• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ပြောင်းလဲဖို့ မျှော်လင့်တာ ကြာခဲ့ပြီ

by ဧရာဝတီ
15 February 2016
in အင်တာဗျူး
A A
ဦးသန်းဦး, ပြည်ထောင်စု လွှတ်တော်, အခွန်, ကွန်ဒိုမီနီယံ ဥပဒေ

မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဒုတိယ ဥက္ကဌ ဦးသန်းဦး (ဓာတ်ပုံ - မေစိုးစံ/ဧရာဝတီ)

3.3k
VIEWS
Share on FacebookShare on Twitter

ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် တိုင်းသူပြည်သားများ၏ အခွန်ထမ်းဆောင်မှုကို အားထားရသော ကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ကွန်ဒိုမီနီယံ ဥပဒေနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေကို တပြိုင်နက် အတည်ပြုခဲ့သည်။ ထို့ကြောင့် ဥပဒေ ၂ ရပ်၏ အားသာချက်၊ အားနည်းချက်များ၊ အခွန်ထမ်းဆောင် ရာတွင် အကျုံးဝင်မည့် အိမ်ခြံမြေ ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့် တပ်မတော်နှင့် ဝန်ကြီးဌာနပိုင်မြေများပေါ်တွင် တည်ဆောက်ထားသည့် ကွန်ဒို အဆောက်အဦများ၏ အကြောင်းတို့ကို  ဧရာဝတီသတင်းဌာန သတင်းထောက် မေစိုးစံက မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဒုတိယ ဥက္ကဌ ဦးသန်းဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး ။    ။ ၂၀၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ အိမ်ခြံမြေ အရောင်းအဝယ်ဆိုင်ရာနဲ့ ပတ်သက်ပြီး အခွန်နှုန်းတွေ ဘယ်လို ထမ်းဆောင်သွားရဖို့ ရှိပါသလဲ။

RelatedPosts

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

17 June 2025
810
၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
502
ပျက်ကျပြီး သေတဲ့ ပိုင်းလော့တိုင်း F 7 နဲ့ချည်းပဲ (ရုပ်/သံ)

ပျက်ကျပြီး သေတဲ့ ပိုင်းလော့တိုင်း F 7 နဲ့ချည်းပဲ (ရုပ်/သံ)

16 June 2025
99

ဖြေ ။    ။ ဧပြီလ ၁ ရက်နေ့ကစပြီး စည်းကြပ်မယ့် အခွန်နှုန်းထားတွေက တကျပ်ကနေ သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀ ကနေ သိန်း ၁၀၀ အထိကို ၂၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀နဲ့ အထက်က ၃၀ ရာခိုင်နှုန်း အခွန်ဆောင်ရမယ်။ ဒီအပြင်ကို အဆင့်တိုင်း မှာ တံဆိပ်ခေါင်းခွန်က ၅ ရာခိုင်နှုန်းက ပါထားပြီးသား ဖြစ်နေတယ်။ဥပမာ-သိန်း ၃၀၀အထိ ၁၅ ရာခိုင်နှုန်း ဆိုရင် ၅ ရာခိုင်နှုန်း ထပ် ပေါင်းတော့ စုစုပေါင်း ၂၀ ရာခိုင်နှုန်း ဆောင်ရမယ်။ ၂၀ ရာခိုင်နှုန်းဆိုရင် ဆောင်ရမှာက ၂၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းဆိုရင် ၃၅ ရာခိုင် နှုန်း ဆောင်ရမယ်။

စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေ၊ ဝင်ငွေရလမ်း မဖော်ပြနိုင်သောဝင်ငွေ ဆိုတာက တရားမဝင် မဟုတ်တဲ့ ငွေကြေးတွေပါ။ ဥပ မာ မူးယစ်ဆေးဝါး ရောင်းချမှုက ရတဲ့ငွေ၊ ကျောက်မျက်၊ သစ် စသည့်တို့ကို မှောင်ခိုကူးတာက ရလာတဲ့ ဝင်ငွေ၊ အဂတိ လိုက်စားမှု လာဘ်ပေးလာဘ်ယူမှုက ရလာတဲ့ ဝင်ငွေမျိုးကို တနည်းအားဖြင့် ငွေကြေးခဝါချမှုအတွက် သုံးစွဲနိုင်တဲ့ ငွေမျိုးတွေအတွက်ဆိုရင် ယခု သတ်မှတ်လိုက်တဲ့ နှုန်းအပြင် တံဆိပ်ခေါင်းတန်ဖိုး ၅ ရာခိုင်နှုန်းဆိုတာကို ဆောင်ရမှာပါ။ နိုင်ငံတော်ဆီမှာ တရားဝင် စည်းကြပ်မှု ခံပြီးသားငွေ အခွန်ထမ်းဆောင်ပြီးသား ငွေဖြူဖြစ်ရင် တံဆိပ်ခေါင်းခွန်ပဲ ထမ်းဆောင်ရမယ်။

မေး ။    ။ ယခု သတ်မှတ်လိုက်တဲ့ အခွန်နှုန်းထားက အရင်နှုန်းထက် ဘယ်လောက်ထိ ကွာခြားသွားလဲ သိပါရစေ။
ဖြေ ။    ။ ယခင် စည်းကြပ်ခဲ့တဲ့ နှုန်းထားထက်စာရင် အခု စည်းကြပ်မယ့်နှုန်းထားက များနေတာ အမှန်ပဲ။ ယခင်က သိန်း ၁၀၀၀ အ ထိ ၃  ရာခိုင်နှုန်း၊ အခုက ၂၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ အထက်ကို ၅ ရာခိုင်နှုန်းကို အခုက ၃၀ ရာခိုင်နှုန်း ဆောင်ရမယ်။ အခု စည်း ကြပ်လိုက်တဲ့ အခွန်က အရမ်းများတယ်။

ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေချင်းချင်းအတူတူ ယခင်က သတ်မှတ်လိုက်တဲ့ စည်းကြပ်ခွန် နှုန်းထားက သင့်တင့်တဲ့ အနေအထား ရှိတယ်။ အခု အနေအထားက ပြင်းထန်တဲ့ အနေအထားမှာ ရှိနေတယ်။ သိန်း ၁၀၀၀ အထက် ၃၀ ရာခိုင်နှုန်း ဆိုတဲ့အပိုင်းက ငွေမည်း ကို ငွေဖြူအဖြစ် ခဝါချချင်တဲ့သူတွေ သို့မဟုတ် တရားမဝင်တဲ့ ရပေါက်ရလမ်းတွေကနေ ရသူတွေ အတွက်က ပြဿနာ မရှိဘူး။ ဘယ် လောက် ရာခိုင်နှုန်းဖြစ်ဖြစ် သူတို့ရရှိထားတဲ့ငွေက ချွေးနည်းစာ မဟုတ်ဘူး။ အခု ငွေကြေးစည်းကြပ်မှုကလည်း ပြည်သူအများနဲ့ သက် ဆိုင်တဲ့ အနေအထားတော့ မဟုတ်ဘူး။

သို့သော် တန်ဖိုးနည်း အရောင်းအဝယ်အပေါ်မှာ စည်းကြပ်မယ့် နှုန်းထားတွေကတော့ ပြည်သူအများအပေါ်မှ ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်လို့ ယူဆရတယ်။ ဘာကြောင့်လဲဆိုရင် ယနေ့ခေတ်အချိန်မှာ ကျပ်ငွေရဲ့ ဖောင်းပွမှု အခြေအနေအရ လက်ရှိ ဈေးနှုန်း အမြင့်ဆုံး ရောက်နေ တဲ့ အခြေအနေ၊ အိမ်ခြံမြေ ဈေးကွက်အပေါ်မှာ ရောက်ရှိတဲ့ အနေအထား၊ ဈေးကွက်အေးနေတဲ့ အနေအထား၊ ပြည်သူတွေရဲ့ စီးပွား ရေး ထိုင်းမှိုင်းနေတဲ့ အနေအထား၊ တဦးကျ ဝင်ငွေ အလွန်နိမ့်နေတဲ့ အနေအထားအရ အိမ်ခြံမြေအခန်းကဏ္ဍမှာ အိမ်ရာတခုရဲ့ တန်ဖိုး က သိန်း ၃၀၀၊ သိန်း ၅၀၀၊ သိန်း ၁၀၀၀က ပါးပါးပဲ ရှိတယ်။ အများစု အရောင်းအဝယ် လုပ်ကြတဲ့ အလွှာပမာဏ ဖြစ်နေတယ်။ အဲဒီလို အချိန်မျိုးမှာ စည်းကြပ်တဲ့နှုန်းထားက အခွန်ရှောင်ဖို့အတွက် တွန်းပို့သလို ဖြစ်နေတယ်။ ဒီအခွန်နှုန်းထားက လူတဦး အခြေခံလိုတဲ့ နေရေး ကိစ္စမှာ မဖြစ်မနေ လုပ်ရမယ့် အိမ်ရာ အရောင်းအဝယ်ကို ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။

ခြုံပြောရရင် သာမန်ပြည်သူတွေ အတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်။ အခွန်ရှောင်ဖို့ တွန်းပို့သလို ဖြစ်မယ်။ နောက်တဖက်မှာလည်း တရားမဝင် အရောင်းအဝယ် ဖြစ်ပြီးတော့ အရှုပ်အရှင်းတွေ၊ တရားတဘောင်တွေ ပိုများလာနိုင်တယ်။ လိမ်လည်မှု ပိုများမယ်။ နိုင်ငံ တော်ကလည်း အခွန်ရရှိမှု လျှော့ကျလာမယ်။ အခုကတော့ လွှတ်တော်ကလည်း အတည်ပြုလိုက်ပြီဆိုတော့ ဘယ်လိုမှ ပြင်လို့ မရ တော့ဘူး။ နောက်တက်လာမယ့် အစိုးရသစ်က ပြည်သူအများရဲ့ သက်သာချောင်ချိ မှုကို ကြည့်ရင်ပဲဖြစ်ဖြစ် အခြေခံကျတဲ့ စားဝတ် နေရေးနဲ့ ပတ်သက်တဲ့ဈေးကွက်ကို တည်ြငိမ်အောင်လို့ ရှေ့ရှုတဲ့ ပေါ်လစီကို ချနိုင်ရင် ဒီနှုန်းထားတွေကတော့ ပြန်ပြင်သင့်တယ်လို့ မြင်တယ်။

မေး ။    ။ အခု ထွက်လာတဲ့ ကွန်ဒိုဥပဒေက မူလတုန်းက ရေးဆွဲထားတဲ့ မူကြမ်းနဲ့ ဘာတွေ ကွဲလွဲချက် ရှိပါသလဲ။ အားနည်း ချက်တွေရော ရှိပါသလား။

ဖြေ ။    ။ ကွဲလွဲချက်အနေနဲ့ကတော့ အရင်တုန်းက နိုင်ငံခြားသားတွေကို ၆ ထပ်နဲ့ အထက်မှာတော့ နိုင်ငံခြားသားတွေကို ပေးမယ်လို့ ပါတယ်။ ကွန်ဒိုက ၆ထပ် ရှိရမှာ မှန်တယ်။ ဒါပေမယ့် အခန်း ၈ ၊အပုဒ် ၂၆၊ ပုဒ်ခွဲ ဃ ၊အပိုဒ်ခွဲငယ် ၂ မှာ စုပေါင်းပိုင် အဆောက်အဦ၏ ၄၀ ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကို ဤဥပဒေနဲ့အညီ ရောင်းချပိုင်ခွင့်ရှိသည်လို့ ရေးထားပြီး ၆ ထပ်နှင့်အထက်က မပါတော့ ဘူး။ နောက်မူကြမ်းမှာက တဧက စတုရန်းပေ ၂၀၀၀၀နဲ့ အထက်ရှိရမယ် ဆိုတော့ ဧကဝက် ရှိရင် ဆောက်လို့ရတယ်။ ဒီဥပဒေမှာ အသေးစိတ် အချက်အလက် အနေနဲ့ကတော့ လိုအပ်နေသေးတယ်။

နောက် နိုင်ငံခြားသားတွေအနေနဲ့ ဝယ်ခွင့်ရှိတယ်ဆိုတာ တိုက်ရိုက်ဝယ်ခွင့် ရှိတာလား။ ပြန်ရောင်းတာကို ဝယ်ခွင့် ရှိတာလား။ တိုင်းရင်း သားတွေကို ပြန်ရောင်းခွင့် ရှိလား။ နိုင်ငံခြားသားချင်းရော ပြန်ရောင်းခွင့် ရှိလား။ ဒါတွေ အသေးစိတ် ဖော်ပြထားတာတော့ ဒီဥပဒေမှာ မတွေ့မိဘူး။ နိုင်ငံခြားသားဆိုတာ ဘယ်လို နိုင်ငံခြားသားမျိုးလဲ ပီအာလား၊ ပြည်ပကနေ ဝယ်ယူခွင့်ရှိလား ဆိုတာ အသေးစိတ် မပါဘူး။ နောက်တခုက ရန်ကုန်မြို့လယ်ခေါင်မှာ ဧက ငါးမူးဝက် ရှိဖို့ဆိုတဲ့ မြေက ရှားသွားပြီ။

မေး ။    ။ တပ်ပိုင်မြေ၊ ဝန်ကြီးဌာနပိုင်မြေတွေမှာ တည်ဆောက်ခွင့်ပေးထားတဲ့ ကွန်ဒိုမီယံနဲ့ ပတ်သက်ပြီးတော့ မြေပိုင်ခွင့်ကို ဥပဒေမှာ ဘယ်လိုမျိုး ဖော်ပြပါရှိပါသလဲ။

ဖြေ ။    ။ အခု ကွန်ဒိုမီနီယံဆောက်နေတဲ့ အဆောက်အဦတွေ မြေနေရာက တပ်မတော်ပိုင် တခုတည်းတင် မဟုတ်ဘူး။ ဌာနဆိုင်ရာ မြေတွေနဲ့ ပတ်သက်ပြီးတော့ ဆောက်နေတာ တော်တော်များများ ရှိတယ်။ ဥပမာဆိုရင် စက်မှု ၁ စက်မှု ၂ တို့ ပိုင်တဲ့ ဝန်ကြီး ဌာနပိုင် မြေတွေ ရှိတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနပိုင်တဲ့ မြေတွေ ရှိတယ်။ ကျန်းမာရေးဝန်ကြီးဌာန ပိုင်တဲ့မြေတွေ ရှိတယ်။ တခြား ဌာနပိုင်တဲ့ မြေတွေ တော်တော်များများ ရှိနေတယ်။ အဲဒီပေါ်မှာ ဆောက်ပြီးတဲ့ ကွန်ဒိုမီနီယံတွေ ဆောက်လက်စ ကွန်ဒိုမီနီယံတွေ နောင်ကို ဆောက်မယ့် ကွန်ဒိုမီနီယံတွေ ပတ်သက်ပြီးတော့ စုပေါင်းပိုင် အဆောက်အအုံ ဥပဒေမှုကြမ်းမှာ သီးခြား ဖော်ပြထားချက် မတွေ့ရဘူး ။

ဒီဌာနဆိုင်ရာမြေတွေအပေါ်မှာ ဆောက်ကြတယ်ဆိုတာ အများအားဖြင့် နိုင်ငံတော် အစိုးရနဲ့ MOU နားလည်မှုစာချွန်လွှာ ထိုးပြီးတော့မှ BOT (Build Operation Transfer) စနစ်နဲ့ ဆောက်ကြတာ များတယ်။ ဘီအိုတီစနစ် ဆိုတာက သက်တမ်းကာလ ကုန်ဆုံးရင်တော့ ပိုင် ဆိုင်မှုက ပြန်အပ်ရမယ့် သဘောပေါ့။ နောက်ထပ် ဒီအဆောက်အဦ ထပ်ပြီး တည်မြဲဖို့အတွက် ကာလအကန့်အသတ်နဲ့ ထပ်တိုးမတိုးက တပိုင်း အဲဒီတော့မှ သိရမယ်။ အခု ဒီကာလမှာ လောလေဆယ် နှစ် ၅၀ နဲ့ ၁၀ နှစ် နှစ်ကြိမ် ထပ်တိုးပေးတော့ နှစ် ၇၀ ကတော့ သေချာ တယ်။ ခိုင်မာမှုရှိမယ်။ ပိုင်ဆိုင်မှုရှိမယ်ပေါ့။ သို့သော်လည်း ဌာနှဆိုင်ရာ မြေဖြစ်တဲ့အတွက်ကြောင့် အပြီးအပိုင် လွှဲပြောင်းပေးအပ်တဲ့မြေ မဟုတ်တဲ့အတွက်ကြောင့် ဒီကွန်ဒိုမီနီယံဥပဒေရဲ့ မြေတစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်မှုရှိတယ်ဆိုတဲ့ နားလည်မှုနဲ့ ခုနက အစိုးပိုင်မြေ BOT အရ လွဲပြောင်းပေးရမယ်ဆိုတဲ့ မြေပေါ်မှာ အသေးစိတ် ရှင်းလင်းထားမျိုးတော့ မတွေ့မိဘူး။ တချိန်ချိန်မှာတော့ ပြတ်ပြတ်သားသား စဉ်းစားဖို့ လိုလိမ့်မယ်လို့ အန်ကယ်ကတော့ မြင်ပါတယ်။

မေး ။    ။ အခွန်ဥပဒေရော ကွန်ဒိုဥပဒေရော ထုတ်ပြန်လိုက်ပြီးနောက် အိမ်ခြံမြေရဲ့ ဘယ်အပိုင်းတွေ စတင် အားကောင်းလာနိုင်မလဲ။

ဖြေ ။    ။ ကွန်ဒိုဥပဒေကို အတည်ပြုလိုက်တာက အိမ်ခြံမြေ အခန်းကဏ္ဍမှာ ကဏ္ဍသစ်တရပ် ပေါ်ထွန်းလာဖို့ အတွက်တော့ တွန်း အားပေးတဲ့ အင်အားတခုပါပဲ။ တချိန်တည်းမှာပဲ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည် တည်ဆောက်လာဖို့ ရှိမယ်။ အိမ်ခြံ မြေဈေးကွက်ကို လှုပ်ရှားလာနိုင်မယ်။ ဒါပေမယ့် အခုချိန်အထိတော့ နိုင်ငံခြားသားတွေ ဝယ်ယူဖို့ လာတာတော့ မတွေ့ရသေးဘူး။

လူတွေက လုပ်သာလုပ်နေရတယ်၊ ဘောင်ခတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း မရှိတော့ ခံစရာရှိရင် လုပ်ငန်းရှင်တွေမှာ အရမ်းကို ခံရ တယ်။ ဆောက်လက်စကြီးတွေ တချို့တဝက် အခြေချပြီးမှ တဝက်တပျက်နဲ့ ရပ်လိုက်ရတယ် ဖျက်လိုက်ရတယ် ဆိုတာမျိုးက ကောင်း တဲ့ လက္ခဏာ မဟုတ်ဘူး။ နိုင်ငံအတွင်းမှာရှိတဲ့ အိမ်ရာလိုအပ်တဲ့ အခန်းကဏ္ဍမှာလည်း ထိခိုက်တယ်။ လုပ်ငန်းရှင်တွေလည်း စိတ်ပျက် စရာဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေပေါ်ပေါက်ခြင်းနဲ့အတူ အထူးသဖြင့် စီးပွားရေးမြို့တော် ရန်ကုန်မှာ သတ်မှတ်ထားတဲ့ဇုန် သတ်မှတ် ချက်တွေ ဥပမာ အစိမ်းရောင်ဇုန်၊ စီးပွားရေးဇုန်၊ ရှေးဟောင်း အမွေအနှစ်ဇုန် ဒါကို သေသေချာချာ သတ်သတ်မှတ်မှတ် လိုက်နာဖို့ ကိုလည်း စည်းမျဉ်းစည်းကမ်းတွေကိုပါ တွဲပြီးတော့မှ သေချာဆောင်ရွက်ဖို့လိုတယ်။

မေး ။    ။ ကွန်ဒိုဥပဒေကြောင့် ဈေးနှုန်းတက်မယ်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့အတွက် သာမန်ပြည်သူတွေအပေါ်မှာ သက်ရောက် လာနိုင်မလား။

ဖြေ ။    ။ ပြောင်းလဲဖို့ မျှော်လင့်တာ ကြာခဲ့ပြီ။ ကွန်ဒိုမိနီယံ ဥပဒေ မထွက်ခင်တုန်းကလည်း သာမန် အခြေခံ လူတန်းစားနဲ့ အောက် ခြေ လူတန်းစားတွေအတွက်က အိမ်ရာပိုင်ဆိုင်မှုက အိမ်မက်ပါပဲ။ ကွာဟချက် သိပ်ကြီးသွားဖို့ မရှိပါဘူး။ ဒါကြောင့် တာဝန်ရှိတဲ့ သူတွေ ကို တိုက်တွန်းချင်တာက လက်ရှိ အခု တည်ဆောက်နေတဲ့ တန်ဖိုးနည်း တန်ဖိုးမျှတ တန်ဖိုးသင့်အိမ်ရာဆိုပြီး ဆေးမီးတိုအနေနဲ့ ကုစားရ မယ့် အငှားတန်ဖိုးနည်း အိမ်ရာတွေကို ဆက်လက်ပြီးတော့ အောင်မြင်အောင် အကောင်အထည်ဖော်ပေးပါ။ နောက်အစိုးရသစ်  ၅ နှစ် တာ ကာလအတွင်းမှာလည်း တန်ဖိုးနည်း အငှားအိမ်ရာတွေကို တည်ဆောက်ပေးပြီးတော့ ကောင်းမွန်တဲ့ သမိုင်းမှတ်တိုင်ကို တည် ဆောက်ပေးသွားပါ။ တည်ဆောက်မယ့် သူတွေကလည်း ကွန်ဒိုမီနီယံ ဥပဒေနှင့်အညီ ကွန်ဒိုမီနီယံတွေကို ကောင်းကောင်း ဆောက်ပေး ပါ။ ကွန်ဒိုမီနီယံတွွေမှာ ရင်းနှီးမြုပ်နှံမှုတွေ ဖိတ်ခေါ်ပေးပါ။ မဟုတ်ရင် ပြည်တွင်းက ဓနအင်အားတွေက အခုတောင်ပြည်ပကိုထွက်နေပြီ။

Your Thoughts …
Tags: Business
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
369

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
စီးပွားရေး, မူဆယ်, စီးပွားရေးဇုန်, ကုန်သွယ်ရေး, တရုတ်

မူဆယ် စီးပွားရေးဇုန်ကို အနီးကပ်ကြည့်ခြင်း

M.A.N, Myanmar Ambulance Network, ကျန်းမာရေး, အရေးပေါ်လူနာတင်ယာဉ်

အချိန်နှင့်တပြေးညီ အကူအညီပေးမည့် M.A.N ကွန်ရက်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate