• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ငြိမ်းချမ်းရေးမရရင် ဘာမှ ဆက်လုပ်လို့ မရဘူး

by ငြိမ်းငြိမ်း
25 February 2016
in အင်တာဗျူး
A A
ဦးအောင်မင်း, MPC, အပစ်ခတ်ရပ်စဲရေး, တိုင်းရင်းသားအဖွဲ့, သမ္မတရုံးဝန်ကြီး

၀န်ကြီး ဦးအောင်မင်း (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

7.1k
VIEWS
Share on FacebookShare on Twitter

ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းများ ဦးဆောင်နေတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လက်ရှိ အစိုးရသက်တမ်း မ ကုန်ဆုံးခင် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယခုအပတ်အတွင်း လာရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲများ အခြေအနေ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုလုပ်ငန်းဌာန (MPC) အနာဂတ်နှင့် ဝန်ကြီး ဦးအောင်မင်း၏ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ရှေ့ဆက်ပါဝင် လုပ်ဆောင်မည့် အခန်းကဏ္ဍများကို သိရှိရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုလုပ် ငန်းဌာန အကြီးအကဲ ဝန်ကြီး ဦးအောင်မင်းကို ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဝန်ကြီးက MPC မှာ UPWC မှာ ၄ နှစ်ကျော် ၅ နှစ်အတွေ့အကြုံ ရှိခဲ့ပြီဆိုတော့ ရှေ့ကာလမှာ ဘယ်လိုဆက်ပြီး လုပ်ဆောင်သွားဖို့ ပြင်ထားလဲ။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
1.2k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
5.7k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.3k

ဖြေ ။ ။ ကျနော်တို့ MPC က မရှိရင် မဖြစ်သင့်တဲ့အဖွဲ့အစည်းတခု ဖြစ်တယ်။ MPC က ဘာလုပ်လဲဆိုတော့ ငြိမ်းချမ်းရေး ကိစ္စတွေ လုပ်တယ်။ အဲဒီကနေ nation building ကိုသွားမှာပဲလေ။ မြန်မာပြည်မှာ အဓိကလိုအပ်ချက်က ဘာလဲဆိုတော့ တမျိုးသားလုံး ပြန်လည်သင့်မြတ်ရေးဆိုတာ တခါမှ မရှိခဲ့ဘူးပေါ့။ အဲဒါကို သွားဖို့အတွက်က nation building ဆိုတဲ့ ဒါကို ပြန်တည်ဆောက်ရမှာပေါ့။ အဲဒီ တည်ဆောက်ဖို့အတွက် ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လိုမှ တည်ဆောက်လို့မရဘူး။ ဒါကြောင့်မို့  peace building ကို လုပ်ကိုလုပ်ရမယ်။ MPC ကလည်း ဒါကို အဓိကထားပြီး လုပ်တာပဲ။ အဲဒီတော့ အခုလုပ် တဲ့အခါမှာလည်း MPC ရဲ့လုပ်ဆောင်ချက်ကြောင့်မို့ ခရီးတော်တော် ရောက်ခဲ့ပြီ။ အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နှင့် ကျနော်တို့ NCA ကို လက်မှတ်ရေးထိုးနိုင်တယ်။ ကျန်တဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကလည်း NCA စာချုပ်ကြီးကို သဘောတူပြီးသားဖြစ်တယ်။ သူတို့ လက်မှတ်မ ထိုးနိုင်တာကလည်း အားလုံးပါဝင်ရေး (all inclusive) ဆိုတဲ့ အချက်လေးတချက်နဲ့ပဲ ဒါကို လက်မှတ်မထိုးနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ကျနော်တို့က ငြိမ်းချမ်းရေးတည်ဆောက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်တော်များများ လုပ်နိုင်ခဲ့တာပေါ့။ ဒါကြောင့် မရှိရင် မဖြစ်တဲ့ အဖွဲ့အစည်းတခု ဖြစ်တယ်။ ရှိသင့်တဲ့ အဖွဲ့ဖြစ်တယ်ဆိုတာ ကျနော် ပြောချင်တယ်။

မေး ။ ။ ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာရော MPC ဆက်သွားနိုင်မယ့်ကိစ္စ၊  MPC ရှိနေဦးမယ်ဆိုရင် တာဝန်လွှဲပြောင်းဖို့ ကိစ္စတွေ ဆွေးနွေးတာ ရှိလား။

ဖြေ ။ ။ အဓိကကတော့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ ကြိမ်တွေ့ခဲ့တာပေါ့။ တွေ့တဲ့အခါ ဒေါ်အောင်ဆန်းစု ကြည် ပြောတာက MPC ကို ဆက်လက်ရှိသင့်တဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို သူပြောတာပေါ့။ နောက်တခုက ငြိမ်း ချမ်းရေး ဖြစ်စဉ်များနဲ့ ပတ်သက်ပြီးတော့ သူ့ကို လိုအပ်တာများ ဝိုင်းကူပေးပါဆိုတာ ပြောတာပေါ့။ ဒါ သူပြောတဲ့စကား တိ တိကျကျပဲ။ ဒီအတိုင်းပဲ ပြောတာပဲ။ ဘာပဲဖြစ်ဖြစ် ဒါဟာ သူလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ MPC ကိုလည်း ဆက် ပြီး ရှိစေချင်တဲ့ သဘောမျိုး သူပြောသွားတာပဲ။

မေး ။ ။ ဒါပေမယ့် ဝိုင်းကူပေးပါလို့ ပြောပေမယ့် အစိုးရသစ် တက်လာရင် ပုံစံတွေက ပြောင်းမှာဆိုတော့ ဝန်ကြီးတို့ပြော မယ်ဆို MPC က ကိုယ် စခဲ့တဲ့အလုပ်တခုကို လက်လွှတ်ရမယ့် အနေအထားလို့ ခံစားရလား။

ဖြေ ။ ။ ကျနော်တို့က တကယ်အလုပ်လုပ်ချင်တဲ့ လူအတွက်က အလုပ်တွေက အများကြီးပါ။ ငြိမ်းချမ်းရေးမှာလည်း လုပ် ရမယ့်အလုပ်တွေ အများကြီးပါ။ လုပ်မယ့်လူတွေ မရှိလို့သာ မလုပ်တတ် မကိုင်တတ်လို့ မလုပ်ကြလို့သာ ဒီလို ကြန့်ကြာ နေတယ်လို့ ဒီလိုပဲ တွက်ပါတယ်။ ဘယ်နေရာကပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆိုတာ လုပ်လို့ရတဲ့ ကိစ္စတွေပါ။ MPC ကို ဒီအတိုင်း ဆက်ထားရင်လည်း ထား။ အ ကယ်၍ မထားလို့ ပြုပြင်ပြောင်းလဲမယ်ဆိုလည်း ဒါ အာဏာရ အစိုးရရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်တာပေါ့။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးအတွက်ဆိုရင်တော့ ဝိုင်းကူပေးမှာပေါ့။ ဒါကြောင့်မို့ ကျနော်က လိုအပ်တာကို ဝိုင်းကူပေးမယ်လို့ ကျနော်ပြော ခဲ့ပါတယ်။

မေး ။ ။ MPC နဲ့ ပတ်သက်လို့ အပြင်မှာ ပြည်သူတွေက ဝေဖန်တာတွေ အများကြီး ရှိပါတယ်။ ငွေရေးကြေးရေးကိစ္စပဲ ဖြစ်ဖြစ်၊ တခြား လုပ်ပုံကိုင်ပုံတွေမှာပဲ ဖြစ်ဖြစ်၊ ဒီအပေါ်မှာ ဝန်ကြီးအနေနဲ့ ဘာများ ပြောချင်လဲ။

ဖြေ ။ ။ ပိုက်ဆံမရှိဘဲနဲ့တော့ ဘာမှ လုပ်လို့မရပါဘူး။ အရင်တုန်းကဆို နိုင်ငံတကာအဖွဲ့အစည်းတွေက မကူညီခင်ပေါ့၊ အဲ့ အချိန်တုန်းက ကျနော်တို့က ကိုယ့်ရှိတဲ့ ပိုက်ဆံနဲ့ စိုက်လုပ်ကြတာပဲ။ သွားကြလာကြတာတွေ။ ကျနော်တို့ ဒီငြိမ်းချမ်းရေး လုပ်တယ်ဆိုတာ ဆွေးနွေးပွဲတွေ အများကြီး လုပ်ရမယ်၊ သူတို့နဲ့ တွေ့ရမယ်။ အဲလိုအတွက် ကျနော်တို့ ပိုက်ဆံမရှိဘဲနဲ့ သွားလို့မရဘူး။ ကျနော်တို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိုက်လုပ်နေတဲ့အချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကျနော်တို့ လုပ်တဲ့ လုပ်ဆောင် ချက်ကို ထောက်ခံလို့ သူတို့က အကူအညီ ပေးတာပေါ့။ ပေးတဲ့အခါမှာလည်း သူတို့ ပေးတဲ့ပိုက်ဆံကို ကျနော်တို့က အ ရမ်းကာရော သုံးလို့မရပါဘူး။ သူတို့ စာရင်းစစ်အဖွဲ့ဆိုတာ ရှိပါတယ်။ သူတို့စာရင်းစစ်အဖွဲ့နဲ့ သူတို့ ဒီကိစ္စတခု လုပ်မယ် ဆို ကျနော်တို့က ပရိုပိုဇယ် တင်ရပါတယ်။ အဲဒီ တင်လိုက်တဲ့ ပရိုပိုဇယ်ပေါ် မူတည်ပြီး သူတို့ပေးမယ်ဆိုရင် ကတိပြုပါတယ်။ ပြုပြီးရင် သူ့စာရင်းစစ်အဖွဲ့ internal audit ပေါ့နော်။ ဒါနဲ့ လုပ်တာ။ သူကျေနပ်လို့ ပေးတဲ့ ပိုက်ဆံ ဖြစ်ပါတယ်။ နိုင်ငံတကာ က အကူအညီပေးတယ်ဆိုတာ တခြားအဖွဲ့အစည်းတွေလည်း အကုန်လုံးက နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီကို ယူနေကြတာပဲ။ ကျနော်တို့ MPC ကျမှ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပိုက်ဆံတွေ ယူတယ်။ အလွဲသုံးစားလုပ်တယ်ဆိုတာ ဒါတော့ မပြောသင့်တဲ့ ကိစ္စပါ။

မေး ။ ။ MPC အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီအစိုးရသက်တမ်းကုန်သွားပေမယ့် နောက်အစိုးရ (သက်တမ်း) အတွက်ကော ထပ်ပေးထားတာမျိုး ပေးဖို့ ကတိပေးထားတာမျိုး ရှိလား။

ဖြေ ။ ။  မရှိပါဘူး။ နိုင်ငံတကာ ဆိုတာကတော့ အားလုံးက လူလည်တွေချည်းပါပဲ။ ဘာလို့လဲဆို သူတို့က မတ်လ ၃၁ ရက် နေ့အထိပဲ ပေးထားပါတယ်။ သူတို့ မတ်လ ၃၁ ရက်နေ့အထိပဲ ဘာလို့ပေးလဲဆိုတာ ကျနော်တို့ အစကတော့ မသိဘူး။ အခုတော့ သိလာပြီပေါ့။ မတ်လ ၃၁ ရက်က ကျနော်တို့ အစိုးရ အလွှဲအပြောင်းလုပ်မယ့်ရက်လေ။ အဲဒီအထိပဲ သူက ကိုက်ပြီး ပေးထားတာ။ နောက်ပိုင်းကျရင်တော့ ကိုယ့်ခြေပေါ် ကိုယ်ရပ်တည်ပြီး သွားရမယ့် သဘောရှိပါတယ်။

မေး ။ ။ ဝန်ကြီးအနေနဲ့ သီးသန့် ငြိမ်းချမ်းရေး (peace) ဖောင်ဒေးရှင်းထောင်ဖို့ ရှိတယ်လို့ ကြားတယ်။ အဲဒါက ဘယ်လို စဉ်းစားမိတာကြောင့်လဲ။ အဖွဲ့က ဖွဲ့ပြီးသားလား။

ဖြေ ။ ။ ကျနော် ငြိမ်းချမ်းရေးကို အရမ်းတန်ဖိုးထားတယ်။ ရစေချင်တယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးက အဓိ ကပဲ။ ငြိမ်းချမ်းရေးမရရင် ဘာမှဆက်လုပ်လို့မရဘူး။ ဖွံ့ဖြိုးတိုးတက်ရေးလည်း လုပ်လို့မရဘူး။ သူများတွေ ပြောနေတဲ့ (national reconciliation) ရင်ကြားစေ့ရေး ကိစ္စတွေလည်း လုပ်လို့ရမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျနော့်အနေနဲ့ကတော့ ငြိမ်းချမ်းရေးကို ဘယ်နေရာကနေ ဖြစ်ဖြစ် လုပ်မှာပဲ။ ကျနော်ကတော့ စိတ်ကူးနေတာပေါ့။ ပိစ်ဖောင်ဒေးရှင်းဆိုတာ ဖွဲ့မှာပေါ့။ ဖောင်ဒေးရှင်း ဆိုတာကတော့ think tank ဖောင် ဒေးရှင်းလိုပေါ့။ အစိုးရ မှားလည်း အစိုးရကို ပြောလို့ရတယ်။ အတိုက်အခံတွေ မှားရင်လည်း အတိုက်အခံတွေကို ပြောလို့ရ တယ်။ တိုင်းရင်းသားတွေ မှားရင်လည်း မှားတာကို ပြောလို့ရတယ်။ လိုအပ်တဲ့ဥစ္စာကိုလည်း ဝိုင်းကူ လုပ်ပေးလို့ရတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဒါကို ပြင်ဆင်နေတာပေါ့။

မေး ။ ။ တကယ်လို့ အစိုးရသစ်က ဝန်ကြီးကိုပဲ ဒီရာထူး ဒီတာဝန်ပဲ ဆက်ယူပါဆိုပြီး ပြောလာရင် ဒီဖောင်ဒေးရှင်းက ဖြစ်လာနိုင်ဦးမလား။

ဖြေ ။ ။ ဖောင်ဒေးရှင်းဆိုတာတော့ လုပ်လို့ရတာပဲလေ။ ကျနော်ကတော့ ဖောင်ဒေးရှင်းကတော့ ဘာပဲဖြစ်ဖြစ် လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးသားဖြစ်တာပေါ့။ အစိုးရသစ်ကတော့ တာဝန်ပေးတာ မပေးတာကတော့ သူကလည်း ပေးချင်မှလည်း ပေး မှာပေါ့။ ပေးရင်လည်း ပေးမှာပေါ့။ ပေးတဲ့အခါမှာ ကန့်သတ်ချက်တွေ ရှိမှာပေါ့။ ငြိမ်းချမ်းရေးကို လုပ်ခဲ့တာဟာ လူတွေက အင်နဲ့အားနဲ့ ဝိုင်းလုပ်တယ်လို့ မြင်ကြတာပေါ့။ တကယ်တော့ သမ္မတကြီးဦးသိန်းစိန်ရယ်၊ ဦးအောင်မင်းရယ်၊ MPC ရယ် အဓိကထားပြီး လုပ်သွားကြတာပဲ။ ဦးအောင်မင်းက တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတယ်။ အဲဒီ ဆွေးနွေးချက်တွေကို သမ္မ တကြီးက တာဝန်ယူပေးတယ်။ ကျနော်လုပ်ခဲ့တဲ့ ဆွေးနွေးချက်တွေ ကိစ္စတွေ အားလုံးကို သမ္မတကြီးက တာဝန်ယူ ပေးတာပေါ့။ ဒါကြောင့်မို့လည်း ငြိမ်း ချမ်းရေးက ရှေ့ကို တိုးနိုင်တာပေါ့။ နောက်တက်လာမယ့် အစိုးရဟာ အဲ့လို ကျနော့်ကို ဦးသိန်းစိန် တာဝန်ယူသကဲ့သို့ တာ ဝန်ယူပေးမလား။ တာဝန်ယူပေးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက ဆက်ပြီး လုပ်လို့ရမှာပေါ့။ အကယ်၍ သူတို့ တာဝန်မယူပေးဘူးဆိုရင်လည်း ကျနော်က အခက်အခဲတွေရှိမှာပေါ့။ ဒါကြောင့်မို့ ကျနော်ပြောတာ ထဲထဲ ဝင်ဝင် လုပ်ရန်အတွက် အခက်အခဲ ရှိတယ်။ ကျနော်ဘေးတိုက်ပဲ လုပ်ပေးပါရစေ ဆိုပြီး ဒီလိုပဲ ပြောထားတာ ရှိပါတယ်။

မေး ။ ။ မတ်လနောက်ပိုင်းကျရင် ဝန်ကြီးရဲ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေထဲ peace foundation ဆိုတာပါမယ်။ နောက် ထပ် ဘာတွေများ ဆက်လုပ်ဖို့ စဉ်းစားထားလဲ။

ဖြေ ။ ။ နိုင်ငံရဲ့အရေးမှာတော့ ထဲထဲဝင်ဝင်တော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့။ အပြင်ကနေ ဝိုင်းဝန်းပံ့ပိုးကူညီပေးတာပေါ့။ peace ခိုင်မြဲဖို့အတွက်ကတော့ development ရှိဖို့ လိုတယ်။ ကျနော်က ဖောင်ဒေးရှင်းဖွဲ့ရင်တောင်မှ peace and development foundation ဆိုပြီးတော့ ဒီလို ဖွဲ့ဖို့ စိတ်ကူးတယ်။ ငြိမ်းချမ်းရေးလုပ်မယ်၊ ငြိမ်းချမ်းရေး ရသွားတဲ့ ဒေသတွေမှာ ဖွံ့ဖြိုးတိုး တက်ရေးတွေလုပ်မယ် အဲလို လုပ်ဖို့ စိတ်ကူးထားတယ်။

မေး ။ ။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း တွေ့နေတယ်။ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးတယ်လို့လည်း ပြောကြတယ်။ သူတို့ အစည်းဝေးတွေမှာပေါ့။ လာမယ့်အစိုးရလက်ထက်မှာ တပ်မတော်နဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ ထိပ်ပိုင်းကနေ သွားတဲ့ channel က အဆင်ပြေနိုင်မလား။ ဒါမှမဟုတ် MPC လို ကြားခံအဖွဲ့၊ အစိုးရ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကနေ လုပ်မှ အဆင်ပြေနိုင်မလား။ ဝန်ကြီး ဘယ်လို သုံးသပ်မလဲ။

ဖြေ ။ ။ ကျနော်တို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ တပ်မတော်နဲ့ပဲ ညှိပြီးလုပ်ရတာပဲ။ ငြိမ်းချမ်းရေးဆိုတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တပ်မတော်နဲ့ လုပ်တဲ့ကိစ္စပေါ့။ အဲဒီကိစ္စ ဖြစ်တဲ့အတွက် တပ်မတော်ရဲ့ သဘောထား ရယူပြီး တပ်မတော်ရဲ့သဘောထားနဲ့ တိုင်းရင်းသားရဲ့ သဘောထားနဲ့ ဒါတွေ အားလုံး ညှိပြီးတော့မှ ငြိမ်း ချမ်းရေးဆောင်ရွက်ရတယ်။နောက်တက်လာတဲ့ အစိုးရကလည်း ဒီလိုပဲ တပ်မတော်နဲ့ညှိပြီး ဆောင်ရွက်ရမှာပဲ။ အကယ်၍ တပ်မတော်နဲ့ ညှိပြီး မ ဆောင်ရွက်ရင်လည်း ဒီငြိမ်းချမ်းရေးက ခရီးမရောက်နိုင်ဘူးလို့ ဒီလိုပဲ တွက်ပါတယ်။

မေး ။ ။ အခု ဒီ ချင်းမိုင်ကို လာတဲ့ခရီးစဉ်က လက်ရှိ အစိုးရလက်ထက်မှာ ဒါဟာ နောက်ဆုံးလာတဲ့ ခရီးစဉ်လား။

ဖြေ ။ ။ ကျနော် ခုန ပြောသလိုပေါ့။ ငြိမ်းချမ်းရေးဆိုတာကတော့ တောက်လျှောက်ရှိနေမှာပေါ့။ ငြိမ်းချမ်းရေးနဲ့ တွဲပြီးတော့ development ကိစ္စတွေလည်း ရှိနေမှာပေါ့။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အားလုံးကလည်း တကယ် တော့ သူတို့ နေနေတာက ချင်းမိုင်မှာပဲ base လုပ်တာ။ ချင်းမိုင်ကို ဒါ နောက်ဆုံးအခေါက်လို့ ပြောလို့မရပါဘူး။ နောင် လည်း အလုပ်တွေ ရှိနေမှာပါ။ ဒါကြောင့် တောက်လျှောက် သွားလိုက် လာလိုက်ပဲ  ဒီလိုပဲ လုပ်ရမယ်လို့ တွက်ပါတယ်။

မေး ။ ။ ဒီခရီးစဉ်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို လက်မှတ်ထိုးလာအောင် လာပြီး ပြောဆို ညှိနှိုင်းတယ်လို့ ပြော တယ်။ ဒီအတွက် သမ္မတက ဖြစ်ဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြစ်ဖြစ် ဝန်ကြီးကို သေချာမှာလိုက်တာ၊ စကား ပါးလိုက်တာ ရှိလား။

ဖြေ ။ ။ ကျနော်ဒီလာတာတော့ အဓိကတော့ နံပါတ်၁ကတော့ ကျနော်တို့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ ကျင်းပတဲ့အထဲ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ကျနော် ဖိတ် ပါတယ်။ အဲဒီ ဖိတ်တဲ့ အဖွဲ့အစည်းတွေကလည်း သူတို့ မလာကြပါဘူး။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်။
ကျနော်တို့ နောက်ဆုံးအခြေအနေ ဘာတွေ လုပ်ထားတယ်။ ဘယ်လို လုပ်ခဲ့တယ်။ ဒီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကြီးမှာလည်း လူမျိုးပေါင်းစုံ လူတန်းစားပေါင်းစုံ ပါဝင်ပြီးတော့ ပြောရေးဆိုခွင့်တွေ ရှိကြတယ်။ ပြောကြဆိုကြတယ်။ အောင်မြင်တဲ့ ညီလာခံကြီး ဖြစ်တယ် ဆိုတာကို သူတို့ကိုလာပြီး ရှင်းပြတာပဲ ဖြစ်တယ်။ ဒီလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့ကို လက်မှတ်ထိုးဖို့ဆိုတာ ကျနော်က သူတို့ ထိုးချင်ရင် စီစဉ်ပေးမယ်။ သူတို့မထိုးချင် ဘူးဆိုရင် ဒါ သူတို့ရဲ့ ဆန္ဒပဲ ဖြစ်တာပေါ့။ အဓိကတော့ ကျနော်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး နောက်ဆုံး လုပ်တဲ့ အဆင့်ထိကို အသေးစိတ်လာပြီး ရှင်းပြတာပဲ ဖြစ်ပါတယ်။

မေး ။  ။ ဒီတခေါက် ခရီးစဉ်က တော်တော် ရက်ရှည်တယ်နော်။ အရင်ဆို လာပြီး ချက်ချင်း ပြန်တာပဲလေ။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဖွဲ့တွေလည်း ခင်ဗျားတို့ မသိပေမယ့် ကျနော်အများကြီးတွေ့ရတာတွေ ရှိတယ်။ ဒီမှာ ပလောင်နဲ့ အာစီအက်စ်အက်စ်နဲ့ ပဋိပက္ခတွေ ဖြစ်နေတာလည်း ဒီကိစ္စတွေလာပြီး ရှင်းတာပါ။ ဒါတွေလည်း ကျနော်လုပ်ပါတယ်။ တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တဖွဲ့ချင်း တွေ့တာလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ခရီးစဉ် ၃ ည အိပ် သဘော ဖြစ်ပါတယ်။

မေး ။ ။ ကျမတို့ နားလည်ထားသလောက်ဆိုရင် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေက သူတို့ရဲ့ UNFC ဆိုတဲ့ တပ်ပေါင်းစုအဖွဲ့အနေနဲ့ တွေ့မယ်ဆိုတော့ သီးသန့်တွေ့တယ်ဆိုတာမျိုး မကြားမိခဲ့လို့။ ဒါပေမယ့် ဝန်ကြီးအနေနဲ့ အဲဒါမျိုး သူတို့အဖွဲ့တွေနဲ့ သီးသန့်တွေ့ခဲ့ရတာလား။

ဖြေ ။ ။ ကျနော်က UNFC နဲ့ တွေ့တာ မဟုတ်ပါဘူး။ ကျနော့်ဘက်က လာတာက ကျနော် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ တွေ့တာပါ။ UNFC ထဲမှာပါတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း သူ့ဘာသူ ဘာပဲပြောပြော၊ ကျနော်လာတာ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ တွေ့ဖို့လာတာပါ။

မေး ။ ။ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ဝန်ကြီးက အတွေ့အကြုံတွေ အများကြီး ရှိခဲ့တယ်။ တကယ်လို့ အစိုးရသစ် လက်ထက်မှာ MPC ကလည်း ဆက်ရှိနေဦးမယ်ဆိုရင်၊ MPC ကိုခေါင်းဆောင်ရမယ့် ဝန်ကြီးနေရာကို ယူရမယ့် နောက် တ ယောက်ရှိလာမယ် ဆိုရင် အဲဒီလူအတွက် ဘာတွေ အကြံပေးချင်လဲ။

ဖြေ ။ ။ အဓိကကတော့ဗျာ ငြိမ်းချမ်းရေးလုပ်တာက စိတ်သဘောထားမှန်ဖို့ လိုတယ်။ နောက်ပြီးတော့ သည်းခံရမယ်။ စိတ် ရှည်ရမယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာ နားလည်မှု ရှိရမယ်။ အဲဒီ အချက်တွေရှိမယ်ဆိုရင် ဘယ်သူပဲလုပ်လုပ် လုပ်ချင်တဲ့လူ လုပ်ပါ။ ဒါ အောင်မြင်မယ်လို့ ပြောလို့ရပါတယ်။ သူတို့ပြောတာကို နားထောင်ပေးရ မယ်။ နောက် ကိုယ်က ကတိတည်ဖို့ လိုတယ်။ ပွင့်လင်းဖို့ လိုတယ်။ ငြိမ်းချမ်းရေးကတော့ ဘယ်နေရာမဆို ဘယ်အခါပဲ ဖြစ်ဖြစ် ရှိသင့်တယ်။ တကယ်လည်း လုပ်သင့်တဲ့ဟာ ဖြစ်တယ်ဆိုတာ ဒီလိုပဲ ကျနော် ခံယူထားတဲ့အတွက် ကျနော်က တော့ ငြိမ်းချမ်းရေးကို ဆက်လုပ်သွားမယ်။

Your Thoughts …
Tags: Interviews
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
19.9k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

by ဧရာဝတီ
24 July 2013
15k

၈ လေးလုံး အရေးတော်ပုံနဲ့ ပက်သက်လို့ ဒါဟာ ငါလုပ်တာ၊ ဒါ ငါတို့ရဲ့အဖွဲ့က လုပ်တာလို့ ပြောရင် ရူးသွပ်တာပဲလို့ မြင်တယ်

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

by ဧရာဝတီ
29 July 2013
19.9k

တကယ်လို့ မြန်မာနိုင်ငံမှာ ယောက်ျားနဲ့ မိန်းမ တန်းတူညီမျှမှု ရှိသလားလို့ ကျမတို့ မြန်မာ အမျိုးသမီးတွေကို မေးရင် ရှိပါတယ်လို့ ဖြေကြလိမ်မယ်။ ဒါပေမယ့် ရင်ထဲမှာ မမြင်နိုင်တဲ့ အတွင်းဖက် နေရာမှာ တော့ ကျမတို့ဟာ ဒုတိယတန်းစား...

Next Post
ကားဈေးကွက် , Toyota

မြန်မာတွေကြိုက်တဲ့ Toyota Premio

TNLA, RCSS/SSA, NCA, တိုက်ပွဲများ, ငြိမ်းချမ်းရေး

တိုက်ပွဲဖြစ်ပွားရာ ရှမ်းမြောက်သို့ အစိုးရတပ်များ အလုံးအရင်းနှင့် ဝင်ရောက်ဟု ဆို

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate