၁၉၉၈-၁၉၉၉ခုနှစ်တွင် ကန်ကြီးထောင့်မြို့နယ်၊ ကျုံဒရယ်ကျေးရွာရှိ ဦးစောခိုင်ဝင်းအပါအဝင် ရွာသား ၆ ဦး၏ လယ်မြေဧက ၅၀ ကျော်ကို ဧရာရွှေဝါကုမ္ပဏီမှ သိမ်းယူသွားခဲ့ပါသည်။
အသုံးပြုမည်ဟု ရည်ရွယ်ထားသည့်မြေကို အသုံးပြုခြင်းမရှိပါက ထိုမြေများကို မူလလယ်ယာမြေလုပ်ကိုင်ခွင့်ရရှိထားသည့် သူများအား ပြန်လည်ပေးအပ်ရမည်ဟု ၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၃၂ နှင့် ၂၀၁၂ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၂ (ဂ)တို့တွင် ဖော်ပြထားသည်။
၂၀၁၃ ခုုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄ မြို့နယ်ဖြစ်သည့် သာပေါင်း၊ ရေကြည်၊ ကန်ကြီးထောင့်နှင့် ကျောင်းကုုန်းမြို့နယ်တွင်းရှိ ဧရာရွှေဝါကုမ္ပဏီမှ မြေဧက ၄၀၀၀၀ ကျော်ကို ပြန်လည်စွန့်လွှတ်သည်ဟု တရားဝင်သတင်း ထွက်ရှိလာခဲ့သည်။
ထိုအခါ မူလက အသုံးပြုခဲ့သည့် လယ်သမားများက မိမိတို့အသုံးပြုခဲ့သည့် လယ်ယာမြေများကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိ ရန် ကြိုးစားကြသည်။ ထိုအထဲတွင် ဦးစောခိုင်ဝင်းနှင့် ကျုံဒရယ်ကျေးရွာမှ ရွာသား ၆ ဦးလည်း ပါ၀င်ခဲ့သည်။ သို့သော် ၎င်းတို့၏မြေကိုု ယခုအချိန်ထိ ပြန်လည်ရရှိခဲ့ခြင်း မရှိသေးပါ။
ကျုံဒရယ်ကျေးရွာရှိ ဦးစောခိုင်ဝင်း အပါအဝင် ရွာသား ၆ ဦးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေယာဌာနနှင့် သက် ဆိုင်ရာဌာနများသို့ ချောင်းပေါက်မတတ် သွားရောက်ခဲ့သော်လည်း သူတို့ မျှော်လင့်သည့်အဖြေကို မကြားရသေးပေ။
“၂၀၁၃ ခုနှစ်မှာ ဧရာရွှေဝါကုမ္ပဏီက မြို့နယ်လေးမြို့နယ်က မြေယာဧကလေးသောင်းကျော်ကို စွန့်လွှတ််တယ်ဆိုတဲ့ သ တင်းကြားတယ်။ အဲဒီမြေတွေကို အရင်က အသုံးပြုသူတွေ ပြန်လည်လျှောက်ထားနိုင်တယ်ကြားလို့ ကျနော် အပါအဝင် လယ်သမား ၆ဦးဆီက ပါသွားတဲ့ မြေဧက ၅၀ ကို ပြန်ရဖို့ လျှောက်ထားကြတယ်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း အဆင့် အုပ်ချုပ်ရေးမှူးရုံးတွေကနေ နေပြည်တော်က မြေယာပြဿနာနဲ့ ဆိုင်တဲ့ အဖွဲ့တွေအကုန်၊ နောက်ဆုံးဒုတိယ သမ္မတ ဦးဉာဏ်ထွန်းရဲ့မြေယာအသုံးချရေး စီမံခန့်ခွဲမှုကော်မတီအထိ တိုင်စာအဆင့်ဆင့် တင်ခဲ့တယ်။
၆ လကြာတော့ တိုင်းက တဆင့် စီမံဆောင်ရွက်ပေးလိုက်ပါဆိုတဲ့ စာထွက်လာတယ်။ အဲဒီနောက်တော့ လက်ရှိ အဲဒီမြေကို အသုံးပြုနေသူကော၊ ဌာနဆိုင်ရာအစိုးရအရာရှိတွေနဲ့ နီးစပ်တဲ့ ချမ်းသာတဲ့ ဒေသခံလယ်သမားတွေကော အပြိုင် အဲဒီမြေ ကို လျှောက်ကြတယ်။ သက်ဆိုင်ရာက လာစစ်ဆေးပြီး၊ ညှိနှိုင်းပြီး ကျနော်တို့်မြေရဲ့သုံးပုံတပုံမြေကို ကျနော်တို့ကို ပေးမယ် လို့ အရင်အစိုးရလက်ထက်က ကန်ကြီးထောင့်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ကတိပေးခဲ့တယ်၊ ဒါပေမယ့် ဒီနေ့ အချိန် အထိ ဘာမှဖြစ်မလာသေးဘူး။ လက်ရှိ အဲဒီမြေကို အသုံးပြုနေသူတွေကပဲ ဆက်ပြီးလုပ်ကိုင် စားသောက်နေတုန်း” ဟု ကန်ကြီးထောင့်မြို့နယ်၊ ကျုံဒရယ်ကျေးရွာနေ ဦးစောခိုင်ဝင်းက ပြောကြားသည်။
ဦးစောခိုင်ဝင်းကဲ့သို့သော အဖြစ်အပျက်များသည် ဧရာဝတီတိုင်းဒေသကြီးတွင်သာမက မြန်မာနိုင်ငံအနှံ့အပြား၌ စွန့်လွှတ် မြေများကို ပြန်လည်လျှောက်ထားရာတွင် ကြံုတွေ့နေရသည့် ပြဿနာရပ်များဖြစ်သည်။
ထိုုအမှုကိစ္စနှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသည့်ဒေသခံအဖွဲ့တဖွဲ့မှ စီမံကိန်းကြီးကြပ်သူက ဤသိုု့ မှတ်ချက် ပေးသည်။
“ကျံုဒရယ်က ဦးစောခိုင်ဝင်းအမှုကို ကူညီဆောင်ရွက်ပေးနေတာ ၆လလောက်ရှိပါပြီ။ သူတို့တွေရဲ့လယ်ကို အရင်က သိမ်း ယူထားတဲ့ကုမ္ပဏီက ပြန်လည်စွန့်လွှတ််တယ်ဆိုတာ သိတယ်။ ခက်တာက ဒီမြို့နယ် ဒီရွာကနေ မြေဧက ဘယ်လောက် ကို စွန့်လွှတ််တယ်၊ ဒီအမှုဟာ စွန့်လွှတ်မြေထဲမှာ ပါသလား၊ ဖြေရှင်းပြီးလို့ ပိတ်သွားတဲ့ အမှုလား၊ ဒါမှမဟုတ် ဖြေရှင်းဆဲ လားဆိုတာမျိုးတွေကို ဘာသတင်းအချက်အလက်မှ အရင်အစိုးရလက်ထက်မှာ တောင်းယူလို့မရဘူး။ တိုင်စာပို့သင့်တဲ့ ဌာ နဆိုင်ရာအသီးသီးကို ပို့ထားတာပဲ။ အကြောင်းပြန်စာမရဘူး။ ဘာမှ ထူးခြားမှုမှ မရှိခဲ့ဘူး” ဟု ပြောသည်။
မြေယာအငြင်းပွားမှုများသည် အများအားဖြင့် မူလ လက်ငုတ်အသုံးပြုခဲ့သည့် လယ်သမားနှင့် ယခု လက်ရှိအသုံးပြုနေသည့် လက်ရှိလက်ငုတ်အကြား မြေယာပိုင်ဆိုင်မှုရရှိရန် ကြိုးပမ်းနေကြခြင်းကြောင့်ဖြစ်သည်။
ထိုသို့အငြင်းပွားရာတွင် ပုံမှန် မိမိတို့ရပ်ရွာတွင်းရှိ မြေယာအငြင်းပွားမှုဖြစ်လျှင် တိုင်ကြားရမည့် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ၏ အခန်းကဏ္ဍနှင့် ဖြေရှင်းရမည့်အဆင့်ဆင့် လုပ်ကိုင်နည်းများကို ၂၀၁၂ ခုုနှစ် လယ်ယာမြေဥပဒေ အခန်း ၈ တွင် အသေးစိတ်ဖော်ပြချက် ပါရှိထားသည်။
သို့သော် ဦးစောခိုင်ဝင်း၏ အမှုကဲ့သို့သော သိမ်းဆည်းမြေများ ပြန််လည်စွန့်လွှတ်ခြင်းနှင့် သက်ဆိုင်သည့် အငြင်းပွားမှုကို ဖြေရှင်းရမည့်နည်းလမ်း အသေးစိတ်ကို မည်သည့် ဥပဒေ၊ ထုတ်ပြန်ချက်တွင်မှ မပါရှိပါ။
မြေယာသိမ်းဆည်းရာတွင် လိုက်နာကျင့်သုံးရမည့်အချက်များကို ယခုချိန်ထိကျင့်သုံးနေဆဲဖြစ်သည့် ၁၈၉၄ မြေသိမ်း အက် ဥပဒေနှင့်အညီ သိမ်းဆည်းပါက လုပ်ဆောင်ရမည့် လမ်းညွန်ချက်အတိအကျပါရှိသော်လည်း ထိုဥပဒေပါအချက်များ အ တိုင်း လိုုက်နာကျင့်သုံုးမှု မရှိခဲ့သောကြောင့် မြေယာများပြန်လည်စွန်လွှတ်ခြင်းဆိုင်ရာရှုပ်ထွေးမှုများ မြန်မာနိုင်ငံအနှံ့ ဖြစ် ပေါ်လျက်ရှိသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိမ်း ဆည်းမြေများ ပြန်လည်စွန့်လွှတ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ စာအုပ်ထွက်ပေါ်လာသည်။ သို့သော် ထိုစာအုပ်နှင့်ထို လမ်းညွန်ချက်ကို ပြည်သူများလက်ထဲသို့ စတင်ရောက်ရှိလာသည်မှာ ၂၀၁၅ ခုနှစ်အတွင်းမှသာဖြစ်သည်။
သို့သော် ထိုစာအုပ်သည်လည်း ပြည်သူများကြား၊ မြေယာအရေးကို ဖြေရှင်းပေးနေသည့် CSO များ အကြားတွင်လည်း လူသိနည်းနေသေးသည်ကိုတွေ့ရသည်။
ထို့အပြင် လုပ်ထုံးလုပ်နည်းသည်လည်း စွန်လွှတ်ပုံအဆင့်ဆင့်ကို အသေးစိတ် လမ်းညွှန်ချက်သာပါရှိသော်လည်း ထိုစွန့် လွှတ်မှုကြောင့်ဖြစ်ပေါ်လာသည့်အငြင်းပွားမှုကို မည်သို့ဖြေရှင်းရမည် ဆိုသည့် လမ်းညွန်ချက်၊ ဥပဒေများကို ယခုအချိန် အထိ တိကျသေချာစွာ မထွက်ပေါ်လာသေးပါ။
မြန်မာနိုင်ငံအတွင်းရှိ စစ်တပ်၊ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အခြားစီမံကိန်းအမျိုးမျိုးအတွက် ၀န်ကြီးဌာနအမျိုးမျိုးမှ သိမ်းယူခဲ့ သည့် နိုင်ငံတဝှမ်းမှ သိမ်းဆည်းမြေများကြောင့် နစ်နာရသည့် တောင်သူလယ်သမားများအား လယ်ယာမြေ သို့မဟုတ် လျော်ကြေးငွေများ ပြန်လည်ရရှိရန် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပါသည်။
Green Peasant Institute မှ ဒါရိုက်တာ ဦးတင်လင်းအောင်ကလည်း “ကျနော်တို့ GPI အနေနဲ့ မြေယာပြဿနာတွေကို တရားမျှတမှုမရခဲ့တဲ့ လယ်သမားတွေဘက်ကနေ ကူညီဖြေရှင်းပေးနေတာ ၂၀၁၂ ခုနှစ်လောက်ကတည်းကပါ။ ဖြေရှင်းတဲ့ နည်းလမ်းကတော့ အရင်တုန်းကဆို စမ်းတဝါးဝါးပဲ။ နည်းလမ်းမျိုးစုံ ကြိုးစားတယ်။ လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ ကော၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရကော၊ လွှတ်တော်ကော၊ သမ္မတရုံး၊ ဒုတိယသမ္မတရဲ့မြေယာအသုံးချရေး ကော်မတီကော အကုန်စာတင်တာပဲ။ မြေနဲ့ သက်ဆိုင်တဲ့ဌာန အကုန်စာတင်တယ်။ အနည်းငယ်သော အမှုတွေသာ ဖြေရှင်းနိုင်တယ်”ဟု ပြောဆိုသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး ပြည်သူများ၏ တခဲနက်ထောက်ခံမဲဖြင့် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရ တာဝန်လွှဲပြောင်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှ့ံဖြစ်ပေါ်နေသည့် မြေယာအငြင်းပွားမှုများအား ဖြေရှင်းနိုင်မည့် ပွင့်လင်းမြင်သာ၍ ရှင်းလင်းလွယ်ကူထိရောက်သည့် ယန္တရားပုံစံထွက်ပေါ်လာရေးသည် အထူးအရေးကြီး သည့်လိုအပ်ချက်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်း(CSO) များ၏ ဥပဒေရေးရာ အထောက်အကူပြုဆောင်ရွက်မှုပုံစံဖြင့် ရပ်ရွာလူထု၏ မြေယာအခွင့် အရေးများ တောင်းဆိုရာ၌ လုပ်ကိုင်နိုင်စွမ်းရှိအောင် ပံ့ပိုးပေးရန်နှင့် စေ့စပ်ညှိနှိုင်းရာတွင် ကူညီပေးခြင်းသည် ငွေကြေး ကုန်ကျမှုနည်းပြီး ထိရောက်သည့်နည်းလမ်းတခုအဖြစ် အစိုးရပိုင်းမှ အသိအမှတ်ပြုရန် ဖြစ်ပါသည်။ ထို့ပြင် စွန့်လွှတ်သည့် မြေများနှင့်ပတ်သက်၍ တိကျသည့်သတင်းအချက်အလက်များကို ထုတ်ပြန်ပေးရန်နှင့် မျှဝေပေးရန်လည်း လိုအပ်ပါသည်။
Namati Myanmar သည် ဦးစောခိုင်ဝင်းကဲ့သို့ မြေယာပြဿနာများကို ဥပဒေရေးရာ အထောက်အကူပြုပုံစံဖြင့် မြန်မာနိုင် ငံတွင် ဆောင်ရွက်နေသည်မှာ ၃နှစ်ကျော်ရှိပြီ ဖြစ်သည်။ Namati Myanmar ၏ ထို ၃ နှစ်တာကာလအတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၅ ခု အတွင်းရှိ မြို့နယ်အချို့တွင် အမှုဖြေရှင်းခဲ့သည့်အတွေ့အကြံုအရ မြေယာသိမ်းမှုအရေအတွက်၏ သုံးပုံတပုံသာ ဖြေရှင်းပေးနိုင်သေးသည်။
ထိုသို့ဖြစ်ရခြင်းမှာ အမှုအများစုတွင် နစ်နာခဲ့သည့် မူလလယ်သမားများက ၎င်းတို့၏မြေကို အသုံးပြုခွင့်မရရှိဘဲ၊ လက်ရှိ အသုံးပြုနေသည့် လယ်သမားကသာ အသုံးချခွင့်ရမည်ဆိုသည့် ဆုံးဖြတ်ချက်များရရှိခဲ့သည့်အတွက် ထိုမြေယာအမှုများ ပိတ်သိမ်းသွားသော်လည်း တရားမျှတမှု ရရှိနိုင်မည့် တခြားနည်းလမ်း တနည်းနည်းဖြင့် ကြိုးစားမည်ဆိုသည့် မျှော်လင့် ချက်များကြောင့် ထိုအမှုများကို ပိတ်သိမ်းနိုင်မှု မရနိုင်ခြင်း ဖြစ်သည်။
ဤအချင်းအရာများသည် သာမန်မြေယာအငြင်းပွားမှုများကို ဖြေရှင်းသည့်ယန္တရားပုံစံနှင့် စွန့်လွှတ်မြေများကို ဖြေရှင်းသည့် နည်းလမ်းများကြားတွင် ရှုပ်ထွေးမှုများ ရှိနေပြီး၊ မြေယာပြဿနာများကို ကူညီဖြေရှင်းပေးနေသည့်အဖွဲ့များအတွက်လည်း အခက်အခဲများကိုဖြစ်ပေါ်စေသည်။
အစိုးရ၏တိကျသေချာသည့်ဖြေရှင်းမှု ယန္တရားပုံစံကို လက်ရှိဥပဒေ၊ ညွှန်ကြားချက်များအတွင်း၌ မတွေ့နိုင်ပါ။ ထိုဥပဒေ၊ လမ်းညွန်ချက်များနှင့် ဖြေရှင်းရာတွင်လည်း အခက်အခဲများစွာကြံုတွေ့ရသည်။ ယခင်က အမှန်တကယ် ဆုံးရှုံးနစ်နာနေ သည့် မူလလက်ငုတ်လယ်သမားများမှာ မြေယာအသုံးချခွင့်မရဘဲ၊ လက်ရှိအသုံးပြုနေသူများသာ မြေယာပိုင်ဆိုင်ခွင့်ရရှိ သွားသည်ကို တွေ့ရသည်။
လက်ရှိအစိုးရသက်တမ်းအတွင်း အစိုးရမှ စွန့်လွှတ်မြေပေးအပ်ပွဲများ ပြုလုပ်နေသော်လည်း ဦးစောခိုင်ဝင်းအပါအဝင် ရွာ သား ၆ဦးတို့၏ လက်ယာမြေများပြန်လည်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ လျော့နည်းသွားခြင်းမရှိသေး သည်က ယခင်က ပွင့်လင်းမြင်သာမှုမရှိခဲ့ခြင်း၏ သာဓကများသာဖြစ်နေပါကြောင်း။
(နွယ်နီစိုုးသည် ရန်ကုန်အခြေစိုက် Namati: Innovations In Legal Empowerment မှ စီမံချက်အရာရှိ ဖြစ်သည်။ Namati သည် မြန်မာနိုင်ငံတွင် မျှတသောမြေယာအခွင့်အရေး ရရှိအောင် ကူညီဆောင်ရွက်ပေးနေသော INGO ဖြစ် သည်။)