• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဖေ့စ်ဘွတ်က ကောလာဟလတွေကို မယုံကြည်ပါနဲ့

by ဧရာဝတီ
18 August 2015
in အင်တာဗျူး
A A
ကမ္ဘောဇဘဏ်, KBZ, သူရဦးရွှေမန်း

ကမ္ဘောဇဘဏ် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

42.1k
VIEWS
Share on FacebookShare on Twitter

လူမှု ကွန်ရက်တခု ဖြစ်သည့် ဖေ့ဘုတ် စာမျက်နှာများတွင် ပြန့်နှံ့နေသည့် နိုင်ငံရေး ခေါင်းဆောင်တချို့နှင့် ပတ်သက်ဆက်နွယ်နေသည့် ဘဏ်အချို့ ပိတ်သိမ်းမည် ဆိုသည့် ကောလာဟာလများ ထွက်ပေါ်နေသည်။ ယင်းကောလာဟလကြောင့် ပြည်တွင်းဘဏ်အချို့တွင် ငွေအပ်နှံထားသည့် စိုးရိမ်မှုရှိသည့် ပြည်သူအချို့က ၎င်းတို့ အပ်နှံထားသည့် ငွေများကို ဘဏ်များမှ ပြန်လည်ထုတ်ယူလာကြသည်။ အထူးသဖြင့် ကမ္ဘောဇ (KBZ) ဘဏ်တွင် အပ်နှံငွေ ပြန်လည်ထုတ်ယူမှု များပြားနေသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်ရှိ အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာက ဆက်သွယ်မေးမြန်းထားသည်။

မေး။  ။ လက်ရှိ ဘဏ်တွေနဲ့ပတ်သက်ပြီး ကောလာဟလ ထွက်ပေါ်နေတဲ့အပေါ် ကမ္ဘောဇ ဘဏ်ရဲ့ အမြင်ကို ပြောပြပေးပါ။

RelatedPosts

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

18 June 2025
1.7k
တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

17 June 2025
1.8k
၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
969

ဖြေ။  ။ အခု ဖြစ်နေတာတွေက ကောလာဟလ သတင်းတွေပါ။ ကျနော်တို့ဘက်ကတော့ ဒီကိစ္စဟာ လုံး၀ မဟုတ်တဲ့ အတွက် မဟုတ်ပါဘူးလို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့ဆီမှာ ဘယ်သူတွေ ငွေလာထုတ်ထုတ်ပါ။ ကျနော်တို့မှာ ငွေတွေ အသင့် ရှိပါတယ်။ ငွေတွေလည်း အလုံအလောက် ရှိပါတယ်။ ငွေလာထုတ်ရင်လည်း ကျနော်တို့မှာ အရင်နေ့တွေကလည်း ပုံမှန် ထုတ်ပေးနေတဲ့အတွက် ဘာမှ မထူးခြားသွားပါဘူး။ ဒါပေမယ့် ဒီကောလာဟလကြောင့် လာထုတ်တဲ့သူတွေဘက်မှာ ငွေအတိုးရဖို့ နည်းသွားမှာရယ်၊ အလုပ်ပိုရှုပ်ဖို့ပဲ ရှိပါတယ်။ လူတွေအနေနဲ့က ကောလာဟလတွေ အပေါ် မယုံဖို့ပါပဲ။

အရင် ၂၀၀၃ ခုနှစ်ကလည်း ဒီလို ကောလာဟလ ထွက်တဲ့ အပေါ် လူတွေ ယုံမိလို့ ဘဏ်မှာ ငွေလာထုတ်ကြတယ်။ အဲဒီလို ထုတ်တော့ အားလုံမှာ အလုပ်ပျက် အကိုင်ပျက် ဖြစ်ကြတယ်။ တိုင်းပြည်အနေနဲ့လည်း ထုတ်လုပ်မှု GDP လည်း ကျဆင်းတယ်။ စီးပွားရေးမှာလည်း ပြည်သူတွေ ဒုက္ခရောက်ကြတယ်။ အဲဒီတော့ နိုင်ငံတခုမှာ ဘဏ်စနစ် မကောင်းရင် စီးပွားရေးလည်း မကောင်းနိုင်ဘူးလေ။ ဒါကြောင့် ဘဏ်စနစ်ကို ယုံကြည်နေဖို့ လိုအပ်တယ်။ တကိုယ်ကောင်းစိတ်နဲ့ မကြည့်ဘဲ ပြည်သူတွေ အနေနဲ့ တိုင်းပြည်ချစ်စိတ်နဲ့ ကြည့်ပေးဖို့ လိုပါတယ်။

မေး။  ။ ကမ္ဘာဇဘဏ် အနေနဲ့ ငွေကြေး ခိုင်မာမှု ရှိနေအောင် ဘယ်လို ဆောင်ရွက်မှုတွေ လုပ်ဆောင်ထားပါသလဲ။

ဖြေ။  ။ ဘဏ်တွေနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေ အားလုံးက ဗဟိုဘဏ်က သတ်မှတ်ထားပေးပြီးသားပါ။ ဥပမာ ငွေထုတ်ချေးမယ်ဆိုရင် ဘယ်လောက်ကို ထုတ်ချေးရမယ်။ ဘယ်လောက် ချန်ထားရမယ်။ ဘယ်လောက်ကို အရံငွေ ထားရမယ်ဆိုတဲ့ အချက်တွေ အများကြီးကို ဗဟိုဘဏ်က ချမှတ်ထားပြီးသားပါ။ သူတို့ရဲ့ ဗဟိုဘဏ်မှာလည်း အရံငွေဆိုတာ ထားထားတာ ရှိပါတယ်။ ကျပ်ငွေ ဆိုတာက နိုင်ငံတော်က ထုတ်တာလေ။ ဒေါ်လာလို မဟုတ်ဘူး။ ကျပ်ငွေက သူ့မှာလည်း (နိုင်ငံတော်)အလုံအလောက် ရှိပြီးသား။ သူကလည်း ဘဏ်တွေကို ဒီလို အဖြစ်မခံဘူး။ ဗဟိုဘဏ်တို့ကလည်း ငွေရေး၊ ကြေးရေး ဒုက္ခ မဖြစ်အောင် ကျနော်တို့ ဘဏ်တွေဆီကနေ အရန်ငွေကို အများကြီး ယူထားတာ ရှိပါတယ်။

ဒါကြောင့် ဗဟိုဘဏ်က ကျနော်တို့ ဘဏ်တွေနဲ့ ပတ်သက်လို့ရှိရင် သူ့အနေနဲ့ လုံး၀ တာဝန်ယူတယ်။ အခုလည်း ဗဟိုဘဏ်က ထုတ်ပြန်ချက် ထုတ်ထားပြီးပါပြီ။ ဘဏ်တွေနဲ့ ပတ်သက်ပြီး အပြည့်အ၀ တာဝန်ယူမယ်လို့ ပြောကြားထားပြီးသားပါ။

နောက်တခါ ငွေကြေးနဲ့ ပတ်သက်ပြီး ငွေတိုက် စာချုပ်တွေလည်း ထားထားတယ်။ ငွေတိုက် စာချုပ်ကို လက်ခံထားပြီးတော့လည်း ငွေတွေကို ထုတ်ချေးပေးနေတယ်။ အရေးပေါ်လည်း လုပ်ပေးနိုင်တယ်။ နောက်တခါ ကျနော်နားလည်သလောက်ဆိုရင် နိုင်ငံတော်ကလည်း ကျပ်ငွေတွေကို ကိုယ့်ဟာကိုယ် ထုတ်တဲ့ငွေတွေပါ။ အရင်တုန်းကဆိုရင် ငွေတထောက်တန်ဆိုရင် ငွေတွေကို အများကြီး သယ်ယူရတယ်။ အခုဆိုရင် တသောင်းတန် ဖြစ်သွားတဲ့အတွက် ငွေသယ်ပြုရတာလည်း လွယ်တယ်။ ဒါကြောင့် ဘဏ် တခုခု ဖြစ်ပြီးဆိုရင်လည်း ဗဟိုဘဏ်ကနေ ကျောထောက်နောက်ခံ ပြုဖို့ ပိုလွယ်တယ်။

ဒါကြောင့် ပြည်သူတွေ နားလည်အောင် ရှင်းရှင်းလင်းလင်း တိတိကျကျ ပြောရမယ်ဆို ဗဟိုဘဏ်ကနေ စည်းမျဉ်းစည်းကမ်းနဲ့ အညီ တိတိကျကျ လုပ်ထားသလို ဘဏ်တွေကလည်း အဲဒီစည်းကမ်းအတိုင်း လိုက်နာတယ်။ အဲလို လိုက်နာတဲ့အတွက် ဗဟိုဘဏ်ကလည်း ငွေရေးကြေးရေးအတွက် လုံး၀ တာဝန်ယူတယ်။ အခုလိုမျိုး ကောလဟာလတွေ ကြားလို့ ရှိရင် ပြည်သူတွေက မယုံကြည်လို့ ငွေထုတ်ယူမယ်ဆိုရင်လည်း ငွေတွေ လုံလုံလောက်လောက် ထုတ်ပေးနိုင်အောင်လို့ ဗဟိုဘဏ်က တာဝန်ယူတယ်လို့ ပြောထားပါတယ်။ ပြည်သူတွေမှာ လုံး၀ ဆုံးရှုံးမှု မရှိစေရဘူး။ ဒီဘဏ်တွေကလည်း လိုင်စင်ယူပြီး လုပ်ဆောင်တဲ့ ဘဏ်တွေဖြစ်တဲ့အတွက် လိုင်စင်မပေးခင်ကတည်းက ငွေရေးကြေးရေး တောင့်တင်းခိုင်မာကြောင်း စစ်ဆေးပြီးတော့မှ ထုတ်ပေးတာပါ။

မေး။  ။ ဒါဆို ကမ္ဘာဇဘဏ်အနေနဲ့လည်း ငွေကြေး အခိုင်အမာ ရှိတယ်ပေါ့။

ဖြေ။  ။ ကျနော်တို့မှာ ငွေကြေး အခိုင်အမာ ရှိတာပေါ့။ အဲဒီလို အခိုင်အမာ ရှိတဲ့အပြင် ဗဟိုဘဏ်ကလည်း ထပ်ပြီး အထောက်အပံ့ ပေးထားနိုင်ပါသေးတယ်။ ကျနော်တို့ ဘဏ်က ခိုင်မာမှု ရှိအောင်လည်း တဘက်မှာ ငွေထုတ်ချေးမှုတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ အတိုင်း ငွေထုတ်ကြေးမှုတွေ ရှိပါတယ်။ နောက်ပြီး အာမခံ လုပ်ငန်းတွေလည်း လုပ်ကိုင်ထားတာ ရှိပါတယ်။ ချေးငွေနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်က ထုတ်ချေးဖို့ သတ်မှတ်ထားတာက ၁၀၀ ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်း ထုတ်ချေးဖို့ သတ်မှတ်ထားတယ်။ ကျနော်တို့ ဘဏ်ကတော့ ၆၀၊ ၇၀ ရာခိုင်နှုန်းကြားလောက်ပဲ ထုတ်ချေးထားတယ်။ ကျနော်တို့မှာ ဘဏ်ခွဲတွေ ရှိတယ်။ နောက်ပြီး ငွေတိုက် စာချုပ်တွေ ရှိတယ်။ အာမခံလုပ်ငန်းတွေ ရှိတယ်။ လေကြောင်းလုပ်ငန်းတွေနဲ့ တခြား စီးပွားရေး လုပ်ငန်းတွေ ရှိပါတယ်။ အဲဒါကြောင့် ဗဟိုဘဏ်ကလည်း တကယ်လိုအပ်လာရင် လိုအပ်သလောက် ငွေကို ထုတ်ပေးဖို့ အဆင့်သင့် ရှိနေတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဘာမှ ဆုံးရှုံးစရာ မရှိဘူး။

မေး။  ။ နောက်ပြီး အခု ကောလဟာလ ထွက်နေတာက ကမ္ဘောဇ ဘဏ်ရဲ့ ရှယ်ယာတွေထဲမှာ တချို့ဟာ သူရဦးရွှေမန်းနဲ့ ပတ်သက်နေတယ်လို့ လည်း ကြားသိရပါတယ်။ ဟုတ်ပါသလား။

ဖြေ။  ။ ကျနော်တို့ရဲ့ ပုံစံ(၆/၂၆) မှာ ကျနော်တို့ မိသားစုတွေပဲ ရှိပါတယ်။ ဦးရွှေမန်းနဲ့ ဘာမှ မပတ်သက်ပါဘူး။ တယောက်က ဦးရွှေမန်းနဲ့ ပတ်သက်တယ် ပြောမယ်။ နောက်တယောက်က ဦးရွှေမန်း မဟုတ်ဘူး၊ ဦးမောင်မောင်သိမ်းနဲ့ ပတ်သက်တယ် ပြောမယ်။ နောက်တယောက် ဦးတင်နိုင်သိန်းနဲ့ ပတ်သက်တယ် ပြောမယ်။ လူတွေကတော့ လျှောက်ပြောနေမှာပဲ။ ကျနော်တို့ဘက်က ပြောရမှာတော့ ဘယ်သူနဲ့မှ လုံး၀ မပတ်သတ်ပါဘူး။ ကျနော်တို့ရဲ့ ပုံစံ(၆/၂၆) က နာမည်တွေထဲမှာ ရွှေ ဆိုတာလည်း တလုံးမှ မပါသလို မန်း ဆိုတာလည်း တလုံးမှ မပါပါဘူး။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှာ ရှိတဲ့ မှတ်ပုံတင်ကို တောင်းယူ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဦးရွှေမန်းနဲ့ ကျနော်တို့တွေ ဘယ်တော့မှလည်း ဘာအလုပ်မှ မလုပ်ခဲ့ဘူးပါဘူး။ ဘယ်တော့မှလည်း ပတ်သက်မှု မရှိခဲ့ပါဘူး။

မေး။  ။ ဘဏ်လုပ်ငန်းရှင် တဦးအနေနဲ့ ပြည်သူတွေကို ပြောချင်တဲ့ စကား ရှိရင် ပြောပြပေးပါ။

ဖြေ။  ။ ဖေ့ဘွတ်မှာ တတ်လာတဲ့ ကောလဟာလတွေကို မယုံကြည်ပါနဲ့။ နောက်ပြီး ပြည်သူတွေအနေနဲ့ ဘဏ်လုပ်ငန်းအပေါ် ယုံကြည်စေချင်တယ်။ ဘဏ်လုပ်ငန်း မယုံရင် စီးပွားရေး တိုးတက်မှာ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့လည်း ဘဏ်လုပ်ငန်းမှာ သိက္ခာ၊ သမာဓိ ရှိရှိ အလုပ်လုပ်နေပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီးလည်း တောင့်တင်းခိုင်မာမှု အပြည့်အ၀ ရှိပါတယ်။

Your Thoughts …
Tags: BusinessInterviews
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
369

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
19.9k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

Next Post
ကျားဖြူပါတီမှ ကိုယ်စားလှယ် ၂ ဦး နုတ်ထွက်၊ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည်

ကျားဖြူပါတီမှ ကိုယ်စားလှယ် ၂ ဦး နုတ်ထွက်၊ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည်

ကြံ့ခိုင်ရေး၏သန်းခေါင်ယံ အပြောင်းအလဲကြောင့် မိတ်ဆွေစစ် ဆက်ဆံရေး ပိုခိုင်မာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကြံ့ခိုင်ရေး၏သန်းခေါင်ယံ အပြောင်းအလဲကြောင့် မိတ်ဆွေစစ် ဆက်ဆံရေး ပိုခိုင်မာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Please login to join discussion
No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.3k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate