အယ်ဒီတာ့အာဘော်

AA နှင့် ARSA အရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ၂ နိုင်ငံကြား ပူးပေါင်းဖြေရှင်းရမည်

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သောလက ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝေဖန်လိုက်ပြီး မွတ်ဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံရေး တုံ့ဆိုင်းနေရခြင်းမှာ ထိုလုပ်ငန်းစဉ်ကို အနှောက်အယှက်ပေးနေသည့် စစ်သွေးကြွအုပ်စုများနှင့် ၎င်းတို့ကို ထောက်ခံသူများကို ဘင်္ဂလားဒေ့ရှ်က ဖြိုခွဲရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်က မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများကြောင့် မွတ်ဆလင် ဒုက္ခသည် ၇ သိန်းကျော် မြန်မာနိုင်ငံမှ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်နေသည်။

မြန်မာပြည်သူနှင့် အစိုးရမှ ပုဂ္ဂိုလ်အများအပြားတို့က ထိုကိစ္စနှင့်ပတ်သက်ပြီး ဦးကျော်တင့်ဆွေ ဘင်္ဂလားဒေ့ရှ်န်ိုင်ငံကို ဝေဖန်သည်ကို သဘောတူကြသည်။

“အာဆာ (ARSA) အကြမ်းဖက်အုပ်စုနဲ့ ရက္ခိုင်တပ်တော် (AA)အကြမ်းဖက်အုပ်စု နှစ်ခုစလုံးက ဘင်္ဂလားဒေ့ပိုင်နက်ကို ခိုလှုံရာနေရာအဖြစ် သုံးနေကြတယ်” ဟု သူပြောသည်။

“ ကော့စ်ဘဇားက ARSA နဲ့ ထောက်ခံသူတွေက ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းနဲ့ တရားမဝင်နည်းလမ်းတွေအားဖြင့် နှစ်နိုင်ငံအကြား ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးကို အနှောက်အယှက်ပေးနေတာကို တားဆီးဖို့ အားထုတ်မှုတွေ ပိုမို ခိုင်မာအောင် လုပ်ဆောင်ဖို့ လိုတယ်။ ဒီလိုလုပ်ရပ်တွေဟာ မြန်မာနိုင်ငံကိုရော ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပါ ထိခိုက်စေတယ်” ဟု ဦးကျော်တင့်ဆွေ ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တုံ့ပြန်မှုမှာ ထင်ထားသည့် အတိုင်းသာဖြစ်သည်။

အထွေထွေညီလာခံတွင် ၎င်းတို့နိုင်ငံ၏ တုံ့ပြန်ချေပခွင့်ကို အသုံးပြုပြီးနောက် ဘင်္ဂလားဒေ့ရှ် သံတမန်တဦးက မြန်မာနိုင်ငံ၏ ပြောကြားချက် ဗြောင်ကျသော အမှားအယွင်းများကို တင်ပြခြင်းအဖြစ် ပယ်ချကာ မြန်မာန်ိုင်ငံမှ အကြမ်းဖက်သမားများကို လက်ခံထားခြင်း မရှိကြောင်း ငြင်းသည်။

မြန်မာစစ်သားနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်မှ နယ်သာလန်မှ နိုင်ငံတကာ တရားရုံးတည်ရှိရာ သဟိဂ်သို့ ခေါ်ဆောင်သွားသည်ဟု သတင်းများကဖေါ်ပြသည့် အချိန်မှ စတင်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား တင်းမာမှုများ ပိုမို မြင့်မားလာနေသည်။

မကြာသေးမီက မြန်မာ့တပ်မတော်သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လုံခြုံရေးကင်းလှည့်ခြင်း တိုးမြှင့်လုပ်ဆောင်သည်။

“ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် နယ်စပ်တလျှောက်မှာ AA နဲ့ ARSA လှုပ်ရှားမှုတွေ များလာတယ်။ ကျနော်တို့က လုံခြုံရေး အစီအမံတွေ တိုးမြှင့်လိုက်တော့ ဘင်္ဂလားဒေ့ရှ်က ဗြောင်ကျကျ ကန့်ကွက်တယ်။ ကုလသမဂ္ဂကိုလည်း တိုင်ကြားတယ်။ ဒါကြောင့် သူတို့မှာ ထုတ်မပြောတဲ့ အကြံအစည်တွေရှိတယ်လို့ ကျနော်တို့က သံသယရှိတယ်” ဟု တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောသည်။

မြန်မာစစ်သားနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်မှ နယ်သာလန်မှ နိုင်ငံတကာ တရားရုံးတည်ရှိရာ သဟိဂ်သို့ ခေါ်ဆောင်သွားသည်ဟု သတင်းများကဖေါ်ပြသည့် အချိန်မှ စတင်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား တင်းမာမှုများ ပိုမို မြင့်မားလာနေသည်။

ARSA ဝါဒဖြန့် ဗီဒီယိုတခုမှ Screen shot ယူထားသည်

ထိုစစ်သားနှစ်ဦးတို့ကို AA ကဖမ်းဆီးထားစဉ်အတွင်း ၎င်းတို့က ရိုဟင်ဂျာခေါ် ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဝန်ခံသည်ဟု ဆိုပြီးနောက် ထိုသို့ လွှဲပြောင်းမှုဖြစ်ပွားသည်။

ဒါကာသည် အကြမ်းဖက်မှု ပုံစံအားလုံးကို လုံး၀ လက်မခံကြောင်းပြောကြားပြီးနောက် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး အဆက်ဒတ်ဇမန် ခန် ကမဲက လုံခြုံရေး ထိန်းသိမ်းပေးခြင်းအတွက် နယ်ခြားစောင့်တပ်များကို ချီးကျူးသည်။

“ARSA နဲ့ AA လိုအကြမ်းဖက်အုပ်စုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘာခွင့်ပြုမှုမှ မရဘူးဆိုတာကို ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ARSA နဲ့ AA မရှိဘူး” ဟု သူက BenarNews သို့ပြောသည်။

ပြည်ထဲရေး ဝန်ကြီးက မည်သို့ပြောကြားစေကာမူ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ရဲသတင်းရင်းမြစ်များက မကြာသေးမီလများအတွင် သူပုန်အများအပြားဖမ်းမိကြောင်း ပုဂ္ဂလိက အနေဖြင့် ဝန်ခံကြသည်။

ARSA နှင့် AA အဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်မြေပေါ်တွင် ပုန်းအောင်းနေသည်။ သို့သော် နေရာအတိအကျမှာ မည်သည့်နေရာ ဖြစ်သနည်း။ ဒုက္ခသည် စခန်းများတွင်လား၊ တောတောင်များအတွင်းတွင်လား။

မြန်မာအစိုးရက AA နှင့် ARSA နှစ်ဖွဲ့လုံးကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသည်။ AA သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။

ARSA သည် ၂၀၁၇ ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ်စခန်းနှင့် စစ်စခန်း ၃၀ ကို ချိန်ကိုက်တိုက်ခိုက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးစေပြီးနောက် နိုင်ငံတကာသတင်းများတွင် ပါလာခဲ့သည်။

လက်တွေ့တွင်လည်း ထိုအဖွဲ့သည် အကြမ်းဖက်မှု သမိုင်းကြောင်းရှိပြီသော အဖွဲ့ဖြစ်သည်။ ၂၀၁၆ ခုနှစ်က စ၍ ထိုအဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရက်စက်ကြမ်းကြုတ်မှုများကို အရှိန်မြှင့် လုပ်ဆောင်လာပြီး ဟိန္ဒူနှင့် အခြားလူနည်းစု အရပ်သားများကို အစုလိုက်သတ်ဖြတ်ကြသည်။ အထက်ပါတိုက်ခိုက်မှုသည် ဒေသတွင်း ကာလကြာမြင့်စွာ တအုံနွေးနွေးဖြစ်နေသော ပဋိပက္ခတွင် အဓိက အရှိန်မြင့်သွားစေသော တိုက်ခိုက်မှုဖြစ်ပြီး ပြင်းထန်ကြီးမားသော စစ်ဆင်းရေးများဖြစ်ပွားစေခဲ့သည်

ARSA ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများပြုလုပ်ပြီး လူ ၇၃၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။ မြန်မာနိုင်ငံသည် ထိုအချိန်မှစတင်ပြီး ထိုသို့ အစုလိုက်ထွက်ပြေးရခြင်းအတွက် တာဝန်ရှိသော စစ်အရာရှိများကို အပြစ်ပေးရန် နိုင်ငံတကာဖိအားကို ခံနေရသည်။

ARSA နှင့် AA အဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်မြေပေါ်တွင် ပုန်းအောင်းနေသည်။ သို့သော် နေရာအတိအကျမှာ မည်သည့်နေရာ ဖြစ်သနည်း။ ဒုက္ခသည် စခန်းများတွင်လား၊ တောတောင်များအတွင်းတွင်လား။

ကော့စ်ဘဇားရှိ ဒုက္ခသည် စခန်းများ ထားရှိသော ဒေသတွင် ARSA အဖွဲ့ဝင်များသည် လွတ်လပ်စွာ သွားလာနေကြသည်။  AA သည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းတွင် ဒဏ်ရာရသူများကို ကုသရန် စစ်မြေပြင်ဆေးရုံအပါအဝင် စခန်းများ ထူထောင်ထားသည်။

ထိုစခန်းများ ရှိနေခြင်းနှင့် နယ်စပ်တွင် ပြုလုပ်နေသည့် စစ်သင်တန်းများကို အနောက်တိုင်းနှင့်ဒေသတွင်း ထောက်လှမ်းရေးဌာနများက အပြည့်အ၀ သတိထားမိကြသည်။ ARSA တပ်ဖွဲ့ငယ်များ တောတောင်များအတွင်း လေ့ကျင့်နေသည်ကို အခြေအနေ စောင့်ကြည့်နေသည့် မြန်မာအရာရှိများက မြင်ခဲ့သည်။ သို့သော် ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်များရောက်မလာမီ တောတွင်းတွင် ကိုယ်ရောင်ဖျောက်သွားကြသည်။

ARSA ထုတ်ပြန်ချက်များနှင့် တွစ်တာမှ သတင်းစကားများကို အင်္ဂလိပ်ဘာသာဖြင့် ကောင်းမွန်ပြေပြစ်စွာ ရေးသားနိုင်သည် ဆိုသည်က ARSA နှင့် ရိုဟင်ဂျာလှုပ်ရှားမှုကို ကူညီရာတွင် ပြည်ပအုပ်စု အများအပြား ပါဝင်နေကြောင်းပြသနေသည်။

ဒုက္ခသည်စခန်းများတွင် အဖျက်သဘောဆောင်သော ပြင်ပသြဇာလွှမ်းမိုးမှု အများအပြား၏ အန္တရာယ် ကျရောက်နေသည်ဟု ဒေသခံ ဘင်္ဂလားဒေ့ရှ် ဒေသခံအရာရှိများအကြား စိုးရိမ်မှု ကြီးထွားနေကြောင်း ဂျာမန်သတင်းဌာန DW က လွန်ခဲ့သော နှစ် ဖေဖေါ်ဝါရီလက အစီရင်ခံခဲ့သည်။

“ ဒုက္ခသည်တွေ ရောက်လာကတည်းက လက်နက်နဲ့ မူးယစ်ဆေးကုန်သည်တွေ ရောက်လာတာများလာတယ်” ဟု ကော့ဗဇား ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲ တိုဖယ် အာမက်ပြောသည်။ “တချို့အုပ်စုတွေက စခန်းအတွင်း မတည်ငြိမ်အောင် လှုံ့ဆော်နေတယ်လို့ အများအပြားက စွပ်စွဲကြတယ်။ ဒါက သူတို့တွေ နေရပ်ပြန်ရေး အစီအစဉ်ကို ဟန့်တားနှောက်နေတဲ့ ပုံစံပဲ” ဟု သူဆက်ပြောသည်။

ARSA ၏ ခေါင်းဆောင်မှာ ဆော်ဒီအာရေးဗီးယားသို့ မပြောင်းရွှေ့မီက ဒုက္ခသည် မိဘ နှစ်ဦးက ပါကစ္စတန်တွင် မွေးဖွားသူ အတာအူလ္လာဖြစ်သည်။ သူသည် အစ္စလမ်ဘာသာရေးကျောင်းတွင် ပညာသင်ကြားခဲ့သည်ဟု သတင်းများက ဆိုသည်။

ထိုအုပ်စု၏ ခြိမ်းခြောက်မှု အရေးမထားဘဲ အချို့သော ဘင်္ဂလားဒေ့ရှ် လုံခြုံရေး သုတေသီများက ARSA သည် သေးငယ်၊ ဖရိုဖရဲကျ၊ လက်နက်တပ်ဆင်မှု ညံ့ဖျင်းပြီး တွစ်တာမှ အာဘော်ထုတ်ပြန်နေသည့် စစ်သွေးကြွအုပ်စု ဟု သတ်မှတ်ကာ ဘင်္ဂလားဒေ့ရှ်တပ်များနှင့် နိုင်ငံသားများသည် ၎င်းတို့ကို တက်ကြွစွာ လက်နက်တပ်ဆင်လေ့ကျင့်ပေးနေသည် ဆိုသည့်အချက်အတွက် အထောက်အထားမရှိကြောင်း ပြောကြသည်။

ARSA ထုတ်ပြန်ချက်များနှင့် တွစ်တာမှ သတင်းစကားများကို အင်္ဂလိပ်ဘာသာဖြင့် ကောင်းမွန်ပြေပြစ်စွာ ရေးသားနိုင်သည် ဆိုသည်က ARSA နှင့် ရိုဟင်ဂျာလှုပ်ရှားမှုကို ကူညီရာတွင် ပြည်ပအုပ်စု အများအပြား ပါဝင်နေကြောင်းပြသနေသည်။

ထို့အပြင် ARSA ၏ အလံတွင် ရခိုင်ပြည်နယ်မြေပုံပါရှိနေပြီး ထိုအချက်ကပင် ၎င်းတို့သည် ဗုဒ္ဓဘာသာအများစုနေထိုင်ရာ ရခိုင်ပြည်နယ်ကို ထိန်းချုပ်ရန် ရည်ရွယ်ကြောင်း ဖေါ်ပြနေသည်။ ထိုသို့လုပ်သောကြောင့် ARSA နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ခံစားနေရသော ပူပန်မှုနှင့် မယုံကြည်မှုကို  ပိုမိုမြင့်မားစေသည်။

မည်သို့ပင်ဆိုစေကာမူ ရိုဟင်ဂျာများ စခန်းတွင် အနေကြာလာလေလေ၊ ၎င်းတို့ကို အစွန်းရောက် အစ္စလမ်ဝါဒဖက်သို့ တိမ်းညွှတ်အောင် လုပ်ရန် ARSA အတွက် လွယ်ကူလေလေနှင့် အစ္စလမ်မစ် စစ်သွေးကြွ အစွန်းရောက်များက ၎င်းတို့ကိုယ်စား အကြမ်းဖက်မှု ကျူးလွန်နိုင်ခြေ ရှိလေလေပင်ဖြစ်ကြောင်း သုတေသီများ သတိပေးနေသည်မှာ ကြာပြီဖြစ်သည်။

လွန်ခဲ့သော နှစ်အတန်ကြာက ဒေသတွင်းနှင့် နိုင်ငံဖြတ်ကျော် ဂျီဟတ်ဝါဒီကွန်ရက်များသည် ရိုဟင်ဂျာတို့၏ အခြေအနေကို အသုံးချရန် စိတ်ဝင်စားလာကြသည်။ နိုင်ငံတကာ အစ္စလမ်မစ် အစွန်းရောက်အုပ်စုဖြစ်သော အယ်ကိုင်ဒါ အဖွဲ့က ၎င်းတို့၏ အဓိက ပစ်မှတ်များတွင် မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်က ထည့်သွင်းခဲ့ကြောင်း သတင်းများက ဆိုခဲ့သည်။

ရခိုင်ပြည်နယ်မှ မွတ်ဆလင်များကို ညှင်းပမ်းနှိပ်စက်ခြင်းကို လက်နက်ကိုင် လက်စားချေရန် တောင်းဆိုသော ဗီဒီယိုတခုသည် အယ်ကိုင်ဒါ၏ ဘင်္ဂလီဘာသာစကား မီဒီယာဖေါ်ပြချက်တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ပါဝင်လာခဲ့သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က နယူးယောက် မြေအောက်ရထားလမ်းကို ပိုက်ဗုံးဖြင့် ဖေါက်ခွဲခဲ့သော ဘင်္ဂလားဒေ့ရှ်မှ အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းနေထိုင်သူ အကာယက် အူလာသည် ထိုဖြစ်ရပ်မတ်ိုင်မီ ၃ လက ရိုဟင်ဂျာ စခန်းများသို့ သွားရောက်ခဲ့သည်။

ARSA သည် ဂျီဟတ်ဝါဒီ ဟုတ် မဟုတ်ကို လေ့လာသူများ ဆွေးနွေး ငြင်းခုန်နေဆဲဖြစ်သည်။ သို့သော် ပါကစ္စတန်အခြေစိုက် လက်ရှကာ အီ တိုင်ဘာ (LeT) ၊ အစ္စလမ်မစ်နိုင်ငံ ISIS နှင့် အိန္ဒိယတိုက်ငယ်မှ အယ်ကိုင်ဒါအဖွဲ့များအပါအဝင် ဒေသတွင်းရှိ အစ္စလမ်မစ် အုပ်စုများက ရိုဟင်ဂျာများကို အများလက်ခံအောင် ဆွဲဆောင်နိုင်သည့် ပြဿနာအဖြစ် သုံးကြသည်။

မည်သို့ပင်ဆိုစေကာမူ ရိုဟင်ဂျာများ စခန်းတွင် အနေကြာလာလေလေ၊ ၎င်းတို့ကို အစွန်းရောက် အစ္စလမ်ဝါဒဖက်သို့ တိမ်းညွှတ်အောင် လုပ်ရန် ARSA အတွက် လွယ်ကူလေလေနှင့် အစ္စလမ်မစ် စစ်သွေးကြွ အစွန်းရောက်များက ၎င်းတို့ကိုယ်စား အကြမ်းဖက်မှု ကျူးလွန်နိုင်ခြေ ရှိလေလေပင်ဖြစ်ကြောင်း သုတေသီများ သတိပေးနေသည်မှာ ကြာပြီဖြစ်သည်။

AA နှင့် ARSA တို့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်တွင် ရှိနေသည်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ငြင်းဆိုခြင်းသည် အနှစ်သာရ ကင်းမဲ့သော လိမ်လည်မှုဖြစ်သည်ဟု  မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝေဖန်ခြင်းသည် ခိုင်မာသော အခြေအမြစ် ရှိသည်။

ထိုပြဿနာကို ဖြေရှင်းရန် တခုတည်းသော နည်းလမ်းမှာ နှစ်နိုင်ငံအနေဖြင့် စွပ်စွဲချက်များ အပြန်အလှန်လုပ်နေမည့်အစား ပုံမှန်ဆွေးနွေးပွဲများအတွက် လမ်းဖွင့်ပေးရန်သာဖြစ်ပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသေ Bangladesh’s Harboring of Terrorists Continues to Hinder Rohingya Repatriation Process  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

အနောက်ဘက်တံခါးက အပေးအယူ

တရုတ်နဲ့ ဝေးရာ နေရန် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန် မြှူဆွယ်

အမှန်တရားရှာမှာလား လုပ်ဇာတ်တွေကို မီးထိုးပေးမှာလား

Did you find apk for android? You can find new Free Android Games and apps.
Loading