• English
Saturday, December 9, 2023
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

        စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

        လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

        လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

        မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

        မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          အဖော်လေးတွေ…

          အဖော်လေးတွေ…

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အယ်ဒီတာ့အာဘော်

          ARSA ကို မျက်ခြည်မပြတ်စေနှင့်

          by ဧရာဝတီ
          17 November 2017
          in အယ်ဒီတာ့အာဘော်
          Reading Time: 1 min read
          A A
          ၂၀၁၇ ဩဂုတ်လအတွင်း ထွက်လာသော ARSA ၏ ဝါဒဖြန့် ဗီဒီယိုမှ

          ၂၀၁၇ ဩဂုတ်လအတွင်း ထွက်လာသော ARSA ၏ ဝါဒဖြန့် ဗီဒီယိုမှ

          184.3k
          VIEWS
          Share on FacebookShare on Twitter

          နိုင်ငံတကာ အသိုင်းအဝိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပြဿနာအပေါ်တွင် အာရုံစိုက်ခဲ့သည်။ အကယ်၍ မကြာတော့မည့် အနာဂတ်၌ အခြေအနေကို မဖြေရှင်းနိုင်ခဲ့လျှင် ဒေသတွင်းတွင် မတည်ငြိမ်မှုများ ရှိလာလိမ့်မည် ဖြစ်ပြီး နောက်ထပ် ပဋိပက္ခများဆီသို့ ဦးတည်နိုင်သော အန္တရာယ်တခု ရှိနေသည်။ ရခိုင် ပြည်နယ်မှ ပြဿနာ၌ စစ်ရေးသက်သက်ဖြင့် အဖြေရှာမရပါ။ ကျနော်တို့ အနေဖြင့် နိုင်ငံရေး အဖြေများနှင့် စေ့စပ်ညှိနှိုင်းမှုများကို ရှာဖွေရမည် ဖြစ်ပါသည်။

          RelatedPosts

          မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

          မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

          8 November 2023
          28.4k
          အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

          အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

          18 October 2023
          5.7k
          စစ်ကောင်စီ၏ အနှစ်သာရကင်းမဲ့သော လုပ်ရပ်

          စစ်ကောင်စီ၏ အနှစ်သာရကင်းမဲ့သော လုပ်ရပ်

          3 August 2023
          3.4k

          “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဆီယံ ထိပ်သီးညီလာခံ ခရီးစဉ်က သံတမန်ရေး…

          “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဆီယံ ထိပ်သီးညီလာခံ ခရီးစဉ်က သံတမန်ရေးရာအရ အောင်မြင်တယ်လို့ ပြောလို့ရတယ်” (ရုပ်/သံ)ဧရာဝတီ၊ နိုဝင်ဘာ ၁၄၊ ၂၀၁၇အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ နိုဝင်ဘာ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံဖို့ရှိပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်တွေအရေးကို အဓိက အချက်တခု အနေနဲ့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်တွေ အရေးနဲ့ပတ်သက်ပြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက မြန်မာ အစိုးရအပေါ် ဝေဖန်နေကြချိန်လည်း ဖြစ်သလို အဲဒီဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုပြီး တပ်မတော် တာဝန်ရှိသူတချို့ကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ တွန်းအားပေးနေချိန်လည်း ဖြစ်တာကြောင့် Tillerson ရဲ့ မြန်မာပြည် ခရီးစဉ်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ရိုက်ကူး – ငြိမ်းငြိမ်း၊ ဧရာဝတီ

          Posted by The Irrawaddy – Burmese Edition on Tuesday, November 14, 2017

          သို့သော် ရခိုင် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) သို့မဟုတ် Harakah al-Yaqin ဟု သိကြသည့် စစ်သွေးကြွ အဖွဲ့၏ လှုပ်ရှားမှုများကိုလည်း ကျနော်တို့ မျက်ခြည် မပြတ်သင့်ပါ။

          ARSA သည် အပြစ်မဲ့ အရပ်သား ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့များကို သြဂုတ်လ ၂၅ ရက်နေ့တွင် တိုက်ခိုက်မှုများ ပြုလုပ်၍ တပ်မတော်၏ ပြင်းထန်သော တုန့်ပြန်မှုများ ဖြစ်လာအောင် လှုံ့ဆော်ခြင်းအားဖြင့် ယခု ဖြစ်ပွားနေသော အကျပ်အတည်းကို အစပျိုးခဲ့သည်။

          မြန်မာနိုင်ငံက အလိုရှိနေသော ARSA ၏ ခေါင်းဆောင် အက်တာအူလ္လာသည် ပါကစ္စတန်နိုင်ငံရောက် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ မိသားစု တစုက မွေးဖွားခဲ့သည်ဟု ယုံကြည်ရပါသည်။ သူက အဖွဲ့အတွက် အမိန့်များ နှင့် ညွှန်ကြားချက်များကို နှုတ်အားဖြင့် သို့ မဟုတ် ဗီဒီယိုများမှ တဆင့်ပေးနေသည်။ သူနှင့် သူ၏ အဖွဲ့ကို ငွေကြေးအပါအဝင် ထောက်ခံ အားပေးသူများက အရှေ့ အလယ်ပိုင်းနှင့် အခြား နေရာများတွင် ရှိသည်ဟု ယုံကြည်ရသည်။

          ARSA ၏ ရံပုံငွေ အများစုက ဆော်ဒီအာရေးဗီးယား နှင့် မလေးရှားတွင် နေထိုင်သော ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများထံမှ ရရှိခြင်း ဖြစ်ကြောင်း သတင်းအများအပြားတွင် ဖော်ပြခဲ့သည်။ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ အသိုင်းအဝိုင်းငယ်များ ရှိနေသော အရှေ့အလယ်ပိုင်း နိုင်ငံများမှလည်း ထောက်ပံ့မှုများ ရှိသည်ဟု သိရသည်။

          ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများမှ မျက်မြင်သက်သေများ၏ အဆိုအရ အရှေ့အလယ်ပိုင်းနှင့် အခြားနေ ရာများတွင် အခြေစိုက်သည်ဟု ယုံကြည်ရသော နိုင်ငံခြား အလှူရှင်များက ဒုက္ခသည်များကို ငွေကြေးများ ထောက်ပံ့နေကြပြီး ARSA စစ်သွေးကြွများလည်း လွတ်လပ်စွာ သွားလာလုပ်ကိုင်နေကြောင်း သိရသည်။

          အက်တာအူလ္လာ မည်သည့်နေရာတွင် ရှိသည်ကို မသိရပါ။ အကြမ်းဖက် အဖွဲ့၏ ခေါင်းဆောင်က ပုန်းအောင်းနေသည်ဟု ယူဆရသော်လည်း နေ့စဉ်လုပ်ငန်းများနှင့် အလှူရှင်များ၊ မီဒီယာများနှင့် ဆက်သွယ်မှုများကို စီမံခန့်ခွဲ နေသော လက်ထောက် အများအပြား သူ့တွင် ရှိနေသည်။

          ARSA ၏ ဝါဒဖြန့်ချိရေး ယန္တရားက ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေကြောင်း လေ့လာစောင့်ကြည့်သူများက မှတ်ချက်ပြုခဲ့ ကြပြီး ဖြစ်သည်။ စစ်သွေးကြွများနှင့် အဖွဲ့၏ ဝါဒဖြန့်ချိရေး အဖွဲ့သည် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ကြပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို ထိရောက်စွာ အသုံးပြုနိုင်ကြသည်။ သူတို့ကိုယ်သူတို့ အလယ်အလတ်ကျသော၊ ကြောင်းကျိုး ဆီလျော်မှုရှိသော အသွင်ဖြစ်အောင် ပြုလုပ်ရာတွင် ကျွမ်းကျင်ကြသည်။ သို့သော်လည်း အသွင်ယူထားခြင်းသာ ဖြစ်ကြသည်။

          လတ်တလော လများအတွင်းတွင် ထုတ်ဝေခဲ့သော သတင်းနှင့် ထုတ်ဖော်ပြောဆိုမှု အများအပြားအရ ARSA စစ်သွေးကြွ များသည် ကျေးလက်နေ အရပ်သား ပြည်သူများနှင့် ရောနှောနေကြသည်။ ARSA ၏ ဗျူဟာများက မြန်မာနိုင်ငံအတွင်းမှ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အသုံးပြုကြသည့် နည်းလမ်းများထက်စာလျှင် မလေးရှားနိုင်ငံ အနီး၊ ထိုင်းနိုင်ငံ တောင်ဖက်စွန်းမှ မွတ်ဆလင် လက်နက်ကိုင်များ အသုံးပြုသည့် ဗျူဟာနှင့် များစွာ ပို၍ တူညီ နီးစပ်မှု ရှိသည်။ သူတို့ သဘောကျသည့် စစ်ဆင်ရေး ပုံစံမှာ ရာနှင့် ချီသော ကျေးရွာသားများကို စုစည်း၍ အိမ်တွင်းလုပ် လက်နက်များဖြင့် အစိုးရ စခန်းများကို ညသန်းခေါင်တွင် ဝင်ရောက် တိုက်ခိုက်ခြင်း ဖြစ်သည်။

          ARSA စစ်သွေးကြွများက လက်နက် အပြည့်အစုံ တပ်ဆင်နိုင်ခြင်း မရှိသေးပါ။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ တောင်ကုန်းများနှင့် သစ်တောများအတွင်းတွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ထားခဲ့သည်။ လေ့ကျင့်မှုများထံတွင် သေနတ်များနှင့် လက်လုပ်ဗုံးများ အသုံးပြုခြင်းများ ပါဝင်သလို ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများလည်း ပါဝင်သည်။

          ဗီဒီယို မှတ်တမ်းများအရ စစ်သွေးကြွများတွင် AK-47၊ M-16၊ G3 နှင့် G4 ချေမှုန်းရေး ရိုင်ဖယ်အနည်းငယ်ရှိကြောင်း ဖော်ပြနေသည်။ စိတ်ပျက်နေကြသော မွတ်ဆလင်ရွာသားများကို စစ်စခန်းများကို တိုက်ခိုက်ရန်အတွက် သူတို့က စည်းရုံးခဲ့သည်။ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း ရဲအဖွဲ့နှင့် တပ်မတော်မှာ စစ်သွေးကြွများက ထောက်ပံံ့ပေးထားသည့် အလွန်အင်အားများသော ကျေးရွာသားများ (အချို့ကိစ္စများတွင် သူတို့ကို ဝိုင်းရံထားခြင်း ခံခဲ့ရသည်) နှင့် ရင်ဆိုင်တွေ့ရပြီး လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း တပ်မတော်က မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

          စစ်ဆင်ရေး အတွင်းတွင် အသတ်ခံရ သည့် စစ်သွေးကြွ အလောင်း ၃၇၆ လောင်းရှိပြီး ဖမ်းဆီးရမိ ၇၈ ဦး ရှိကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။ ထွက်ပြေးလွတ်မြောက်သူများကမူ လူ ၃၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်တွင် ပြောဆိုကြောင်း သတင်းပေးပို့ချက်များက ဆိုသည်။

          ယခုအပတ်အတွင်း နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးတခုတွင် မြန်မာ ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိများက ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခိုလှုံနေသည်ဟု ယုံကြည်ရသော အကြမ်းဖက်သမား ၁၀၀၀ ကျော်၏ စာရင်းကို တင်ပြ၍ မြန်မာ နိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ ယခုအချိန်အထိ စစ်သွေးကြွဟု ယူဆရသူ ၄ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့ပြီး ဖြစ်သည်။

          ပြီးခဲ့သည့် နှစ် အောက်တိုဘာလ အတွင်းတွင် ARSA အဖွဲ့က မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများကို အကွက်ချ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဒါဇင်နှင့် ချီသော ချေမှုန်းရေး ရိုင်ဖယ်များ နှင့် လက်နက်ခဲယမ်းများကို ယူဆောင် လွတ်မြောက်သွားခဲ့သည်။ သြဂုတ်လတိုက်ခိုက်မှုများ နောက်ပိုင်း ARSA အဖွဲ့ အနေဖြင့် ဆော်ဒီအာရေးဗီးယားနှင့် မလေးရှားရှိ အဖွဲ့များမှ ပမာဏ များပြားသော အလှူငွေများ ရရှိခဲ့ကြောင်း သိရသလို နိုင်ငံတကာ မီဒီယာ သတင်းများတွင်လည်း အလေးထားဖော်ပြခြင်း ခံခဲ့ရသည်။

          ARSA ခေါင်းဆောင်များက သူတို့သည် “ရိုဟင်ဂျာ ပြည်သူများ၏ အခွင့်အရေးများ”အတွက်နှင့် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ဖိနှိပ် ကန့်သတ်မှုများကို အဆုံးသတ်ရန် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း မြန်မာအစိုးရက ARSA အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်း တခုအဖြစ် တရားဝင် သတ်မှတ်ခဲ့ပြီး သူတို့နှင့် ပြောဆို ဆွေးနွေးရေးကို ပယ်ချထားသည်။

          ရခိုင်မြောက်ပိုင်း လက်နက်ကိုင် ထကြွမှုသည် ယခုအကြိမ် ပထမဆုံး မဟုတ်ပါ။ ၁၉၅၀ အစောပိုင်း နှစ်များတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင် ခွဲထွက်ရေးသမားများ ဖြစ်သည့် မူဂျာဟစ်ဒင် အဖွဲ့၏ လက်နက်ကိုင် ပုန်ကန်မှုကို မြန်မာနိုင်ငံ ရင်ဆိုင်ခဲ့ရသည်။ မြန်မာ့တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မူဂျာဟစ်ဒင်များကို ချေမှုန်းရန် ပြင်းထန်သော စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် မူဂျာဟစ်ခေါင်းဆောင်များ မြန်မာ အစိုးရတပ် များထံတွင် လက်နက်ချခဲ့သည်။ မြန်မာအစိုးရကလည်း ရိုဟင်ဂျာဟူသော အမည်ကို အသိအမှတ်ပြုပေးခဲ့ပြီး အသင်းဖွဲ့စည်းခွင့်နှင့် မြန်မာ့အသံမှပင် အသံလွှင့်အစီအစဉ်ကို ပေးခဲ့သည်။

          ပြီးခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တေလာဆန်၏ ခရီးစဉ် မတိုင်မီ မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်းတွင် မွတ်ဆလင် အရပ်သားများအပေါ် ရက်စက်စွာ ပြုမူခြင်းနှင့် အင်အား အလွန်အကျွံ သုံးစွဲခြင်း မရှိကြောင်း ဆက်လက်ငြင်းဆန်ခဲ့သည်။

          တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သော ပြည်တွင်း စုံစမ်းစစ်ဆေးရေး အဖွဲ့၏ အစီရင်ခံစာကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် စစ်ဆေးရေးအဖွဲ့ အနေဖြင့် မြေပြင်အချက်အလက်များ စုဆောင်ခြင်းနှင့် ရခိုင်၊ ဟိန္ဒူနှင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများအပါအဝင် လူ ၃၀၀၀ ကျော်ကို တွေ့ဆုံ မေးမြန်းရန် အချိန် တလ နီးပါး ယူခဲ့သည်။

          စုံစမ်းစစ်ဆေးရေးမှု၏ တွေ့ရှိချက်များတွင် “မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်၊ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက် တိုက်ဖျက်ရေး တာဝန် ထမ်းဆောင်ရာတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေသ(Rule Of Engagement-ROE)ပါ အချက် များကိုလည်း ခေါင်းဆောင် ပိုင်းမှစ၍ လက်အောက်တပ်သားအဆင့်ထိ အလေးထား သိရှိလိုက်နာဆောင်ရွက်ခဲ့ကြောင်း” ဖော်ပြသည်။

          သို့သော် လူ့အခွင့်အရေးအဖွဲ့များက ယင်းအစီရင်ခံစာကို ပြက်ရယ်ပြု ပယ်ချကြသည်။ ဒေသတွင်းသို့ ကုလသမဂ္ဂ၏ အချက်အလက် ရှာဖွေရေး ကိုယ်စားလှယ်အဖွဲ့ တခု သွားရောက်ခွင့် ပြုရေးကိုလည်း ထပ်မံတောင်းဆိုလိုက်သည်။ နှင့် အခြား လွတ်လပ်သော စုံစမ်းစစ်ဆေးသူများ ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုကြသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တေလာဆန်ကလည်း လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ရန် တိုက်တွန်းသည်။

          မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့ပြီး ပိတ်ဆို့ဒဏ်ခတ်ခြင်းများ အစောတလျင် မပြုလုပ်ဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသော ရတ်စ်တေလာဆန်က ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ကို မြန်မာအစိုးရက ဦးဆောင်သင့်ပြီး မြန်မာ့တပ်မတော်က ဝိုင်းဝန်းပံ့ပိုး ကူညီသင့်ကြောင်း ဆိုသည်။

          မြန်မာ့တပ်မတော်မှ လူမျိုးတုံး သတ်ဖြတ်ခြင်း (Genocide)နှင့် လူမျိုးတုံး သန့်စင်ခြင်း(Enthnic Cleansing)များ ပြုလုပ်နေသည်ဟု စွပ်စွဲနေသော နိုင်ငံတကာ၏ တိုးလာနေသော ဖိအားများနှင့် ဘင်္ဂါလီ မွတ်စလင် အကြမ်းဖက်သမားများကို ဥပဒေနှင့်အညီ နှိမ်နှင်းခဲ့ပြီး ဒေသခံ ဋ္ဌာနေတိုင်းရင်းသားများ၏ အသက် အိုးအိမ်ကို ကာကွယ်နေသည်ဟု ယုံကြည်သည့် မြန်မာ့တပ်မတော်တို့အကြားတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မျှခြေတခုု ရှာဖွေရလိမ့်မည်ဖြစ်သည်။

          ကျနော်တို့ အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာများကို ဝေဖန် ပြစ်တင်ခြင်း၊ တပ်မတော်နှင့် အစိုးရတို့၏ တာဝန်ယူမှုကို တောင်းဆိုခြင်း၊ လွတ်လပ်သော အဖွဲ့အစည်းများနှင့် မီဒီယာများကို ပဋိပက္ခဒေသတွင်းသို့ သွားရောက်ခွင့်ပြုရန် တောင်းဆိုခြင်းများ ပြုလုပ်သည်နှင့် တပြိုင်နက် ARSA နှင့် ၎င်းကွန်ရက်၏ လှုပ်ရှားမှုများ၊ အစွန်းရောက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများ၊ ၎င်း၏ ဘဏ္ဍာရေး အရင်းအမြစ်များ သို့မဟုတ် အလှူရှင်များနှင့် နောက်ကွယ်မှ ရပ်တည်၍ နိုင်ငံရေးနှင့် နည်းဗျူဟာ အကူအညီပေးနေသည့် အဖွဲ့အစည်းများကို မျက်ခြည် မပြတ်သင့်ပါ။

          စွပ်စွဲမှုများကို တသမတ်တည်း ငြဆန်နေခဲ့သော်လည်း ARSA က နိုင်ငံခြား အကြမ်းဖက်အဖွဲ့ အစည်းများနှင့် ဆက်သွယ်မှုများ ရှိနေသည်။ ဥပမာ ပြရလျှင် ARSA ၏ လမ်းညွှန်သူ ဖြစ်သည့် ကရာချိ အခြေစိုက် ပါကစ္စတန်ဖွား အက်ဗ်ဒူးစ် ကာဒို့စ် ဘာမီက မြန်မာနိုင်ငံတွင် ဘာသာရေး စစ်ပွဲ (jihad) ဆင်နွဲရန် တောင်းဆိုခဲ့ပြီး တောင်အာရှတွင် အကြီးဆုံး အစ္စလမ် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သော လက်ရှကာ အီး တေရာဘာ Lashkar-e-Taiba (အမှန်တရား အတွက် တပ်မတော်) အဖွဲ့ နှင့် ဆက်နွယ်နေကြောင်း ခိုင်လုံသော အထောက်အထားများ ရှိနေသည်။ ၎င်း တို့၏ စစ်ဆင်ရေးများကို ပါကစ္စတန်နိုင်ငံတွင်းတွင် အဓိကပြုလုပ်သော လက်ရှကာ အီး တေရာဘာ အဖွဲ့ကို ၁၉၈၇ ခုနှစ်က အာဖဂန် နစ္စတန်တွင် ကွယ်လွန်သူ အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာ ဘင်လာဒင်၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

          ယခု အကြမ်းဖက်ကွန်ရက်များ၏ အန္တရာယ်ကို အသိအမှတ်ပြုသည့် အနေဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့အပါအဝင် အခြား အရှေ့တောင် အာရှနိုင်ငံ အများအပြားတို့က မြန်မာနှင့် ၎င်း၏ လုံခြုံရေးတပ်ဖွဲ့များကို ထောက်ခံခဲ့ကြသည်။

          သို့ရာတွင် နှစ် ၇၀ ကြာ ပြည်တွင်းစစ်ကို မရပ်တံ့နိုင်သေးဘဲ စစ်မျက်နှာ အများအပြား ဖွင့်ထားရပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကြောင့် ခေတ်မီလက်နက်များ၊ ခေတ်ပေါ် အကြမ်းဖက်နှိမ်နှင်းရေး နည်းပညာနှင့် အတတ်ပညာများ လေ့လာသင်ကြားနိုင်ရေး ပိတ်ဆို့ခံနေရသည့်အပြင် ထောက်လှမ်းရေးယန္တရား ချည့်နဲ့နေသော မြန်မာ့တပ်မတော်အနေဖြင့် ကမ္ဘာ့အကြမ်းဖက်ဝါဒနှင့် ဆက်စပ်ပတ်သက်နေသော အကြမ်းဖက်ဆန့်ကျင်ရေးစစ်ပွဲကို အောင်မြင်စွာ ဆင်နွှဲရန် အင်မတန် ခက်ခဲမည်ဖြစ်သည်။

          အခြားသော အစိုးရများ သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့များ ကဲ့သို့ပင် မြန်မာအစိုးရ နှင့် တပ်မတော်သည်လည်း မိမိကိုယ်မိမိ နှင့် မိမိ၏ ပြည်သူများကို ကာကွယ်ရန် တာဝန်ရှိပါသည်။ အပြစ်မဲ့ အရပ်သားများကို ပြစ်မှတ် မဖြစ်စေသင့်ပါ။ အကြမ်းဖက်ဝါဒကို တုန့်ပြန်တိုက်ခိုက်ရန် မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခဲ့သည့် အမှောင်ကာလများကို ကျော်ဖြတ်ခဲ့ရသော အိမ်နီးချင်း နိုင်ငံများထံမှ လေ့ကျင့်မှုများ၊ ထောက်လှမ်းရေး သတင်းအချက်အလက် ဝေမျှမှုများနှင့် အကူအညီများ လိုအပ်ပါသည်။

          ထို့ထက် ပို၍ အရေးအကြီးဆုံးနှင့် အလျင်မြန်ဆုံး လုပ်ဆောင်သင့်သည့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်သည့် ပြည်တွင်း နိုင်ငံရေး အင်အားစုများ အားလုံး၏ ညီညွတ်ရေးကို ရှေးရှုတည်ဆောက်နိုင်မှသာ အကြမ်းဖက်သမားများ၏ စိန်ခေါ်မှုကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကိုင်တွယ်နိုင်မည် ဖြစ်ပေတော့သည်။

          (ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Do Not Lose Sight of ARSA ကို ဆီလျော်အောင် ဘာသာပြန်ပြီး ဖြည့်စွက်ရေးသားထားသည်။)

          Your Thoughts …
          Tags: တပ်မတော်အကြမ်းဖက်ဝါဒအစိုးရ
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          တပ်မတော် စစ်သမိုင်းပြတိုက်ရှိ တပ်မတော် ထိပ်တန်းခေါင်းစဉ်များ ရာထူးအင်္ဂါစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

          တပ်မတော် စစ်ဆင်ရေး အထူးအဖွဲ့ မှူး ရာထူးများ အပြောင်းအလဲ ဖြစ်

          by ထက်နိုင်ဇော်
          12 July 2019
          65.9k

          လက်ရှိ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် တာဝန်ယူထားသူ ဒုတိယ ဗိုလ် ချုပ်ကြီး မင်းနောင်မှာလည်း အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန် ပြောင်းလဲ ထမ်းဆောင်မည်ဖြစ်ပြီး၊ ယခင် အမှတ် ၅ စစ်ဆင်ရေး...

          တပ်မတော် စစ်သမိုင်း ပြတိုက်တွင် တွေ့ ရသည့် စစ်ရာထူးခန့်ထားသည့် ဇယား

          တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

          by ထက်နိုင်ဇော်
          8 May 2020
          167.8k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ မှဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး(မန္တလေး) မဖြစ်မီ စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။

          တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးများ  / ဧရာဝတီ

          ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ

          by ထက်နိုင်ဇော်
          20 December 2020
          74.3k

          ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ၆ ဦးကို တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခွင့် ပြုလိုက်ကြောင်း သတင်း ရရှိသည်။

          ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ကျင်းပသော တပ်မတော်နေ့အခမ်းအနား / AFP

          မြန်မာစစ်တပ် ပြိုလဲပျက်စီးသွားနိုင်သည်

          by ဧရာဝတီ
          27 March 2023
          95.9k

          မြန်မာစစ်တပ်ပြိုကွဲမှု အမှန်တကယ် ဖြစ်နိုင်ခြေရှိပြီး ထိုသို့ဖြစ်မည့် အထောက်အထား အများအပြားရှိသည်။

          ၂၀၂၂ ခုနှစ်၊ မတ်လက နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်  / AFP

          ကိုယ့်တပ်ကိုယ်နင်းတဲ့ မင်းအောင်လှိုင်

          by မီမီဝင်းဘတ်
          15 August 2022
          18.3k

          သူ့အတွက်အာဏာကို တွယ်ကပ်နေရာတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်ကို သူနှင့်အတူ ဆွဲချသွားသည်။

          ယူကရိန်းမှ ထုတ်လုပ်သော ၈ ဘီးတပ် BTR-4U သံချပ်ကာယာဉ် / Army Technology website

          သံချပ်ကာယာဉ် စက်ရုံ တပ်မတော်ကို ယူကရိန်း ကူဆောက်မည်

          by မိုးမြင့်
          8 March 2019
          31k

          အဆိုပါ စက်ရုံတွင် အသုံးပြုရန်အတွက် ကနဦးအသုတ် စက်ပစ္စည်းများ ပေးပို့ခြင်းကို Great Export Import ကုမ္ပဏီက အတည်ပြုခဲ့ကြောင်း Defense Blog က မတ်လ ၆ ရက်နေ့တွင် ရေးသားခဲ့သည်။

          Next Post
          ယခင် ထုတ်ဝေခဲ့ဖူးသော ဗိုလ်ချုပ် အောင်ဆန်းပုံပါ မြန်မာ ငွေစက္ကူများ (ဓာတ်ပုံ - ဧရာဝတီ)

          ငွေစက္ကူများတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ ရိုက်နှိပ် ထုတ်ဝေရေး လွှတ်တော် အတည်ပြု

          ဆလုံလူမျိုးဟု တရားဝင် သိကြသော မော်ကင်းများသည် မြိတ်ကျွန်းစုများနှင့် ထိုင်း ကမ်းရိုးတန်းတွင် နေထိုင်ခဲ့ကြသည် (ဓာတ်ပုံ - Reuters)

          ဆလုံလူမျိုးများ တိမ်ကော မပျောက်ကွယ်ရေး အထူးကော်မတီ ဖွဲ့ရန်လိုဟု တိုင်းရင်းသားရေးရာ ဝန်ကြီး ပြော

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          1 day ago
          13.3k
          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          6 days ago
          13.3k

          Most Read

          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved