်ငံတကာက ရှုတ်ချတာကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူးလား (ရုပ်/သံ)

16 May 2025
33
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
938
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
1.9k

ယင်းသို့ ကြံ့ခိုင်ရေး ပါတီတွင်း အပြောင်းအလဲ အခြေအနေများနှင့်ပတ်သက်ပြီး သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်အား ဧရာဝတီ အကြီးတန်း သတင်းထောက် မေစစ်ပိုင်က မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။  ။ သမ္မတ ဦးသိန်းစိန် က လက်ရှိမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ဥက္ကဋ္ဌ နေရာကို ပြန်ယူလိုက်တယ် ဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင် သမ္မတ ဖြစ်သူက ပါတီမှာ ပါဝင်ပတ်သက်ခြင်းမရှိရဘူးလို့ သိရပါတယ်။ အခုလိုမျိုး ပါတီ မှာ တာဝန်ယူလိုက်တယ်ဆိုတော့ ဒါက ဥပဒေကို ချိုးဖောက်ရာ မရောက်ဘူးလား။

ဖြေ။  ။ ပထမဆုံးအချက်က သမ္မတကြီးက ဥက္ကဋ္ဌ ရာထူး နဲ့ ဆက်ရှိနေပေမယ့် ပါတီဥက္ကဋ္ဌ အလုပ်ကို မလုပ်ပါဘူး။ ကျနော်တို့ သိ သလောက်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ အခြေခံစည်းမျဉ်း ပုဒ်မ ၉၉ (ခ) မှာ ဥက္ကဋ္ဌ သည် ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိဘူးဆိုရင် ဒုတိယဥက္ကဋ္ဌ တဦးဦးကို ဥက္ကဋ္ဌ တာဝန်ပူးတွဲ ထမ်းဆောင်စေရမည်လို့ ပါ ပါတယ်။ အဲဒါကြောင့် သူက အရင်က ဦးရွှေမန်းကို ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ဖို့ပေးထားတဲ့ အမိန့်ကို ရုပ်သိမ်းပြီးတော့မှ ဦးဌေးဦး ကို သူ့ကိုယ်စား တာ ဝန် ပေးခဲ့တာ။ ဒါကိုပဲ သူ လုပ်ပါတယ်။ ကျန်တဲ့ဟာတွေ ပြင်ဆင်ဖွဲ့စည်းတာတွေလုပ်တာက ဦးဌေးဦးတို့ လုပ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာမရှိပါဘူး။

မေး။  ။ ပါတီဥက္ကဋ္ဌ တယောက်ဖြစ်နေတဲ့ သမ္မတဦးသိန်းစိန်အနေနဲ့ လက်ရှိမှာ ဦးရွှေမန်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပုံစံတွေနဲ့ ဆက် လက်လုပ်ဆောင်မလဲ သိချင်ပါတယ်။

ဖြေ။  ။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွဲထားကတည်းကိုက အရင်တုန်းက ဖဆပလ ခေတ်မှာဖြစ်သလို ပါတီတွင်းရဲ့ သဘော ထား ကွဲပြားမှုတွေက အစိုးရ၊ အုပ်ချုပ်ရေး အတွင်းရဲ့လုပ်ငန်းတွေကို မထိခိုက်အောင်လို့ ကျနော်တို့က မဏ္ဍိုင်တွေကို ခွဲခြားပြီး လုပ်ခဲ့တာလေ။ အဲဒါကြောင့်မို့လို့ ပြည်ခိုင်ဖြိုး ပါတီတွင်းမှာဖြစ်နေတဲ့ ပါတီတွင်းပြဿနာတွေဟာ အစိုးရအဖွဲ့အပေါ်မှာ လာပြီးတော့ သက်ရောက်မှု မရှိသလို သမ္မတကြီးအပါအဝင် ကျနော်တို့ အစိုးရအဖွဲ့ဝင်တွေကလည်း ပြည်ခိုင်ဖြိုးပါတီကိစ္စတွေမှာ ဝင်ရောက်လွှမ်း မိုး တာ တို့ စွက်ဖက်တာတို့ ရှိမှာ မဟုတ်ပါဘူး။

မေး။  ။  ပြီးခဲ့တဲ့ရက်ပိုင်းက ကြံ့ဖွံ့ပါတီ က ကိုယ်စားလှယ်လောင်း ခန့်အပ်တဲ့ အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ လာမယ့် သက်တမ်းမှာ သမ္မတတာဝန်ကို ထမ်းဆောင်တော့မှာ မဟုတ်ဘူးလို့ အတိအကျပြောခဲ့တဲ့ ပါတီကိုယ်စားလှယ်လည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ (သြဂုတ် ၁၄ ရက်) သတင်းတချို့မှာတော့ သမ္မတရုံးက ဒါကို ငြင်းထားပါတယ်။ အဲဒီအပေါ် ဘယ်လို မှတ်ချက်ပေး ပါမလဲ။

ဖြေ။   ။ သမ္မတကြီးက ရွေးကောက်ပွဲမှာမဝင်တာဘဲ ပြောတာပါ။ သမ္မတ လုပ်မယ်မလုပ်ဘူးဆိုတာကို သူပြောတာမဟုတ်ပါဘူး။ သူ့အနေနဲ့ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုဘူး မှတ်ပုံမတင်ဘူးလို့ဘဲ ပြောတာပါ။

မေး။  ။  ဒီတခေါက်က အင်အားကြီးပါတီတခုရဲ့ ကိစ္စဖြစ်သလို ဦးရွှေမန်းဆိုတာကလည်း လက်ရှိ လွှတ်တော်ရဲ့ ဥက္ကဋ္ဌ တယောက်၊ နာယက တယောက်လည်းဖြစ်နေတယ်။ လူထုကတော့ ရွေးကောက်ပွဲလည်း နီးလာပြီ။ ဒါတွေဖြစ်လာတော့ နိုင်ငံရေးပိုင်း ဂယက် ရိုက် ပြီး ရွေးကောက်ပွဲရွေ့ဆိုင်းသွားမှာ စိုးရိမ်ကြတဲ့အပေါ် အစိုးရဘက်က ကတိတခုခုပေးနိုင်ပါမလား။

ဖြေ။  ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်လိုက်ရင် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်၊ နေရာတွေကို သတ်မှတ်ဆုံးဖြတ်တာက ပြည် ထောင် စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်တာပါ။ ပြည်ထောင်စု အစိုးရအနေနဲ့ကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက် ပွဲကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ အုပ်ချုပ်မှု ထောက်ပံ့မှု တရားဥပဒေစိုးမိုးမှု လုံခြုံရေးကိစ္စတွေကို အပြည့်အဝလုပ်ပေးမယ်။ လွှတ်တော်ကလုပ်ပေးတဲ့ တရားမျှတတဲ့ ဥပဒေတွေပြဋ္ဌာန်းမယ်။ ဒီလို သူ့အပိုင်းနဲ့သူလုပ်ဆောင်ဖို့ လုပ်သလို ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကလည်း ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာထားပြီးဖြစ်တာကြောင့် ရွေးကောက်ပွဲကို သတ်မှတ်ရက် အတိုင်းပဲ လုပ်မယ်လို့ ကျနော်တော့ ယူဆပါတယ်။

မေး။  ။ ဦးရွှေမန်းကို တာဝန်လွှဲပေးတဲ့ကာလမှာ ပါတီစည်းရုံးမှု ပျက်ပြားအောင်လုပ်လို့ အခုလို ပြဿနာတွေ ပါတီတွင်းမှာ ဖြစ် တော့ အဲဒါက သမ္မတကိုယ်တိုင် ဆုံးဖြတ်တာလား ဘယ်သူတွေ ဝင်ရောက်အဆုံးအဖြတ် ပေးတာပါလဲ။

ဖြေ။  ။ ဒီလိုကိစ္စကို သမ္မတကြီး ဆီကတဆင့် သိသလောက်တော့ ပါတီက လူအချို့က သမ္မတကြီးဆီကို စာရေးပြီး တင်ပြကြတယ်။ ဒီလိုအခြေအနေကြောင့် ပါတီရဲ့ ဂုဏ်သိက္ခာနဲ့ စည်းလုံးညီညွတ်မှု၊ ပါတီကို ထောက်ခံတဲ့သူတွေကြားမှာ အမျိုးမျိုးကွဲပြားနေတယ်။ ဒီအခြေအနေကို ပြန်လည်ပြုပြင်ပေးဖို့ လိုအပ်တယ်လို့ စာနဲ့တင်ပြပါတယ်။ ဒီအပေါ်မူတည်ပြီး သုံးသပ်ပြီးတော့ ဥက္ကဋ္ဌ အဖြစ် ပူးတွဲတာဝန် ထမ်းဆောင်မယ့်သူ(ဦးဌေးဦး) ကို ပြောင်းလဲတာဝန် ပေးလိုက်တာ ဖြစ်ပါတယ်။

မေး။   ။ သမ္မတ က လာမယ့် သက်တမ်းအတွက် ရွေးကောက်ပွဲမဝင်ဘူး ဆိုပေမယ့် ပါတီမှာရော ဥက္ကဋ္ဌ အနေနဲ့ဆက်ရှိပြီး တာဝန် ယူ လုပ်ဆောင်မှုတွေ ရှိနေမှာပါလား။

ဖြေ။  ။ သမ္မတကြီးက ပါတီ ဥက္ကဋ္ဌ အနေနဲ့တော့ရှိနေတယ်။ ပါတီတာဝန်ကို လက်ရှိမှာ သူတာဝန်မထမ်းဆောင်ဘူး။ ဦးဌေးဦး တို့က တာဝန်ထမ်းဆောင်နေတယ်။ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ဘာဖြစ်မလဲဆိုတာတော့ ကျနော်ထင်တယ်လေ။ ပါတီက ဆုံးဖြတ်ကျမှာပေါ့။ အခုကတော့ ကျနော်ကိုယ်တိုင်လည်း ပါတီဝင်မဟုတ် ပါတီတာဝန်ထမ်းဆောင်နေသူလည်းမဟုတ်တော့ ဒါတွေကို တွက်ချက်ပြီးမခန့်မှန်းချင်ပါဘူး။

မေး။   ။ ကြံ့ခိုင်ရေး ပါတီ ရဲ့ ကိစ္စအားလုံးကို ဦးဌေးဦးကပဲ ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ယူလိုက်ပြီပေါ့။

ဖြေ။   ။ ပါတီဖွဲ့စည်းပုံအတိုင်း လုပ်မယ်လို့ ဘေးကလေ့လာသူ အမြင်ပဲရှိတယ်။

မေး ။   ။ ဖြည့်စွက်ပြောချင်တာ၊ မှတ်ချက်ပေးချင်တာများ ရှိပါသေးလား။

ဖြေ။    ။ ကျနော်တို့က အစိုးရအဖွဲ့ဆိုတော့ ပါတီရေးရာတွေနဲ့တော့ မဆိုင်ပါဘူး။ လူထုအနေနဲ့ ပါတီရဲ့အပြောင်းအလဲတွေက အစိုး ရ အဖွဲ့အပေါ်မှာ အကျိုးသက်ရောက်မလားလို့ မြင်နေတာကိုတော့ မြင်စရာမလိုဘူး၊ စိုးရိမ်စရာမလိုဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဲဒီလိုမဖြစ်အောင်ပေါ့၊ ရှင်းရှင်းလင်းလင်းပြောရရင် ၁၉၅၉ ခုနှစ် ဖဆပလ အကွဲအပြဲဖြစ်တာကို လွှတ်တော်တွင်း ယူလာပြီးတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ထိခိုက်တဲ့ သင်ခန်းစာကို ယူပြီး ဥပဒေ ရေးဆွဲထားတာကြောင့် ဘာမှထိခိုက်စရာ အကြောင်းမရှိဘူး။ ဒီဘက် ကလည်း ဘာမှသွားပြီးတော့ စွက်ဖက်စရာ အကြောင်းမရှိဘူး လို့ပဲ ပြောချင်ပါတယ်။   ။

Your Thoughts …
Tags: Police
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

by ထက်နိုင်ဇော်
21 March 2013
37.8k

ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း

မှုခင်း, လူသတ်မှု, ရဲတပ်ဖွဲ့, စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု

ရန်ကုန်တွင် ဖော်ထုတ်နိုင်ခြင်း မရှိသည့် အမှုပေါင်း ၆၀၀ ကျော်ရှိ

by မေခ
27 September 2013
5.5k

ရဲတပ်ဖွဲ့က ဖော်ထုတ်ခြင်း မရှိသော အမှုအခင်းများ အနက် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သော စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုမှာ ယခု အချိန်အထိ တရားခံ ဖမ်းဆီးနိုင်ခြင်း မရှိသည့် အပြင် ရဲတပ်ဖွဲ့ကလည်း အမှုနှင့် ပတ်သက်ပြီး...

ရန်ကုန်မှာ ဆိုင်ကယ်စီးရင် ဖမ်းပြီ

ရန်ကုန်မှာ ဆိုင်ကယ်စီးရင် ဖမ်းပြီ

by စနေလင်း
2 September 2013
5.6k

ဆိုင်ကယ် စီးနင်းခွင့်ကို ပိတ်ပင်ထား သော်လည်း ပုံစံမျိုးစုံဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များ စီးနင်းနေကြသည့် အတွက် စီးနင်းသူများကို သွင်းကုန် ထုတ်ကုန် ဥပဒေအရ ထောင်ဒဏ် ၃ နှစ်၊ နောက်မှ လိုက်ပါ စီးနင်းသူအား ထောင်ဒဏ်...

စစ်အရာရှိများကို ရေကြောင်းနှင့် လေကြောင်း ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ ခန့်အပ်

စစ်အရာရှိများကို ရေကြောင်းနှင့် လေကြောင်း ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ ခန့်အပ်

by ခင်ဦးသာ
14 June 2013
7.9k

“ရဲတွေက ရေကြောင်း ဆိုင်ရာတွေ ကျွမ်းကျင်မှု မရှိဘူး။ ပင်လယ်ပြင်ကို စိုးမိုးနိုင်တဲ့ ရဲအရာရှိ မရှိဘူး။ ဒါကြောင့် စစ်တပ်က အရာရှိတွေကို တာဝန်ပေးတာပါ။ ပိုပြီး အစွမ်းထက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်လာတာပေါ့လေ” ဟု ဦးလှဆွေက ဆိုသည်။

၁၉၉ ဖုန်း မကိုင်တာ ဘာကြောင့်လဲ

၁၉၉ ဖုန်း မကိုင်တာ ဘာကြောင့်လဲ

by ကျော်ခ
16 July 2013
8.4k

ဖုန်းကိုင်လိုက်တဲ့ ရဲတွေကို မင်းညီမပေးမလား၊ မင်းအမပေးမလား၊ မင်းအဒေါ်ပေးမလား၊ အဲလိုတွေ နှောင့်ယှက်တာ။ ကျနော်တို့က ဖုန်းပြန်ချလိုက်လို့ရှိရင် ခဏနေ ပြန်ခေါ်လိုက်နဲ့ အဲလိုမျိုးတွေနှောက်ယှက်တာ။

Next Post
သမ္မတ, လူငယ်, ဗိုလ်ချုပ်

လူငယ်တွေအတွက် မပူပါနဲ့

ကျန်းမာရေး , လိင်ပညာပေး

လိင်ဆက်ဆံမှု သုခ ပြည့်ဝစေဖို့ ဘာတွေလိုအပ်လဲ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate