• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တလင်တမယား ဥပဒေကြောင့် အိမ်ထောင်ရေး အဆင်ပြေသွားကြမလား

by ရဲမင်းဦး
4 September 2015
in သူ့အတွေး သူ့အမြင်
A A
တလင်တမယား, ဥပဒေ, အိမ်ထောင်ရေး

အိမ်ထောင်ရေး ဖောက်ပြန်ရင် ထောင်ဒဏ် ၇ နှစ်နှစ်အထိ ချနိုင်သလို၊ ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်

14.7k
VIEWS
Share on FacebookShare on Twitter

တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ၃၁-၈-၂၀၁၅ ရက်နေ့ ရက်စွဲနဲ့ အတည်ပြု ပြဌာန်းလိုက်ပြီဖြစ်ပါတယ်။ အဲဒီနေ့မတိုင်ခင်က အိမ်ထောင်ရှိသူများက ယောက်ျားတယောက်ထက် ပိုယူခြင်း၊ မိန်းမတယောက်ထက် ပိုယူခြင်းတွေဟာ ဒီဥပဒေနဲ့ အကျုံးမဝင်ပါ။ အဲဒီနေ့ကစပြီး နောက်ပိုင်းမှာ အိမ်ထောင်ရှိသူ မည်သူမဆို၊ မည်သည့်ဘာသာဝင်မဆို၊ မည်သည့်လူမျိုးမဆို ( မြန်မာနိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရထားသူ အားလုံး) နောက်ထပ် အိမ်ထောင်ထပ်ပြုခွင့်မရှိတော့ပါ။ ထပ်ပြုလျှင် ထောင်ဒဏ် ၇ နှစ်နှစ်အထိ ချနိုင်သလို၊ ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

ဒီဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်မှုများစွာ ရှိခဲ့ပါတယ်။ ထောက်ခံသူတွေ ရှိသလို၊ ကန့်ကွက်သူတွေလည်း ရှိပါတယ်။ စိတ်ဝင်စားစရာ ဥပဒေတခုဖြစ်တဲ့အပြင် အိမ်ထောင်ရှိတဲ့လူတိုင်းနဲ့ ဆိုင်တာမို့ လေ့လာဖတ်ရှုသင့်တဲ့ ဥပဒေလည်းဖြစ်ပါတယ်။

RelatedPosts

ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

14 June 2025
165
တရုတ် ဗျူဟာကြောင့် တွင်းထွက်ကို မှီခိုသည့် EAO များ ဩဇာကျဆင်းနိုင်

တရုတ် ဗျူဟာကြောင့် တွင်းထွက်ကို မှီခိုသည့် EAO များ ဩဇာကျဆင်းနိုင်

14 June 2025
125
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

13 June 2025
4.2k

၁။ အိမ်ထောင်ရှိသူ (ယောက်ျား၊ မိန်းမ) မည်သူမဆို တရားဝင်ရော တရားမဝင်ရော နောက်ထပ် အိမ်ထောင်ပြုခွင့်မရှိ။
(ယခင်က မိန်းမတွေဟာ အိမ်ထောင်ရှိလျက်နဲ့ လင်ပြိုင်အဖြစ် နောက်အိမ်ထောင်ထပ်ပြုလို့မရပါ။ ယောက်ျားတွေကတော့ မယားပြိုင်အဖြစ် နောက်အိမ်ထောင်ကို တရားဝင်ရော တရားမဝင်ရော ထပ်ပြုခွင့်ရှိပါတယ်။)
၂။ နောက်အိမ်ထောင်ထပ်ပြုသူကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။
(ယခင်က ယောက်ျားတယောက် နောက်အိမ်ထောင်ထပ်ပြုလျှင် အရေးယူလို့မရပါ။ မိန်းမတယောက် နောက်အိမ်ထောင်ထပ်ပြုလျှင်လည်း အရေးယူလို့မရပါ။ အဲဒီမိန်းမရဲ့ နောက်ယောက်ျားကိုသာ မယားခိုးမှုနဲ့ အရေးယူလို့ရပါတယ်။)
၃။ နောက်အိမ်ထောင်ထပ်ပြုသူကို ကျန်တစ်ဦးမှ ကွာရှင်းခွင့်တောင်းနိုင်ပါတယ်။
(ယခင်က ယောက်ျားနောက်မိန်းမယူခြင်းကို မိန်းမက ကွာရှင်းခွင့်တောင်းလို့မရပါ။ မိန်းမက နောက်ယောက်ျားယူလျှင်တော့ ယောက်ျားက ကြီးစွာသောရက်စက်မှုအဖြစ် ကွာရှင်းခွင့်တောင်းလို့ရပါတယ်။)
၄။ နောက်အိမ်ထောင်ထပ်ပြုသူဟာ နှစ်ဦးဆိုင်လက်ထပ်ပွားအမွေအားလုံးကို စွန့်လွှတ်ရပါမယ်။
(ယခင်က အမွေစွန့်လွှတ်ရန် မလိုပါ။)
၅။ နောက်အိမ်ထောင်ကို အမွေပေးခွင့်မရှိပါ။
(ယခင်က ယောက်ျားသေလျှင် ကျန်ရစ်သော မိန်းမများက အမွေကို ညီတူမျှတူခွဲဝေယူရပါတယ်။ မိန်းမများ နောက်ယောက်ျားယူခြင်းဟာ ယခင်ကတည်းက တရားဝင်မဟုတ်တာမို့ အမွေဆက်ခံခွင့်မရှိပါ။)
၆။ နောက်အိမ်ထောင်ထံမှ အမွေယူခွင့်မရှိပါ။
(ယခင်က နောက်မိန်းမသေလျှင် ယောက်ျားက ၎င်းမိန်းမရဲ့ အမွေကို ဆက်ခံခွင့်ရှိပါတယ်။ မိန်းမများ နောက်ယောက်ျားယူခြင်းဟာ ယခင်ကတည်းက တရားဝင်မဟုတ်တာမို့ အမွေဆက်ခံခွင့်မရှိပါ။)
၇။ ကလေးများ အမွေဆက်ခံခွင့်ရှိပါတယ်။
(ယခင်ကလည်း ရှိပါတယ်။)
၈။ အိမ်ထောင်ရှိတာကို ထုတ်မပြောဘဲ နောက်အိမ်ထောင်ထပ်ပြုလျှင် ထောင်ဒဏ် ၁၀နှစ်အထိ ချနိုင်ပါတယ်။ ငွေဒဏ်လည်း ချနိုင်ပါတယ်။
(ယခင်ကလည်း ကာမကိုလိမ်လည်ယူမှုနဲ့ တရားစွဲထောင်ချလို့ရပါတယ်။)
၉။ အိမ်ထောင်ရှိတယ်ဆိုတာကို ဥပဒေအရ၊ ကိုးကွယ်ရာဘာသာအရ၊ ဓလေ့ထုံးတမ်းအရ သတ်မှတ်တယ်လို့ ဆိုပါတယ်။
(တရားရုံးမှာ လက်မှတ်ထိုးထားတာခြင်း၊ ကိုးကွယ်ရာဘုရားကျောင်း၊ ဗလီတို့တွင် လက်ထပ်ထားခြင်း၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဆိုလျှင် ဘေးအိမ်များ အပေါင်းအသင်းမိတ်ဆွေများမှ လင်မယားအရာ ရောက်နေပြီဟု အသိအမှတ်ပြုထားခြင်းတွေ ရှိနေလျှင် အိမ်ထောင်ရှိသူလို့ သတ်မှတ်မှာဖြစ်ပါတယ်။)

ဒီဥပဒေကြောင့် အိမ်ထောင်ရှိသောမိန်းမ(အရပ်ခေါ် မယားကြီး) ရရှိနိုင်မယ့် အကျိုးကျေးဇူးများကတော့ –
၁။ နောက်မိန်းမယူသော ယောက်ျားကို တိုင်ပြီး ထောင်ချလို့ရပါတယ်။
၂။ နောက်မိန်းမယူသော ယောက်ျားကို ကွာရှင်းခွင့်တောင်းလို့ရပါတယ်။
၃။ ပိုင်ဆိုင်မှုတွေကို တစ်ဦးတည်းရပါမယ်။ (နောက်မိန်းမမှာ သားသမီးရှိလျှင်တော့ ခွဲဝေပေးရမယ်ထင်ပါတယ်။ ဒီကိစ္စသိပ်မသေချာပါ။)
ဒီဥပဒေကြောင့် အိမ်ထောင်ရှိသောယောက်ျား(အရပ်ခေါ် လင်ကြီး) ရရှိနိုင်မယ့် အကျိုးကျေးဇူးကတော့ –
၁။ ယခင်က မိန်းမ၏ နောက်ယောက်ျား (အရပ်ခေါ် လင်ငယ်)ကို ထောင်ချလို့ရရာကနေ အခုအခါမှာ လင်ငယ်ရော မိန်းမကိုပါ ထောင်ချလို့ရလာပါတယ်။
၂။ ကွာရှင်းခွင့်က အရင်ကလည်း ရပါတယ်။ အခုလည်း ရပါတယ်။
၃။ ပိုင်ဆိုင်မှုများကို တစ်ဦးတည်းရပါမယ်။ (အရင်က ကွာရှင်းချိန်တွင် မိန်းမကို တစ်ဝက်ခွဲပေးကြလေ့ရှိပါတယ်။)

ဒီဥပဒေကြောင့် နောက်မိန်းမ(အရပ်ခေါ် မယားငယ်၊ ဥပဒေအခေါ် မယားပြိုင်) ရရှိနိုင်မယ့် အကျိုးကျေးဇူးကတော့ –
၁။ အရင်က ယောက်ျားကို လက်ထပ်ယူပေးဖို့ တောင်းဆိုခွင့်မရှိပါ။ အခုတော့ ထောင်ကျအောင် တိုင်လိုက်ရမလားဟု ခြိမ်းခြောက်ပြီး မယားကြီးကို ကွာခိုင်းလျက် လက်ထပ်ပေးဖို့ တောင်းဆိုခွင့် ရှိလာပါတယ်။
၂။ အရင်က ယောက်ျားက ကြည်ဖြူမှ လိုချင်တာရပါတယ်။
အခုတော့ ထောင်မကျချင်လျှင် စိန်နားကပ်၊ ကား၊ တိုက်ခန်း စသဖြင့်ပေးပါဟု ခြိမ်းခြောက်ပြီး တောင်းလို့ရလာပါတယ်။
၃။ အရင်က မယားကြီးကို မတွေ့အောင် ရှောင်နေရပါတယ်။
အခုတော့ မယားကြီးဆီကို ရောက်လာပြီး ရှင့်ယောက်ျားထောင်ကျပြီး ရှင်တို့ဘဝမပျက်ချင်လျှင် ကျမတောင်းဆိုတာတွေပေးပါဟု တောင်းဆိုခွင့် ရှိလာပါတယ်။
၄။ အိမ်ထောင်ရှိသော ယောက်ျားတစ်ယောက်ကို ယူမိသဖြင့် ယခင်ကလည်း အရေးယူမခံရပါ။ အခုလည်း အရေးယူမခံရပါ။
၅။ အမွေခံစားခွင့်တော့ ဆုံးရှုံးပါမယ်။

ဒီဥပဒေကြောင့် နောက်ယောက်ျား(အရပ်ခေါ် လင်ငယ်) ရရှိနိုင်မယ့် အကျိုးကျေးဇူး –
၁။ အရင်ကလည်း ဘာမှမရှိပါ။ အခုလည်း ဘာမှမရှိပါ။ ယခင်ကလိုပဲ မယားခိုးမှုနဲ့ ထောင်ကျမှာဖြစ်ပါတယ်။

အိမ်ထောင်ရေးကိစ္စဆိုတာ အင်မတန်ကို ရှုပ်ထွေးသော ကိစ္စဖြစ်ပါတယ်။ ယဉ်ကျေးမှုအရ မြန်မာနိုင်ငံတွင် နောက်လင်ယူသော မိန်းမနည်းပါးသော်လည်း နောက်မိန်းမယူသော ယောက်ျားများ အတော်လေး များပြားလှပါတယ်။ စကတည်းက မယားအများယူသောစနစ်(Polygamy)ကို ကျင့်သုံးခဲ့သော နိုင်ငံဖြစ်လို့ပါ။ အခုလို ဥပဒေထုတ်ပြီး တလင်တမယား(Monogamy)အဖြစ် ပြင်လိုက်တဲ့အချိန်မှာ လိုက်နာသူများရှိနိုင်သလို မလိုက်နာမယ့်သူများလည်း ရှိလာပါလိမ့်မယ်။ ဥပဒေဟာ ဥပဒေဖြစ်တဲ့အတွက် ဘယ်သူ့အထက်မှာမှ ရှိမနေသင့်ပါ။ ကျောသားရင်သားမခွဲခြားဘဲ အားလုံးကို ဥပဒေပြဌာန်းချက်အတိုင်း အရေးယူရမှာဖြစ်ပါတယ်။

ဥပဒေတွင် အပြစ်ဒဏ်ကို ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ်လို့ ပြဌာန်းထားတာ မဟုတ်ပါဘူး။ ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချနိုင်တယ်ဆိုတဲ့အတွက် ထောင်ဒဏ်ကတော့ မဖြစ်မနေ ခံယူကြရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုမယ့် အလုပ်လုပ်နေသူ (ယောက်ျား၊ မိန်းမ)များ၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေမယ့် ပညာတတ် (ယောက်ျား၊ မိန်းမ)များ၊ နိုင်ငံရဲ့ စီးပွားရေးကို ဦးဆောင်နေသူ (ယောက်ျား၊ မိန်းမ)များဟာ လူမှုရေးပြဿ နာကြောင့် ထောင်ထဲကို အကုန်ရောက်ကုန်ကြမယ်ဆိုလျှင် တိုင်းပြည်အတွက် စိတ်ပူစရာပဲဖြစ်ပါတယ်။ စိတ်မပူရအောင် နောက်အိမ်ထောင်မပြုကြနဲ့ပေါ့ဟု အလွယ်တကူဆိုနိုင်သော်လည်း လက်တွေ့တွင် ခက်ခဲနိုင်ပါတယ်။

စီးပွားရေးပြိုင်ဖက်ကို တိုင်ကြားခြင်း၊ နိုင်ငံရေးပြိုင်ဖက်ကိုတိုင်ကြားခြင်းတွေမျိုး ရှိလာနိုင်သလို၊ ရာထူးတိုးပြိုင်ဖက်ကို တိုင်ကြားခြင်း၊ သင်တန်းအရွေးခံဖက်အချင်းချင်းတိုင်ကြားခြင်း၊ ရည်းစားဟောင်းကို တိုင်ကြားခြင်းတွေလည်း အများကြီး ရှိလာမှာဖြစ်ပါတယ်။ အရေးယူခွင့်ရှိသူ (ဝါ) ဥပဒေဖက်တော်သားတွေကလည်း အဂတိလိုက်စားမှုများ၊ ခြိမ်းခြောက်ငွေတောင်းမှုများ ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ စိုးရိမ်စရာအကောင်းဆုံးကတော့ မိမိမှာ တာဝန်ရှိတယ်လို့ တစုံတဦး၊ တစုတဖွဲ့က ကိုယ့်ဖာသာခံယူပြီး ဥပဒေလွတ် လိုက်လံ ထိန်းကျောင်းမှုတွေ လုပ်လာမှာမျိုးဖြစ်ပါတယ်။

တလင်တမယားဥပဒေကို ပြဌာန်းလိုလျှင် –
၁။ နောက်အိမ်ထောင်သည် တရားမဝင်
၂။ နောက်အိမ်ထောင်သည် အမွေဆက်ခံခွင့်မရှိ
၃။ နောက်အိမ်ထောင်ပြုသူကို ကွာရှင်းခွင့်တောင်းနိုင်သည် ဆိုတာလောက်နှင့် လုံလောက်တယ်ဟု မြင်မိပါတယ်။ အခုပြစ်ဒဏ်က လိုတာထက် ပိုပြင်းထန်နေတယ်လို့ ခံစားရပါတယ်။

ငယ်ငယ်တုန်းက ချစ်လို့ပါမဟင်္သာဆိုတဲ့ နေအောင်နဲ့ ခင်သီတာထွန်းရဲ့ ရုပ်ရှင်လေး ကြည့်ခဲ့ရဖူးပါတယ်။ ငယ်သေးတာမို့ ဇာတ်လမ်းကို အကုန်တော့ မမှတ်မိပါ။ ပိုက်ဆံနဲ့ အာဏာရှိတဲ့ နေအောင်က ခင်သီတာထွန်းကို စောင့်ရှောက်ခဲ့တယ်။ ဒါပေမယ့် လင်မယားမဟုတ်ဘူး။ ခင်သီတာထွန်းက ရည်းစားထားတော့ နေအောင်က သေနတ်နဲ့ အဲဒီ ရည်းစားကို ပစ်သတ်ဖို့ ချိန်လိုက်တယ်။ ခင်သီတာထွန်းက ကောင်လေးရှေ့ကနေ ဝင်ရပ်ပြီး သူ့ကို အရင်ပစ်ပါလို့ ပြောတဲ့အချိန်မှာ နေအောင်က ဒီကိစ္စတွေဖြစ်ခင်က သူတို့ကြည်ကြည်နူးနူးရှိခဲ့တဲ့ အချိန်တွေကို ပြန်သတိရသွားတယ်။

အဲဒီတုန်းက နေအောင်က ခင်သီတာထွန်းကို ပြောဖူးတယ်။ သူတို့နှစ်ယောက်ဟာ ဟင်္သာဖိုနဲ့ဟင်္သာမလေးလို သိပ်ချစ်ကြတယ်ပေါ့။ ဟင်္သာမလေးသေရင် ဟင်္သာဖိုကြီးလိုက်သေမှာ။ ဒါပေမယ့် ဟင်္သာဖိုကြီး သေရင်တော့ ဟင်္သာမလေး လိုက်မသေစေရဘူးဆိုတဲ့ စကားလေးကို သတိရသွားတယ်။ ရည်းစားသစ်ကို အသက်နဲ့လဲပြီး ချစ်ပြနေတဲ့ ခင်သီတာထွန်းကို သေနတ်နဲ့ မပစ်တော့ဘဲ သူ့ဖာသာ သေနတ်နဲ့ သတ်သေပစ်လိုက်တယ်။

အိမ်ထောင်ဖက်က အိမ်ထောင်ရေးဖောက်ပြန်ရင် ကိုယ့်ဖာသာ သတ်သေကြလို့ ပြောချင်တာ မဟုတ်ပါဘူး။ တဆုံး ကလဲ့စားချေလိုက်မယ်။ တခုခုတော့ ဖြစ်သွားပလေ့စေဆိုတာ အချစ်မဟုတ်ဘူးဆိုတာလေး ပြောချင်တာ သက်သက်ပါ။ ငါ့ကို ချစ်ရင် ပြန်ချစ်မယ်။ ငါ့ကို ဆက်မချစ်တော့ရင် ထောင်ကျပါစေဆိုတာက တမျိုးများ ဖြစ်နေသလားလို့လေ။

ဒီဥပဒေကို အလုံးအရင်းထောက်ခံနေတဲ့ အိမ်ထောင်သည်မမများရဲ့ ခံစားချက်များကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ တကယ်ပဲ အားလုံးကို အကျိုးပြုရဲ့လား။ အားလုံးကို စိတ်ချမ်းသာမှုပေးရဲ့လားဆိုတာကိုတော့ အချိန်ပေးပြီး စဉ်းစားကြစေချင်ပါတယ်။

ဘယ်သူဘာပြောပြော လက်ရှိတော့ ဥပဒေက အတည်ဖြစ်သွားပြီမို့ အိမ်ထောင်သည်အားလုံး သတိ ဝိရိယနဲ့ နေထိုင်နိုင်ကြပါစေ။ ပထမဆုံး စံပြအရေးယူခံရသူတွေမဖြစ်ဖို့ စောင့်ထိန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

(စာရေးသူသည် ဘဏ်လုပ်ငန်းဆိုင်ရာ အကြံပေး တဦးဖြစ်ပြီး ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုနေသည်)

Your Thoughts …
Tags: Opinions
ရဲမင်းဦး

ရဲမင်းဦး

Contributor

Similar Picks:

နိုင်ငံရေး, လူမှုရေး,

ဗိုလ်ချုပ်အောင်ဆန်း ပြခဲ့တဲ့ နိုင်ငံရေး

by မောင်ဆွေဝင်း (ပဲခူး)
28 September 2015
4.6k

န်ိုင်ငံရေးသည် ညစ်ပတ်တဲ့အလုပ်ဖြစ်သည်ဆိုသော စကားကိုလည်း ဗိုလ်ချုပ်က လက်မခံခဲ့ပါ။ နိုင်ငံရေးကို ညစ်ထေးအောင် တမင်ဖန်တီး လုပ်ဆောင်နေသူများကြောင့် နိုင်ငံရေး အဓိပ္ပါယ်ပျက်ရခြင်းဖြစ်သည်ဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

မင်းသိင်္ခ

မင်းသိင်္ခ မှားရင် လျှာဖြတ်၊ ဂိုဘီ သဲကန္တာရထဲ ပစ်

by ငြိမ်းချမ်းအေး
1 August 2014
24.2k

နည်းမျိုးစုံနဲ့ “ကလိမ်စေ့ ငြမ်းဆင် ငြိမ်ပိလမ်းစဉ်” အင်တိုက် အားတိုက် ဆောင်ရွက် နေကြတာ အားလုံး အသိ။ ကြောက်ပါတယ် ဆိုမှ မင်းသိင်္ခရဲ့ ဟောကိန်းနဲ့ လာခြောက် နေတယ်ဆိုပြီး ကြောက်ကန် ဆက်ကန်ဦးမှာ အသေအချာပါပဲ။

ဘာသာရေး, သာသနာ

သာသနာ ညှိုးနွမ်းစေသူများကို မည်သူ အရေးယူမည်နည်း

by မြတ်စုမွန်
23 January 2015
21k

သင်္ကန်းဝတ် တဦး၏ ဝိနည်း သိက္ခာပုဒ်တို့ကို မထောက်ထား မငဲ့ကွက်ပဲ သာမာန် လူတို့ထက်ပင် သိမ်ဖျင်းသည့် ဆဲရေးသမှု ပြုခြင်းကို အားကိုး အားထားရာ ထေရ်ကြီးဝါကြီး သံဃာတော်များက မသိကျိုးကျွံပြုနေလျှင် ကျမတို့ မည်သူ့ကို ဆက်၍ အားကိုး...

Technology, Opinion

စမတ်ဖုန်းကပေးတဲ့ လူမှုဒုက္ခများ

by သန်းနိုင်ဦး
19 October 2015
8.6k

ဘွဲ့ရလူငယ်တယောက်က အီးမေးလ်အသုံးပြုမှု တခါမှမရှိသလို ဘယ်ဝက်ဘ်ဆိုဒ်ကိုမှလည်း မဖွင့်ဖူးဘူး။ ဂူလ်ဂဲကနေ ဘာကိုမှ မရှာဖွေဖူးတဲ့သူတွေ ရှိတယ်။ ကုန်ကုန်ပြောရရင် ဖေ့စ်ဘုတ်ကိုပဲ အင်တာနက် ထင်နေတဲ့သူတွေ ကျနော်တို့ ဝန်းကျင်မှာ ရှိနေတယ်။

အာဇာနည်, ဘဂဝါဂီတ, သူရဲကောင်း, အာဇုန

မြန်မာပြည်သားတိုင်း အာဇာနည် ဖြစ်နိုင်သည်

by ဒေါက်တာညိုထွန်း
20 August 2015
10.6k

လူတော်တော်များများ မသိကြသည်မှာ ဗမာတို့သုံးစွဲသော “အာဇာနည်” ဆိုသည့်ဝေါဟာရသည် သက္ကတ ဘာသာစကား “အာဇုန” မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

အစဉ်အလာ, နေဝင်း, ဦးနု, ဘာသာရေး, နိုင်ငံရေး,

မှိုင်းမိနေသေးရင်

by မြင့်သန်း
16 May 2014
3.7k

စနစ်တကျ ဆင်ခြင်မှု နည်းပါးတယ်၊ ပွင့်လင်း သိတတ်စွမ်း နွမ်းပါးတယ်။ အစဉ်အလာ သိမှုအထဲမှာ ချာလည်လည် ဖြစ်နေတယ် ဆိုတဲ့ လူတွေဟာ ပိုပြီး မှီခိုစိတ်ရှိတယ်။ ဒီလို ခပ်ညံ့ညံ့ လူတွေဟာ ခေတ်တိုင်း ကာလတိုင်းမှာ ရှိနေကြမှာပဲ။

Next Post
တရားဥပဒေစိုးမိုးရေး, ရာဇဝတ်မှု

ရာဇဝတ်မှုတွေ ဘာကြောင့် များပြားလာရတာလဲ

ရာဇဝတ်ဘေး ပြေးမလွတ်

ရာဇဝတ်ဘေး ပြေးမလွတ်

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.7k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

1 day ago
4.2k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate