• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

အဝေဖန်မခံနိုင်သော ရန်ကုန်တိုင်းအစိုးရသည် ကြည်ညိုစရာ မကောင်း

by ဧရာဝတီ
13 October 2018
in အယ်ဒီတာ့အာဘော်
A A
သတင်းမီဒီယာများကို ဖြေကြားနေသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ၂၀၁၇ ခုနှစ်အတွင်း တွေ့ရစဉ် / ဧရာဝတီ

သတင်းမီဒီယာများကို ဖြေကြားနေသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ၂၀၁၇ ခုနှစ်အတွင်း တွေ့ရစဉ် / ဧရာဝတီ

617.3k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့အား ဝေဖန်ထောက်ပြသည့် ဆောင်းပါး တပုဒ်ကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် Eleven Media Group မှ တာဝန်ရှိသူများကို ဖမ်းဆီး တရားစွဲဆိုလိုက်ခြင်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေ နိမ့်ကျနေခြင်းကြောင့် မြန်မာနိုင်ငံအပေါ် ပေးနေသော ရှိမြဲ ဖိအားများကို ထပ်မံ တိုးပွားစေခဲ့သလို ရန်ကုန်တိုင်းအစိုးရသည် ပြဿနာ အရင်းအမြစ် ဖြစ်သော စီမံခန့်ခွဲမှု အမှားအယွင်းများ ပြန်လည်ပြင်ဆင်လိုစိတ် မရှိကြောင်း ပြသချက် ဖြစ်သောကြောင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်သည့် ရန်ကုန်တိုင်းအစိုးရအပေါ် အကြည်ညိုပျက်စရာ ဖြစ်သွားခဲ့ရသည်။

Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့သော “အမြဲရှုံးနေသည့် စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးကြောင့် Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ဦးနရီမင်းနှင့် ဆောင်းပါးရေးသူ သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က အောက်တိုဘာလ ၉ ရက်တွင် တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ယင်းညပိုင်းတွင်ပင် တိုင်ကြားခံရသူ ၃ ဦးကို ဖမ်းဆီးရန်အတွက် Eleven Media Group ရုံးသို့ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဝရမ်းများဖြင့် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

RelatedPosts

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

21 May 2025
803
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
167
စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

21 May 2025
291

တရားစွဲဆိုခံရသူ ၃ ဦးသည် အောက်တိုဘာလ နံနက် ၁၀ နာရီကျော်တွင် တာမွေမြို့မ ရဲစခန်းသို့ လာရောက် အစစ်ခံခဲ့ပြီး တာမွေမြို့နယ် တရားရုံးတွင် ရုံးချိန်းရမန် ယူခဲ့ပြီးနောက် ၎င်းတို့ ၃ ဦးအား အင်းစိန် အကျဉ်းထောင်သို့ ပို့ ဆောင်ခဲ့သည်။

ဆောင်းပါး၏ ရေးသား ဖော်ပြချက်များသည် “မမှန်မကန် ရေးသားဖြန့်ချိမှု” ဖြစ်ပြီး အစိုးရကို အကြည်ညို ပျက်စေပြီး ရှယ်ယာရှင်များကို ထိတ်လန့်စေသောကြောင့် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရုံးတွင် အမှုဖွင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် ဆိုသည်။

သို့သော် ဆောင်းပါးသည် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးတင်ဝင်း၊ ဒေါ်စန္ဒာမင်းတို့၏ စကားရပ်များကို ကိုးကားရေးသားထားခြင်း ဖြစ်သည်။ ဆောင်းပါးတွင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ချက်များကို မတွေ့ရသလို လူအများက အစိုးရကို ဆန့်ကျင်လာစေရန် လှုံ့ဆော်လိုသော သဘောလည်း မပါဝင်ပေ။ သို့သော် ပြည်သူ့ဘဏ္ဍာများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ သုံးစွဲပုံ သုံးစွဲနည်းများအပေါ်တွင် မေးခွန်းထုတ် ဝေဖန်ထားသည်။ ယင်းသည် စတုတ္ထမဏ္ဏိုင်ဖြစ်သော သတင်းမီဒီယာ၏ လုပ်ဆောင်ရမည့် တာဝန်ကို ထမ်းဆောင်ခြင်းသာ ဖြစ်သည်။

ယင်းသို့ မိမိတာဝန်ကို မိမိထမ်းဆောင်နေသော သတင်းမီဒီယာသမားများအား ရန်ကုန်တိုင်းအစိုးရက ဖမ်းဆီးမှုသည် ကြည်ညိုစရာ ကောင်းသော လုပ်ရပ် မဟုတ်ပါ။

ရန်ကုန်တိုင်းအစိုးရအနေဖြင့် လူအများ လေးစားကြည်ညိုစရာ ဖြစ်လိုခဲ့ပါက မေးခွန်းထုတ် ဝေဖန်သော သတင်းမီဒီယာကို နာယကဂုဏ် ၆ ပါး၏ ပထမဆုံး ဂုဏ်ပုဒ်ဖြစ်သော သည်းခံခြင်းခေါ် ခန္တီတရားများ ထားရှိရမည်ဖြစ်သည်။ ထို့နောက် သတင်းစာဆရာများနှင့် ပတ်သက်ပြီး အငြင်းပွားမှု တစုံတရာဖြစ်ပါက၊ ကျင့်ဝတ်ဖောက်ဖျက်မှုများ ရှိပါက သတင်းမီဒီယာကောင်စီသို့ ဦးစွာ တိုင်ကြားပြီး ညှိနှိုင်းဖြေရှင်းခဲ့သင့်သည်။

ထိုသို့မဟုတ်ဘဲ သတင်းစာတိုက်အား ညဘက်တွင် ဝင်ရောက်ပြီး သတင်းစာဆရာများအား ဖမ်းဆီးရန် ကြိုးစားခြင်းသည် ကြည်ညိုဖွယ် ဒီမိုကရေစီအစိုးရတရပ်၏ လုပ်ရပ် မဟုတ်ပါ။

အကြည်ညိုပျက်စေသည်ဟု စွပ်စွဲခံရသော ဆောင်းပါးပါ ပြဿနာ၏ မူလရင်းမြစ်မှာ ၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာပါ အကြောင်းအရာများလည်းဖြစ်၊ ရွေးကောက်ခံ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သော အကြောင်းအရာများလည်း ဖြစ်ပါသည်။

ရန်ကုန်တိုင်းအစိုးရက ရန်ကုန်တိုင်း လွှတ်တော်၏ ခွင့်ပြုချက် ကြိုတင်ရယူခြင်းမရှိဘဲ ရန်ကုန်မြစ် အနောက်ဘက်ကမ်းမှ မြို့သစ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ဘတ်စ်ကား ဝန်ဆောင်မှုပေးရန် ပုဂ္ဂလိကဘဏ်များထံမှ ငွေချေးခြင်း စသည့် လုပ်ရပ်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ပြီး ပြည်သူ့ဘဏ္ဏာကို အလွဲသုံးစားလုပ်ကြောင်း အများပြည်သူ ရှေ့မှောက်တွင် အစိုးရကို အရင်ဆုံး စွပ်စွဲခဲ့သူမှာ Eleven Media Group မဟုတ်ပါ။ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်များသာ ဖြစ်သည်။ ၎င်းတို့ကလည်း ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအပေါ် အခြေခံပြီး ဥပဒေပြုမဏ္ဍိုင်၏ အလုပ်တာဝန်ကို ထမ်းဆောင်ခြင်းသာဖြစ်သည်။

အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော ရန်ကုန်တိုင်းအစိုးရသည် မိမိ၏ စီမံခန့်ခွဲမှု အတိမ်းအစောင်းများကို ပြန်လည်တည့်မတ်ရန် စိတ်ဆန္ဒရှိကြောင်း ပြသရန်သာလိုသည်။ အမှားကို အမှန်သို့ ဦးတည်စေလိုသည့် စိတ်ဆန္ဒသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။

အမှားကို မပြင်လိုဘဲ ငါ့လှေငါထိုး ငါ့မြင်းငါစိုင်း စိတ်ဓာတ်များဖြင့် ဆက်စခန်းသွားလိုသည်ဆိုလျှင်မူ ရန်ကုန်တိုင်းအစိုးရသည် အာဏာရှင်အစိုးရဖြစ်လာမည်ဖြစ်ပြီး အများ ပြည်သူ၏ အကြံဉာဏ် အမြော်အမြင်များကို လက်ခံ ထည့်သွင်း စဉ်းစားတတ်သော ကြည်ညိုစရာ ဒီမိုကရေစီအစိုးရ မဟုတ်တော့ပေ။

Your Thoughts …
Tags: Eleven Media Groupပုဒ်မ ၅၀၅(ခ)ရန်ကုန်တိုင်းအစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်/ / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှုအပေါ် နိုင်ငံတကာ တုံ့ပြန်ချက်များ

by ဧရာဝတီ
7 December 2021
16.3k

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲထားသည့် အမှု ၁၁ ခုအနက် နှစ်ခုအတွက် ထောင်ဒဏ်ချမှတ်မှုအပေါ် နိုင်ငံတကာက ဝေဖန်ရှုတ်ချ တုံ့ပြန်ခဲ့ကြသည်။

ရန်ကုန်တိုင်းအစိုးရ၏ ၂၀၁၈ ခုနှစ်အတွင်း ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ /  ဧရာဝတီ

ဖုံးဖိဖို့ မကြိုးစားပါနဲ့ ရန်ကုန်တိုင်းအစိုးရရယ်

by ကျော်ဖြိုးသာ
8 November 2019
21.1k

မေးစရာ ဖြစ်လာသည်မှာ ရန်ကုန်တိုင်း အစိုးရက မည်သည့်အတွက်ကြောင့် သတင်းဋ္ဌာန အချို့ကို သတင်းစာရှင်းလင်းပွဲအတွက် ချန်လှပ်ခဲ့ပါသနည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။

လုပ်ငန်းများ စတင်စပြုနေသော မြရိပ်ညိုစီမံကိန်း / မျိုးမင်းစိုး

မြရိပ်ညို စီမံကိန်းအား ဆိုင်းငံ့ထားရန် ရန်ကုန်တိုင်းအစိုးရ ညွန်ကြား

by ကျော်ဖြိုးသာ
6 April 2018
14.5k

စီမံကိန်းကို ဗဟန်းမြို့နယ်ရှိ ယခင်မြရိပ်ညိုဟိုတယ်ရှိရာ ၁၃ ဧက ကျယ်သောမြေတွင် ဦးခင်ရွှေ ပိုင်ဆိုင်သည့် ဇေကမ္ဘာ ကုမ္မဏီက အကောင်အထည်ဖေါ်နေသည်။

အစိုးရ မြေကွက်လျှောက်လွှာများ ရောင်းချစဉ်က လာရောက်ဝယ်ယူကြသူများ  / အောင်ကျော်ထက်  / ဧရာဝတီ

ရန်ကုန်တိုင်းအစိုးရက မြေဧကကွက်များ ‌ထပ်မံ ရောင်းချမည်

by မျိုးပပစန်း
11 June 2020
9.1k

လူနေထိုင်ရန်နှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ ဒဂုံ ဆိပ်ကမ်း မြို့နယ်၊ ရွှေပြည်သာနှင့် မြောက်ဥက္ကလာပမြို့နယ်တို့မှ မြေကွက်ကျယ် ၃၂ ကွက်ကို သတ်မှတ် စည်ပင် စရိတ် ပေးသွင်း၍ မြေအသုံးပြုခွင့်ပေးကာ...

၂၀၁၆ ခုနှစ်အတွင်း သတင်းစာရှင်းလင်းပွဲတခုတွင် ၎င်း၏နာရီအား ချွတ်ပြနေသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / ဧရာဝတီ

ရန်ကုန်တိုင်းအစိုးရတွင် ခေါင်းဆောင်မှုကောင်း ပျောက်နေသည်

by ဧရာဝတီ
28 May 2020
483.9k

ယခု ဗိုလ်တထောင်ဘုရားပွဲ ဂယက်ကိုလည်း နေပြည်တော်မှ ရိုက်ခတ်ခံစားရမိမည်မှာ မလွဲ။

ဖေဖော်ဝါရီ ၁ ရက်နေ့က အစည်းအဝေးတွင် မြင်တွေ့ရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် / Phyo Min Thein  / Facebook

ပွင့်လင်းမြင်သာမှုရှိရန် ရန်ကုန်တိုင်းအစိုးရကို နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း

by ဧရာဝတီ
4 February 2020
26k

စနေနေ့က တွေ့ဆုံမှုသို့ ပြည်ထောင်စုဝန်ကြီးအချို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Next Post
ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန်  / ထက်ဝေ / ဧရာဝတီ

“ခွဲထွက်ခွင့်ကို ပူစရာ မလိုဘူး”

Audi နဲ့ Huawei ပူးပေါင်းပြီး မောင်းသူမဲ့ကားနည်းပညာကို ပြသခဲ့ပါတယ်

Audi နှင့် Huawei တို့ ပူးပေါင်းပြီး မောင်းသူမဲ့ကားနည်းပညာ ဖော်ဆောင်မည်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.3k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate